တစ်စုံတစ်ခုအပေါ် သံသတွေထားတာ များပြားနေတယ် အဲ့ဒါဟာ အဓိက ပြသနာ ဖြစ်နေနိုင်တယ်။
by ဇာ တိ on Monday, November 21, 2011 at 12:40pm
ခင်ဗျားဟာ ပျက်ရွေ့မှုကို သဘောကျသူတစ်ယောက်ဆို တွန်းပို့ပေးမယ်!
ဒီကိစ္စ စတင်ဖြစ်ပေါ်လာတော့ လူအပါအ၀င် လူတွေဟာအံ့သြမှုမပြုကြဘူး။
သူတို့ဟာ တစ်ယောက်မျက်နှာကိုတစ်ယောက်မြင်ရပြီး ကိုယ့်ကိုကိုယ်
ဘာမှန်းမသိတဲ့။ဘ၀။“မှန်“ ဆိုတာကမ္ဘာ့နိုင်ငံအသီးသီးမှာ မကြားဖူးသေးတဲ့
ဝေါဟာရတစ်ခုဖြစ်တယ်။ဆံပင်တွေရှည်ပေမယ့် အရပ်တွေလဲရှည်တယ်။
ဟေ့ . . .မဒမ် ငါဆိုတာဘယ်သူလဲ?
ကြီးမားကျယ်ပြန့်ကားယားပြီးတော့အော်ဟစ်ပျော်ရွှင်ကြ၊
အဟင့် . . .၀တ်ကြီးဝတ်ငယ် ၀ဋ်ဆင်းရဲကြတယ်၊
ရေဆိုတာ ဘုံဘိုင်ခေါင်းကပဲကျတယ်။ဒါပေမယ့်ဘယ်ကလာမှန်း ဘယ်သူမှမသိကြဘူး။
ရေကန်မရှိဘူး ရေအိုင်မရှိဘူး မြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာဆိုတာ သဲကန္တာရပဲဖြစ်တယ်။
အ၀တ်အစားကိုယ်စီ မ၀တ်ကြပေမယ့် မဒမ် တို့တတွေဟာတက်တူးကိုယ်စီရှိကြတယ်။
ကပြောင်းကပြန်တာပဲ။အစက်အပြောက်မှန်သမျှကို လှောင်ပြောင်လေ့ရှိတဲ့လူတစ်စုဖြစ်တယ်။
ရုတ်ရုတ်သဲသဲဖြစ်တဲ့အချိန်ကိုစတင်ဖန်တီးသူက ကိုမောင်လှဖြစ်တယ်၊
ဟ . . .ဟာ . .ဒါဘာပုံကြီးလဲ(တဲ့)သူဟာ (ခေတ်သစ်ဝေါဟာရ) “မှန်“ ကိုမြင်ရပေမယ့်
သူ့ကိုသူတော့ မမြင်ရရှာဘူး။သူတို့သဘာဝမှာ ငါ ဆိုတာမရှိဘူး။
သူဟာ ဒုက္ခကိုသေကောင်ပေါင်းလဲ ခံစားနေရပေမယ့် ပျော်ရွှင်နေတာ အံ့သြဖို့ကောင်းတယ်၊
သူမြင်တွေ့ရရှိလိုက်တဲ့ “မှန်“ ဟာသူ့အတွက် ဘုရားသခင်နဲ့မခြား အံ့သြဖွယ်ထူးခြားမှုတွေကို
ပေးစွမ်းပြီ။ဒီနေရာမှာ အရေးကြီးဆုံးရှူ့ထောင့်ကတဖြည်းဖြည်းခြင်း လှည့်ပတ်ကြည့်ရှူ့
သြော်...နောက်သို့တရွေ့ရွေ့တိုးဆုတ်၍ ပြီးတော့ တစ်လုံးခြင်းဖောင်းပွလာ ဘာသာစက္ကူ။
စိတ်မပူနဲ့ ဘာတွေပဲထပ်ဖြစ်ဖြစ် ဘာမှဖြစ်လာမှာမဟုတ်တော့ဘူး!
