Thursday, September 27, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)


သစ်ထူးလွင်


Posted: 27 Sep 2012 07:33 AM PDT
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရဲကင်းက ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ လူငယ်၂ ဦးကို ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြတယ်လို့ အရိုက်ခံရတဲ့ လူငယ် တဦးက ပြောပါတယ်။ မောင်ထက် နိုင်စိုးနဲ့ သူငယ်ချင်း ၁ ဦးတို့ဟာ အဲ့ဒီနေ့ညက ဗန်းမော်ကနေ ရွှေကူကို သုံးဘီးယာဉ်နဲ့ အသွား စင်းခန်း ရဲကင်းအရောက်မှာ သူတို့ဆီက ပိုက်ဆံတောင်းရာမှာ မရလို့ ၀ိုင်းရိုက်ကြတာလို့ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အရိုက်ခံရတဲ့ လူငယ် တဦး



Posted: 27 Sep 2012 07:28 AM PDT
နိုင်ငံပိုင် သတင်းစာများ ဖတ်ရှု့သည့် ပြည်သူများက အောက်ပါ အတိုင်း ပြောဆိုခဲ့ပါသည်။ မင်းတို့ သတင်းစာတွေက ဘယ်တော့မှ အချိန်စောစော ဖတ်ရတယ်လို့ မရှိဘူး။ အမြဲတမ်း နောက်ကျနေတယ်၊ ဂျာနယ်ကျတော့ ဈေးကြီးပေးပြီး ဖတ်ရလို့လားမသိ အချိန်စောစော ဖတ်ရတယ်။ မင်းတို့ သတိထား ခေတ်စနစ်တွေ ပြောင်းကုန်ပြီ။  မင်းတို့ စိတ်ဓါတ်တွေပါ ပြောင်းလဲဖို့ လိုနေပြီတဲ့........................

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 27 Sep 2012 04:42 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၂၇

မြောက်ဥက္ကလာပ မြို့နယ် ၂ ရက်ကွက် သုဇိတာ လမ်းမရှိ တံတား တစ်ခုပေါ်တွင် ကြမ်းပြင်နှင့် ခြေထောက်ထိလျက် အမျိုးသားတစ်ဦး ကြိုးဆွဲချသည့် သဏ္ဍန်ဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ သေဆုံးသူ၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရဘဲ ဝဲယာလက်မ လက်ချောင်းများ ကွေးနေပြီး ၎င်းဝတ်ဆင်ထားသော ပုဆိုးအား လည်ပင်းတွင် ချည်နှောင်၍ တံတား သံဘောင်ကို ချိတ်ကာ သေဆုံးနေသည်ကို ယင်းနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပတ်ဝန်းကျင်မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအနီး၌ နေထိုင်သူများက ဆိုသည်။

The Voice Weekly




Posted: 27 Sep 2012 04:42 AM PDT
လှည်းတန်းတွင် ဆွဲကြိုးလုယက်သူ ဖမ်းမိကမာရွတ် မြို့နယ်၊ လှည်းတန်း အင်းစိန် လမ်းမတွင် အမျိုးသမီး တစ်ဦး၏ စိန်လော့ကတ်သီးနှင့် ရွှေဆွဲကြိုး လုယက်မှုနှင့် ပတ်သက်၍ အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးကို ဖမ်းဆီး ရမိထားကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။

ခင်ပွန်းနှင့်အတူ လိုင်းကားစီးရန် စောင့်ဆိုင်းနေသော အမျိုးသမီး၏ လည်ပင်းတွင် ဆွဲထားသော တစ်ကျပ်သား ရွှေဆွဲကြိုးနှင့် ကျပ်သိန်းနှစ်ဆယ်ကျော်တန် စိန် လော့ကတ်သီးအား ဖြတ်ယူထွက်ပြေးသော အမျိုးသားနှင့်အဖော် တစ်ဦးကို လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

လုယက်မှုကျူးလွန်သူသည် အ သက်(၁၉)နှစ်အရွယ်ကျပန်း လုပ်ကိုင်သူ လူငယ်တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဝါး ခယ်မမြို့နယ်၊ ကမ်းပြိုထိပ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရ သည်။

