ယဉ်ကျေးမှုနှင့် လူသား
သင် ဘယ်လောက်ယဉ်ကျေး သလဲ။ အဆွေစာရှုသူ-
အထက်ပါမေးခွန်းကို မေးခံ လိုက်ရသည့်အတွက် စိတ်မရှိပါရန် တောင်းပန်ပါသည်။ စင်စစ် သင့်ကို မေးခြင်းမဟုတ်ပါ။ ကျွန်ုပ်အားမေး သောမေးခွန်းကို ပြန်ရေးပြခြင်း မျှသာ ဖြစ်ပါသည်။ သို့သော် ဤ မေးခွန်းကို မေးခံစဉ်က ကျွန်ုပ်သည်လည်း အလွန်ဘဝင်မကျ ဖြစ်လိုက်ပါသေး သည်။ ရုတ်တရက် အဖြေပြန်မပေး နိုင်ခဲ့ခြင်း အတွက်လည်း ကိုယ့် ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိ ပါသေးသည်။
ဤအဖြေမျိုးကို ကောက်ခါငင်ခါ ပေးရမည့် အဖြေ စကားမဟုတ်မှန်း တွေးမိတော့မှ ကိုယ့်ကိုယ်ကိုယ် ဖြေစရာတွေ့ခဲ့ရ ၍ ဘဝင်ချလိုက်ရပါတော့သည်။ အချိန်ယူ၍ ဖြေရမည့်အဖြေမျိုးကို ကျွန်ုပ်တို့ ဘယ့်အတွက်ကြောင့် စိတ်စောရပါမည်နည်း။ ယခုတော့ စဉ်းစားတွေးတော ခွင့်ရပါပြီ။ ယဉ်ကျေးမှု ဆိုသည်မှာ အဘယ် နည်း။ လိုရင်းတိုရှင်း ရေးပြလျှင် အကြမ်းအားဖြင့် နှစ်မျိုးသာရှိမည် ထင်ပါသည်။ ဘာသာယဉ်ကျေးမှု နှင့် လူမှုရေးရာယဉ်ကျေးမှုတို့သာ ဖြစ်ကြပါလိမ့်မည်။
ဘာသာယဉ်ကျေးမှုမှာ ကိုး ကွယ်ဆည်းကပ်သော ဘာသာရေး ဆိုင်ရာ ယဉ်ကျေးမှုဖြစ်ပါလိမ့်မည်။ ကိုးကွယ်မှုဘာသာများစွာရှိသည့် အနက် ထင်ရှားသောဘာသာကြီး ၄-မျိုးကိုတွေ့ရပါသည်။ ယင်းတို့မှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ် ဘာသာတို့ဖြစ်ပါသည်။ ခရစ်ယာန် ဘာသာမှာ အမေရိကန်နှင့် ဥရောပ စသော အနောက်နိုင်ငံတွင် ထွန်း ကားတည်တံ့ပြီး အစ္စလာမ်ဘာသာ မှာ အရှေ့ အလယ်ပိုင်းနိုင်ငံ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ များတွင် ထွန်းကားကြသည်။
ဟိန္ဒူ ဘာသာမှာ အိန္ဒိယနိုင်ငံတွင် ထွန်း ကား၍ ဗုဒ္ဓဘာသာမှာ အရှေ့ တောင်အာရှနိုင်ငံများ ဖြစ်ကြသော မြန်မာ၊ ထိုင်း၊ လာအို၊ ကန်ပူးချား၊ ဗီယက်နမ်၊ တရုတ်နှင့် ဂျပန်နိုင်ငံ များတွင် ထွန်းကားခဲ့ကြသည်။ ထို့ပြင် နိုင်ငံတိုင်းတွင် အထက်ပါ ဘာသာကြီး၎-မျိုး အပြင် အခြား ဘာသာများကိုပါ ကိုးကွယ်သူများ ရှိကြပါသည်။ သို့သော် လူနည်းစု များသာ ဖြစ်ကြသည်။ ဘာသာရေးယဉ်ကျေးမှုသည် လူမှုရေးတွင် အများဆုံးအကျုံးဝင် သည်ကို တွေ့နေရပါသည်။ ကမ္ဘာ့ ဘာသာရေးအပေါင်း၏ တူညီချက် မှာ မကောင်းမှုကို တားမြစ်ထားကြ ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကြောင့် ရတနာသုံးပါး ကြည်ညိုခြင်း၊ လူကြီးမိဘ ဆရာ သမားများအား ရိုသေလေးစားခြင်း၊ ဒုက္ခိတသတ္တဝါများကို