(၂) ဥပဒေသည် နောက်ကြောင်းပြန်၍ အကျိုးသက်ရောက်ခွင့်မရှိစေရ။ (No Retroactive Justice)
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မူပိုင် .....
တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သောကြောင့်
တည်ဆဲဥပဒေအရပြစ်ဒဏ်ချမှတ်ရခြင်းမှာ ဥပဒေ ၏တရားကိုယ်သဘောဖြစ်သည်။ ပြစ်မှုကျူးလွန်နေစဉ်ကာလ၌
အတည်မဖြစ်သေးသော ဥပဒေဖြင့်သော်လည်း ကောင်း၊ ပယ်ဖျက်ပြီးဖြစ်သောဥပဒေဖြင့်သော်လည်းကောင်း
အရေးမယူနိုင်ပေ။ လူတဦးတယောက်သည် ပြစ်မှု ကျူးလွန်စဉ်အခါ၌ အရေးယူနိုင်သည့် ဥပဒေမရှိခဲ့ပါမူ
နောက်ပြုလုပ်သည့်ဥပဒေဖြင့် အဆိုပါပြစ်မှုကို အရေးယူ ဆောင်ရွက်၍မရချေ။
ယေဘုယျအားဖြင့် လက်ရှိ (ပစ္စုပ္ပါန်ကာလ၌) အတည်ဖြစ်နေသော ဥပဒေတရပ်နှင့်အညီ
ပြုမူဆောင်ရွက်ချက် တခုခုအား ပြုလုပ်ခြင်းမှာအပြစ်မဟုတ်ပေ၊ အပြစ်မရှိပေ။ သို့ရာတွင်
ထိုသို့ဥပဒေနှင့်အညီ ထိုစဉ်ကပြုမူ ဆောင် ရွက်ခဲ့ခြင်းကိုပင် အနာဂတ်ကာလ၌ ဥပဒေနှင့်မညီ၊
အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်းကို ဥပဒေကခွင့်မပြုပေ။ တနည်းအားဖြင့်ဆိုပါက အတိတ်ကာလကဥပဒေ
အရ၊ ဥပဒေနှင့်အညီဆောင်ရွက်ချက်တခုခုကို ပြုလုပ်ခဲ့ခြင်း အား ပစ္စပ္ပါန်ကာလ၌ဖြစ်စေ၊ နောင်
အနာဂတ်ကာလ၌ဖြစ်စေ ပြဌာန်းလိုက်သည့်ဥပဒေကိုအသုံးပြု၍ ဥပဒေနှင့် မညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမှာ
ဥပဒေကိုနောက်ကြောင်းပြန်အကျိုးသက်စေခြင်းဖြစ်သည်။ ထိုကဲ့သို့ နောက်ကြောင်းပြန်အကျိုးသက်ရောက်စေခြင်းကို
ဥပဒေကခွင့်မပြုပေ။
အချို့ကိစ္စများ၌
အတည်ပြုခဲ့သောဥပဒေနှင့်လုပ်ငန်းကို အကောင်အထည်ဖော်လာခဲ့ပြီးမှ အံဝင်ဂွင်ကျ မရှိမှုအပေါ်
ဥပဒေတရပ် (အသစ်ဖြစ်စေ၊ ပြင်ဆင်ခြင်းဖြစ်စေ) ကိုထုတ်ပြန်ပြီး ယခင်ဥပဒေကို ဖျက်သိမ်းစေ
ခြင်း၊ သို့မဟုတ်၊ ပြောင်းလဲစေခြင်းဆိုသည့် အချက်သည်လည်း ဥပဒေကို နောက်ကြောင်းပြန်
အကျိုးသက် ရောက်စေခြင်းဖြစ်သည်။
အနီးကပ်ဆုံးဥပမာကိုပြရလျင်
၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ ပါတီစုံဒီမိုက ရေစီစနစ်ဖြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များကို
ရွေးချယ်တင်မြောက်စေခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဒီချုပ်) NLD ပါတီသည် မဲအပြတ်အသတ်ဖြင့်
အနိုင်ရခဲ့သည်။ န၀တမှ ဥပဒေနှင့်အညီပေါ်ပေါက်လာ သော ပြည်သူ့လွှတ်တော်အား အာဏာလွှဲပြောင်းပေးခြင်း
မရှိဘဲ ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် အမိန့်ကြေငြာစာ အမှတ် (၁/၉၀) ကိုထုတ်ပြန်၍
