Saturday, November 5, 2011

အန္တရာယ်ဝိုင်းနေသော အင်တာနက်

by Aung Lat on Sunday, November 6, 2011 at 10:47am


By..မောင်ညိမ်းမြတ်


နိုင်ငံတကာ ကွန်ပျူတာကွန်ရက်ဖြစ်သော အင်တာနက်ကိုအမှီပြု၍ အကျိုးကျေးဇူးအမြောက်အမြားကို ခံစားခဲ့ကြရသည်ကို အများသိပြီးဖြစ်ပါသည်။ ကောင်းကျိုးနှင့်အတူ ပါဝင်လာသော ဆိုးကျိုးများကိုလည်း လက်မခံချင်ဘဲ လက်ခံနေကြရပေမည်။ မည်သို့ပင်ဆိုစေ ဆိုးကျိုးထက် ကောင်းကျိုးက များနေသည့်အတွက် ရှင်သန်ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် အများကောင်းကျိုး မည်မျှသယ်ပိုးနေခြင်းသည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းလုပ်ငန်းတစ်ခု၏ ဘ၀တန်ဖိုးပင်ဖြစ်ပါသည်။
အင်တာနက်၏ ၀န်ဆောင်မှုများကိုလည်း မလိုတမာစိတ်ရှိသူများက ၀င်ရောက်တိုက်ခိုက်နေကြသည်ကို ယခုတလော ကြားသိနေရသည်။ ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလတွင် အိုင်းစ်ရစ်အစိုးရဘဏ္ဍရေးဝန်ကြီးဌာန၏ ဆာဗာကို တိုက်ခိုက်ခံရကြောင်း တွေ့ရှိရသည်။ တက္ကသိုလ်တစ်ခုမှ ကျောင်းသားများက ယင်းတို့၏ မကျေနပ်ချက်များကို အကြောင်းပြု၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
၂၀၀၂ခုနှစ် ဇူလိုင်လတွင် ဟန်းနီးနက်စီမံကိန်းကိုလည်း တိုက်ခိုက်ခံရကြောင်းတွေ့ရပြန်သည်။ ၂၀၀၂ခုနှစ် ဇူလိုင်လတွင် ဆာဗာကွန်ပျူတာ(၉)လုံးကို ယင်း ၂၀၀၇ခုနှစ် အောက်တိုဘာလတွင် တိုက်ခိုက်ခံရကြောင်း ဆက်လက်သိရှိရပါသည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် အွန်လိုင်းဂိမ်း ဆာဗာ ၁၀၀၀၀ ကျော်ကို (RUS)ဟက်ကာအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယခင် ဆိုဗီယက်ရုရှားပြည်ထောင်စုတွင် ရုရှားဥဘက်ကစ္စတန်နှင့် ဗဲလာရုပြည်နယ်တို့မှ ဆာဗာကွန်ပျူတာ ၁၀၀၀ ကျော်ကိုလည်း တိုက်ခိုက်ခံရကြောင်း တွေ့ရပြန်ပါသည်။
ရုရှားနှင့် ဂျော်ဂျီယာ ငါးရက်ကြာစစ်ပွဲအတွင်းတွင် ဂျော်ဂျီယာအစိုးရ၏ ကွန်ပျူတာကွန်ရက်ဌာနများကို တိုက်ခိုက်ခဲ့ရာ ဂျော်ဂျီယာတို့၏ ဆာဗာကွန်ပျူတာအတော်များများ ပိတ်ပစ်ခဲ့ရသည်။ အထူးသဖြင့် ဂျော်ဂျီယာသမ္မတ၏ အင်တာနက်ကွန်ရက်ဌာန (website) နှင့် ဂျော်ဂျီယာအမျိုးသားဘဏ်တို့၏ အင်တာနက်ဌာန (website) တို့သည် (၂၄) နာရီကြာ ရပ်ဆိုင်းသွားသည်အထိ တိုက်ခိုက်ခံရပါသည်။
အထက်ပါအဖြစ်အပျက်အရ တိုက်ခိုက်မှုများကို Denial-of-service attack (DOS) ဟုခေါ်ကြောင်း သိရသည်။ ထို့သို့တိုက်ခိုက်ရာတွင် အင်တာနက်သတင်းအချက်အလက် အရင်းအမြစ်များကို ယင်းတို့ရည်ရွယ်သောာ အသုံးပြုသူမရရှိနိုင်အောင် ပြုလုပ်နိုင်ခြင်း၊ အင်တာနက်ကွန်ရက်ဌာနတစ်ခု၏ ၀န်ဆောင်မှုများ အပြည့်အ၀ (သို့မဟုတ်) လုံးဝဆောင်ရွက်နိုင်ခြင်းမရှိအောင် ပြုလုပ်ခြင်းတို့ပါဝင်သည်။ အထူးသဖြင့် ကျော်ကြားသော ဘဏ်အကြွေးကတ်ငွေပေးငွေယူဌာနနှင့် (DNS root server) တို့သည် ယင်းတို့၏ ပစ်မှတ်များဖြစ်သည်။
ယေဘုယျအားဖြင့် တိုက်ခိုက်သူများသည် ၄င်းတို့ရည်ရွယ်သော ဆာဗာကွန်ပျူတာကို ပြင်ပမှ ဆက်သွယ်တောင်းဆိုမှုများ အမြောက်အမြားပြုလုပ်ခြင်းဖြင့် ယင်းဆာဗာကွန်ပျူတာသည် ယင်းအမှန်တကယ်လုပ်ရမည့် အလုပ်များကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ နှေးကွေးသွားခြင်း၊ လုံးဝရပ်ဆိုင်းသွားခြင်းအထိ ဖြစ်စေသည်။ တစ်နည်းအားဖြင့် အရင်းအမြစ်များ (Bandwidth,storage)တို့ကို အကြောင်းမဲ့ ကုန်အောင်စားသုံးခြင်းဖြင့် ထိုဆာဗာကွန်ပျူတာ၏ ၀န်ဆောင်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်စေပါသည်။
ထိုသို့တိုက်ခိုက်မှုများသည် IAB(Internet Architecture Board) ၏ အင်တာနက်အသုံးပြုမှုဝါဒ (Internet Proper Use Policy) ကို ချိုးဖောက်ရာရောက်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းလည်း ဖြစ်ပါသည်။