သနားကြင် နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ် ခြင်း စသော လူမှုယဉ်ကျေးမှုများ အမြစ်တွယ်လာခဲ့ကြသည်။ ထို့ ကြောင့် ကမ္ဘာက မြန်မာတို့အား သည်းခံတတ်၍ ပျော်ရွှင်အေးချမ်း စွာ နေတတ်သူများဟု တွေ့မြင်ခဲ့ ကြသည်။ အခြားလူမျိုးတို့သည် လည်း သူတို့ ကိုးကွယ်သော ဘာသာရေးအရ ယဉ်ကျေးသိမ်မွေ့ ကြသည်သာ ဖြစ်ကြသည်။
အခြားဘာသာတို့တွင် အရာ ခပ်သိမ်းကို ဗြဟ္မာကြီးက သို့မ ဟုတ် အနန္တတန်ခိုးရှင် ဘုရားသခင် က ဖန်ဆင်းသည်။ သေခြင်းရှင် ခြင်းကို ပင်လျှင် ဘုရားသခင်၏ အလိုတော် အတိုင်းဖြစ်ရသည်ဟု လက်ခံကြသည်။ ဗုဒ္ဓ၏ ဓမ္မဒေ သနာတော်များကမူ လောက၌ တစ် စုံတစ်ရာသော တန်ခိုး အနန္တပိုင်ရှင် ဖန်ဆင်းသူဟူ၍မရှိ၊ ကမ္ဘာ့နိယာမ တရားကြီး ငါးပါးအရ သတ္တလော က၊ သင်္ခါရလောက၊ ဩကာသ လောကတည်းဟူသော လောကသုံး ပါးကို စိတ္တနိယာမအစဉ် ဖြင့် လူသတ္တဝါတို့၏စိတ်က ဖန်တီး နေလျက် စိတ်၏အလိုအတိုင်းပင် ဖြစ်နေကြသည်ဟုဆို၏။ ဆန္ဒစိတ် ကြောင့် တီထွင်လုပ်ကိုင်ကြသည်။ မခံမရပ်စိတ်ကြောင့် ရန်သတ္တုဖြစ် ကြသည်။ အေးချမ်းလိုသော စိတ်ရှိသဖြင့် ချမ်းမြေ့မှုကို ရှာကြံနေ ထိုင်ကြခြင်းသည်လည်း စိတ်၏ အလိုအရပင်ဖြစ်သည်ဟု သက်သေ ထုတ်ယူခဲ့ကြ သည်။
ထို့ကြောင့် ဤလောကလူ သား ပတ်ဝန်းကျင် ယဉ်ကျေး မှုရှိသည်ဆို သောအချက်ကို လူ တိုင်းလက်ခံကြ ရမည်။ ငြင်း၍မရ သော အချက်ပင်။ သို့သော် ရှိနေ သော ယဉ်ကျေးမှုကို သင်ဘယ် လောက်သိသလဲဟူသော အချက်ကို လည်း စူးစမ်း ကြည့်ရပါဦးမည်။ ထို့ပြင် မိမိသိထားသော ယဉ်ကျေး မှုကို ဘယ်လောက်အထိ လိုက်နာ ကျင့်သုံးနိုင်ပါသလဲဆိုသော အချက် မှာ အရေးပါဆုံးဖြစ်မည် ထင်ပါ သည်။ ဤသို့ဆိုလျှင် ယဉ်ကျေးမှုကို လူကလိုက်နာနိုင်ရန်အတွက် ယဉ် ကျေးမှုသည် မည်သို့လျှင် လူသား သို့ထံ စိမ့်ဝင် ခြယ်လှယ်သည်ကို စူးစမ်းရချေတော့မည်။ စင်စစ် ယဉ်ကျေးမှုဆိုသည် မှာ သဘာဝပတ်ဝန်းကျင်ဆီမှ လူ တို့က ဖန်တီးရယူခြင်းသာ ဖြစ်ပါ လိမ့်မည်။
ထို့ကြောင့်လည်း ယဉ် ကျေးမှုသည် လူတစ်မျိုး၏ ဘဝ တည်ဆောက်ပုံ နည်းဟန်များသည် အခြားလူမျိုးနှင့် ထပ်တူမညီကြခြင်း ဖြစ်သည်။ သို့သော် လူတို့ဆက်ဆံ နေထိုင် စားသောက်လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှုစနစ် ဟူ၍ မှတ်ယူရမည်သာဖြစ်သည်။ အင်္ဂလိပ် ဝေါဟာရတွင် Civilization နှင့် Culture စကား လုံးများသည် ယဉ်ကျေးမှုနှင့် သက် ဆိုင်သော ဝေါဟာရများပင် ဖြစ် သည်။ သို့သော် မတူညီကြခြင်းမှာ Civilization မှာ လူ့ယဉ်ကျေးမှုကို ဆိုလိုခြင်း ဖြစ်၍ Culture မှာ ဘာသာရေးနှင့် အနုပညာယဉ်ကျေး မှုကို ဆိုလိုခြင်းဖြစ်သည်။
