[mrsorcerer:13093] ဒီချုပ် မှတ်ပုံတင်ပါနှင့် အခြားသတင်းများ
htar* htar
ဒီချုပ် မှတ်ပုံတင်ပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်၊ မတင် အဆုံးအဖြတ် ပေးရတော့မယ့် ကာလတခုကို ရောက်ရှိလာပါပြီ။ အမျိုးမျိုးအဖုံဖုံသော အကျိုးစီးပွားတွေနဲ့ အဖွဲ့အစည်းများစွာကြောင့် အောက်ခြေကနေ လှိုက်စားသွားနိုင်မယ့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး လမ်းကြောင်းပေါ် မြန်မာပြည်က လျှောက်လှမ်းနေချိန်မှာ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ ရှေ့ရေးအတွက် အရေးပါလွန်းလှပါတယ်။
ဒီလိုအခရာကျတဲ့ လမ်းဆုံမှာ ဒီချုပ်ဘာလုပ်မှာနည်း။ လုံးဝအလျော့မပေးရေးမူကို ဆွဲကိုင်ပြီး မှတ်ပုံမတင်ဘဲ ဆက်ထားဖို့ ရွေးမှာလား။ ဒါမှမဟုတ် နိုင်ငံရေးပါတီတရပ်ပါလို့ အများနည်းတူ မှတ်ပုံတင်ကာ ပါတီတွင်း အရည်အသွေး တည်ဆောက်မှုတွေ၊ စုစည်းမှုတွေကို တရားဝင်ဆက်လုပ်မလားဆိုတာ ဖြစ်ပါတယ်။
ဒီချုပ်ရဲ့ စိုက်လိုက်မတ်တပ် ကိုင်ဆွဲထားခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူေ
နိုင်ငံရေးအကျဉ်းသာား ၂,ဝဝဝ လောက်ထောင်တွေထဲမှာ ဆက်လက်ရှိနေသေးတာ၊ တိုင်းပြည်တဝှမ်း အပစ်အခတ်ရပ်စဲရေး မကြေညာသေးတာ၊ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတာကြောင့် အခုနေမှာ မှတ်ပုံတင်လိုက်ရင် လက်နက်ချလိုက်သလို ဖြစ်မှာပဲဆိုပြီး စောဒကတက်သူတွေလည်း ရှိနေပါ
သေးတယ်။ မှတ်ပုံတင်လိုက်ခြင်းအားဖြင့် ဒီချုပ်ရဲ့ ၂၁ နှစ်ကြာ ခုခံတော်လှန်မှုနောက် သမ္မတဦးသိန်းစိန် အစိုးရ
ကို အသိအမှတ်ပြု အရှုံးပေးရာကျတယ်လို့ သူတို့က မြင်ကြပါတယ်။
တကယ်ဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်များစွာ ဖိနှိပ်အုပ်ချုပ်မှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အုပ်စိုးသူတွေက လုပ်လာခဲ့တဲ့ သမိုင်းရှိတဲ့နိုင်ငံတခုမှာ အစိုးရအပေါ် သံသယကြီးကြတာက အကြောင်းရင်းတခု ဖြစ်နေလို့ပါပဲ။
မတရားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ များမြှောင်လှစွာသော အဖြစ်အပျက်တွေက နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီကြီးကို အငြင်းပွားဖွယ်ရာ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီမှာ ပါတီမှတ်ပုံတင်ဖို့ မဖြစ်အောင် တားဆီးခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကတော့ ပြင်ဆင်မှုအပြောင်းအလဲတွေ လုပ်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့ပြီးပါပြီ။ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးရင် ဥပဒေအဖြစ် ထွက်လာတော့မှာဖြစ်ပါတယ်။
လက်ဟောင်း နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေမှာ ထောင်ဒဏ်ကျခံနေရဆဲသူတွေကို ပါတီဝင် မဖြစ်နိုင်အောင် ကန့်သတ်ထားသလို ဒီချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝင်အရွေး မခံနိုင်အောင် ပိတ်ပင် ထားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတနဲ့ တွေ့ဆုံမှုလုပ်၊ အစိုးရကိုယ်စားနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တာ အခုဆိုရင် စတုတ္တအကြိမ်တိုင်သွားပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒီဆွေးနွေးမှုတွေ ဟာ အပြုသဘော ဆောင်တယ်ဆိုတာ ထုတ်ဖော် ပြောဆိုပြီးသား ဖြစ်ပါတယ်။
အတိုက်အခံ ခေါင်းဆောင်ဟာ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး ကိစ္စရပ်မှသည် ကူးသန်းရောင်းဝယ်မှု၊
ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စတို့