(၁၉၈၉) ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေသည် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ရေးဆွဲရန်အတွက်သာဖြစ်သည်ဟု ကြေညာခဲ့သည်။ အဆိုပါကြေညာ ချက်၏ အပိုဒ်(၂၀) တွင် “ထို့ကြောင့်
ယနေ့အခြေအနေတွင် ပြည်သူများကရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန်တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။”ဟူ၍၄င်း၊ အပိုဒ် (၂၁) တွင် “နိုင်ငံတော်အာဏာကိုရယူရေးအတွက်
ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှလက်ခံမည်မဟုတ်သည့်
အပြင်၊ ထိုသို့ဆောင် ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ” ကိုထုတ်ပြန်ကြေညာခြင်းအားဖြင့်
ဥပဒေနှင့် မညီညွတ်သော နောက်ကြောင်းပြန်အကျိုးသက်ရောက်မှုကို ကျင့်သုံးခြင်းဖြစ်ကြောင်းပေါ်လွင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအာဏာပိုင်များသည် တရားဥပဒေစိုးမိုးရေးကို
အလေးမထားဘဲ မျက်ကွယ်ြုပသောကြောင့် သာလျှင်ဖြစ်ပေသည်။
ထို့ပြင် ၁၉၉၁ခုနှစ်
ဇူလိုင်လ (၁၀)ရက်နေ့တွင် “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ” ကိုထုတ်ပြန်၍ ပုဒ်မ ၁၁-တွင် ပုဒ်မခွဲ (ည)
နှင့် (ဋ) တို့ကိုဖြည့်စွက်ခြင်း၊ ပုဒ်မ ၈၀-က၊
၈၀-ခ၊ ၈၀-ဂ၊ နှင့် ၈၀-ဃ တို့ကိုဖြည့်စွက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဖြည့်စွက်ချက်များသည်
မူလပြဌာန်းပြီးဖြစ်သည့် ၁၉၈၉ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ စတင်အာဏာ တည်သည့်နေ့ဖြစ်သော“၁၉၈၉ ခုနှစ် မေ လ (၃၁) ရက်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူရမည်” ဟု ၁၉၉၁ ခုနှစ် ပြင်ဆင်ချက်ဥပဒေ၏ ပုဒ်မ (၂)
တွင်ပြဌာန်းထားခြင်းမှာ ဥပဒေကို အတိအလင်း နောက်ကြောင်းပြန် အကျိုးသက်ရောက်စေခြင်းဖြစ်ပြီး၊
တရား ဥပဒေစိုးမိုးမှုမရှိခြင်း၏ ထင်ရှားသော အမှတ်လက္ခဏာ လည်းဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကျေညာစာတမ်း၏ အပိုဒ် ၁၁ (၂) တွင် “လူတဦး တယောက်သည် ပြုလုပ်မှုကို၊ သို့တည်းမဟုတ်
ပျက်ကွက်မှုကို ပြုစဉ်အခါက၊ ထြိုပလုပ်မှုသည်၊ သို့တည်းမဟုတ် ထိုပျက်ကွက်မှု သည် မိမိနေထိုင်ရာနိုင်ငံ၏ဥပဒေအရဖြစ်စေ၊
ပြည်ထောင် အချင်း ချင်းဆိုင်ရာဥပဒေအရဖြစ်စေ၊ ရာဇ၀တ်ပြစ်မှု မမြောက်လျှင်၊ ထိုသူအားရာဇ၀တ်ပြစ်မှုကျူးလွန်သည်ဟု
မယူဆစေရ။ ပြစ်မှုတခုကိုကျူးလွန်စဉ်အခါက ထိုပြစ်မှု အတွက်ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်
ပိုမိုကြီးလေးသောအပြစ်ဒဏ်ကို ထိုက်သင့် ခြင်းမရှိစေရ”