(ကဗျာဟောင်းတစ်ပုဒ်မှ)
ရှင်မရေ ငါဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံး လူတစ်ယောက်ဖြစ်တယ်။
“မယုံပေါင်တော်“ ရှင်မဟာ ယုံကြည်မှုကို သူမရဲ့ထမိန်စုတ်နဲ့ ဖုံးအုပ်ပစ်လိုက်တယ်။
ရှင်မ မယုံဘူးဆိုရင် သက်သေပြမယ်။
သူဟာ “မှန်“ ကိုမ၀ံ့မရဲဟန်နဲ့ ရိုရိုသေသေကိုင်ဆောင်လာတယ်။
ဒီမှာကြည့်ပါ။ “ဟယ် . .“သူမလက်ထဲရောက်ရှိလာတဲ့ သက်မဲ့ပစ္စည်းလေးဟာ
ရွေ့လျားမှုပြုနေ။အသက်မပါပေမယ့် သူမရဲ့ဟန်ပန်အတိုင်း ရွေ့တဲ့အရွေ့ဟာ
ဟိုမှဒီဘက်ယိမ်းယိုင်ထိုးနေ။“တော့်“ ကိုလှမောင်။
ရှင်ဟာ မှော်ဆရာတစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်။
တန်ခိုးရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။
တစ်စုံတစ်ခု မှားသွားရင်တောင် ပြန်လည်ပြင်ဆင်လို့ရတဲ့အမှားပဲဖြစ်လိမ့်မယ်။
(ကဗျာဟောင်းတစ်ပုဒ်မှ)
အဲ့သလို kick ထုတ်ပစ်လိုက်တာပဲ မဒမ်ကို ပြန်ခေါ်လိုက်စမ်း။
နေရင်းထိုင်ရင်း မျော့မြော့နေတာ၊ပလပ်ကျွတ်ပြီ။ပြီးတော့ သံဝေဂနဲ့တဏှာတွေရော။
ရွေးချယ်မှာလား အရွေးချယ်ခံမှာလား။ဆုံးဖြတ်မှုဟာ မယ်လှ ရဲ့လက်နှီးစုတ်လောက်တောင်
အရေးမပါတော့ဘူး။မီးဖျား များလောင်ပါပြီ၊မီး ရဲ့ရွေးချယ်မှုမှာ“ဟာ“ အပြစ်ခံရသူ ဒဏ်ခံရသူသာ
လူကောင်းဖြစ်တယ်၊ပြီးတော့ ဒဲ့တိုးကြီးရွေ့လိုက်တဲ့အရွေ့ဟာ ဘယ်တော့မှတစ်ဖြောင့်တည်းမသွားဘူး။
ကဗျာကို ကိုးကွယ်မှုတွေ တီထွင်ဖန်တီးလုပ်ယူမှုတွေနဲ့ ၀တ္တရားချိုးဖျက်အရုပ်ဆိုးအောင်
လုပ်နေကြသူတွေဟာ ကဗျာဆရာတွေသာဖြစ်တယ်။
-ကဗျာဆရာတွေကို မယုံကြည်တော့ဘူး
pEe toT GayAR SAYAR mA twe YaW peL!
အနုပညာကို အတုအရောင်တွေနဲ့ တန်ကြေးဖြတ်လိုက်တယ်!
(ကဗျာဟောင်းတစ်ပုဒ်မှ)
မြင်ကွင်းတစ်ခုလုံးကို ပြည်တွင်းစစ်နဲ့ကမ္ဘာစစ်က လွှမ်းမိုးနေတဲ့အချိန်၊
“မှန်“ ဟာ နို့ဆာနေတဲ့ ကလေးလေးတစ်ယောက်လို အော်ဟစ်ငိုယိုနေတယ်၊
စစ်မီးကြီးလွတ်ကင်းရာအရပ်ဟာ ကိုလှမောင်တို့ ဒေသပဲဖြစ်တယ်၊
“2012“ မြို့ကြီးပြကြီးရဲ့ ယဉ်ကျေးမှုဟာ “မှန်“ တစ်ခုအတွင်းသို့ စီးဝင်နေတဲ့အချိန်။
“မှန်“ ကိုအစိတ်စိတ်အမွှာမွှာ ခွဲချေလုံးချေပစ်ကြတယ်၊လှမောင်ရဲ့အမြင်ဟာ
သွေးသွမ်းကျုံ့တွနေပေမယ့် သူ့ဟာသူတော့သူဟာဘုရင်ပဲ။
အိမ်ရှေ့က ခွေးလေး တစ္ဆေကိုမှန်နဲ့ထိုးပြတယ် ခွေးလေး တစ္ဆေက ထိုးထိုးပြန်ဟောင်တယ်။
အိမ်ထဲက ကြောင်မလေး မေတိုလတ် ကိုထိုးပြတယ်၊ကြောင်မလေး မေတိုလတ်ဟာ
မရှိမဲ့ယ့် ရှိမဲ့ယ့် လက်သည်းလေးနဲ့ ခြစ်ခြစ်ကုတ်တယ်။
ပြီးတော့ ထွက်းပြေးသွားတယ်။
လက်ဆုပ်လက်ကိုင် ပြနိုင်မှ စွဲလန်းမယ်ဆိုလဲ အဲ့ဒီစွဲလန်းမှုဟာ အစစ်အမှန်မဖြစ်နိုင်ဘူးလို့ ထင်တယ်။
ဇာတိ(ဖျာပုံ)
၂၀၁၁
နိုဝင်ဘာ
dchitoo88@gmail.com
www.zartinaung.blogspot.com
မှန်ပုံပြင်(အမည်မသိစာရေးဆရာ) နှင့် မောင်မင်းစိုး - ရွှေနံ့သာ - ၏ မှန်ဆာသူ နှစ်ခုအား ပြန်လည်ခံစားထားသည်။
0 comments:
Post a Comment