ငြင်းချက်ထုတ်လို့မရတဲ့ အဖြစ်ပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် လိုအပ်နေတာဟာ ပါတီ တည်ဆောက်ရေး၊ အရည်အသွေး မြှင့်တင်ရေးနဲ့ လူထုနဲ့ထိတွေ့နေရေး မဟုတ်ပါလား။ ဆယ်စုနှစ်နှစ်ခုကျော် မာမာတင်းတင်း
တောင်ခံခဲ့တဲ့ ယုံကြည်ချက်အတွက် အနစ်နာခံနိုင်တဲ့ ခေါင်းဆောင်မှု အရည်အသွေး တရပ်ကို သက်သေပြခဲ့ပြီး လည်း ဖြစ်ပါတယ်။
ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေကိုလည်း လျစ်လျူရှု့လို့မရပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးဟာ
ပြည်တွင်းရေးနဲ့ပါ ဆက်ဆိုင်နေပါတယ်။ မြန်မြန် ဖြေရှင်းနိုင်လေ ကောင်းလေဆိုတာ လူတိုင်းလက်ခံလိုလားပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ စွဲမြဲနေခဲ့တဲ့ ပြသနာတွေကို ဖြေရှင်းရာမှာနေ့ချင်း၊ ညတွင်းချင်း ဖြစ်လာမယ်လို့ မျှော်လင့်
နေတာကလည်း စိတ်ကူးယဉ်မှု တရပ် ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ သာယာနေမှုနဲ့ လေးတွဲ့နှေးကွေးမှုတွေကို အစွမ်းကုန် ရှောင်ရှားသွားဖို့တော့ လိုပါ တယ်။ တကယ်လို့များ ဒီမိုကရေစီဖြစ်ထွန်းရေး တွန်းအားပေးမှု အရှိန်ကျနှေးကွေးလာရင် ဘက်ပေါင်းစုံမှာရှိတဲ့ အစွန်းရောက်တွေက နိုင်ငံရေးဖြစ်စဉ်တွေကို လုယူသွားပြီး တဘက်သတ်ကျတဲ့ အဖြေရှာမှုတွေ လုပ်လာပါလိမ့် မယ်။ အဲဒီအခါကျရင် အမျိုးသားပြန်လည် သင့်မြတ်ရေး မျှော်လင့်ချက်ဟာ ထပ်ပြီး နှောင့်နှေးသွားမှာပါ။
ဒီချုပ်အနေနဲ့ နိုင်ငံရေးပါတီတရပ်အဖြစ် ပြည့်ပြည့်ဝဝ လည်ပတ်နိုင်လာမယ့် ဆုံးဖြတ်ချက်ကို မြန်နိုင်သမျှ မြန်မြန်
ကြေညာဖို့၊ ဒီမိုကရေစီအတွက် လူထုအကျိုးပြုလုပ်ငန်းတွေအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်နိုင်ဖို့ ကျနော်တို့
မျှော်လင့်နေပါတယ်။
http://www.mizzimaburmese.com/
RSS Feed
သောကြာ, 04 နိုဝင်ဘာ 2011
ပါတီမှတ်ပုံတင်ဥပဒေ အတည်ပြုချက် NLD အကောင်းမြင်
မြန်မာနိုင်ငံက နိုင်ငံရေးပါတီများမှတ်ပုံတင်ြ ခင်း ဥပဒေကို ပြင်ဆင်ဖို့
သမ္မတဦးသိန်းစိန်က မနေ့က အတည်ပြုလိုက်တာဟာ ၂၀၁၀ ရွေးကောက်ပွဲကို
သပိတ်မှောက်ထားတဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မြန်မာ့နိုင်ငံရေးမှာ
ပြန်လည်ပါဝင်လာနိုင်အောင် လမ်းဖွင့်လိုက်တာ ဖြစ်တယ်ဆိုပြီး
ရှုမြင်သုံးသပ်ကြပါတယ်။ ဒီအမြင်ကို ကြိုဆိုသူတွေရှိသလို လက်မခံတဲ့သူတွေလည်း
ရှိကြပါတယ်။ NLD ပါတီ အနေနဲ့ကော တကယ်ပဲမှတ်ပုံတင်တော့မှာလား။
ဒီလိုမှတ်ပုံတင်လိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုလိုက်သလို
ဖြစ်သွားမလား။ NLD ပါတီရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးဝင်းတင်၊
ပြည်ပရောက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ် တဲ့
ဦးဘိုလှတင့် တို့ကို ဦးစံမိုးဝေက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်အလက်တချို့ကို လွှတ်တော်နှစ်ရပ်စလုံးက ပြန်လည် ပြင်ဆင်ခဲ့ပြီးတဲ့နောက် သောကြာနေ့မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီလို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဥပဒေအဟောင်းထဲမှာပါဝင်တဲ့ အခြေခံဥပဒေကို ထိန်းသိန်းစောင့်ရှောက်ရေး ဆိုတာကို လေးစားလိုက်နာ ဆိုတဲ့စာသား ပြင်ဆင်ရေးသားလိုက်သလို နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံးမဲဆန္ဒနယ် သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ရမည် ဆိုတဲ့အချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင် မဖြစ်စေရဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူ အများစုကတော့ ဒီလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တာတွေ၊ ဖျက်သိမ်း တာတွေ ပြုလုပ်လိုက်တာဟာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို လက်ရှိနိုင်ငံရေးမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်တင်က အခုလို ပြောပါတယ်။