ဟု ပြဌာန်းထားပေသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်
(ICCPR) အပိုဒ် ၁၅ (၁)၌ “မည်သူမဆို မိမြိုပသောအမှုသည် ပြည်တွင်းဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်
ရာဥပဒေအရဖြစ်စေ၊ ကျူးလွန်သောအချိန်တွင် ရာဇ၀တ်ပြစ်မှုအဖြစ်ပြဌာန်းထားချက်မရှိလျှင်၊
၎င်းအား ရာဇ၀တ် (ပြစ်မှု) ကျူးလွန် သည်ဟူ၍ အရေးယူခြင်းမြုပရ။ သို့မဟုတ်ြုပမိသောရာဇ၀တ်မှု
အတွက် အပြစ်မပေးနိုင်။ အကယ်၍ ၄င်း၏ ကျူးလွန်မှုနောက်ပိုင်းတွင် ဥပဒေပြဌာန်းချက်အရ လျှော့ပေါ့သော
ပြစ်ဒဏ်သတ်မှတ်ချက်များရှိလာပါက ထိုလျှော့ပေါ့ချက်ကိုခံစားခွင့်ရှိသည်” ဟု ပြဌာန်းထားပါသည်။ ဤကဲ့သို့ပြဌာန်းရခြင်း၏
ရည်ရွယ်ချက်မှာ ပထမအနေဖြင့် အစိုးရအဖွဲ့သစ် များက ယခင်ကရာဇ၀တ်မှုမဟုတ်သောအမှုများကို
ရာဇ၀တ်မှုဖြစ်လာအောင် ဥပဒေသစ်များကို ဖန်တီးရေးဆွဲခြင်းမှ ကာကွယ်ရန်စြဖ်သည်။ ဥပမာအားဖြင့်
အလုပ်သမားသမဂ္ဂများသည် မူလက တရားဝင်အသင်းများဖြစ်ခဲ့ကြပြီး၊ နောက်ပိုင်းတွင်နိုင်ငံရေးလှုပ်ရှားမှုများဖြင့်
ထင်ရှားလာသောအခါ ထိုအသင်းများကို “အကြမ်းဖက်အသင်း”ဟူသော အရေးပေါ်ဥပဒေထုတ်ကာ
သတ်မှတ်ခံရခြင်း၊ သို့မဟုတ်၊ တရားဝင်နိုင်ငံရေးပါတီတခု၏ အဖွဲ့ဝင်များကို ထိုပါတီအား
မတရားအသင်းအဖြစ် ကြေညာပြီးနောက် အဆိုပါ ပါတီဝင်များကို အသစ်ပြဌာန်းလိုက်သော ဥပဒေဖြင့်အရေးယူအပြစ်ပေး
ခြင်းမျိုးဖြစ်သည်။ ဒုတိယအနေဖြင့် အစိုးရအဖွဲ့သစ်က ထောင်ဒဏ်အပြစ်ပေးခံရသူများကို ချမှတ်ခဲ့သောအပြစ်ဒဏ်ထက်
ပိုမိုကြီးလေးသော အပြစ်ဒဏ်များ ထပ်ဆင့်ချမှတ်၍ အပြစ်ပေးခြင်းမျိုးမှ ကာကွယ်ရန်ဖြစ်ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပေါ် န၀တသည် ၁၉၈၉ခုနှစ် ဇူလိုင်လ(၁၉) ရက်နေ့မှစ၍
“နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ဘေးအန္တရာယ်မှ ကာကွယ်စောင်ရှောက်သည့်ဥပဒေ”
ပုဒ်မ၁၀-(က)(ခ)အရအရေးယူပြီး နေအိမ်တွင်အကျယ်ချုပ်ဖြင့် ထိန်း သိမ်းခဲ့ပါသည်။
အဆိုပါဥပဒေ၏မူလပြဌာန်းချက်အရ၊ အများဆုံး စုစုပေါင်းထိန်းသိမ်းနိုင်သည့်ကာလမှာ (၃)-နှစ်အထိသာလျှင်ဖြစ်ပါသည်။
သို့ရာတွင် ကြာမြင်စွာ ဆက်လက်၍ဖမ်းဆီးထိန်းသိမ်းထားလိုသဖြင့် ၁၉၉၁ ခုနှစ် တွင် ထိုဥပဒေအရဖြစ်သော
မူလ(၃) နှစ် အစား၊ “၀န်ကြီးအဖွဲ့သည် ဆက်လက်ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုပြုလုပ်ရန်
ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက်ပေးရာတွင် တစ်ကြိမ်လျှင်တစ်နှစ်ထက်မပိုစေဘဲ၊ စုစုပေါင်း
