Thursday, September 27, 2012

သင်းကွဲငှက်ငယ်များ၏ အဆိပ်သင့် ဒဏ္ဍာရီ ......


by Swe Myat Hay Thi on Wednesday, August 15, 2012 at 11:14pm ·

       
  မင်္ဂလာဆောင်တော့မည့် စုံတွဲများ အတွက် စကား လက်ဆောင်လေး တစ်ခု ပေးချင်ပါတယ် ..... တစ်ဦး တစ်ယောက် ကို အမှန်တကယ် လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပါက .... ပိုက်ဆံ ရှိရင် ထင်သလို ချဲ့လို့ရတဲ့ မင်္ဂလာပွဲ မတိုင်ခင် ကြိုတင်ပြင်ဆင်ကြတဲ့ အပေါ်ယံ ရုပ်ခန္ဓာ ၊ အလှအပများ ၊ ကြီးကျယ် ခမ်းနားလှသည့် အဆင်တန်ဆာများ နှင့် ဂုဏ်ပကာသနများ ကို စိတ်ကူးယဉ်လို့ ယစ်မူး သာယာ မိန်းမောသွားခြင်း မဖြစ်ခင် အချိန်လေးမှာ .....
 အခု ကိုယ် လက်ထပ်တော့မယ့် ... ဇနီးလောင်း / ခင်ပွန်းလောင်း ကို လက်မထပ်ခင် အချိန်စပ်ကြားလေး မှာ တစ်ယောက် နဲ့ တစ်ယောက်ဖွင့်ဟလို့ မပြောချင်ရင်တောင် ဘာ အတွက်ကြောင့် လက်ထပ်မယ်ဆိုတာ .... ကို မလိမ်မညာ ဟန်မဆောင် စတမ်း ကိုယ့် စိတ်ကိုယ် ခွဲခြမ်းစိတ်ဖြာ ကြည့်စေချင်ပါတယ် ..... သူ ကောင်းကောင်း ဆိုးဆိုး / ကိုယ် ကောင်းကောင်း ဆိုးဆိုး မပျက်ယွင်းနိုင်တဲ့ ချစ်ခြင်း မေတ္တာတရား နဲ့ တစ်သက်စာ ချစ်နေမှာလား .... ဒါမှမဟုတ် အခု အချိန်မှာ မကောင်းတဲ့ သူ ကို ကိုယ် နဲ့ လက်ထပ်လိုက် ရင် ပြုပြင်ပြောင်းလဲနိုင်ကောင်း ရဲ့ ဆို တဲ့ မျှော်လင့်ချက် တစ်ခု နဲ့ ချစ်နေတာလား ..... ကိုယ် က ပေးဆပ်သူ သက်သက် နဲ့ ချစ်နေမှာလား / ကိုယ် က အချစ်ခံချင်ရုံ သက်သက် ရယူလိုသူလား ...... ထိုသူ ယောကျာ်း / မိန်းမ ဆီ က အမှန်တကယ် ကိုယ်လိုချင်တာ ဘာလဲ .... သစ္စာလား /မေတ္တာလား / နားလည်မှုလား / စွန့်လွှတ် အနစ်နာ ခံမှုလား / ချစ်ခင်ကြင်နာ နွေးထွေးမှုလား / ခွင့်လွှတ် သီးခံမှုလား / ဂုဏ် ကို လိုချင်တာလား / ငွေကြေး ဥစ္စာ စည်းစိမ် ချမ်းသာ ကို လိုချင်တာ လား / ချောမော လှပခန့်ညားတဲ့ ရုပ်ရည် ရူပကာ နဲ့ အဆင်း သဏ္ဍန် ကို ကို လိုချင်တာ လား ဆိုတာ သူများက မသိနိုင်ပေမယ့် ကိုယ့် ကိုယ့် ကိုယ်သာ အသိနိုင်ဆုံး ဖြစ်ပါတယ် ......

တကယ်ချစ် မှ လက်ထပ်ပါ ....

                 ချစ်ခြင်း မေတ္တာစိတ်သက်သက် နှင့် သူ ကောင်းကောင်း ဆိုးဆိုး / ကိုယ် ကောင်းကောင်း ဆိုးဆိုး / ချမ်းသာသာ  ၊ ဆင်းရဲရဲ ၊ နူနူဝဲ၀ဲ ၊ ကျိုးကျိုး ၊ ကန်းကန်း ၊ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ မွဲတေတဲ့ အခါမျိုးထိ ... မပျက်ယွင်းနိုင်တဲ့ ချစ်ခြင်း မေတ္တာတရား နဲ့ တစ်သက်စာ ချစ်နေကြမယ့်သူတွေ အတွက် ဆို အတောင်အလက်စုံလို့ တစ်အိုး တစ်အိမ် ထူထောင်ကြတာ ... Carry On  ပါလို့ ကောင်းချီး ပေးချင်ပေမယ့် ..... ထိုသို့ မဟုတ်ဘဲ  တစုံတရာ သော ရုပ်နာမ် ရလိုမှု တစ်ခုကြောင့် လက်ထပ် ကြမည့် သူတွေ ဆိုလျှင်တော့ .... လက်မထပ်ခင် အချိန်မှီလေး မှာ .... တစ်ခုသော အချိန် မှာ ကိုယ် ထင်ထားသလို ....မပြုပြင် ၊ မပြောင်း လဲခဲ့လျှင် ၊ သူ့ဆီ က အတ္တကြီးစွာဖြင့် တစ်ဘက်သတ် လိုချင်ခဲ့ သည့် ....သူချစ် ဆိုတဲ့ ချစ်ခြင်း တရား နှင့် နွေးထွေး ကြင်နာ ယုယမှု ဆိုတာ အချိန်ကာလ ကြာရှည်စွာ မတည် မြဲခဲ့ပါလျှင် ၊ ကိုယ် မက်မော စွာ လက်ထပ်ခဲ့သည့်  / ဂုဏ်ဒြပ် နှင့် စည်းစိမ် ဥစ္စာ အကြောင်း အမျိုးမျိုးကြောင့် မတည်မြဲခဲ့ပါလျှင် .... ကိုယ် ဘာဆက်လုပ် ပါမလဲ ..... ပေါက် သည့် နဖူး မထူး တော့ သည့် ဇာတ် ဆက်ခင်းရင်း .... ကိုယ် ခင်းခဲ့မိသည့် ဇာတ်သဘင် ကိုယ်နိုင်အောင် ဆက် က လို့ မပျော် လည်းပျော် / ပျော် လည်း ပျော်ကာနေနိုင်မှာလား ... သို့တည်းမဟုတ် ...... ဘယ်လို သီးခံ ကာ ဘာတွေ ဆက်ဖြစ်နိုင်မလဲ ..... ဆိုတာ ကို အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပြီး မှ လက်ထပ်ကြပါလို့ အကြံလေးပေးချင်ပါတယ် .......

