Tuesday, September 25, 2012

“ကိုကရင်နှင့် သူ၏ ကျောင်းကလေး” (စိမ်းခက်စိုး)


by Sein Khat Soe on Tuesday, September 25, 2012 at 10:20pm ·

ကျွန်တော် “ကလေးများ အားလုံးလည်းစာသင်တဲ့ ဆရာကိုမျှော်နေစဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုသိမ်မြို့ ကိုယ်ထူကိုယ်ထကျူရှင်လေးအကြောင်း ကို ပြီးခဲ့တဲ့တပတ်ကျော်ကရေးခဲ့ပါတယ်။ အဲဒီသတင်းလင့်လေးကတော့  https://www.facebook.com/notes/sein-khat-soe/ မှာသွားကြည့်နိုင်ပါတယ်။
အဲဒီ ကျူရှင်လေးပြန်လည် ဖွံ့ထွားစည်ပင်လာဖို့ နယ်ခံကျူရှင်ဆရာ၊ ဆရာမတွေ၊ စေတနာရှင်တွေ ၀ိုင်းဝန်းပြု လုပ်တဲ့အစည်းအဝေးကို နောက်တနေ့မှာ ကျွန်တော်လည်းတက်ဖြစ်ခဲ့တယ်။ အများစုကလည်း သူတို့အားတဲ့အချိန်လေးတွေကို မျှဝေသင်ကြားပေးဖို့ ကတိပေးကြပြီး အချို့က သူတို့ရသင့် တဲ့ ပညာကြေးထက်ကို အများကြီးလျော့ယူပြီး သင်ကြားပေးဖို့ရယ်၊ အချို့က အခမဲ့ သင်ကြားပေးမယ်ဆိုတာ တွေပါ ကတိပေးလာကြတော့ ဘေးကြနေ ကြည့်ပြီး ကြည်နူးမိတယ်။
 

စာသင်ကြားရေးအပိုင်းပြီးတော့ ကျူရှင်တံဆိပ်တုံးကိစ္စကနေ နှစ်စဉ်လည်ပတ်သွားဖို့တွေအထိအသေး စိတ် ဆွေးနွေးဖြစ်ကြတဲ့အပြင် ရေရှည်လည်ပတ်နိုင်ဖို့ ၇ ဦးပါ ပညာရေးကော်မတီလေးပါ သူတို့ဖွဲ့ဖြစ်သွားကြတယ်။ အဲဒီပညာရေး (ယာယီ)ကော်မတီထဲမှာ ကိုကရင်၊ ရပ်မိရပ်ဖတစ်ဦး၊ ကျောင်းသား မိဘတစ်ဦးနဲ့ ကျန်တာ အဲဒီကျူ ရှင်မှာလည်း အခမဲ့ စာသင်ပေးမယ့်၊ ဒီမြို့လေးရဲ့ နာမည်ရှိကျူရှင်ဆရာ ဆရာမအချို့ရယ်၊ လူငယ်လုပ်ငန်းရှင်လေးတစ်ဦးရယ် - ပါဝင်ကြတဲ့ ကော်မတီလေးဖြစ်သွားပါတယ်။


ရေရှည်မှာ အလှူငွေကို သေချာစီမံခန့်ခွဲနိုင်ဖို့အတွက် ဘဏ်မှာအကောင့် ဖွင့်ထားပြီး စိမံခန့်ခွဲဖို့အထိ ကျွန်တော် အကြံပေးဖြစ်ခဲ့ပြီး ကိုကရင်ရယ်၊ ကော်မတီဝင် ကျူရှင်ဆရာ ၂ဦးရယ်က အကောင့်ထဲမှာ ပါဝင်ဖို့အထိ တာဝန် တွေခွဲထားနိုင်ခဲ့ကြပါတယ်။ ဆရာ၊ ဆရာ၊ စာကျက်ဝိုင်း ဂိုက်လစာနဲ့ အသေးသုံး(သင်ထောက်ကူ၊ ရေ၊ မီး) တစ်လကို ၃ သိန်းလောက်ပုံမှန် ကုန်ကျငွေရှိလိမ့်မယ်လို့လည်း အကြမ်းဖျင်းတွက်ချက်ဖြစ်ကြပါတယ်...။


အဲနေ့ညက အစည်းအဝေးကို မြို့ခံလုပ်ငန်းရှင်လူငယ်တစ်ယောက်လည်းတက်သလို အခြားအလှူရှင်တစ်ဦး ကလည်း ကျွန်တော့်ပထမစာလေးထဲမှာ ပါတဲ့ ကျူရှင်လေးအတွက် လိုအပ်တဲ့  လျှပ်စစ်မီးကိုလည်း သူတို့လှူ သွားတယ်။ နောက် ကလေးတွေအတွက် စာရွက်စာတမ်း၊ မေးခွန်းတွေ နဲ့ ကျောင်းဆိုင်ဘုတ်ဗီနိုင်းတို့ဘာတို့ကို အဲဒီမြို့လေးက နာမည်ကြီးမိတ္တူဆိုင်က တစ်နှစ်လုံးစာတာဝန်ယူတယ်။