(၅) နှစ်အထိ ခွင့်ပြုနိုင်သည်။”ဟုပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား မူလဖမ်းဆီးထိန်းသိမ်းစဉ်ကာလက
တည်ရှိသောအမြင့်ဆုံးပြစ်ဒဏ်မှာ (၃) နှစ် သာဖြစ်၍၊ ၄င်းအပေါ်တွင် အဆိုပါဥပဒေအရ အရေးယူသည့်တိုင်အောင်
(၃) နှစ်ထက်ပို၍ ဖမ်းဆီးထိန်းသိမ်း ခြင်း မပြုရပါ။ သို့ရာတွင်စစ်အာဏာရှင်တို့သည် တရားဥပဒေစိုးမိုးရေးကို
လေးစားလိုက်နာခြင်းမရှိဘဲ နောက်မှ ပြင်ဆင်ပြောင်းလဲသည့်ဥပဒေ၏ ကြီးလေးသောပြစ်ဒဏ်ကိုအသုံးပြုခြင်းအားဖြင့်
ဥပဒေကို နောက်ကြောင်းပြန် အကျိုးသက်ရောက်စေခြင်းဖြစ်သည်။ ထိုကိစ္စမှာ နိုင်ငံတကာလေးစားလိုက်နာ
ကြသည့် တရားစီရင်ရေးမူနှင့် ဥပဒေ၏အခြေခံမူကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခြင်းပင်ဖြစ်ပေသည်။
(၄) ဥပဒေရှေ့မှောက်၌
တူညီသောအခွင့်အရေးရှိသည်။ (Equality
before the Law.)
ဥပဒေသည်လူတန်းစားမရွေး၊
လူမျိုး၊ ဘာသာမရွေး၊ ကျားမမရွေး၊ လူအားလုံးနှင့် သက်ဆိုင်သဖြင့် ဥပဒေရှေ့မှောက်၌ခွဲခြားမှုမရှိပေ။
ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင်
ဥပဒေသည်မတရားသော အမိန့်သာလျှင်ဖြစ်ပေသည်။ ဥပဒေသည် လူပုဂ္ဂိုလ်အပေါ် ၌ခွဲခြားမှုမရှိသည့်အပြင်
လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ရှေ့မှောက်၌ ခွဲခြားမှုမရှိရပေ။
လူအားလုံးသည် ဥပဒေ ၏အကာအကွယ်ကို ရယူပိုင်ခွင့်ရှိရမည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး
လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်း
ဥပဒေအရ ပြဌာန်းထားရှိ ပြီး ဖြစ်ရမည် ဖြစ်သည်။
ကမ္ဘာ့လူ့အခွင့်အရေးကျေညာစာတမ်း
အပိုဒ် ၁၀ ၌၊ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်း၌
အဆုံးအဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည် လွတ်လပ်၍အဂတိမလိုက်စားသောတရားရုံးတော်၏ လူအများရှေ့မှောက်တွင်
တရားမျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ဟု ပြဌာန်းထားပါသည။် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့်
နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၁) ၌ လည်း “တရားရုံးနှင့်ဥပဒေခုံရုံးများ၏
ရှေ့မှောက်၌ လူတိုင်းတန်းတူအခွင့်အရေးရှိသည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်)
အခွင့်အရေးအပေါ် စွဲချက်တင် ခြင်းနှင့်အမိန့်ချမှတ်ခြင်းတို့အတွက် ပြည်သူအများရှေ့မှောက်၌ဖြစ်သော
အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ ဥပဒေအရ တည်ထောင်ထားသော တရားစီရင်ရေးရုံးများတွင်