                 ချစ်ခြင်း မေတ္တာ သက်သက်နှင့် ချစ်ခင်စုံမက် လို့ လက်ထပ်ကြတဲ့ စုံတွဲတွေ မှာတောင် တစ်ဦးနှင့်တစ်ဦး အနီးဆုံး မှာ နေလို့ အိမ်ထောင်အမှု ပြုကြတဲ့အခါ မှာ ချစ်သူ ဘ၀တုန်းက မမြင်ခဲ့ရသည့် အပြစ်များ ၊ စိတ်သဘောထားခြင်း ၊ မတိုက်ဆိုင်မှုများ ၊ နှစ်ဘက် မိဘ များ နှင့် စိတ်နေသဘောထား ၊ ကြီးပြင်းလာကြသည့် ဓလေ့ စရိုက် ခံယူချက်နှင့် စိတ်နေစိတ်ထား ၊ သဘော သဘာဝ မတူညီတဲ့ ကွဲလွဲချက် များက အစပြုလို့ တစ်ယောက် နဲ့တစ်ယောက် သီးမခံနိုင်တော့တဲ့ နှစ်ကာလ ကြာရှည်လာတဲ့ အချိန်အခါ တစ်ခု မှာ ကွဲကြ ကွာကြ ရတဲ့ အထိ ဖြစ်နိုင်ကြသေးတာမို့ ..... ရလိုမှု တစ်စုံတစ်ရာ နှင့် လက်ထပ်ကြသူတွေ အတွက် မှာ ဆို ဆိုဖွယ်ရာ မရှိနိုင်ပါ ..... အဲဒီ အတွက် တကယ် ချစ်ကြိုက်လို့ လက်ထပ်ယူခဲ့သည့် အစစ်အမှန်သော ချစ်သူစုံတွဲများ အတွက် ဆိုလျှင်တော့ ကိုယ် ချစ်ကြိုက်လို့ ယူခဲ့သမျှ ကိုယ့် အပြစ် နဲ့ ကိုယ်သာ ရှိစေတော့ လို့ .... အတတ်နိုင်ဆုံး သီးခံ ၊ ခွင့်လွှတ် လို့ ပေါင်းဖက်နိုင် ကြပေမယ့် စတည်ကထဲ က တစ်စုံ တစ်ခုသော အကျိုး အတွက် လက်ထပ်ခဲ့သည့် သူများသာဆို အတ္တပြိုင် ၊ မာနပြိုင် နဲ့ ခန္တီတရား ကုန်ဆုံး လို့ ဒေါသ ဒီဂရီ အဆုံး ထိရောက်သည့် ထို အချိန်မျိုး မှာ ဘယ်လိုပုံစံနှင့် မှ ရှေ့ဆက် မလျှောက်နိုင်တော့ တဲ့ အတွက် မဆီမဆိုင် ကြားထဲက ဒုက္ခရောက် ကြရတာ အပြစ် မရှိတဲ့ ရင်သွေးလေးတွေသာ ဖြစ်သလို ...... သားသမီးတွေ မျက်နှာ ကို ထောက်ထားညှာတာ လို့ တရားဝင် ကွဲကွဲ ၊ မကွဲကွဲ အဆင် မပြေ တဲ့ မိဘတွေ ရဲ့ အိမ်ထောင်ရေး ကြားက ကြီးပြင်း လာရတဲ့ ကလေးငယ်တွေ အများစု မှာ စိတ်ဒဏ်ရာ ရ တတ်ကြရပါတယ်..... မိခင် ရင်နို့ ၀၀ လင်လင်သောက်သုံးပြီး မွေးဖွား ကြီးပြင်းလာရသည့် ကလေး နှင့် အာဟာရ မမျှတစွာ နှင့် ရောဂါ ဘယ အမျိုးမျိုးကြား က ကြီးပြင်းရ သည့် ကလေး ဘယ်လိုမှ မတူညီနိုင် သည့် သဘောသဘာဝ ကို  ..... မကြာတော့သည့် အချိန်များမှာ လက်ထပ်ပွဲ ဆင်နွှဲကြမည့် ချစ်သူ စုံတွဲများ ၊ အိမ်ထောင်တစ်ခု ကို စိတ်ကုန် စပြုနေသော အိမ်ထောင်သည် မိသားစုများ နှင့် ဖော်ပြပါ ကလေးများ နှင့် အလား သဏ္ဍန်တူ သည့် ကလေးငယ်များ ကို  အချိန်မှီ ပြုပြင် ကုစားပြောင်းလဲနိုင်ရန် ရည်ရွယ်၍ ... ကျွန်မ တွေ့ကြုံ ကျင်လည်နေရသည့် ပတ်ဝန်းကျင်တ၀ိုက် ရှိ ကလေးများ မည်သို့မည်ပုံ ... အဆိပ်သင့်ကာ နှင့် စိတ် ဒဏ်ရာရခဲ့ကြရပါတယ် .....ဆိုတာ ....

အဆိပ်သင့်နှလုံးသားများ နှင့် ဒဏ်ရာရ သင်းကွဲငှက်ငယ်များ ..........

သင်းကွဲငှက်ငယ် ( ၁ )

              မေတ္တာငတ်လွန်းလို့ပါ ..... ဆိုပြီး အိမ်ထောင်ရေး ၊ လူမှုရေး ၊ စီးပွားရေ အဆင်မပြေတဲ့ မိဘ ၊ ညီအကို မောင်နှမ ဆွေမျိုးတွေ ကြားမှာ တစ်သက်လုံး မျက်နှာငယ်စွာ နှင့် သေးနုတ်သိမ်ငယ် နိမ့်ကျခြင်းများစွာနှင့် ကြီးပြင်းရလာသူဖြစ် ပြီး .... ငယ်စဉ် ကထဲ က မိဘတွေ ရဲ့ သူသေ ကိုယ်သေ ၊ သတ်ဖြတ်မတတ် ရန်ပွဲတွေ အမျိုးမျိုးကြား မှာ သွေးလန့်ခဲ့ရတဲ့ အဖြစ်အပျက်များစွာ ၊ ထိတ်လန့်တုန်လှုပ်ခြောက်ခြားမှုများစွာ ၊ စိတ်ဆင်းရဲခြင်းများစွာ နှင့် ကူကယ်ရာ မရှိအောင် စိတ်အားငယ်တတ် တဲ့သူ ဖြစ်သလို အဖေနဲ့ အမေ တို့ ရဲ့ ပြင်မရတဲ့ အမှားများစွာ ကို အကြောင်းပြုလို့ ပိုက်ဆံရှိတဲ့ ဆွေမျိုးတွေ ရဲ့ နင့်အဖေ က ဘယ်လို ၊ နင့် အမေ က ဘယ်လို ဆိုတဲ့ လက်ညှိုးပေါင်းများစွာ ကို ရှက်ရွံ နာကျင်စွာခြင်းများစွာဖြင့် ပြင်းထန်စွာ စိတ်ဒဏ်ရာ ရလို့ ..... ဟိုသူ ကတော့ ကိုယ့် အပေါ်ကောင်းနိုးနိုး ၊ ဒီ သူငယ်ချင်း က တော့ ကိုယ့် အပေါ်ကောင်းနိုးနိုး နဲ့ စိတ်လေနေရှာသလို ....  အစွဲအလန်းကြီး စွာဖြင့် သူတကယ် ချစ်ခဲ့တဲ့ ချစ်သူ ကပါ သူ့ကို နားလည်ပေးခြင်း မပြုဘဲ လေလွင့်နေတဲ့ သူ့ရဲ့ အပေါ်ယံ ပုံပန်းသဏ္ဍန်ကို အကြောင်းပြု လို့ အထင်သေး စွာ နဲ့ ပြုမူဆက်ဆံ သွားတဲ့အခါ ပိုလို့ကာ နာကျင်လာတဲ့ စိတ်ဒဏ်ရာ ကို အရွဲ့တိုက်ရင်း ရာသက်ပန် သူ့အပေါ် စာနာစွာ နားလည်ပေးမယ့် သူ လို့ တွေးတော ဆင်ခြင်လက်ထပ်ခဲ့တဲ့ သူချစ်ရှာ ယောကျာ်း ဆိုတာ က လည်း နှစ် ကာလအတန်ကြာ လို့  .... သူ လိုချင်ခဲ့သလို ဖြစ်မလာတဲ့အခါ မှာ သေလူပါဘဲ ... ဆိုတဲ့ စိတ်ကျရောဂါ ကို ကြိတ်မှိတ်ခံစားရင်း အထီးကျန်လှစွာ နဲ့ ကံဆိုးလှတဲ့ သူ့ဘ၀ ထဲ ဆွဲခေါ်ထားခဲ့မိတဲ့ ကလေးလေးတွေ နဲ့ သူ နဲ့ဘ၀တူ ကလေးငယ်တွေ ကို သူကဲ့သို့ လမ်းမှား မရောက် ရလေအောင် သွန်သင် လို့နေတဲ့သူသာ ဖြစ်ပါတယ် .....

