တစ်နေရာရာမှာ
by Shey SarSo on Monday, November 7, 2011 at 12:24am
လွန်ခဲ့သော
(၂)နှစ်ကျော်က အကြွေးတစ်ခုကို ဆပ်လိုက်နိုင်ပြီဖြစ်သော အချိန်တွင်
ဝန်တစ်ခုပေါ့သွားသလို ခံစားရလိမ့်မည်ဟု ထင်ကောင်းထင်လိမ့်မည်။ တစ်ကယ်တော့
ထိုသို့ မခံစားရပါ။ ထိုအစား စိုးရိမ်စိတ်ကလေး ဖြစ်လာမိပါသည်။
ဘာစိုးရိမ်စိတ်ကလေးလဲ လို့မေးစရာရှိလာပါသည်။
ထိုအချိန်က ပထမသီချင်းကို လုပ်ပြီးသောအချိန်ဖြစ်သည်။ နောက်သီချင်းတစ်ပုဒ်အတွက် ထပ်လုပ်ရန်ကြံစည်နေချိန် GTMနဲ့ သီချင်းတစ်ပုဒ်တွဲလုပ်ရန် အကြောင်းဖန်လာသည်။ အဲ့ညက မှတ်မှတ်ရရ ကျွန်တော် မိုးလင်းမှ အိပ်ဖြစ်သော ညဖြစ်သည်။ အစားကို ဖြစ်သလို စားပြီး သူနဲ့ သီချင်းအကြောင်း ဆွေးနွေးဖြစ်သည်။
သူက ကောင်မလေးတစ်ယောက်အကြာင်း သီချင်းတစ်ပုဒ်ဖန်တီးချင်နေသည်။ ကျွန်တော်ကလည်း သောင်ပြင်သို့ ခုမှ စလွှတ်လိုက်သော အကောင်တစ်ကောင်လိုလို ဖြစ်နေချိန်ဖြစ်သည်။ အဲ့ဒီမှာ တွေ့ကြသည်။ ကျွန်တော်က သူ့အား လုပ်မည်ဟု ပြောလိုက်သည်။ အဲ့ညက သီချင်းကောက်ရေးလိုက်သည်။ ခု ဒုတိယသီချင်းတွင်ပါသော ပထမအပိုဒ်ရဲ့ အကြမ်းစာသားတွေနဲ့ ဖလိုးတွေ ဖြစ်သည်။ အဲ့ညပြီးနောက် သူနဲ့မဆုံဖြစ်တော့ပြန် ဆုံပြန်တော့လည်း သူကမအား ဖြစ်နေသည်။ နောက်တော့ သူက ကျွန်တော်အား "ကိုရှေးရေ ခင်းဗျားပဲ လုပ်လိုက်တော့ဗျာ"ဟု ဆိုလာသည်။
ဒါနဲ့ သူသုံးစေချင်သော အကြောင်းအရာလေးတွေ ခေါင်းထဲမှတ်လို့ ကျွန်တော် တစ်ချက်တစ်ချက်တို့လိုက် ပစ်ထားလိုက်၊ နောက် ပြန်တို့လိုက် ပစ်ထားလိုက်နဲ့ နေနေလာဖြစ်ခဲ့သည်။ တစ်ကယ့်တစ်ကယ်လုပ်တော့ သူနဲ့ ကောင်မလေးအကြောင်းကို အစအဆုံး ပြန်ပြီး ခေါင်းထဲမှာ ဖော်ရသည်။
ကဗျာလေးက နာမည်ကြီး။ သူမအား ပိုးပန်းသူ တော်တော်ပေါ၏။ တိုတိုပြောရရင် ထိုသူများထဲတွင် ကျွန်တော်တို့ ဇာတ်လိုက်မင်းသားကြီး GTMလည်း ပါဝင်သွားလေသည်။ ဒီဇာတ်လမ်းသည် ကျွန်တော့် သီချင်း၏ ပင်မဇစ်မြစ်ကြီးပင်ဖြစ်သည်။
သူတို့အကြောင်း စဉ်းစားတော့ သူက ကောင်မလေးဆီကို ဖုန်းဆက်တာတွေ ခေါင်းထဲပေါ်လာသည်။ နောက် ကောင်မလေးနဲ့ သူနဲ့အသက် ကွာတာတွေ၊ လူမျိုးမတူတာတွေ ပေါ်လာသည်။ နောက် အဆင်မပြေတာတွေ ပေါ်လာသည်။ ဒါနဲ့ သီချင်းကို ပေါ်လာတိုင်းတို့တို့လိုက်တာ နောက်ဆုံး ပြီးခါနီးထိဖြစ်လာသည်။
ဗီဒီယိုလေးကိုတော့ သီချင်းနဲ့ ဆန့်ကျင်ဖက်ဖြစ်အောင် တမင်ထည့်ပြီး ဖော်ပြထားချင်းဖြစ်သည်။ ဇာတ်လမ်းတွင် သီချင်းထဲက ကောင်းလေးက ချစ်ပြနေသလောက် ဗီဒီယိုထဲက ကောင်မလေးက အခြားတစ်ယောက်အပေါ် ဂရုစိုက်နေသော ပုံစံလေး ပုံဖော်ပေးထားချင်းဖြစ်သည်။ ဒါမှ အချစ်ရဲ့ ရသပိုမြောက်သည်ဟု ကျွန်တော် ခံစားရလို့လည်း ဖြစ်သည်။
ဒါလေးလုပ်ဖို့ အချိန် (၂)နှစ်ကျော်လောက် ကြာခဲ့သည်။ ကျွန်တော် ထိုသို့အချိန်ကြာလျှင် မကြိုက်တတ်ပါ။ ထို့ကြောင့် ကိုယ့်ကိုကိုယ် ဖိအားပေးကာ မကောင်း၊ ကောင်းကောင်း ၊ ကောင်းကောင်း ကောင်းလို့ဆုံးဖြတ်ကာ ပြီးခဲ့တဲ့အပတ်က သီချင်းကို အပြီးသတ်ရေးပြီး လုပ်လိုက်သည်။
စိုးရိမ်သည်က အခြားမဟုတ် အချိန်အရမ်းကြာခဲ့ပြီ ဖြစ်သည်။ ဒီသီချင်းထဲက မင်းသားနှင့် မင်းသမီးတို့နဲ့ ကျွန်တော် အရင်လို အဆက်အသွယ် မရှိသလောက် ဖြစ်နေသည်။ ကျွန်တော်က ခုမှ ထဖန်တီးလိုက်သော အရာသည် သူတို့လေးတွေကိုများ တစ်စုံတစ်ရာ စိတ်အနှောက်အယှက် ဖြစ်သွားလေမလား စိုးရိမ်မိတာပါသည်။
တော်သေးသည်။ စိုးရိမ်သလို မဖြစ်ပဲ နှစ်ယောက်စလုံး သဘောကျကြသည်ဟု ဆိုသောကြောင့် ဟင်းးးး ချနိုင်တော့သည်။
ဒီနေ့လည်း ခရီးတွေ သွားရင် လမ်းတွင် ညဖက်ကြီး ကောင်းကင်က လမင်းကြီးကို ငေးမောလို့ ကျွန်တော်လည်း ..... .... ...
ရှေးစာဆို

0 comments:
Post a Comment