အများပြည်သူတို့ရှေ့မှောက်၌ ကြားနာစစ်ဆေးခံရန် အခွင့်အရေးရထိုက်သည်။” ဟုဖေါ်ပြထားပါသည်။ ထို့ပြင်၎င်းစာချုပ်၏ အပိုဒ်
၂၆ ၌ လည်း “လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး၊ မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ
ဥပဒေ၏အကာအကွယ်ကို ညီတူညီမျှခံစားပိုင်ခွင့်ရှိသည်။ - -ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊
ဘာသာ စကား၊ ဘာသာရေး သို့မဟုတ်၊ အခြားအယူအဆ၊ အမျိုးသားဇစ်မြစ် သို့မဟုတ် လူမှုရေးဇစ်မြစ်၊
ဥစ္စာဓန၊ မျိုးရိုးဇာတိနှင့် အခြားအဆင့်အတန်းခြားနားမှုရှိသောလူတို့ကို အစိုးရက တူညီစွာနှင့်
ထိရောက်စွာအာမခံ ပေးလျက် ကာကွယ်ပေးရမည်” ဟုဖေါ်ပြပြဌာန်းထားပါသည်။
ဥပဒေရှေ့မှောက်၌တူညီသော
အခွင့်အရေးရှိသည်ဆိုရာတွင် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသူနှင့် စွပ်စွဲခံရသူအကြားတွင်
တဘက်ဘက်သို့မလိုက်ပဲ မျှတတည့်မတ်စွာတရားစစ်ဆေးစီရင် နိုင်ရန်မှာ အရေးကြီး သောကိစ္စရပ်ဖြစ်ပါသည်။
တရားမျှတသော စစ်ဆေးစီရင်မှုဖြစ်စေရန်အတွက် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု
သက်သေထင်ရှားမပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူ ဟုမှတ်ယူခံရခွင့်၊ မိမိအမှုအပေါ်ခုခံကာကွယ်
ရန်အတွက် ပြင်ဆင်ရန်အချိန်နှင့် အထောက်အကူနှင့် ရှေ့နေရှေ့ရပ်များရယူပိုင်ခွင့်၊ တရားစစ်ဆေးစီရင်ခြင်း
မတိုင်မီနှင့် တရားစစ်ဆေးစီရင်နေသောအချိန်အတွင်း လွတ်လပ်သောတရားဝင်တင်ပြချက်ပေးနိုင်ခွင့်၊
မိမိ အနေဖြင့် သက်သေများကိုမေးမြန်းခွင့်နှင့် မိမိအတွက်သက်သေများကိုခေါ်ယူနိုင်ခွင့်၊
အသနားခံပိုင်ခွင့်စသည် တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များဖြစ်ပေသည်။
ထို့အပြင် ဥပဒေရှေ့မှောက်၌
မည်သူမဆို တူညီသောအခွင့်အရေးရှိသည် ဟုဆိုရာ၌ တရားမျှတမှု ဖြစ်စေရန်အတွက် မူလပြဌာန်းထားသော
သင့်တင့်လျှောက်ပတ်သည့် စံချိန်စံညွှန်းမီဥပဒေများ ရှိနေပြီးဖြစ်ရန် လိုပါသည်။ နိုင်ငံတခုအတွင်း၌ရှိသောလူများအားလုံးသည်
အဆိုပါနိုင်ငံ အတွင်း၌ပြဌာန်းထားသော ဥပဒေများ ကိုလိုက်နာရမည့်တာဝန်ရှိသူများဖြစ်သည်
ဆိုသည့်အချက် မှာအရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော တရားရုံးများ၏ရှေ့မှောက်၌
ပြဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို လိုက်နာရ မည်ဖြစ်ပြီး၊ မည်သည့်အစိုးရ၀န်ထမ်း၊
အရာရှိ၊ အာဏာပိုင်မျှ ထိုအချက်ကိုရှောင်လွှဲခွင့်မရှိပေ။ ထို့အတူ မည်သည့် အာဏာပိုင်