သင်းကွဲငှက်ငယ် ( ၂ )

               သနားစရာ အလွန်ကောင်းပါတယ်.... အဖေ က လည်း နောက် အိမ်ထောင် ၊ အမေ က လည်း နောက် အိမ်ထောင် နဲ့ပါ ..... နောက် အိမ်ထောင် ကိုယ်စီနဲ့ မို့ အိမ်ထောင် တစ်ဆက်စီဘဲလား ဆိုတော့ မဟုတ်ရပါ .... အမေ က လည်း တစ်ယောက် ယူလိုက် ၊ အဆင် မပြေ လိုက် ၊ ကွဲလိုက် ၊ နောက်တစ်ယောက်ထပ်ယူလိုက် ....ကလေးတွေ ထပ်ထပ်မွေးလိုက် ဖြစ်သလို ၊ အဖေ က လည်း မိန်းမ တစ်ယောက် ယူလိုက် .... စိတ်အခန့်မသင့်ရင် ကွဲလိုက် .... ကလေးတွေ ထပ်ထပ်မွေးလိုက် ၊ ကွဲတဲ့အခါမှ ထပ်မွေးတဲ့ ကလေးတွေ ကို သူ တစ်ယောက် ငါ တစ်ယောက် ခွဲဝေယူလိုက် နဲ့ .... သူမလေး က အဖေ နဲ့ နေလိုက် အမေ နဲ့ လှည့်နေလိုက် အဖေ ကို လည်း စိတ် ပျက် သလို ၊ အမေ ကို လည်း စိတ်ကုန်နေပြီး.....သူတို့ ထပ်ထပ်မွေးသမျှ ကလေးတွေ အကုန်လုံး ရဲ့ တာဝန် ကို ယူရသူ က သူသာ ဖြစ်နေ တဲ့ အတွက် .... မိန်းမတွေ ကို မယုံသလို ၊ ယောကျာ်းတိုင်း ကို လည်း သူ့အဖေ လိုဘဲ ဖြစ်မှာဘဲ ရယ်လို့ ...... လူတကာ ကို မကောင်းမြင်တဲ့ စိတ် နဲ့ ရန်လိုလို့သာ နေရင်း ..... ဂျစ်ကန်ကန် ၊ မိုက်ကန်းကန်း နှင့် ဆိုးသွမ်း လေလွင့် လို့သာဖြစ်နေရရှာပါတယ်.......

သင်းကွဲငှက်ငယ် ( ၃ )

             ချစ်ကြိုက်လို့ ယူထားတဲ့ ဇနီးမယား နဲ့ သားသမီး ရဲ့ စားရေးသောက်ရေး ကို နည်းနည်းမှ စိတ်မ၀င်စား ..... မိန်းမ ရှာဖွေသမျှ ထိုင်စားရုံမျှ မက လူမှန်သူမှန်း မသိအောင် အရက်သောက်စား မူးရူးပြီး ညဉ့်နက်သန်းခေါင်ချိန် မှ အိမ်သို့ပြန်လာပြီး သူ့အမေ ကို ရပ်သိရွာသိ ဟစ်အော် ဆဲဆိုပြီး ရိုက်နှက်တတ်ပြီး တွေ့ရာ မိန်းမ တကာကို အိမ်ခေါ်လာလို့ မသိကျေးကျွန်ပြု ကာ ပြသနာငြိမ်းအောင် နေနေရှာတဲ့ အမေ ကို .... အပြစ်မရှိ ၊ အပြစ်ရှာလို့ ခဏခဏ သွေးထွက်သံယို အနာတရာ ဖြစ်အောင်လုပ်တဲ့ အဖေ နဲ့ ....သားသမီးတွေ မသိ ရလေအောင်  ၀ဋ်ကြွေးရှိသမျှ ကြိတ်လို့ခံရှာနေတဲ့ အမေ ကို မကြည့်ရက်လို့ အမေ ကို သနားရာ က နေ အဖေ ကို မုန်းသထက်မုန်း ကာ စိတ်နာလာပြီး ငရဲကြီး လည်း ကြီးစေတော့ ဖြစ်လေရာ ဘ၀ ဆက်လို့ခံမယ်.... ငါ့ အမေ ကို စိတ်ဆင်းရဲအောင် လုပ်ပြီး ဒုက္ခ အမျိုးမျိုးပေး တဲ့ သူ ......ရယ်လို့ .... ကံ ( ၃ ) ပါး နဲ့ နေ့နေ့ ညည ပြစ်မှားမိနေရှာတဲ့ ပဉ္စာနန္ဒိယ ဂိုဏ်းသင့်နေရှာရသူ ဖြစ်ပါတယ်.....

သင်းကွဲငှက်ငယ် ( ၄ )