တိုက်ခိုက်မှုသင်္ကေတလက္ခဏာများ

အမေရိကန်ပြည်ထောင်စု ကွန်ပျူတာအရေးပေါ်အဆင်သင့်အဖွဲ့(The United States Computer Emergency Readliness Team) ၏ လက္ခဏာသတ်မှတ်ချက်အချို့ကို ဖော်ပြပေးပါမည်။ သင်၏ကွန်ပျူတာကွန်ရက်သည် အလွန်အမင်းနှေးကွေးနေလျှင် အဆိုပါတိုက်ခိုက်မှုမျိုး ခံနေရခြင်းဖြစ်နိုင်သည်ဟု သံသယရှိနိုင်သည်။
အင်တာနက်ကွန်ရက်ဌာနအချို့ ( Website ) ဖတ်မရဖြစ်နေလျှင်လည်း အဆိုပါတိုက်ခိုက်မှုမျိုးခံနေရခြင်းဖြစ်နိုင်သည်ဟု သံသယဖြစ်နိုင်ပါသည်။
မည်သည့်အင်တာနက်ကွန်ရက်ဌာန (Website) မျှ ၀င်ရောက်မရခြင်းသည်လည်း ယင်းတိုက်ခိုက်မှုမျိုး ဟုသံသယရှိနိုင်သည်။
မိမိနှင့်မသက်ဆိုင်သော e-mail အမြောက်အမြား လက်ခံရရှိနေခြင်းကြောင့် ဆာဗာကွန်ပျူတာ၏ သိုလှောင်မှုအရင်းအမြစ်များ ဆုံးရှုံး၊ ၀န်ဆောင်မှုရပ်ဆိုင်းသွားခြင်း၊ ဤသို့တိုက်ခိုက်မှုကို စာပို့ဗုံး (mail-bomb) ဟုခေါ်သည်။
တိုက်ခိုက်မှုများ (Methods of attack)
Dos attack သည် အင်တာနက်တရားဝင်သုံးစွဲခွင့်ရှိသူအား အင်တာနက်ဝန်ဆောင်မှုများကို သုံးစွဲခွင့်မပြုနိုင်ရန် နည်းမျိုးစုံဖြင့် ဟန့်တားခြင်းဖြစ်သည်။ အင်တာနက်ကို အသုံးပြုဖို့ ကြောက်ရွံသွားစေရန် ရည်ရွယ်ပုံရသည်။ အချို့တိုက်ခိုက်မှုများသည် ကွန်ရက်ဆက်သွယ်ရာတွင် အသုံးပြုသော ကိရိယာများကိုလည်းကောင်း၊ ကွန်ရက်ဌာနများကိုလည်းကောင်း၊ e-mail နှင့် DNS ဆာဗာတို့ကိုလည်းကောင်း တိုက်ခိုက်လေ့ရှိသည်။

