Wednesday, September 26, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အမှန်တကယ် ပါဝါများကို မှေးမှိန်စေ....

Tun Wai


(25 september 2012 ရက်စွဲပါ The Dilomat မှ Joshua Kurlantzick ရေးသားသော Suu Kyi’ s U.S visit;overshadowing the real powers in Burma ကိုဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုသို့ နှစ်ပတ်ခရီးစဉ်သည် ကြီးမားသောအောင်မြင်မှုရသည်ဟု သက်သေပြခဲ့ပြီးဖြစ်သည်။ ဥရောပမှာကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုရှိ ပရိသတ်နှင့်တွေ့ဆုံရာတွင် ပရိတ်သတ်များ၏ နှစ်သက်အထင်ကြီးလေးစားမှုတို့ကို ခံစားရစေပြီး၊ ထိုကဲ့သို့သောအဆင့်မျိုးကို ဒလိုင်းလားမားနှင့် နယ်ဆင်မင်ဒဲလားတို့မှလွဲ၍ ယှဉ်နိုင်မည့်သူမရှိပေ။

သူမသည် လေယာဉ်ခရီးစဉ်အရှည်ကြီးကို စီးနင်းခဲ့ရသော်လည်း အနားယူခြင်းမရှိပဲ ဆုများတခုပြီးတခုလက်ခံခြင်း၊ တွေ့ဆုံပွဲများ၊ ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများကို လက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏ဆက်ဆံရေး သို့မဟုတ် အခြားဒီမိုကရက်တစ် အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးများသည် မြန်မာနိုင်ငံ၏အနာဂါတ်အတွက်အရေးကြီးရုံမျှမက၊ နိုင်ငံအတွင်းသို့ အကူအညီများတိုး၍ ဝင်လာရေးအတွက် အရေးပါလှသည်ဆိုသည့်အချက်မှာ သံသယရှိစရာမလိုသော အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြသော မူဝါဒဆွေးနွေးပွဲများနှင့် အခြားပွဲများတွင်ပြောသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကိုကြည့်ပါကအမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံ၏အနာဂါတ်အတွက် အရေးပါသော ပလေယာများ ဖြစ်သည်ဆိုသည့် အိုင်ဒီယာကို ဦးတည်ကြောင်းတွေ့ရသည်။

အနောက်နိုင်ငံများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ နှစ်သက်သဘောကျမှုများရှိပြီး၊ သမ္မတဦးသိန်းစိန်အပေါ်တွင် အလေးပေးမှုမရှိပေ။ ထို့ကြောင့် ဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဝက်ဝက်ကွဲခရီးစဉ်လောက် လူစိတ်ဝင်စားမှုရှိမည် မဟုတ်ပေ။သို့သော် ဦးသိန်းစိန်သည် အတိတ်က ၄င်း၏စစ်တပ်ပုံရိပ်များရှိသော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကြီးမားသောပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရာတွင် အဓိကကျသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်သည် မကြာသေးမီက ၄င်း၏ကတ်ဘိနက်အတွင်း ပြောင်းရွှေ့မှုများ ပြုလုပ်၍ အစိုးရအဖွဲ့အတွင်းမှ အရေးကြီးသောသဘောထား တင်းမာသူများကိုခွဲခြားလိုက်ခြင်း သို့မဟုတ် အလုပ်မှနှုတ်ထွက်စေလျက် ပြုပြင်ပြောင်းလဲရေးသမားများ၏ ချုပ်ကိုင်မှုပိုမိုအားကောင်းအောင် လုပ်ဆောင်ရာတွင် အဓိကတာဝန်ယူလုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများပြုလုပ်ရာတွင် ရှောင်ခဲ့ကြသောအချက်တခုမှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံ၏အနာဂါတ်တွင် အရေးကြီးသောပလေယာများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် စကာင်္ပူတို့အကြောင်းပင် ဖြစ်သည်။ အမှန်တရားကို ပြောင်းလဲပစ်၍ ရလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် တံခါးဖွင့်လာသည်နှင့်အမျှ ၄င်း၏ အိမ်နီးချင်းများနှင့် ပိုမိုစုစည်းလာနိုင်မည်မှာ အမှန်ပင်ဖြစ်သည။်

ဒေါ်အောင်ဆန်းစုကြည်(မြန်မာနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုများအပါအဝင်)နှင့် အိမ်နီးချင်းအင်အားကြီးများ အားလုံးကြားဆက်ဆံရေးမှာ အားနည်းလှပြီး တခါတရံဆိုးရွားလှသည်။ အိန္ဒိယနှင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုဆက်ဆံရေးများမှာ ပြီးခဲ့သည့်နှစ်များအတွင်း ကောင်းမွန်စွာမရှိခဲ့ပေ။

အိန္ဒိယသည်ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံမှဒီမိုကရေစီလှုပ်ရှားသူများကို ထောက်ပံ့မှုများပြုထားရာမှ ပို၍လက်တွေ့ကျသော မူဝါဒအဖြစ် အာဏာစစ်အစိုးရနှင့် ဆက်ဆံရေးပြုလုပ်ခဲ့ပြီးနောက် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားသူများသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမှန်တကယ်အနိုင်ရတော့မည်ဖြစ်ရာ (ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပါက သေချာပေါက်နီးပါးဖြစ်သည်)၎င်းတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်အတွက် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံကူညီခဲ့သော အနောက်နိုင်ငံများသို့သာ အာရုံစိုက်ခြင်းမပြုဘဲ အထက်မှ အရေးပါသော အိမ်နီးချင်းချင်းများနှင့် မိမိတို့၏ဆက်ဆံရေးကို အမြန်ဆုံးပြင်ဆင်ရလိမ့်မည်ဖြစ်သည်။

Yangon chronicle

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...