                နားနဲ့မနာ ဖ၀ါးနဲ့နာပါ .... တကယ့် အဖြစ်အပျက်ပါ .... ရှာမှရှားပေမယ့် အပြင်မှာ တကယ်ရှိ လို့ ထည့်ရေးမိတာ ဖြစ်ပါ တယ် ...... ရိုးသားအေးဆေးစွာ နဲ့ မိသားစု အပေါ်တာဝန်ကျေပွန်တဲ့ ခင်ပွန်းကောင်းကို ရပေမယ့် .... မျိုးရိုးဗီဇ မကောင်းစွာဖြင့် .... တွေ့ရာ မရှောင် အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ အမေ က နေ လူတကာ ရဲ့ အထင်သေးတဲ့ မျက်လုံးပေါင်းများစွာကြားက ကြီးပြင်းလာရ သူ ဖြစ်ပြီး ပက်ပင်းမတွေ့မချင်း သားသမီးများ၏ မျက်နှာနှင့် သီးခံပေးနေရှာတဲ့ အဖေ အပြင်သွားခိုက်မှာ ထုံးစံကြီး အတိုင်း သူ့ထက် အသက် များစွာငယ်တဲ့ လူငယ်လေး တစ်ယောက် နဲ့ အိမ်မှာ အကျင့်ပျက် ဇာတ်ခင်းနေတာ သိပေမယ့် အဖေ နဲ့ အမေ ကွဲကြမှာကို မလိုလားတဲ့ သမီး ၊ အဖေ စိတ်ဆင်းရဲ ရှာမှာ ကို မကြည့်ရက်တဲ့ သမီးရဲ့ ကံဆိုး ပုံ က အမေ အိမ်ထောင်ရေး ဖောက်ပြန်နေခိုက် မှာ အပြင် မှ ပြန်လာတဲ့ အဖေ ကို တွေ့ပြီး အမေ နဲ့ ပြသနာ တက်မှာ ကို စိုးရိမ် တကြီး ပြေးပြောပေးရှာတဲ့ ..... သမီး ကို ရက်စက်လှတဲ့ မွေးသမိခင် အမေအရင်း က လူစားလဲ လို့ သူ နဲ့ ဖြစ်သူ ကို သူ့သမီး နဲ့ ပါ ဆိုပြီး မုန်လာဥ လုပ်ကာ ဇွတ် အတင်း ပေးစားလိုက်တာ ကို သူ နဲ့ မဟုတ်ဘူး လို့ ငြင်းလိုက်ရင် အမေ ပြသနာတက်ရမှာ ... အဖေ စိတ်ဆင်းရဲမှာ ကို မကြည့်ရက်နိုင်တာ မို့ နာနာကျည်းကျည်း နဲ့ စွန့်လွှတ် အနစ်နာခံကာ အမေ ယူခိုင်းတဲ့ သူငယ် ကို မျက်စိစုံမှိတ်လို့ လက်ထပ်ယူခဲ့ပေမယ့် ...... သူ့ အလစ် မှာ အမေ နဲ့ သမီး လင်တူ မယား ဖြစ်နေတာ ပက်ပင်းမိတာ မို့ ..... အရှက်တကွဲ နဲ့ တစ်မြို့ တစ်ရွာပြောင်း လို့လာပြီး နောက်ဆုံး မှာ တော့ ပညာလည်း တတ် ၊ ပိုက်ဆံ လည်း ချမ်းသာပါလျက် .... နှင့် လူတကာ လက်ညှိုးထိုး ခဲ့တဲ့ အမေတူ သမီးဘွဲ့ ကို ခံလို့ တွေ့မြင်သမျှ လူကို မရှောင်တော့တဲ့ အထိ စိတ်နာစွာ နဲ့ လောက ကြီး ကို အရွဲ့တိုက် လို့သာ နေ ပါတယ် .....

သင်းကွဲငှက်ငယ် ( ၅ )

               ပိုက်ဆံ ချမ်းသာသလို ၊ ပညာလည်း တတ် ၊ ဂုဏ်လည်း ရှိတဲ့ လုပ်ငန်း များစွာ ပိုင်ဆိုင်ထားတဲ့ မိဘ နှစ်ပါး က မွေးဖွားပေမယ့် ..... ကလေး ဘ၀ တစ်သက်လုံး အဖေ နဲ့ အမေ ရဲ့ မသင့်မြတ်တဲ့ ရန်ပွဲပေါင်းများစွာ ကြားက ကြီးပြင်းလာရပြီး အဖေ နဲ့ အမေ  ရဲ့ ကိုယ်စီ မကျေနပ်မှုမှန်သမျှ အပြစ်မဲ့တဲ့ ကလေးငယ်မှာ နားမလည်ပေမယ့် နှစ်ပေါင်းများစွာ နားယဉ်စွာ နဲ့ ကြီးပြင်းလာရ သလို ..... အဖေ က အမေ ကို မကောင်းပြော  ၊ အမေ က အဖေ ကို အပြစ်ပြော နဲ့ အဖေအမေ ရဲ့ စိတ်ဆင်းရဲမှု မှန်သမျှ ကို ငယ်ရွယ် နုနယ်လှတဲ့ ကလေးငယ်တွေ ရဲ့ နှလုံးသား တွေ ကို ရိုက်ခတ်တာမို့  ..... အရွယ်ရောက်လာတဲ့ အခါ အမေ က မကောင်းပြောထားတဲ့ အဖေ့ စကား နားမထောင်သလို ..... အဖေ က အပြစ်ပြောထားတဲ့ အမေ့ စကား ကို လည်း လူရာမသွင်းဘဲ .... ချမ်းသာလှတဲ့ မိဘ နှစ်ပါးထံမှာ လိုချင်လှတဲ့ အသုံးအဆောင်  Branded  မှန်သမျှ ပေါ်ဦးပေါ်ဖြား လက်ဖြန့်ကာ ပူဆာရင်း မိဘ လက်ငုတ် အလုပ်များ ၀ိုင်းကူလုပ်ဖို့ စိတ်ကူး မရှိသလို ၊ ကိုယ် ၀ါသနာ ပါတဲ့ အလုပ် ကို ဆန်းသစ် တီထွင်စွာလုပ်ဖို့ လည်း စိတ်မ၀င်စားစွာဖြင့်  .... တကွဲတပြား နဲ့ ချမ်းသာ တဲ့ မိဘ နှစ်ပါး ရှိနေသရွေ့ စိတ် / လူ ပင်ပင်ပန်းပန်း အလုပ် လုပ်စရာမလို ၊  သူ့မိဘတွေ ပင်ပင်ပန်းပန်း ရှာဖွေတဲ့ ချွေးနှဲစာ သူမ တစ်သက် စားမကုန်နိုင်ဘူး ရယ် နှင့် သူတို့ မောင်နှမ မှ ၀ိုင်းကူ မသုံးပေးရင် နောက်လူ စားဖို့ဖြစ်သွားလိမ့်မယ် ဟူ၍  .... သူမ တထစ်ချ ယုံကြည်ချက် နဲ့သူမ ရွက်လွင့်နေသူဖြစ်ပါတယ် ....

သင်းကွဲငှက်ငယ် ( ၆ )

                အဖေ နဲ့ အမေ ကို မယူခင် က သဘော မတူခဲ့သလို ၊ ယူပြီးတော့ လည်း ညှိုနှိုင်းလို့မရတော့တဲ့ အဆုံး လမ်းခွဲကြတဲ့အခါ မှာ ဘယ်သူမှ တာဝန် မယူနိုင်ကြတာ မို့ ငြိုငြင်စွာ နဲ့ စောင်မ ကြည့်ရှုပေးနေရှာတဲ့ အဖွား ရဲ့ အဆူအပူ ကို နေ့တဓူဝ ခါးဆီးလို့ခံကာ ..... သူမ မဟုတ်တဲ့ နောက် အိမ်ထောင် ကိုယ်စီ က မွေးတဲ့ သားသမီးတွေ အပေါ် အဖေ နဲ့ အမေ က ပေးတဲ့  နွေးထွေးလှ တဲ့ မေတ္တာ များ ကို စိတ်မကောင်းခြင်းများစွာ ဖြင့် နာနာကျင်ကျင် တွေ့မြင်ခံစားရင်း ဆိုးရွားလှတဲ့ သူ့ဘ၀ နဲ့ သူ့ကံကြမ္မာ ကို ကံ ကံ ၏ အကျိုးဘဲ လို့ စိတ်ဒုန်းဒုန်းချ ကာ မိသားစု အဆင်မပြေလှတဲ့ မိသားစု က လာတဲ့ မေတ္တာငတ် တတ်သူတွေလို ကိုယ့် အပေါ်ကောင်းမယ် ထင်နိုင် တဲ့သူ ကို လည်း ပုံအပ်လို့ မယုံရဲနိုင်တာမို့ .... အထီးကျန်လှတဲ့ စိတ်ခံစားချက် များစွာ နှင့် ခါးသီးလှတဲ့ စိတ် အနာတရ များစွာကို အရွယ် နှင့် မမျှ တရား ဘာဝနာလေး နှလုံးသွင်း ကာ ကြိုးစားလို့အေးချမ်းအောင် နေရှာပေမယ့် တိုက်ဆိုက်လာတဲ့ အခါ အပြင် က ပုံစံ နှင့် တက်တက် စင်အောင် လွဲလို့ ကိုယ့် ကို ချစ်ခင်လာတဲ့ သူအပေါ် အလွန် အင်မတန် မှ သံယောဇဉ်ကြီးတတ်သလို ၊ မထင်ရင် မထင်သလို အမှား အယွင်း နည်းနည်း မှ မခံ ထိလွယ် ၊ ရှလွယ် ၊ ခံစားလွယ်တဲ့ .... စိတ်ဒဏ်ရာများ ပိုင်ရှင် နှလုံးသား နှင့် လူ သာ ဖြစ်နေရရှာပါတယ် .....