“ကျနော်တို့ပါတီဟာ ဥပဒေသစ်ပေါ်ပေါက်လာမယ် ဆိုလို့ရှိရင် ဒီဥပဒေသစ်မှာလည်း အရင်နဲ့မတူဘဲ ပြင်ဆင်ချက်များ ရှိလာတယ်ဆိုရင်တော့ ဒါကို ကျနော်တို့ သဘောကျသင့်သလောက် ကျတယ်ပေါ့ဗျာ။ သို့သော် သဘောကျသော်လည်း ဒီဥပဒေအတိုင်း ကျနော်တို့ မှတ်ပုံတင်မယ်မတင်ဘူး ဆိုတဲ့ကိစ္စက ကျနော်တို့ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်မှာမဟုတ်ဘူး။ ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ ကျနော်တို့ တင်ပြပြီးတော့ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ရမယ်။ အဲဒီဟာပြီးလို့ရှိရင် နောက်တခါထပ်ပြီးတော့ ဗဟိုကော်မတီပေါ့၊ တပြည်လုံးမှာရှိတဲ့ ကျနော်တို့ရဲ့ ဗဟိုခေါင်းဆောင်များရဲ့ သဘောတူညီချက်ကို ယူရဦးမယ်။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျနော်တို့ ပြောလို့မရဘူးပေါ့ခင်ဗျာ။ သို့သော် ကျနော်တို့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ စဉ်းစားမယ်၊ ညှိနှိုင်းမယ်၊ ဆုံးဖြတ်မယ် ဆိုတဲ့လုပ်ငန်းတွေတော့ ရှေ့မှာရှိနေပါတယ်။ အဲဒီလုပ်ငန်းတွေ အားလုံးအပေါ်မှာတော့ ကျနော်တို့က အကောင်းမြင်ပါတယ်။ ကျနော်တို့ပါတီက မှတ်ပုံတင်တဲ့ အနေအထားမျိုးဘက်ကို ဆန္ဒရှိတဲ့အတိုင်းပဲ ပါတီတခုလုံးရဲ့ ဆုံးဖြတ်ချက်ကလည်း ဥပဒေနဲ့အညီ ကျနော်တို့ပါတီကို မှတ်ပုံတင်ဖို့ အလားအလာအများကြီးရှိတယ်လို့ ယူဆတယ်လို့ ပြောနိုင်ပါလိမ့်မယ်။”
တကယ်လို့ NLD အနေနဲ့များ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆနိုင်မလားလို့ ၁၉၉၀ ရွေးကောက်ပွဲမှာ မိုးကုတ်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ ဦးဘိုလှတင့်ကို မေးမြန်းရာမှာတော့ -
“၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ကျနော်တို့ကို ရွေးချယ်ခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုး တိုက်ရိုက် သယ်ပိုးထမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘူးပေါ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ဒီလိုပါပဲ။ အဲတော့ ခုနေခါမယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်စွဲထားတာက ကျနော်တို့ရဲ့ ခံယူချက်ဖြစ်ပါတယ်။ သို့သော်တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို တကယ့်လက်တွေ့ကျကျ ထမ်းဆောင်ချင်တယ် ဆိုရင်တော့ ဒီကနေ့တိုင်းပြည်က အသွင်ကူးပြောင်းရေးကာလကို တကယ် စစ်စစ်မှန်မှန်ပဲ သွားမယ်လို့ ယုံကြည်လို့ရှိရင် ဒီလမ်းကြောင်းပေါ်မှာ ပြတ်ပြတ်သားသား လျှောက်တာက လက်တွေ့ကျတယ်လို့ ကျနော်တို့ ခံယူပါတယ်။”
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေအသစ်ကို
သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး လိုက်ချိန်ဟာ ကုလသမဂ္ဂ အပါအ၀င်
နိုင်ငံတကာခေါင်းဆောင်တွေ နေပြည်တော်ကိုသွားရောက်ပြီး မြန်မာ့နိုင်ငံရေး
ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ဖို့ တိုက်တွန်းအားပေးခဲ့ချိန်နဲ့
တိုက်ဆိုင်နေပါတယ်။
မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့  အမေရိကန်အစိုးရရဲ့
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က
“ပါတီအမှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ချက်ဟာ NLD ပါတီ နိုင်ငံရေးစနစ်ထဲ