လူတို့သည် ရိုင်းစိုင်းသော ဘဝ ကာလတစ်လျှောက်လုံးကို လူမှုရေး အသိတရားများဖြင့် ပြန် လည်စုစည်းရှာဖွေ စုဆောင်းနေရ သည့် လူ့သမိုင်း၏ အရုဏ်ဦးကို Civilization ဟု ဆိုလိုခြင်း ဖြစ် သည်။ ဘဝအသိ၊ ဘဝအဓိပ္ပာယ် ကို ရှာဖွေခြင်း၊ လူမှုတိုးတက်ရေး နှင့် ကိုးကွယ်ရေးဆိုင်ရာ အရုဏ်ဦး မှသည် ဤမှာဘက်သို့ အဆင့်ဆင့် ဖြစ်ပေါ် တိုးတက်လာသည့် အ ကြောင်းရပ်များကို Culture ဟု ခေါ်ဆိုခြင်းဖြစ်သသည်။ လူတို့ဖန်တီးထားသော လူမှု ပတ်ဝန်းကျင်နှင့် ယင်းပတ်ဝန်းကျင် အတွင်း၌ နေထိုင်လှုပ်ရှားခဲ့ကြ သူများ စုဆောင်းထားရစ်ခဲ့သည့် အသိညဏ်၊ ဗဟုသုတ၊ လုပ်ကိုင် ဆောင်ရွက်မှု နည်းဟန်များအပြင် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်၊ အကြံအဆ၊ ဖန်တီးမှုများကို လူ့ ဘောင်အဖွဲ့အစည်းက စုဆောင်း သိုမှီးခဲ့သမျှကို ယဉ်ကျေးမှု ဟူ၍ သာ ခေါ်ရချေတော့မည်။
လူမျိုးတစ်မျိုး၏ ယဉ်ကျေး မှုရေးရာများသည် သမိုင်းကြောင်း ပေါ်တင်၍ ကြည့်ရှုလေ့လာမှ ရှု ထောင့်မှန်ယထာဘူတကျစွာ တွေ့ မြင်နိုင်မည်ဖြစ်သည်။ မှန်ကန်သော သမိုင်းကြောင်းပေါ်၌တင်၍ ကြည့် ရှုလိုက်သောအခါ လူတို့၏ ယဉ် ကျေးမှုသည် သွင်ပြင်ပုံပန်း ပေါ် ပေါက်လာလျက် ပျိုးထောင်မှု၊ တိုး တက်မှု၊ ဆုတ်ယုတ်မှု၊ အသွင် ပြောင်းလဲမှု စသည်တို့ကို ကျိုး ကြောင်းဆင်ခြင်နိုင်လျက် အဓိပ္ပာယ် သဘောကိုလည်း ဖမ်းမိလာနိုင် မည်၊ အနာဂတ်ကိုလည်း ခန့်မှန်းနိုင် ပေမည်။ ခြုံငုံ၍ကြည့်သောအခါ ယဉ် ကျေးမှုတွင် Civilization လူမှု ယဉ်ကျေးမှု(ဝါ) ရုပ်ပိုင်းယဉ်ကျေးမှု နှင့် Culture အနုပညာယဉ်ကျေးမှု (ဝါ)စိတ်ပိုင်းယဉ်ကျေးမှု ဟူ၍သာ ခွဲခြားရပါမည်။
ရုပ်ပိုင်းယဉ်ကျေးမှု ကဏ္ဍတွင် ရုပ်ဝတ္ထှုဖြစ်သည့် အဆောက်အအုံ၊ ဝတ်စားဆင်ယင် မှု၊ အသုံးအဆောင် ကိရိယာ တန် ဆာပလာများ စသည့်တို့ ပါဝင်ကြ ပါလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ ယဉ် ကျေးမှု ကဏ္ဍတွင်မူ စိတ်ကူးနှင့် စိတ်သန်း၊ အတွေးအခေါ်၊ တွေး တောကြံဆပုံ နည်းလမ်းများ၊ အမူ အကျင့်များနှင့် လူတို့ဖန်တီးထား သည့် အက္ခရာစာပေ၊ သိပ္ပံညာ၊ စည်းမျဉ်းဥပဒေ၊ လူမှုရေးစနစ်နှင့် ယုံကြည်ကိုးကွယ်မှု၊ ဘာသာရေး ကိစ္စများ ပါဝင်လိမ့်မည်ဟုယူဆရ ပါသည်။ ထို့ကြောင့်လည်း ရှေးထုံးစဉ် လာ ယဉ်ကျေးမှုမှန်သမျှသည် သူ့ ခေတ်သူ့အခါက လက်ခံကျင့်သုံးနေ ခဲ့သော အလေ့အထများသာ ဖြစ် သည်။