အခုလိုနေတာက လစဉ်ကုန်မယ့် ၃ သိန်းကို ပုံမှန်လှူပေးနေမယ့် သူလို နေတယ်ဗျ။ ကျနော်လည်း သူငယ်ချင်း တွေကို ပြောထားတယ်။ ကျွန်တော့် စာလေးဖတ်အပြီး လတ်တလောပေါ်ပေါက်လာတဲ့ အလှူရှင်များကတော့
(၁) မီးပြတိုက် မိသားစု (စင်္ကာပူ)                               - ၂၀၀၀၀၀ ( ၂ သိန်း) ကျပ်
(၂) မဇာနည်လင်းမောင်                                           -  ၅၀၀၀၀ (လစဉ် ၅ သောင်း) ကျပ်
(၃) ကိုချမ်းငြိမ်းမိုး                                                   -  ၂၀၀၀၀၀ ( ၂ သိန်း) ကျပ်
(၄) မနှင်းအိအိဖြူ(ရန်ကုန်)                                      -  ၂၀၀၀၀ ( ၂ သောင်း) ကျပ်
(၅) သူငယ်ချင်း ၂ ဦး(ကိုကရင်ထံတိုက်ရိုက်လှူ)        -  ၆၀၀၀၀ (လစဉ် ၆ သောင်း) ကျပ်
(၆) မခိုင်ခိုင်စိုး(ရန်ကုန်)                                          -   ၁၀၀၀၀ (၁သောင်း) ကျပ်
(၇) ကဗျာဆရာမ အမွန်                                          -   ၅၀၀၀၀ (၅ သောင်း) ကျပ်


အထက်ပါ အလှူငွေများထဲမှ အမှတ်စဉ် (၁)၊ (၄) ကိုသာ လက်ခံထားပြီး ကျန်အလှူငွေများကို ကော်မတီလေးအသက်ဝင်လာပြီး ဘဏ်ငွေစာရင်းလေးဖွင့်ပြီးမှသာ လက်ခံမယ်လို့ အကြောင်းပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ခရီးတွေလျောက်သွားနေရတဲ့သူဆိုတော့ ကျွန်တော့်ဆီကို လွှဲလှူရင် သူတို့ဆီ တော်aတ်ာနဲ့ ရောက်ဖြစ်မှာ မဟုတ်ဘဲ လမ်းမှာလည်နေမှာစိုးလို့ပါ။


ဆက်လက်ပြီး လှူဒါန်းလိုသူများအနေနဲ့လည်း ဖော်ပြပါ (ပညာရပ်ဝန်း-အခမဲ့ပညာဒါန၊ မဟာစေတီလမ်း၊ ဘုရားကြီးကုန်းကျေးရွာ၊ ၁၂ ရပ်ကွက်၊ ပုသိမ်မြို့ဖြစ်ပြီး။ အသေးစိပ်သိလိုတာတွေကိုတော့ ကျောင်းလေးရဲ့တာဝန်ခံ ကိုကရင် ခ ကိုအုန်းနိုင်ဖုန်း(တဆင့်) ၀၉ ၄၉၀၀ ၃၁၂၃၊ ပညာရေးကော်မတီအဖွဲ့ဝင်
ဆရာ ကိုတင်မာင်စိုး ဖုန်း ၀၉ ၄၂၂ ၄၈ ၂၁၆၃၊ ဆရာဦးဇေယျဝင်း - ဖုန်း ၀၉ ၄၂၂၄ ၅၀၄၀၀ )သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်း နိုင်ပါတယ်ဆိုတဲ့အကြောင်းလေး သတင်းပေးရင်း……………..။


ချစ်ခင်လေးစားစွာဖြင့်


စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့) စက်တင်ဘာ ၂၆၊ ၂၀၁၂
နံနက် - ၁၀း ၀၄ နာရီ

တဂ်ထဲမှာ ကော်မတီဝင် ဆရာများနဲ့ လုပ်အားပေးကျူရှင်ဆရာများကိုလည်း တဂ်ထားပါတယ်။ စာရင်းထဲမှာ မပါတဲ့ အလှူရှင်များရှိခဲ့တယ်ဆိုလျှင်လည်း ကွန်မန့်ဘောက်စ်မှာ
ဝင်ရေးပေးနိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...