နေလင်းထွန်း
By 7Day News




Posted: 27 Sep 2012 04:27 AM PDT
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အတားအဆီးတွေ ကတော့ အရင်ခေတ် က ဥပဒေ တွေ နဲ့ အရင်ခေတ် က စိတ်ဓာတ် တွေ အမြင် တွေ ပဲ လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။ ဥပဒေ တွေ က အရင်အစိုးရ လက်ထက် က ရေးဆွဲထားတဲ့ ဥပဒေ တွေဖြစ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြီးမှ ပြုပြင်ပြောင်းလဲရေး ကို စနိုင်ခဲ့လို့ဆို



Posted: 27 Sep 2012 04:20 AM PDT
မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပံျ့နှံ့ နေတာကို လက်မခံနိုင်ဘူး လို့ အီဂျစ် သမ္မတသစ် မိုဟာမက် မော်စီက ပြောကြား လိုက်ပါတယ်။ ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုး လက်မခံ



Posted: 27 Sep 2012 03:37 AM PDT
၂၀၁၅ အတွက် ပါတီ ခေါင်းဆောင်တွေက ငယ်နေရင် အမတ်လောင်းငယ်တွေ ဖြစ်လာမှာပေါ့။ အသက်ကြီးသူတွေပဲ ရှိနေမယ်ဆိုရင် ခေါင်းဆောင်ကြီးတွေပဲ ဖြစ်မှာပေါ့လေ။ အခုဟာက ငယ်မလား၊ မငယ်လား ဆိုတာအခုလုပ်မယ့် ညီလာခံကို ကြည့်ရမယ်။ လူငယ်တွေလုပ်လို့တော့ ပြောနေတာပဲ။ အသက်ကြီးလာရင် အိုမင်းတယ်၊ ယိုယွင်း တယ်၊ပြိုဆင်းပြီး တော့ ပိုဖျင်းလာတယ်။ လူငယ်တွေကို အားပေးရမယ်။ ပါတီအထွေထွေ ညီလာခံလုပ်ဖို့အတွက် အောက်ခြေ အဆင့် ဆင့်ကနေ လုပ်ဆောင်ရမယ်။ ရပ်/ကျေးတွေကနေ လုပ်ရမယ်။ ဒီလူ တွေကနေ ခေါင်းဆောင်တွေ အဆင့်ဆင့် ရွေးရမယ်။ အဲဒီကနေ ဗဟို အဆင့်ထိ တက်ရမယ်။----

အင်တာဗျူးအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဦးဝင်းတင်ကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ငြိမ်းမောင်



Posted: 27 Sep 2012 03:28 AM PDT
အမေရိကန် နယူးယောက်မြို့ကို သမ္မတဦးသိန်းစိန်နဲ့အတူ ရောက်ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီနှင့် တွေ့ဆုံမေးမြန်းခန်း---

ဒီမေးမြန်းခန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည် ပြန်လာရေး ကိစ္စ၊ သန်ကောင်စာရင်း ကိစ္စ၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စ နဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စ တွေ့ စတာတွေကို ၀န်ကြီး ဦးခင်ရီ က ဖြေကြားထားပါတယ်။ ----

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 03:10 AM PDT
ဖစ်ခ်ျပူရီမြို့ ထာ့ယန်းမြို့နယ် ကလတ်လူရွာထဲက ဆူဖတ်စပျစ်ခြံထဲမှာ အလုပ်ရှင် ဗိုလ်မှူးကြီး ဆူဖတ် လောဟပ်ဝပ်ထနက ထိုင်းလင်မယား ၂ ဦးကို သတ်ပြီး အလောင်းတွေကို မြန်မာအလုပ်သမား ၃ ဦးကို မြှုပ်နှံခိုင်းပုံနဲ့ မြေမြှုပ်ပေးသူ ၃ ဦးအနက် ၂ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ကျန်ရစ်တဲ့ မောင်ကုလားရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာအလုပ်သမားမောင်ကုလားက အခင်းဖြစ်ရာနေရာကို လိုက်လံပြသစဉ်(ဓာတ်ပုံ- thairath)



