ရင်ကိုထိသောရုပ်ရှင်ကား
by Dhamma Garden on Friday, November 25, 2011 at 4:35pm
သူများနိုင်ငံမှာဆိုတော့ ၀ါတွင်းသုံးလကာလအတောအတွင်း
ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မရှိ၊ တစ်ပါးတည်းနေထိုင်သီတင်းသုံးခဲ့ ရတယ်။
မြန်မာပြည်စာသင်သားဘ၀တုန်းက သံဃာအများကြီးရှိတဲ့ စာသင်တိုက်ကြီးတွေမှာ
နေထိုင်ပြီး ကြီးပြင်းခဲ့သူအဖို့ အခုလို တစ်ပါးတည်းနေနေရတာဟာ
အင်မတန်စိတ်ပျက်ဖွယ် ငြီးငွေ့ဖွယ်ကောင်းလှပါတယ်။
တစ်ပါးတည်း အားနေ တရားထိုင်နေပေါ့လို့ ဆိုနိုင်ပေမဲ့
တရားနဲ့ကလည်း အဲ့လောက်ကြီး မမွေ့လျှော်တတ်သေးဘူး။
တရားနဲ့မမွေ့လျှော်တတ်တဲ့သူအဖို့ 
ကိုယ့်ကိုယ်ကို အပြစ်မတင်ချင်ရင်တော့
“ကိုယ့်အနေနဲ့ အဲ့လောက်ကြီး ပါရမီမပါသေးဘူး”လို့ ဆိုရမယ်။
ဝါတွင်းကာလကုန်ဆုံးတာနဲ့ အနယ်နယ်အရပ်ရပ်က
ဦးဇင်းတွေ၊ ဘုန်းကြီးတွေ၊ ဆရာတော်သမတော်ကြီးတွေ
အလည်ရောက်လာတတ်တယ်။
အခုလောလောဆယ် အာဂန္တုဦးဇင်းလေး (၂) ပါးရောက်နေတယ်။
တစ်ပါးက သီရိလင်္ကာနိုင်ငံမှာ စာသင်နေတဲ့ဦးဇင်းလေး။
တစ်ပါးက မြန်မာပြည်က။
ညနေပိုင်း အညောင်းပြေ အညာပြေ လမ်းလျှောက်တဲ့အခါ
အာဂန္တုဦးဇင်းလေးတွေနဲ့ ဟိုဟိုဒီဒီ စကားပြောဖြစ်တယ်။
သီရိလင်္ကာမှာ(၂) နှစ်ကြာနေခဲ့ဘူးတာဆိုတော့
သီရိလင်္ကာကကြွလာတဲ့ဦးဇင်းလေးနဲ့ သီရိလင်္ကာနိုင်ငံအကြောင်းတွေ ပြောဖြစ်တယ်။
မြန်မာပြည်ကကြွလာတဲ့ဦးဇင်းလေးနဲ့ တော့ မြန်မာပြည်အကြောင်းပေါ့။
တစ်ညနေ အညောင်းပြေ အညာပြေလမ်းလျှောက်ချိန်
ဦးဇင်းလေးတွေ အောက်မဆင်းလာလို့ ကျောင်းသားကို သွားခေါ်ခိုင်းတော့
“မြန်မာဇာတ်ကားတစ်ကားကြည့်နေလို့  အောက်ဆင်းမလာတာဖြစ်ကြောင်း”
ပြောပြပါတယ်။
“အော်၊ ဒီဦးဇင်းလေးတွေနှယ်၊ မြန်မာဇာတ်ကားများကြည့်ပြီး
အချိန်ဖြုန်းနေရသလား” လို့ တွေးနေမိတယ်။
ညပိုင်းအအေးဘုဉ်းပေးချိန် စားပွဲဝိုင်းဆုံတော့မှ
ဘိသိက်ပြိုင် ဆိုတဲ့ မြန်မာဇာတ်ကားကြည့်နေတာဖြစ်ကြော င်း၊
ကြည့်သင့်တဲ့မြန်မာဇာတ်ကားတစ်ကားဖြစ်ကြောင်း
ဝေေ၀ဆာဆာညွှန်းဆိုပါတယ်။