အစိုးရအရာရှိကမျှ မိမိတို့ရရှိထားသောအာဏာကို အလွဲသုံးစာြးုပ၍ ဥပဒေကို မထီမဲ့မြင် ပြုခြင်း
မပြုလုပ်နိုင်ပေ။ ဥပဒေပြဌာန်းချက်များသည် မည်သူ့ကိုမျှမျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ
တရားမျှတမှုနှင့် လွတ်လပ်စွာတရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင်ဖြစ်
သည်ဆို သည့် အချက်ပင်ဖြစ်ပေသည်။
ဆက်စပ်မှုအရ၊ ချွင်းချက်တခုအနေဖြင့်သိထားသင့်သည့်အချက်မှာ
တရားရုံး၏စီရင်ပိုင်ခွင့် အာဏာမှ (ဥပဒေအရ) ကင်းလွတ်ခွင့်ရသူများအကြောင်းဖြစ်သည်။ ဥပမာအားဖြင့်-
အင်္ဂလိပ် တရားရုံးသည် အင်္ဂလန် နိုင်ငံအတွင်း နေထိုင်သူများအပေါ် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။
သို့ရာတွင် ¹ခွင်းချက်အနေဖြင့် နိုင်ငံ ခြားကြီးအကဲများ၊ သံတမန်အဖွဲ့ဝင်များဖြစ်လျှင်
အင်္ဂလိပ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရကြ ပေသည်။
မြန်မာနိုင်ငံတွင်လည်း
တရားမမှုများနှင့်ပတ်သက်၍ နိုင်ငံခြားအကြီးအကဲများသည် မြန်မာနိုင်ငံ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ
ကင်းလွတ်ခွင့်ရှိကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ (၈၃) မှ (၈၆) အထိ တို့တွင် သတ်မှတ်ပြဌာန်းထားပေသည်။
သို့ရာတွင်ပြစ်မှုနှင့်ပတ်သက်လာလျှင် ထိုကဲ့သို့သီးခြားသတ်မှတ် ပြဌာန်းထားခြင်းမရှိသည့်အပြင်
ရာဇသတ်ကြီးခေါ် ပြစ်မှုဆိုင်ရာဥပဒေတွင် မည်သူမဆိုပြစ်မှုကျူးလွန်လျှင် အပြစ်ပေးခြင်းခံရမည်ဟု
ပြဌာန်းထားသည်ကို တွေ့ရသည်။ နိုင်ငံခြားအကြီးအကဲများကို ကင်းလွတ်ခွင့်များ ပေးရာ၌ နှစ်မျိုးနှစ်စားရှိပေသည်။
ပထမတမျိုးမှာ ပုဂ္ဂိုလ်ရေးကင်းလွတ်ခွင့် ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ ပစ္စည်းဆိုင် ရာကင်းလွတ်ခွင့်
တို့ဖြစ်သည်။
၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းတွင်
သံအဖွဲ့အကြီးအကဲ (၃) မျိုးကိုဖေါ်ပြထားသည်။ ၄င်းတို့မှာ
(က) နိုင်ငံများ၏အကြီးအကဲများထံသို့ စေလွှတ်ခန့်အပ်သည့် သံအမတ်ကြီးများ၊
ရဟန်း မင်းကြီး၏ သံတမန် များ၊ အဆင့်ညီ အခြားသံအဖွဲ့အကြီးအကဲများ။
(ခ) နိုင်ငံများ၏အကြီးအကဲ များထံသို့ စေလွှတ်ခန့်အပ်သည့် သံတမန်များ၊
သံအမတ်များနှင့် ရဟန်းမင်းကြီး၏ သံတမန်ငယ်များ။
(ဂ)နိုင်ငံခြားရေးဝန်ကြီးများထံ စေလွှတ်ခန့်အပ်သည့် သံရုံးတာဝန်ခံများ
ဟူ၍ဖြစ်သည်။
၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊
အပိုဒ် ၄၁ တွင် သံတမန်တို့လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို ဖေါ်ပြထားရာတွင်