သင်းကွဲငှက်ငယ် ( ၇ )

                သူက တော့ ဒဏ်ရာ ရခဲ့ပေမယ့် အဆိပ်သင့်စွာ မခံစားခဲ့ရသူ ဖြစ်ပါတယ် .... နိုင်ငံရပ်ခြား တိုင်းတပါး မှာ အလုပ်သွားလုပ် ရင်း မောင်နှစ်မ များ နှင့် မိသားစု တစ်ခုလုံး ကို ပစ်ကာ ယနေ့အချိန်ထိ သေသလား / ရှင်သလား မသိ... ၊ ပျောက်ခြင်းမလှ ပျောက် သွားခဲ့သည့် လင်ယောကျာ်း ကို စိတ်နာပေမယ့် သားသမီးတွေ ထိခိုက်ခံစား နာကျင်အောင် / အဖေ ကို နာကျည်း မုန်းတီးအောင် မလုပ် ခဲ့သလို ၊ ဖခင် ၏ မကောင်းကြောင်း ဆိုတာ ကိုလည်း မပြောခဲ့ဘဲ ၊  ဖြစ်သမျှ အပူ သူသာလျှင် ခါးဆီးလို့ ခံပေးခဲ့တဲ့ အမေရဲ့ ဆုံးမ သွန်သင်မှု ကျွေးမွေးသမှု နဲ့ မွေးဖွားကြီးပြင်းခဲ့ရသူမို့ .... တခြား မိတကွဲ ၊ ဖတကွဲ ကလေး ငယ်တွေ လို ရှက်ရွံ့ ၊ သိမ်ငယ် ရသည့် စိတ်ဒဏ်ရာ မျိုး ကို မခံစား နားမလည်ခဲ့ဖူးစွာဖြင့် မိခင် တစ်ယောက်ထဲ ၏ ချွေးနှဲစာဖြင့် ရှာဖွေ ကျွေးမွေးခဲ့သည့် ကျေးဇူးကြောင့် အပူ အပင် မရှိစွာနေရ ၊ စားရ  နှင့် ၀တ်ရ ၊ စာသင်ရ ၊ ကျောင်းတက်ရ နှင့် သူငယ်ချင်းတွေ အလယ်မှာ မျက်နှာ မငယ်ရတဲ့ ရှားရှားပါးပါး ကုသိုလ် ထူးတဲ့ သူကလေး ဘဲ ... ဖြစ်ပါတယ် ....

နိဂုံး

                     ဒီ Notes လေး ကို ကောက်ခါငင်ခါ အစီအစဉ်မရှိဘဲ ရေးဖြစ်ခဲ့ရတဲ့ အကြောင်းက  The Latest Wedding Guide   ဆိုတဲ့ တစ်နှစ် တစ်ခါ မှသာ ထွက်တဲ့ မင်္ဂလာ လမ်းညွှန်စာအုပ် က ကျွန်မ ဆိုင် မှာ ရှိသမျှ ၀န်ဆောင်မှုလေး တွေ အကြောင်း နဲ့ မင်္ဂလာဆောင် မယ့် သတို့သမီးလေးတွေ အတွက် ....အလှအပ နဲ့ ပတ်သက်မှုတွေ ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဆိုတဲ့ အလှအပ အကြုံပြုဆောင်းပါးလေး ကို တောင်းလာပါ တယ် .... တကယ်တမ်း ကျွန်မ အခုရေးဖြစ်ခဲ့တဲ့ ဤအကြောင်းအရာ တွေ ကို သူများ တကာ မင်္ဂလာယူနေတဲ့ ခမ်းနားလှတဲ့ ကောင်းခြင်း မင်္ဂလာ အပေါင်း တွေနဲ့ခညောင်းနေမယ့်  Wedding Catalog  ကြီး အတွက် ရေးပေးလို့ မရပေမယ့် ..... လက်တွေ့ ဘ၀ အတွက် အလွန်တရာ မှ အရေးပါလှတဲ့ ရှောင်ရန် ဆောင်ရန် ၊ လိုက်နာမှတ်သား ဖွယ်တွေ မို့ .... ကိုယ့် စိတ်ကူးစေတနာ ရည်ရွယ်ချက်ဖြင့် .... ဤ  Notes လေး ရေးဖြစ်ခဲ့တာသာ ဖြစ်ပြီး ..... မင်္ဂလာ ဆောင်နှင်းမယ့် သတို့သမီး သတို့သား များ အနေနှင့် တစ်ဦးတစ်ယောက် ကို တစ်သက်တာ ရေရှည် လက်တွဲ ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပါလျှင် ကျွန်မ ပြောခဲ့ သလို ကိုယ့် စိတ် ကိုယ် အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပြီး မှ လက်ထပ်ပါ .... လက်ထပ်ပြီးရင်လည်း ကိုယ့်အပြစ်နဲ့ ကိုယ် မို့ ကောင်းကောင်းဆိုးဆိုး ... ကြိုးစားလို့သာ ညှိယူစေချင်ပြီး ....မလွဲသာတဲ့ အဆုံး မှာ အဆင်မပြေမှု တစ်ခုခု ကြုံတွေ့လာရပါလျှင် လည်း .... ငယ်ရွယ်နုနယ် ထိခိုက်ခံစားလွယ်သည့် ကိုယ့် သွေးသား ၊ ရင်သွေး ကလေးများ ကို မည်သည့် အကြောင်း နှင့် မှ စိတ်ထိခိုက် မခံစားရလေအောင် ကလေးငယ်တွေ ရှေ့ မှာ အနေအထိုင် အပြောအဆို က အစ ဆင်ခြင်လို့သာ နေစေချင်ပြီး .... အကြောင်းကြောင်း နှင့် ကလေးများ စိတ်ဒဏ်ရာ အနာတရာ ရခဲ့သည် ကို သိမြင်မိပြီ ဆိုပါလျှင်လည်း သိမ်ငယ်စိတ် မဖြစ်စေ ဘဲ လောကဓံတရား ကို လက်သင့်ခံစွာ နှင့် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ .... ရင်ဆိုင်နိုင်အောင် ၊ ကိုယ့် အားကိုယ် ကိုယ်ကိုး လို့ ၊ ကိုယ့် ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့် ဘ၀ ကို ခိုင်ခိုင်မာမာ နဲ့ မားမားမတ်မတ် ယုံယုံကြည်ကြည် တည်ဆောက်နိုင်အောင် ....လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ပြီး ၊ လမ်းလွဲနေသည့် ကလေးငယ် များစွာ ကို လမ်းမှန်သို့ ရောက်အောင် တည့်မတ်ပေးနိုင်ကြသော .... အောင်မြင်သည့် မင်္ဂလာ ဇနီးမောင်နှံ များ ဖြစ်နိုင်ကြပါစေလို့ ......  ဒဏ်ရာရ သင်းကွဲငှက်ငယ်လေး များစွာ ကို ကိုယ်ချင်းစာစွာ ခံစားနားလည်ပေးရင်းဖြင့် .....