ထို့ကြောင့် တိကျသော ယဉ် ကျေးမှုကို သိရှိရန်မှာ ထိုလူမျိုး တို့၏ အတိတ်ကာလမှ ဖြစ်ရပ်များ ကိုလေ့လာရပါဦးမည်။ ယဉ်ကျေးမှု သည် အတိတ်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရွေ့လျားရင်းက အသွင်လက္ခဏာတို့ အမြဲတစေ ရုပ်ပိုင်းဆိုင်သည့် အခြေခံပြောင်းလဲ မှုအရလည်း ပြောင်းလဲတတ်ကြ သေးသည်။ ယဉ်ကျေးမှုသည် ရေစီးကြောင်းပမာ အမြဲ ရွေ့လျား ပြောင်းလဲနေသည်။ အသစ်အသစ် တို့သည် ဖြစ်ပေါ်လျက် အဟောင်း အဟောင်းတို့သည် ချုပ်ငြိမ်းပျောက် ကွယ်လာရတော့သည်။ ယဉ်ကျေးမှုအခြေခံသည် ရုပ် ဝတ္ထုပိုင်းဖြစ်သော လူတို့၏ စား ဝတ်နေရေးဖြစ်သည့် စီးပွားရေး ပုံသဏ္ဍာန် ပင်ဖြစ်သည်။ ဆိုလို သည်မှာ လူတို့သည် ဘဝရပ်တည် မှုအတွက် ကုန်ထုတ်လုပ်ပုံစနစ် သည် ယဉ်ကျေးမှု၏ ပုံပန်းသွင်ပြင် လက္ခဏာကို ပြုပြင်သတ်မှတ်ပေး မြဲသာဖြစ်သည်။
ဤသို့လျှင် ယဉ် ကျေးမှုသည် စီးပွားရေး စနစ် အပေါ်၌ အခြေခံနေသဖြင့် ယဉ် ကျေးမှု သွင်ပြင်လက္ခဏာပုံစံတို့ လည်း ပြောင်းလဲလာရလေတော့ သည်။ အထူးခြားဆုံးမှာ စက်မှု တော်လှန်ရေး ပေါ်ပေါက်လာခြင်း ကြောင့် ယဉ်ကျေးမှု ကိစ္စတို့မှာ ခုန်ပျံကျော်လွှားမှု အရှိန်မှာ ပြင်း ထန်လာရလေသည်။ ယင်းပြောင်းလဲမှုသည် ခေတ် အလျောက် အံဝင်ခွင်ကျမှသာထွန်း ကားတတ်ပေသည်။ တစ်ခေတ် ခေါင်းကို တစ်ခေတ်က နင်း၍ ဆန်းသစ်လာသော ယဉ်ကျေးမှုများ ပေါ်ပေါက်ရခြင်းသည် သူ့ခေတ်နှင့် အံဝင်ခွင်မကျ ဖြစ်နေသောကြောင့် ဖြစ်သည်။ စင်စစ် ခေတ်၏ ယဉ် ကျေးမှုသည် သူ့ခေတ်လူသားတို့ အား လွတ်လပ်မှု၊ ညီမျှသော အခွင့် အရေး၊ သိပံ္ပနည်းကျသော အမှန် တရားများ ရှိရပေလိမ့်မည်။ သို့မှ သာ ယင်း ယဉ်ကျေးမှုပုံစံသည် သူ့ခေတ်လူသားများကို ချမ်းသာ သုခပေးနိုင်မည် ဖြစ်ပါသည်။ စင်စစ် ယဉ်ကျေးမှုသည် လူ မျိုးတစ်မျိုး၏ဘဝ ပုံစံဖြစ်သည်။
ယဉ်ကျေးမှုရှိခြင်းကို သိခြင်းနှင့် သိခြင်းကို လိုက်နာဆောင်ရွက်ခြင်း တို့တွင် အတိုင်းအတာရှိနေကြပါ သည်။ သို့သော် သင်ဘယ်လောက် ယဉ်ကျေးသလဲဟူသော မေးခွန်း အတွက်မူ ကျွန်တော်တို့သည်တစ် ဖက်သားအားမည်မျှ စိတ်ချမ်းသာမှု ကို ပြုနိုင်သလဲဟူသော ဆက်ဆံမှု ပေါ် မူတည်လိမ့်မည်ထင်ပါသည်။ မိမိ၏ အပြုအမူနှင့် ဆက်ဆံ ရေးက တစ်ဖက်သားအား စိတ်ချမ်း သာကျေနပ်စေမည် ဆိုပါက မိမိ၏ ယဉ်ကျေးမှုသည် အဆင့်မနိမ့်လှ ကြောင်း၊ ယဉ်ကျေးမှုရှိပြီ ဖြစ် ကြောင်း သိအပ်ပါသည်။
သသက်ဆွေ
အကျိုးဆောင်ဂျာနယ်

0 comments:
Post a Comment