တိုက်ခိုက်မှုများကို ခွဲခြားစိတ်ဖြာကြည့်လျှင် (၅)မျိုးတွေ့ရသည်။

(၁) တွက်ချက်ရေးသုံး အရင်းအမြစ်များ (resources) ဖြစ်သော bandwidth အချက်အလက်သိုလှောင်ရာ ဓာတ်ပြားနေရာ (disk-space) နှင့် ပရိုဆက်ဆာ၏အချိန် (processor-time) တို့ကို ကုန်စင်အောင်သုံးစွဲပစ်ခြင်း။
(၂) routing information ကဲ့သို့ သတင်းအချက်အလက်စနစ်အသွင်အပြင် (configuration information)ကို ပျက်စီးစေခြင်း။
(၃) TCP (Transmission Transfer Protocol) session တို့၏ အပြင်အဆင်များကို ပြောင်းလဲပစ်ခြင်း။
(၄) အင်တာနက်ကွန်ပျူတာကွန်ရက် ချိတ်ဆက်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာအစိတ်အပိုင်းများ ကိုပျက်စီးစေခြင်း။
(၅) အင်တာနက်အသုံးပြုသူများအား အင်တာနက်ဝန်ဆောင်မှုများကို အသုံးမပြုနိုင်အောင် ပြုလုပ်ခြင်း။
နာမည်ရတိုက်ကွက်တို့၏အကြောင်းကို ဆက်လက်ဖော်ပြပါမည်။
(၁)မျက်ရည်စက်တိုက်ကွက် (tear drop attacks)
(၂)ကြေးမုံတိုက်ကွက် (reflected attacks)
(၃)ငှက်ပျော်သီးတိုက်ကွက် (banan attacks)
(၄)စမာ့ဖ်တိုက်ကွက် (smurf attacks)
(၅)ချောင်းမြောင်းတိုက်ကွက် (peer-to- attacks)

(၁) မျက်ရည်စက်တိုက်ကွက် (tear drop attacks)