                   ကျွန်မ သည်လည်း တစ်ခုသော ကလေးဘ၀ ငယ်ရွယ်စဉ် အချိန်အခါကာလ များစွာ က နုနယ်လှတဲ့ စိတ်နှလုံးသား မှာ အရွယ် မရောက်ခင် ပြင်းထန်သည့် အဆိပ်သင့်စွာဖြင့် ၊ စိတ်ဒဏ်ရာရခဲ့သည့် သင်းကွဲငှက်ငယ် တစ်ကောင်သာ ဖြစ်ခဲ့ပါတယ် .... ဆိုတဲ့ အကြောင်း ........... နာနာကျင်ကျင် ခံစားရင်းဖြင့် ... ဒီ Notes  လေး ကို ရေးဖြစ် ခဲ့ပါတယ် ......

( စွဲမြတ်ဟေသီ )



သင်းကွဲငှက်ငယ် ( ၁ ) မေတ္တာငတ်လွန်းလို့ပါ ..... ဆိုပြီး အိမ်ထောင်ရေး ၊ လူမှုရေး ၊ စီးပွားရေ အဆင်မပြေတဲ့ မိဘ ၊ ညီအကို မောင်နှမ ဆွေမျိုးတွေ ကြားမှာ တစ်သက်လုံး မျက်နှာငယ်စွာ နှင့် သေးနုတ်သိမ်ငယ် နိမ့်ကျခြင်းများစွာနှင့် ကြီးပြင်းရလာသူဖြစ် ပြီး .... ငယ်စဉ် ကထဲ က မိဘတွေ ရဲ့ သူသေ ကိုယ်သေ ၊ သတ်ဖြတ်မတတ် ရန်ပွဲတွေ အမျိုးမျိုးကြား မှာ သွေးလန့်ခဲ့ရတဲ့ အဖြစ်အပျက်များစွာ ၊ ထိတ်လန့်တုန်လှုပ်ခြောက်ခြားမှုများစွာ ၊ စိတ်ဆင်းရဲခြင်းများစွာ နှင့် ကူကယ်ရာ မရှိအောင် စိတ်အားငယ်တတ် တဲ့သူ ဖြစ်သလို အဖေနဲ့ အမေ တို့ ရဲ့ ပြင်မရတဲ့ အမှားများစွာ ကို အကြောင်းပြုလို့ ပိုက်ဆံရှိတဲ့ ဆွေမျိုးတွေ ရဲ့ နင့်အဖေ က ဘယ်လို ၊ နင့် အမေ က ဘယ်လို ဆိုတဲ့ လက်ညှိုးပေါင်းများစွာ ကို ရှက်ရွံ နာကျင်စွာခြင်းများစွာဖြင့် ပြင်းထန်စွာ စိတ်ဒဏ်ရာ ရလို့ ..... ဟိုသူ ကတော့ ကိုယ့် အပေါ်ကောင်းနိုးနိုး ၊ ဒီ သူငယ်ချင်း က တော့ ကိုယ့် အပေါ်ကောင်းနိုးနိုး နဲ့ စိတ်လေနေရှာသလို .... အစွဲအလန်းကြီး စွာဖြင့် သူတကယ် ချစ်ခဲ့တဲ့ ချစ်သူ ကပါ သူ့ကို နားလည်ပေးခြင်း မပြုဘဲ လေလွင့်နေတဲ့ သူ့ရဲ့ အပေါ်ယံ ပုံပန်းသဏ္ဍန်ကို အကြောင်းပြု လို့ အထင်သေး စွာ နဲ့ ပြုမူဆက်ဆံ သွားတဲ့အခါ ပိုလို့ကာ နာကျင်လာတဲ့ စိတ်ဒဏ်ရာ ကို အရွဲ့တိုက်ရင်း ရာသက်ပန် သူ့အပေါ် စာနာစွာ နားလည်ပေး မယ့် သူ လို့ တွေးတော ဆင်ခြင် လက်ထပ်ခဲ့တဲ့ သူချစ်ရှာ ယောကျာ်း ဆိုတာ က လည်း နှစ် ကာလအတန်ကြာ လို့ .... သူ လိုချင်ခဲ့သလို ဖြစ်မလာတဲ့အခါ မှာ သေလူပါဘဲ ... ဆိုတဲ့ စိတ်ကျရောဂါ ကို ကြိတ်မှိတ် ခံစားရင်း အထီးကျန်လှစွာ နဲ့ ကံဆိုးလှတဲ့ သူ့ဘ၀ ထဲ ဆွဲခေါ်ထားခဲ့မိတဲ့ ကလေးလေးတွေ နဲ့ သူ နဲ့ဘ၀တူ ကလေးငယ်တွေ ကို သူကဲ့သို့ လမ်းမှား မရောက် ရလေအောင် သွန်သင် လို့နေတဲ့သူသာ ဖြစ်ပါတယ် .....


သင်းကွဲငှက်ငယ် ( ၂ ) သနားစရာ အလွန်ကောင်းပါတယ်.... အဖေ က လည်း နောက် အိမ်ထောင် ၊ အမေ က လည်း နောက် အိမ်ထောင် နဲ့ပါ ..... နောက် အိမ်ထောင် ကိုယ်စီနဲ့ မို့ အိမ်ထောင် တစ်ဆက်စီဘဲလား ဆိုတော့ မဟုတ်ရပါ .... အမေ က လည်း တစ်ယောက် ယူလိုက် ၊ အဆင် မပြေ လိုက် ၊ ကွဲလိုက် ၊ နောက်တစ်ယောက်ထပ်ယူလိုက် ....ကလေးတွေ ထပ်ထပ်မွေးလိုက် ဖြစ်သလို ၊ အဖေ က လည်း မိန်းမ တစ်ယောက် ယူလိုက် .... စိတ်အခန့်မသင့်ရင် ကွဲလိုက် .... ကလေးတွေ ထပ်ထပ်မွေးလိုက် ၊ ကွဲတဲ့အခါမှ ထပ်မွေးတဲ့ ကလေးတွေ ကို သူ တစ်ယောက် ငါ တစ်ယောက် ခွဲဝေယူလိုက် နဲ့ .... သူမလေး က အဖေ နဲ့ နေလိုက် အမေ နဲ့ လှည့်နေလိုက် အဖေ ကို လည်း စိတ် ပျက် သလို ၊ အမေ ကို လည်း စိတ်ကုန်နေပြီး.....သူတို့ ထပ်ထပ်မွေးသမျှ ကလေးတွေ အကုန်လုံး ရဲ့ တာဝန် ကို ယူရသူ က သူသာ ဖြစ်နေ တဲ့ အတွက် .... မိန်းမတွေ ကို မယုံသလို ၊ ယောကျာ်းတိုင်း ကို လည်း သူ့အဖေ လိုဘဲ ဖြစ်မှာဘဲ ရယ်လို့ ...... လူတကာ ကို မကောင်းမြင်တဲ့ စိတ် နဲ့ ရန်လိုလို့သာ နေရင်း ..... ဂျစ်ကန်ကန် ၊ မိုက်ကန်းကန်း နှင့် ဆိုးသွမ်း လေလွင့် လို့သာဖြစ်နေရရှာပါတယ်.......