ဝင်နိုင်ဖို့အတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်။
ဒီလိုသာဖြစ်ခဲ့ရင် အမေရိကန်အနေနဲ့ တနည်းနည်းနဲ့ တုံ့ပြန်ဖို့
စဉ်းစားပေးနိုင်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်ဟာ
မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ပြီးတော့ လုပ်ဆောင်နေတယ်၊ ဒီလိုဥပဒေ
ပြင်ဆင်မှုဟာ ပြုပြင် ပြောင်းလဲရေးရဲ့ လက္ခဏာတစ်ခု ဖြစ်တယ်။ NLD
မှတ်ပုံတင်မတင် ဆိုတာကတော့ NLD အပေါ်မှာပဲ မူတည်တယ်၊” - လို့ပြောပါတယ်။
အခုသီတင်းပတ်အတွင်း နေပြည်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာကလည်း ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိရမယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ခွင့် ရ ရမယ်၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့် ရှိရမယ်လို့ ပြောဆိုသွားပါတယ်။
http://www.voanews.com/ burmese/news/NLD-registration- 11-04-11-133278443.html
မြန်မာနိုင်ငံက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်အလက်တချို့ကို လွှတ်တော်နှစ်ရပ်စလုံးက ပြန်လည် ပြင်ဆင်ခဲ့ပြီးတဲ့နောက် သောကြာနေ့မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီလို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဥပဒေအဟောင်းထဲမှာပါဝင်တဲ့ အခြေခံဥပဒေကို ထိန်းသိန်းစောင့်ရှောက်ရေး ဆိုတာကို လေးစားလိုက်နာ ဆိုတဲ့စာသား ပြင်ဆင်ရေးသားလိုက်သလို နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံးမဲဆန္ဒနယ် သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ရမည် ဆိုတဲ့အချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင် မဖြစ်စေရဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူ အများစုကတော့ ဒီလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တာတွေ၊ ဖျက်သိမ်း တာတွေ ပြုလုပ်လိုက်တာဟာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို လက်ရှိနိုင်ငံရေးမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
“ကျနော်တို့ပါတီဟာ ဥပဒေသစ်ပေါ်ပေါက်လာမယ် ဆိုလို့ရှိရင် ဒီဥပဒေသစ်မှာလည်း အရင်နဲ့မတူဘဲ ပြင်ဆင်ချက်များ ရှိလာတယ်ဆိုရင်တော့ ဒါကို ကျနော်တို့ သဘောကျသင့်သလောက် ကျတယ်ပေါ့ဗျာ။ သို့သော် သဘောကျသော်လည်း ဒီဥပဒေအတိုင်း ကျနော်တို့ မှတ်ပုံတင်မယ်မတင်ဘူး ဆိုတဲ့ကိစ္စက ကျနော်တို့ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်မှာမဟုတ်ဘူး။ ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ ကျနော်တို့ တင်ပြပြီးတော့ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ရမယ်။ အဲဒီဟာပြီးလို့ရှိရင် နောက်တခါထပ်ပြီးတော့ ဗဟိုကော်မတီပေါ့၊ တပြည်လုံးမှာရှိတဲ့ ကျနော်တို့ရဲ့ ဗဟိုခေါင်းဆောင်များရဲ့ သဘောတူညီချက်ကို ယူရဦးမယ်။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျနော်တို့ ပြောလို့မရဘူးပေါ့ခင်ဗျာ။ သို့သော် ကျနော်တို့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ စဉ်းစားမယ်၊ ညှိနှိုင်းမယ်၊ ဆုံးဖြတ်မယ် ဆိုတဲ့လုပ်ငန်းတွေတော့ ရှေ့မှာရှိနေပါတယ်။ အဲဒီလုပ်ငန်းတွေ အားလုံးအပေါ်မှာတော့ ကျနော်တို့က အကောင်းမြင်ပါတယ်။ ကျနော်တို့ပါတီက မှတ်ပုံတင်တဲ့ အနေအထားမျိုးဘက်ကို ဆန္ဒရှိတဲ့အတိုင်းပဲ ပါတီတခုလုံးရဲ့ ဆုံးဖြတ်ချက်ကလည်း ဥပဒေနဲ့အညီ ကျနော်တို့ပါတီကို မှတ်ပုံတင်ဖို့ အလားအလာအများကြီးရှိတယ်လို့ ယူဆတယ်လို့ ပြောနိုင်ပါလိမ့်မယ်။”
