Tuesday, November 8, 2011

အောင်မြင်ခြင်းရဲ့ သော့ချက်


ပထမဆုံး ကျောင်းဖွင့်တဲ့ တစ်ရက်မှာပဲ ဂရိဒဿနိက ပညာရှင် ဆိုကရေးတီးက ကျောင်းသားတွေကို " ဒီနေ့ အလွယ်ဆုံး၊ အရှင်းဆုံး သင်ခန်းစာတစ်ခုကို သင်မယ်။ သင်ခန်းစာက ကျောင်းသားတိုင်း ကြိုးအထုံးတစ်ခုယူပြီး အရှေ့၊အနောက်လွှဲနိုင်သမျှ လွှဲဖို့ပါပဲ" လို့ ပြောပြီး ဆိုကရေးတီးက ကျောင်းသားတွေကို သရုပ်ပြခဲ့တယ်။

"ဒီနေ့ကစပြီး တစ်နေ့ကို အကြိမ်၃ဝဝ လွှဲနိုင်ကြမလား? " လို့ ဆိုကရေးတီးက မေးပြန်တော့ ကျောင်းသားတွေက ဝိုင်းရယ်ကြပြီး စိတ်...ထဲမှာလည်း "ဒီလောက်လွယ်တဲ့ ကိစ္စ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ"လို့ တွေးမိကြတယ်။

တစ်လကျော်လွန်ပြီနောက် ဆိုကရေးတီး ကျောင်းသားတွေကို "တစ်နေ့ အကြိမ် ၃ဝဝ လွှဲတဲ့လူ လက်ထောင်ပါ" ဆိုတော့ ကျောင်းသား ၉ဝ% က ဂုဏ်ယူတဲ့ဟန်နဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုပြီး လက်ထောင်ကြတယ်။

နောက်တစ်လမှာ ဆိုကရေးတီးက အရင်ကအတိုင်း ကျောင်းသားတွေကို မေးပြန်တယ်။ ဒီတစ်ခေါက် လက်ထောင်တဲ့လူတွေက ၈ဝ% ပဲ ကျန်တော့တယ်။ အချိန် တစ်နှစ်ကြာတဲ့အခါ ဆိုကရေးတီးက မေးပြန်တယ်။
"အလွယ်ဆုံး ကြိုးလွှဲနည်းကို ဘယ်ကျောင်းသားတွေ ကျင့်နေသေးလဲ"

ဒီအချိန်မှာ စာသင်ခန်းထဲရှိတဲ့ ကျောင်းသားအားလုံး ငြိမ်ကျသွားပြီး ကျောင်းသားတစ်ယောက်ပဲ လက်ထောင်ခဲ့တယ်။ အဲဒီကျောင်းသားဟာ နောင်တစ်ချိန်မှာ ဂရိဒဿနိက ပညာရှင်အဖြင့် ကျော်ကြားလာခဲ့တဲ့ "ပလေတို" ပဲဖြစ်တယ်။

လောကမှာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးအလုပ်က "ကြံ့ကြံ့ခံနိုင်မှု၊ ဇွဲလုံ့လ" ပဲဖြစ်တယ်။ အလွယ်ကူဆုံးလို့ ပြောရခြင်းက လုပ်ဖို့ဆန္ဒရှိရင် လူတိုင်းလုပ်ဆောင်နိုင်သလို အခက်ဆုံးလို့ ပြောရခြင်းက တကယ့်လုပ်နိုင်တဲ့ လူဦးရေ နည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်။ အောင်မြင်ခြင်းက ဇွဲလုံ့လရှိသူတွေရဲ့နောက် ထပ်ကြပ်မခွါ လိုက်နေပါတယ်။

ကိုယ့်ကိုယ်ကို အလဲထိုးချက်က တစ်ခြားလူ ကိုယ့်ကိုအလဲထိုးတဲ့ အချက်ထက် များနေခဲ့ပြီလား? တစ်ခုခုကို အရှုံးပေးလို့ လက်လျှော့ဖို့ စဉ်းစားမိတိုင်း ဒီပုံပြင်လေးကို သတိရလိုက်ပါ။
မေးမှကူးယူထားသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...