သင်းကွဲငှက်ငယ် ( ၃ ) ချစ်ကြိုက်လို့ ယူထားတဲ့ ဇနီးမယား နဲ့ သားသမီး ရဲ့ စားရေးသောက်ရေး ကို နည်းနည်းမှ စိတ်မ၀င်စား ..... မိန်းမ ရှာဖွေသမျှ ထိုင်စားရုံမျှ မက လူမှန်သူမှန်း မသိအောင် အရက်သောက်စား မူးရူးပြီး ညဉ့်နက်သန်းခေါင်ချိန် မှ အိမ်သို့ပြန်လာပြီး သူ့အမေ ကို ရပ်သိရွာသိ ဟစ်အော် ဆဲဆိုပြီး ရိုက်နှက်တတ်ပြီး တွေ့ရာ မိန်းမ တကာကို အိမ်ခေါ်လာလို့ မသိကျေးကျွန်ပြု ကာ ပြသနာငြိမ်းအောင် နေနေရှာတဲ့ အမေ ကို .... အပြစ်မရှိ ၊ အပြစ်ရှာလို့ ခဏခဏ သွေးထွက်သံယို အနာတရာ ဖြစ်အောင်လုပ်တဲ့ အဖေ နဲ့ ....သားသမီးတွေ မသိ ရလေအောင် ၀ဋ်ကြွေးရှိသမျှ ကြိတ်လို့ခံရှာနေတဲ့ အမေ ကို မကြည့်ရက်လို့ အမေ ကို သနားရာ က နေ အဖေ ကို မုန်းသထက်မုန်း ကာ စိတ်နာလာပြီး ငရဲကြီး လည်း ကြီးစေတော့ ဖြစ်လေရာ ဘ၀ ဆက်လို့ခံမယ်.... ငါ့ အမေ ကို စိတ်ဆင်းရဲအောင် လုပ်ပြီး ဒုက္ခ အမျိုးမျိုးပေး တဲ့ သူ ......ရယ်လို့ .... ကံ ( ၃ ) ပါး နဲ့ နေ့နေ့ ညည ပြစ်မှားမိနေရှာတဲ့ ပဉ္စာနန္ဒိယ ဂိုဏ်းသင့်နေရှာရသူ ဖြစ်ပါတယ်.....


သင်းကွဲငှက်ငယ် ( ၄ ) နားနဲ့မနာ ဖ၀ါးနဲ့နာပါ .... တကယ့် အဖြစ်အပျက်ပါ .... ရှာမှရှားပေမယ့် အပြင်မှာ တကယ်ရှိ လို့ ထည့်ရေးမိတာ ဖြစ်ပါ တယ် ...... ရိုးသားအေးဆေးစွာ နဲ့ မိသားစု အပေါ်တာဝန်ကျေပွန်တဲ့ ခင်ပွန်းကောင်းကို ရပေမယ့် .... မျိုးရိုးဗီဇ မကောင်းစွာဖြင့် .... တွေ့ရာ မရှောင် အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ အမေ က နေ လူတကာ ရဲ့ အထင်သေးတဲ့ မျက်လုံးပေါင်းများစွာကြားက ကြီးပြင်းလာရ သူ ဖြစ်ပြီး ပက်ပင်းမတွေ့မချင်း သားသမီးများ၏ မျက်နှာနှင့် သီးခံပေးနေရှာတဲ့ အဖေ အပြင်သွားခိုက်မှာ ထုံးစံကြီး အတိုင်း သူ့ထက် အသက် များစွာငယ်တဲ့ လူငယ်လေး တစ်ယောက် နဲ့ အိမ်မှာ အကျင့်ပျက် ဇာတ်ခင်းနေတာ သိပေမယ့် အဖေ နဲ့ အမေ ကွဲကြမှာကို မလိုလားတဲ့ သမီး ၊ အဖေ စိတ်ဆင်းရဲ ရှာမှာ ကို မကြည့်ရက်တဲ့ သမီးရဲ့ ကံဆိုး ပုံ က အမေ အိမ်ထောင်ရေး ဖောက်ပြန်နေခိုက် မှာ အပြင် မှ ပြန်လာတဲ့ အဖေ ကို တွေ့ပြီး အမေ နဲ့ ပြသနာ တက်မှာ ကို စိုးရိမ် တကြီး ပြေးပြောပေးရှာတဲ့ ..... သမီး ကို ရက်စက်လှတဲ့ မွေးသမိခင် အမေအရင်း က လူစားလဲ လို့ သူ နဲ့ ဖြစ်သူ ကို သူ့သမီး နဲ့ ပါ ဆိုပြီး မုန်လာဥ လုပ်ကာ ဇွတ် အတင်း ပေးစားလိုက်တာ ကို သူ နဲ့ မဟုတ်ဘူး လို့ ငြင်းလိုက်ရင် အမေ ပြသနာတက်ရမှာ ... အဖေ စိတ်ဆင်းရဲမှာ ကို မကြည့်ရက်နိုင်တာ မို့ နာနာကျည်းကျည်း နဲ့ စွန့်လွှတ် အနစ်နာခံကာ အမေ ယူခိုင်းတဲ့ သူငယ် ကို မျက်စိစုံမှိတ်လို့ လက်ထပ်ယူခဲ့ပေမယ့် ...... သူ့ အလစ် မှာ အမေ နဲ့ သမီး လင်တူ မယား ဖြစ်နေတာ ပက်ပင်းမိတာ မို့ ..... အရှက်တကွဲ နဲ့ တစ်မြို့ တစ်ရွာပြောင်း လို့လာပြီး နောက်ဆုံး မှာ တော့ ပညာလည်း တတ် ၊ ပိုက်ဆံ လည်း ချမ်းသာပါလျက် .... နှင့် လူတကာ လက်ညှိုးထိုး ခဲ့တဲ့ အမေတူ သမီးဘွဲ့ ကို ခံလို့ တွေ့မြင်သမျှ လူကို မရှောင်တော့တဲ့ အထိ စိတ်နာစွာ နဲ့ လောက ကြီး ကို အရွဲ့တိုက် လို့သာ နေ ပါတယ် .....