တကယ်လို့ NLD အနေနဲ့များ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆနိုင်မလားလို့ ၁၉၉၀ ရွေးကောက်ပွဲမှာ မိုးကုတ်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ ဦးဘိုလှတင့်ကို မေးမြန်းရာမှာတော့ -
“၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ကျနော်တို့ကို ရွေးချယ်ခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုး တိုက်ရိုက် သယ်ပိုးထမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘူးပေါ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ဒီလိုပါပဲ။ အဲတော့ ခုနေခါမယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်စွဲထားတာက ကျနော်တို့ရဲ့ ခံယူချက်ဖြစ်ပါတယ်။ သို့သော်တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို တကယ့်လက်တွေ့ကျကျ ထမ်းဆောင်ချင်တယ် ဆိုရင်တော့ ဒီကနေ့တိုင်းပြည်က အသွင်ကူးပြောင်းရေးကာလကို တကယ် စစ်စစ်မှန်မှန်ပဲ သွားမယ်လို့ ယုံကြည်လို့ရှိရင် ဒီလမ်းကြောင်းပေါ်မှာ ပြတ်ပြတ်သားသား လျှောက်တာက လက်တွေ့ကျတယ်လို့ ကျနော်တို့ ခံယူပါတယ်။”
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း
မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ
အခုသီတင်းပတ်အတွင်း နေပြည်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာကလည်း ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိရမယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ခွင့် ရ ရမယ်၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့် ရှိရမယ်လို့ ပြောဆိုသွားပါတယ်။
http://www.voanews.com/
Breaking News: ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်ခံ ထားရခြင်း အယူခံ အောင်မြင် | |
|
|
Written by Admin Team |
Saturday, 05 November 2011 14:00 |
"ဖီဖာက ဖုန်းနဲ့ ဆက်သွယ် လာပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင် ခံထားရတဲ့ အပေါ် အယူခံ တင်ထားတဲ့ ကိစ္စ အောင်မြင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပွဲကိုတော့ အိမ်ရှင် လုပ်ခွင့် ရမှာမဟုတ်ဘဲ ကြားကွင်း တစ်ကွင်းမှာ ကစားရဖို့ ရှိပါတယ်" ဟု မြန်မာ ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှား နိုင်ငံ ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာ အသင်းသည် အိုမန် အသင်းအား (၂-၀)ဂိုးဖြင့် ရှုံးနိမ့် နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တု များဖြင့် ပစ်ပေါက်ခဲ့ သောကြောင့် ပွဲဆက်လက် မကစား နိုင်တော့ဘဲ ပထမပိုင်း အပြီးတွင်ပင် ရပ်ဆိုင်း ခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပရိသတ် ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင် စေရန်နှင့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ခွင့် ပိတ်ပင် ထားခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်ကလည်း "ဒဏ်ရိုက်တာကို ဘာမှ လုပ်ဖို့ မရှိပါဘူး။ ဒီဒဏ်ကြေးကို ပေးဆောင် သွားမှာပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်တဲ့ အပေါ်တော့ အယူခံ ၀င်သွားပါမယ်။ ဥပဒေ ရေးရာ နားလည်သူတွေနဲ့ တိုင်ပင်ပြီး အယူခံ ၀င်သွားမှာပါ။ တကယ်လို့ အယူခံ ရှုံးခဲ့မယ် ဆိုရင်တောင် လွယ်လွယ် လက်လျှော့မှာတော့ မဟုတ်ပါဘူး" ဟု အောက်တိုဘာ လဆန်းပိုင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ထုတ်ဖော် ပြောကြား ခဲ့ဖူးသည်။ http://www.soccermyanmar.com/ |
0 comments:
Post a Comment