ဒါနဲ့ အအေးဘုဉ်းပေးပြီး www.youtube.com ထဲမှာ ရှာဖွေကြည့်ရှုဖြစ်ခဲ့ပါတယ်။
ဦးဇင်းလေးတွေပြောသလို အတော်ကောင်းတဲ့ဇာတ်ကားပဲ။
ဘယ်လောက်ကောင်းတယ်ဆိုတာကို ရေးမပြတော့ပါဘူး။
Youtube မှာ သွားသာကြည့်ပေတော့။
ဒါပေမဲ့ တောဘိသိက်ဆရာပြောသွားတဲ့စကားလေး
နားထဲကမထွက်လို့ ဖော်ပြလိုက်ပါရစေ။
“ကိုယ်နေရာမကျတာကို နေရာကျတယ်လို့ ထင်နေတာဟာ နေရာမကျတာပဲ။
ကိုယ်နေရာမကျတာကို နေရာမကျမှန်းသိပြီဆိုမှ အဲဒါနေရာကျသတဲ့ဗျ”
ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ဆရာ့ဆရာကြီးများ မှတ်ချက်ပေးထားတာက
ဒီလိုကားမျိုး ရှိတော့ရှိတယ်၊ ရှားတယ်လို့ ဆိုချင်ပါတယ်။
သိန်းလွင်
ဘိသိက်ပြိုင် မြိုင်ပါဘိ ထိုဇာတ်ကား တရားဓမ္မာနဲ့ ကျင့်သိက္ခာ
------------------------------ ------------------------------ ------------------------------ ---------
ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မရှိ၊ တစ်ပါးတည်းနေထိုင်သီတင်းသုံးခဲ့
မြန်မာပြည်စာသင်သားဘ၀တုန်းက သံဃာအများကြီးရှိတဲ့ စာသင်တိုက်ကြီးတွေမှာ
နေထိုင်ပြီး ကြီးပြင်းခဲ့သူအဖို့ အခုလို တစ်ပါးတည်းနေနေရတာဟာ
အင်မတန်စိတ်ပျက်ဖွယ် ငြီးငွေ့ဖွယ်ကောင်းလှပါတယ်။
တစ်ပါးတည်း အားနေ တရားထိုင်နေပေါ့လို့ ဆိုနိုင်ပေမဲ့
တရားနဲ့ကလည်း အဲ့လောက်ကြီး မမွေ့လျှော်တတ်သေးဘူး။
တရားနဲ့မမွေ့လျှော်တတ်တဲ့သူအဖို
ကိုယ့်ကိုယ်ကို အပြစ်မတင်ချင်ရင်တော့
“ကိုယ့်အနေနဲ့ အဲ့လောက်ကြီး ပါရမီမပါသေးဘူး”လို့ ဆိုရမယ်။
ဝါတွင်းကာလကုန်ဆုံးတာနဲ့ အနယ်နယ်အရပ်ရပ်က
ဦးဇင်းတွေ၊ ဘုန်းကြီးတွေ၊ ဆရာတော်သမတော်ကြီးတွေ
အလည်ရောက်လာတတ်တယ်။
အခုလောလောဆယ် အာဂန္တုဦးဇင်းလေး (၂) ပါးရောက်နေတယ်။
တစ်ပါးက သီရိလင်္ကာနိုင်ငံမှာ စာသင်နေတဲ့ဦးဇင်းလေး။
တစ်ပါးက မြန်မာပြည်က။
ညနေပိုင်း အညောင်းပြေ အညာပြေ လမ်းလျှောက်တဲ့အခါ
အာဂန္တုဦးဇင်းလေးတွေနဲ့ ဟိုဟိုဒီဒီ စကားပြောဖြစ်တယ်။
သီရိလင်္ကာမှာ(၂) နှစ်ကြာနေခဲ့ဘူးတာဆိုတော့