သင်းကွဲငှက်ငယ် ( ၅ ) ပိုက်ဆံ ချမ်းသာသလို ၊ ပညာလည်း တတ် ၊ ဂုဏ်လည်း ရှိတဲ့ လုပ်ငန်း များစွာ ပိုင်ဆိုင်ထားတဲ့ မိဘ နှစ်ပါး က မွေးဖွားပေမယ့် ..... ကလေး ဘ၀ တစ်သက်လုံး အဖေ နဲ့ အမေ ရဲ့ မသင့်မြတ်တဲ့ ရန်ပွဲပေါင်းများစွာ ကြားက ကြီးပြင်းလာရပြီး အဖေ နဲ့ အမေ ရဲ့ ကိုယ်စီ မကျေနပ်မှုမှန်သမျှ အပြစ်မဲ့တဲ့ ကလေးငယ်မှာ နားမလည်ပေမယ့် နှစ်ပေါင်းများစွာ နားယဉ်စွာ နဲ့ ကြီးပြင်းလာရ သလို ..... အဖေ က အမေ ကို မကောင်းပြော ၊ အမေ က အဖေ ကို အပြစ်ပြော နဲ့ အဖေအမေ ရဲ့ စိတ်ဆင်းရဲမှု မှန်သမျှ ကို ငယ်ရွယ် နုနယ်လှတဲ့ ကလေးငယ်တွေ ရဲ့ နှလုံးသား တွေ ကို ရိုက်ခတ်တာမို့  ..... အရွယ်ရောက်လာတဲ့ အခါ အမေ က မကောင်းပြောထားတဲ့ အဖေ့ စကား နားမထောင်သလို ..... အဖေ က အပြစ်ပြောထားတဲ့ အမေ့ စကား ကို လည်း လူရာမသွင်းဘဲ .... ချမ်းသာလှတဲ့ မိဘ နှစ်ပါးထံမှာ လိုချင်လှတဲ့ အသုံးအဆောင် Branded မှန်သမျှ ပေါ်ဦးပေါ်ဖြား လက်ဖြန့်ကာ ပူဆာရင်း မိဘ လက်ငုတ် အလုပ်များ ၀ိုင်းကူလုပ်ဖို့ စိတ်ကူး မရှိသလို ၊ ကိုယ် ၀ါသနာ ပါတဲ့ အလုပ် ကို ဆန်းသစ် တီထွင်စွာလုပ်ဖို့ လည်း စိတ်မ၀င်စားစွာဖြင့် .... တကွဲတပြား နဲ့ ချမ်းသာ တဲ့ မိဘ နှစ်ပါး ရှိနေသရွေ့ စိတ် / လူ ပင်ပင်ပန်းပန်း အလုပ် လုပ်စရာမလို ၊ သူ့မိဘတွေ ပင်ပင်ပန်းပန်း ရှာဖွေတဲ့ ချွေးနှဲစာ သူမ တစ်သက် စားမကုန်နိုင်ဘူး ရယ် နှင့် သူတို့ မောင်နှမ မှ ၀ိုင်းကူ မသုံးပေးရင် နောက် လူစား စားဖို့ဖြစ်သွားလိမ့်မယ် ဟူ၍ .... သူမ တထစ်ချ ယုံကြည်ချက် နဲ့သူမ ရွက်လွင့်နေ သူသာဖြစ်ပါတယ် ....




သင်းကွဲငှက်ငယ် ( ၆ ) အဖေ နဲ့ အမေ ကို မယူခင် က သဘော မတူခဲ့သလို ၊ ယူပြီးတော့ လည်း ညှိုနှိုင်းလို့မရတော့တဲ့ အဆုံး လမ်းခွဲကြတဲ့အခါ မှာ ဘယ်သူမှ တာဝန် မယူနိုင်ကြတာ မို့ ငြိုငြင်စွာ နဲ့ စောင်မ ကြည့်ရှုပေးနေရှာတဲ့ အဖွား ရဲ့ အဆူအပူ ကို နေ့တဓူဝ ခါးဆီးလို့ခံကာ ..... သူမ မဟုတ်တဲ့ နောက် အိမ်ထောင် ကိုယ်စီ က မွေးတဲ့ သားသမီးတွေ အပေါ် အဖေ နဲ့ အမေ က ပေးတဲ့ နွေးထွေးလှ တဲ့ မေတ္တာ များ ကို စိတ်မကောင်းခြင်းများစွာ ဖြင့် နာနာကျင်ကျင် တွေ့မြင်ခံစားရင်း ဆိုးရွားလှတဲ့ သူ့ဘ၀ နဲ့ သူ့ကံကြမ္မာ ကို ကံ ကံ ၏ အကျိုးဘဲ လို့ စိတ်ဒုန်းဒုန်းချ ကာ မိသားစု အဆင်မပြေလှတဲ့ မိသားစု က လာတဲ့ မေတ္တာငတ် တတ်သူတွေလို ကိုယ့် အပေါ်ကောင်းမယ် ထင်နိုင် တဲ့သူ ကို လည်း ပုံအပ်လို့ မယုံရဲနိုင်တာမို့ .... အထီးကျန်လှတဲ့ စိတ်ခံစားချက် များစွာ နှင့် ခါးသီးလှတဲ့ စိတ် အနာတရ များစွာကို အရွယ် နှင့် မမျှ တရား ဘာဝနာလေး နှလုံးသွင်း ကာ ကြိုးစားလို့အေးချမ်းအောင် နေရှာပေမယ့် တိုက်ဆိုက်လာတဲ့ အခါ အပြင် က ပုံစံ နှင့် တက်တက် စင်အောင် လွဲလို့ ကိုယ့် ကို ချစ်ခင်လာတဲ့ သူအပေါ် အလွန် အင်မတန် မှ သံယောဇဉ်ကြီးတတ်သလို ၊ မထင်ရင် မထင်သလို အမှား အယွင်း နည်းနည်း မှ မခံ ထိလွယ် ၊ ရှလွယ် ၊ ခံစားလွယ်တဲ့ .... စိတ်ဒဏ်ရာများ ပိုင်ရှင် နှလုံးသား နှင့် လူ သာ ဖြစ်နေရရှာပါတယ် .....


သင်းကွဲငှက်ငယ် ( ၇ ) သူက တော့ ဒဏ်ရာ ရခဲ့ပေမယ့် အဆိပ်သင့်စွာ မခံစားခဲ့ရသူ ဖြစ်ပါတယ် .... နိုင်ငံရပ်ခြား တိုင်းတပါး မှာ အလုပ်သွားလုပ် ရင်း မောင်နှစ်မ များ နှင့် မိသားစု တစ်ခုလုံး ကို ပစ်ကာ ယနေ့အချိန်ထိ သေသလား / ရှင်သလား မသိ... ၊ ပျောက်ခြင်းမလှ ပျောက် သွားခဲ့သည့် လင်ယောကျာ်း ကို စိတ်နာပေမယ့် သားသမီးတွေ ထိခိုက်ခံစား နာကျင်အောင် / အဖေ ကို နာကျည်း မုန်းတီးအောင် မလုပ် ခဲ့သလို ၊ ဖခင် ၏ မကောင်းကြောင်း ဆိုတာ ကိုလည်း မပြောခဲ့ဘဲ ၊ ဖြစ်သမျှ အပူ သူသာလျှင် ခါးဆီးလို့ ခံပေးခဲ့တဲ့ အမေရဲ့ ဆုံးမ သွန်သင်မှု ကျွေးမွေးသမှု နဲ့ မွေးဖွားကြီးပြင်းခဲ့ရသူမို့ .... တခြား မိတကွဲ ၊ ဖတကွဲ ကလေး ငယ်တွေ လို ရှက်ရွံ့ ၊ သိမ်ငယ် ရသည့် စိတ်ဒဏ်ရာ မျိုး ကို မခံစား နားမလည်ခဲ့ဖူးစွာဖြင့် မိခင် တစ်ယောက်ထဲ ၏ ချွေးနှဲစာဖြင့် ရှာဖွေ ကျွေးမွေးခဲ့သည့် ကျေးဇူးကြောင့် အပူ အပင် မရှိစွာနေရ ၊ စားရ နှင့် ၀တ်ရ ၊ စာသင်ရ ၊ ကျောင်းတက်ရ နှင့် သူငယ်ချင်းတွေ အလယ်မှာ မျက်နှာ မငယ်ရတဲ့ ရှားရှားပါးပါး ကုသိုလ် ထူးတဲ့ သူကလေး ဘဲ ... ဖြစ်ပါတယ် ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...