ဤတိုက်ကွက်သည် အင်တာနက်ပရိုတာကောလ် (IP)ကို တကွဲတပြားစီ စိတ်ပိုင်းပြီး ထပ်တလဲလဲပေးပို့ခြင်း၊ အရွယ်အစားကြီးမားအောင်ပြုလုပ်၍ ပေးပို့ခြင်း၊ ခံနိုင်ဝန်ထက်ပို၍ ပေးပို့ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ရည်ရွယ်တိုက်ခိုက်သော ဆာဗာကွန်ပျူတာတို့အား ပြဿနာတက်စေပါသည်။ TCP/IP အပိုင်းအစများကို သက်ဆိုင်ရာစက်လည်ပတ်စေသော ပရိုဂရမ်များ (Operating System) က ပြန်လည်စုစည်းရာတွင် အစီအစဉ်မကျဖြစ်စေခြင်းဖြင့် ကွန်ပျူတာစနစ်ကို ပျက်စီးစေပါသည်။ windows, 3.1x, windows NTနှင့် linuxစက်လည်ပတ်စေသော ပရိုဂရမ်တို့တွင် အဖြစ်များသည်။ IPတွင် 2.0.32 နှင့် 2.1.63 တို့သည် ဤတိုက်ခိုက်မှုအတွက် မလုံခြုံသော IP များဖြစ်သည်။

(၂) ကြေးမုံတိုက်ကွက် (reflected attacks)

ဤတိုက်ခိုက်မှုသည် ဖြန့်ကျက်တိုက်ခိုက်သော DDOS (Distributed Denial of Service) အမျိုးအစားတစ်ခုဖြစ်သည်။ တိုက်ခိုက်ပုံမှာ အင်တာနက်ကွန်ရက်တွင်ပါဝင်သော ကွန်ပျူတာအမြောက်အမြားသို့တောင်းဆိုမှုအချက်ပြ (request) တစ်ခုကို အတုပြုလုပ်ပေးပို့သည်။ ပြန်ကြားချက် (replies) အမြောက်အမြားတို့သည် တိုက်ခိုက်ရန် ရည်ရွယ်ထားသော ကွန်ပျူတာသို့ ရောက်ရှိလာသဖြင့် မျက်ဖြူဆိုက်ရတော့သည်။

(၃) ငှက်ပျောသီးတိုက်ကွက် (banana attacks)

ဤတိုက်ခိုက်မှုသည် အင်တာနက်ဆာဗာကွန်ပျူတာဖြင့် ဆက်သွယ်ထားသော ကွန်ပျူတာများမှ ပေးပို့သော သတင်း (message) ကို ၄င်းထံသို့ အဆက်မပြတ်ပြန်လည်ပေးပို့ခြင်းဖြင့် ၄င်းအား အလုပ်များစေပြီး နှေးကွေးလာစေသည်။ တစ်ခါတစ်ရံ ထိုကွန်ပျူတာအသုံးမပြုနိုင်သည်အထိ ပျက်စီးအောင် ခက်ရင်းခွဗုံး (fork bomb) အသုံးပြု၍ တိုက်ခိုက်သည်။
တိုက်ခိုက်သူသည် အဝေးထိန်းစက်ဖြင့် အချက်ပြတစ်ခုကို ဆာဗာကွန်ပျူတာတစ်ခုသို့ ပေးပို့ခြင်းဖြင့် ၄င်းဆာဗာသည် ဖုတ်ဝင်သကဲ့သို့ အခြားဆာဗာများကို တိုက်ခိုက်ရန်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ထိုသို့တိုက်ခိုက်သူ ဟက်ကာ (h*****) ကြောင့် ရန်လိုတိုက်ခိုက်သော ဆာဗာကွန်ပျူတာကို ဇွန်ဘီ(Zombie)ဟုခေါ်ပါသည်။ ဤတိုက်ခိုက်မှုသည် အချိန်ကြာမြင့်စွာတိုက်ခိုက်သောကြောင့် ကွန်ပျူတာကွန်ရက်၏၀န်ဆောင်မှုများ နှေးကွေးစေပါသည်။ ခံနိုင်ဝန်ထက်ပို၍ အလုပ်လုပ်နေရပါသည်။ ဤတိုက်ခိုက်မှုအမျိုးအစားသည် တိုက်ခိုက်သူကို ရှာဖွေရန်ခက်ခဲသောကြောင့် ခိုးကြောင်ခိုးဝှက်လှုပ်ရှားသောသဘာဝရှိသည်။

(၄) စမာ့ဖ်တိုက်ကွက် (smurf attacks)