သီရိလင်္ကာကကြွလာတဲ့ဦးဇင်းလေးနဲ့ သီရိလင်္ကာနိုင်ငံအကြောင်းတွေ ပြောဖြစ်တယ်။
မြန်မာပြည်ကကြွလာတဲ့ဦးဇင်းလေးနဲ
တစ်ညနေ အညောင်းပြေ အညာပြေလမ်းလျှောက်ချိန်
ဦးဇင်းလေးတွေ အောက်မဆင်းလာလို့ ကျောင်းသားကို သွားခေါ်ခိုင်းတော့
“မြန်မာဇာတ်ကားတစ်ကားကြည့်နေလို
ပြောပြပါတယ်။
“အော်၊ ဒီဦးဇင်းလေးတွေနှယ်၊ မြန်မာဇာတ်ကားများကြည့်ပြီး
အချိန်ဖြုန်းနေရသလား” လို့ တွေးနေမိတယ်။
ညပိုင်းအအေးဘုဉ်းပေးချိန် စားပွဲဝိုင်းဆုံတော့မှ
ဘိသိက်ပြိုင် ဆိုတဲ့ မြန်မာဇာတ်ကားကြည့်နေတာဖြစ်ကြော
ကြည့်သင့်တဲ့မြန်မာဇာတ်ကားတစ်ကာ
ဝေေ၀ဆာဆာညွှန်းဆိုပါတယ်။
ဒါနဲ့ အအေးဘုဉ်းပေးပြီး www.youtube.com ထဲမှာ ရှာဖွေကြည့်ရှုဖြစ်ခဲ့ပါတယ်။
ဦးဇင်းလေးတွေပြောသလို အတော်ကောင်းတဲ့ဇာတ်ကားပဲ။
ဘယ်လောက်ကောင်းတယ်ဆိုတာကို ရေးမပြတော့ပါဘူး။
Youtube မှာ သွားသာကြည့်ပေတော့။
ဒါပေမဲ့ တောဘိသိက်ဆရာပြောသွားတဲ့စကားလေး
နားထဲကမထွက်လို့ ဖော်ပြလိုက်ပါရစေ။
“ကိုယ်နေရာမကျတာကို နေရာကျတယ်လို့ ထင်နေတာဟာ နေရာမကျတာပဲ။
ကိုယ်နေရာမကျတာကို နေရာမကျမှန်းသိပြီဆိုမှ အဲဒါနေရာကျသတဲ့ဗျ”
ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ဆရာ့ဆရာကြီးများ မှတ်ချက်ပေးထားတာက
ဒီလိုကားမျိုး ရှိတော့ရှိတယ်၊ ရှားတယ်လို့ ဆိုချင်ပါတယ်။
သိန်းလွင်
ဘိသိက်ပြိုင် မြိုင်ပါဘိ ထိုဇာတ်ကား တရားဓမ္မာနဲ့ ကျင့်သိက္ခာ
------------------------------
ကြည့်ပြီးပြီး တော်တော်ကြာပြီ ၊၊ ရွာမှာ ဘိသတ် ဆရာ တွေလေ ပြိုင်ကျတာ၊၊ ရွာက ဘိသိတ်က မိုးဒီ ၊၊ တစ်ယောက်က မြို့ကဘိတ်သိက်ဆရာနာမည်က သရုပ်ဆောင် ဇော်ဝင်းနိုင်(မန်း) ပါ၊၊ ကောင်းတယ်၊၊ တော်တော်လေးကောင်းတယ်၊၊ မိုးဒီပြောတာလေးတွေ၊၊မကြည့် ရေ သးရင်တော့ ကြည့်သင့်တယ်၊၊
အမြီး တင်ပေးလိုက်မယ်နော်....
ဆားတောင်သောင်းက မိုးဒီ၊ မြို့ဘိသိက်ဆရာ ကြွကြွယွယွကောင်က ဆရာလှိုင်ဆိုသူက ဇော်ဝင်နိုင် (မန်း)
တကားလုံးကြည့်ချင်ရင်တော့ဒီလိပ် စာ သွားကြည်နိုင်ပါတယ်။
http://www.shweo.com/ myanmarm
0 comments:
Post a Comment