Friday, September 21, 2012

New ရောက်ကဗျာ



စစ် ဆိုတာ
ပွဲ မဟုတ်။

ချိုင်းထောက်
မျက်ရည်
ပရိဒေဝ
သောက
အသက်
သွေး
မိဘမဲ့ကလေး။


ယမ်းခိုးဝေတဲ့
နံနက်ခင်းတွေကို မတွေ့ချင်ဘူး
တေးသွားလေးနှိုးလို့ နိုးလာချိန်မှာ
လင်းအာရုံ ငြိမ်သက်ဆဲ ...
ရွှေချိုးဖြူလေး တေးသံကြူ
တကူ ကူး ကူ။



ဒဂုန်တာရာပြောတဲ့

ပန်းနုရောင် ကာလ ဆိုတာ အတွေးအခေါ်မဟုတ်ဘူး
အခြေအနေပိုင်းဖြစ်တယ်
ပန်းနုရောင် ကာလ ကို ပိုမိုဖျော့စေချင်တယ်
ကချင်စစ်အပွဲ အမြန်ရပ်။



လောကပါလတရားအတွက်

လောကနတ်နဲ့အတူ
ချိုးဖြူငှက်များ အုပ်ဖွဲ့ပျံသန်းချိန်
နယူးယောက်မှာ
ငြိမ်းချမ်းရေး ခေါင်းလောင်းသံ
လွင့်ပျံ့
လှိုင် နေရောမယ်။



မုန်း စ ကို တိုစေ

ချစ် စ ကို ရှည်စေ
အချစ်ရေ ...
အချစ်နဲ့ ပေါင်းစည်းကြမယ်
တို့မှာ
မုန်းသူမရှိ
ချစ်သူသာရှိ။



ညိုထက် (လမ်းသစ်ဦး)

၂၁ - ၉ - ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...