Smurf Attack သည်လည်း ဖြန့်ကျက်တိုက်ခိုက်သေ DDOS(Distributed Derial of Service) အမျိုးအစားတစ်ခုဖြစ်သည်။ တိုက်ခိုက်ပုံမှာ စနစ်အသွင်အပြင်မှားနေသော ကွန်ရက်ဖွဲ့ပစ္စည်းသည် ပေးပို့သောအချက်အလက် Packetsတို့ကို ကွန်ရက်တစ်ခုအတွင်းရှိ ကွန်ပျူတာအားလုံးသို့ပေးပို့သည်။ ရည်ရွယ်တိုက်ခိုက်လိုသောကွန်ပျူတစ်လုံးထဲကို မဟုတ်။ ကွန်ပျူတာအားလုံးကိုရည်ရွယ်ပါသည်။ ထို့ကြောင့် ကွန်ရက်၏အရင်းအမြစ်ဖြစ်သော(Bandwith)သည် အကုန်အစင် အသုံးပြုခံလိုက်ရသည်။ ထို့ကြောင့် တရားဝင်ပေးပို့ရမည့် အချက်အလက်(Packets) တို့ကို သက်ဆိုင်ရာသို့ ရောက်အောင်ပေးပို့နိုင်ခြင်း မရှိတော့ပါ။

(၅) ချောင်းမြောင်းတိုက်ကွက် (peer-to-peer attacks)

တိုက်ခိုက်သူတို့သည် peer-to-peer ဆာဗာကွန်ပျူတာတွင်ရှိသော အားနည်းချက်တို့ကို ကြိုတင်သိရှိထားကြသည်။ တိုက်ခိုက်ပုံမှာ clients ကွန်ပျူတာတို့ကို ၄င်း၏ peer-to-peer network မှ အဆက်အသွယ်ဖြတ်ပြီး ပြဿနာဖြစ်စေသော websiteသို့ဆက်သွယ်စေသည်။ ဤနည်းအားဖြင့် ကွန်ပျူတာထောင်ပေါင်းများစွာတို့သည် တိုက်ခိုက်ရန်ရည်ရွယ်ထားသော website သို့ဆက်သွယ်တိုက်ခိုက်ကြသည်။ ပုံမှန်အားဖြင့် သမားရိုးကျကွန်ရက်ဆာဗာတို့သည် တစ်စက္ကန့်အတွင်း ရာဂဏန်းမျှသော ဆက်သွယ်မှုတို့ကို ကိုင်တွယ်လုပ်ဆောင်ကြပါသည်။ ၄င်းအရေအတွက်ထက် ပိုလာသောအခါ လုပ်ဆောင်မှု performance ကျဆင်းလာသည်။ နှေးကွေးလာသည်။ တစ်စက္ကန့်လျှင် ၅၀၀၀၊ ၆၀၀၀ ဆက်သွယ်လုပ်ဆောင်ရာတွင် ဆာဗာအများစုသည် ရပ်ဆိုင်းသွားပါသည်။ ကွန်ရက်ဆက်သွယ်မှု မကောင်းသည့်အတွက် ဆာဗာ၏အရင်းအမြစ် ဆုံးရှုံးပြီး ဆာဗာကိုအန္တရာယ်ဖြစ်စေသည်။
တိုက်ခိုက်မှုများမှာ PDOS (Permanent Denial of Service) nuke attack, Unintentioal attack စသည်တို့ ရှိနေသေးသော်လည်း သဘောတရားအားဖြင့် တူမျှနည်းပါးရှိနေသည့်အတွက် မဖော်ပြတော့ပါ။
ထိုတိုက်ခိုက်မှုများကို တားဆီးသော surviving attack ဟူ၍လည်း ရှိပါသည်။ အင်တာနက်၏ ၀န်ဆောင်မှုများကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်အတွက် အသုံးပြုသူများ သိရှိစေရန် ရေးသားဖော်ပြပေးပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...