(၁) အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိ တို့၏
အခွင့်အရေးများနှင့် ကင်းလွတ်ခွင်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေ
များနှင့် စည်းမျဉ်းဥပဒေများကိုလေးစားရန် တာဝန်ရှိကြသည်။ ထို့အပြင် ၄င်းတို့သည် ထိုနိုင်ငံ၏
ပြည်တွင်းရေးရာကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။
(၂) စေလွှတ် သည့်နိုင်ငံက သံအဖွဲ့အား လွှဲအပ်သော လက်ခံသည့်နိုင်ငံနှင့်
ဆောင်ရွက်ရမည့်ရုံးကိစ္စအားလုံးကို လက်ခံသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သို့မဟုတ်၊
သဘောတူကြသည့် အခြားဝန်ကြီးဌာနနှင့် ဖြစ်စေ၊ ထိုဌာနမှတဆင့်ဖြစ်စေ ဆောင်ရွက်ရမည်။
(၃) ဤကွန်ဗင်းရှင်းအရဖြစ်စေ၊ နိုင်ငံအများ လက်ခံသည့် အပြည်ပြည်ဆိုင်ရာဥပဒေပါ
အခြားစည်းမျဉ်းများအရ ဖြစ်စေ၊ စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အတွက် တည်ဆဲအထူးသဘောတူ
စာချုပ်များအရဖြစ်စေ၊ ချမှတ်ထားသော သံအဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆန့်ကျင်၍ သံအဖွဲ့ဥပစာကို
မည္သို့မွ်အသံုးမျုပရ။ ဟုဖေါ်ပြ ထားပါသည်။
ထိုကဲ့သို့ သံတမန်များအတွက်
ကင်းလွတ်သက်သာခွင့်များပေးထားခြင်းကို (Diplomatic Immunity) ပေးထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ၄င်းတို့သည် ရောက်ရှိနေသောနိုင်ငံ၏
ပြစ်မှုဆိုင်ရာ ဥပဒေနှင့် တရားမဥပဒေများကို လိုက်နာစေခြင်းမှ ကင်းလွတ်ခွင့်ရသူများဖြစ်ပါသည်။
(၅) တရားမျှတမှုသည် အလိုအလျောက်ပြီးပြည့်စုံခြင်းရှိရမည်။ (Justice must be an end in itself )
တရားဥပဒေသည် တရားမျှတပြီးသားဖြစ်ရသည်။ ဥပဒေ၏ပင်ကိုသဘောသည် တရားမျှတမှုရှိပြီးသားဖြစ်၍
အခြားပရောဂတစုံတရာမှဝင်ရောက်ပြီး ဥပဒေကိုတရားမျှတမှုရှိရန်အတွက် သီးခြားလုပ်ယူရန်မလိုအပ်ချေ။
ထို့အတူ အခြားအထောက်အပံ့အကိုးအကားဖြင့် တရားဥပဒေကို တရားမျှတမှု မရှိအောင်လည်းမလုပ်နိုင်ချေ။
မဆလခေတ်၊ န၀တနှင့် န၀တတဖြစ်လဲနအဖခေတ်တလျောက်လုံး တရားဥပဒေတို့သည်
၎င်းတို့အလိုအ လျောက် တရားမျှတခြင်းမရှိခဲ့သည်ကိုတွေ့နိုင်ပေသည်။ မဆလ တရားစီရင်ရေးအဖွဲ့တို့သည်
အမှုများစီရင် ဆုံးဖြတ်ရာ၌ ပါတီယူနစ်၏ဦးဆောင်မှုကိုအမြဲတမ်းခံယူရသည်။ တရားစီရင်ရာတွင်
သက်ဆိုင်ရာအာဏာပိုင်
အဖွဲ့အစည်း၏ သဘောထားမှတ်ချက်များတောင်းခံရသဖြင့် ဥပဒေသည် သူ့အလိုအလျှောက်တရားမျှတခြင်း
မရှိတော့ပေ။ န၀တနှင့်နအဖတို့ခေတ်၌ ပို၍ပင်ဆိုးဝါးသောအခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေပေသည်။
အချို့ဥပဒေများ၌ ဥပဒေအရအာမခံပေးရမည်။ မပေးမနေရပေးရမည်ဟု သတ်မှတ်ပြဌာန်းထားသော်လည်း
တရားစီရင်ရေးအဖွဲ့တို့သည် ဥပဒေပြဌာန်းသတ်မှတ်ချက်အတိုင်း လိုက်နာလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပေ။
ဥပဒေအရအာမခံမပေးနိုင်သည့် အမှုပင်ဖြစ်စေကာမူ တရားသူကြီးများ၏ ဆင်ခြင်တုံတရားအရ အာမခံ
ပေးနိုင်ပါသည်။ သေဒဏ်၊ တသက်တကျွန်းဒဏ် ထိုက်သင့်သည့် ကြီးလေးသောရာဇ၀တ်ပြစ်ဒဏ် ထိုက်သင့်
သည့်အမှုများတွင် အာမခံပေး၍မရသော်လည်း တရားသူကြီးများ၏ဆင်ခြင်တုံတရားအရ အမျိုးသမီးများ၊
အသက်အရွယ်ကြီးရင့်နေသူများ၊ အလွန်အမင်းနေထိုင်မကောင်းဖြစ်နေသူများနှင့် အသက်(၁၆) နှစ်အောက်
ကလေးသူငယ်များအား အမှုအနေအထားကိုသုံးသပ်၍ အာမခံပေးနိုင်ပါသည်။ ထိုကဲ့သို့သောကိစ္စများကို
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ တွင်ပြဌာန်းထားပါသည်။
တရားရုံးများသည် မိမိရှေ့မှောက်သို့ ရောက်ရှိလာသောအမှုများနှင့်ပတ်သက်၍ တရားမျှတမှုကိုရှာဖွေဖေါ်ထုတ်ရာ၌
ပြင်ပပယောဂ မပါစေဘဲ မိမိတို့လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ တရားမျှတမှု့အတွက်အပြီးအပြတ်ဖြစ်အောင်ဆောင်ရွက်
လုပ်ဆောင်ကြရန် ဖြစ်ပါသည်။
တရားဥပဒေအရ အာမခံပေးရမည့် ပြစ်မှုများဖြင့် စွဲဆိုခြင်းခံနေရသူများအား
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ အရ အာမခံပေးရမည်ဖြစ်ပေသည်။ သို့ရာတွင် မဆလခေတ်၊
န၀တနှင့် နအဖခေတ်တလျှောက်လုံး၌ ယနေ့ထိတိုင် “စီမံချက်”ဆိုသည့်ခေါင်းစဉ်ဖြင့်
ြုပလုပ်သောကိစ္စများ၊ အမှုများတွင် မည်ကဲ့သို့ပင်
ဥပဒေပြဌာန်း ထားသော်လည်း ဥပဒေအတိုင်းလိုက်နာခြင်း၊ ကိုးကားကျင့်သုံးခြင်းမရှိပါ။ “စီမံချက်”အမှုများအောက်၌ သက်ဆိုင်ရာပြည်သူလူထုသည် ဥပဒေအရ
အာမခံရရှိရမည့်အမှုများပင်လျှင် အာမခံကိုငြင်းပယ်ခြင်းခံရပြီး၊ ဥပဒေအရပြဌာန်းထားသော
လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်မှုကိုလည်း အာဏာပိုင်များနှင့် တရားရုံးများက
ငြင်းပယ်လေ့ရှိခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းလျော့ရဲနေခြင်းကို ပြဆိုခြင်းပင်ဖြစ်
ပေသည်။
တရားစီရင်ရေးအဖွဲ့သည် အခြားအခြားသော ပြင်ပအထောက်အပံ့အကိုးအကားများဖြင့်
တရားဥပဒေအား အကောင်အထည်ဖော်ရလျှင် တရားဥပဒေသည် ၄င်းအလိုအလျောက် ပြီးပြည့်စုံသည့် တရားမျှတမှုကို
မရရှိနိုင်တော့ချေ။ တရားဥပဒေစိုးမိုးရန်အတွက် ဥပဒေသည် ၄င်း၏အလိုအလျောက်ပင် တရားမျှတမှုရှိပြီး
သားဖြစ်ရပါသည်။
0 comments:
Post a Comment