Posted: 27 Sep 2012 02:24 AM PDT
ကျွန်မ၏ မြို့နယ်ဖြစ်သော ဇမ္ဗူသီရိမြို့နယ်ရှိ မြို့နယ် လ၀ကမှုးနှင့်တွေ့ဆုံပြီး

မိမိမြို့နယ်အတွင်းမှာ ပုံစံ-(၆၆) မရှိဘဲ တရားမ၀င်နေထိုင်မှုပုံစံဖြင့် နေထိုင်နေ

သော လူဦးရေများ အလွန်များပြားနေသောကြောင့် ငှင်းနေထိုင်သောလူများ

အတွက် တရားဝင်နေထိုင်ခွင့်ရရှိမှု ပုံစံ-(၆၆) ထုတ်ပေးရန်ကိစ္စကို ဆွေးနွေးခဲ့

တယ်…


ငှင်းလူများမှာ လွန်ခဲ့သောသုံးနှစ်ခန့်မှစပြီး နေပြည်တော်မြို့နယ်အတွင်းသို့

အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရရှိရန် ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မိမိမူရင်း

အရပ်ဒေသမှ ပုံစံ-(၁၀) ဖြင့် တရားဝင်ထွက်ခဲ့ပြီး နေပြည်တော်သို့ ရွှေ့ပြောင်း

နေထိုင်ကြသောသူများဖြစ်ကြတယ်…


ငှင်းလူဦးရေ အိမ်ထောင်စုများမှာ အလွန်များပြားနေပြီဖြစ်သဖြင့် ငှင်းလူများ

အား တရားဝင်နေထိုင်သောလူများဖြစ်စေရန် မည်သို့စီမံဆောင်ရွက်ပေးမည်

ကို ညှို့နှိုင်းဆွေးနွေးခဲ့ပါသော်လည်း အဖြေမရရှိခဲ့ပါ…


ငှင်းလူများထဲမှ မှတ်ပုံတင်ပျောက်ဆုံးသောလူများအားလဲ ယခု မိုးပွင့်စီမံ

ကိန်းတွင် မှတ်ပုံတင်အသစ်ပြန်လည်လုပ်ဆောင်နိုင်ရန် ညှို့နှိုင်းဆွေးနွေး

သော်လည်း လ၀ကမှုးက ငှင်းလူများမှာ ပုံစံ-(၆၆) မရှိသောကြောင့် မှတ်ပုံ

တင်လုပ်ခွင့်မရပါ…


ထိုကဲ့သို့ မိမိမြို့နယ်အတွင်းတွင် မှတ်ပုံတင်လဲမရှိ၊ ပုံစံ-(၆၆) လဲမရှိတဲ့

တရားမ၀င်နေထိုင်သူများအတွက် မည်သို့ဖြေရှင်းပေးမည်ဆိုသည်ကို ယ

ခုအချိန်ထိ အဖြေမရှိသေးသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တရားမ၀င်နေ

ထိုင်သူများကဲ့သို့ တစ်ချိန်တွင် ပြသနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပါ

တယ်…


ထိုကိစ္စကိုဖြေရှင်းရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနှင့် တွေ့

ဆုံဆွေးနွေးရန်ကြိုးစားသော်လည်း တွေ့ဆုံခွင့်မရရှိပါ…


နေပြည်တော်ကောင်စီမြို့နယ်မှာ အထူးအုပ်ချုပ်မှု့အရပ်ဒေသတစ်ခုဖြစ်

ပြီး မြေယာပိုင်ဆိုင်မှုကိစ္စများနှင့်လဲ အထူးရှုတ်ထွေးနေသော မြို့နယ်တစ်

ခုဖြစ်သောကြောင့် ငှင်းရွှေ့ပြောင်းနေထိုင်သူများကို တရားဝင်နေထိုင်ခွင့်

ပေးခြင်း မဖြစ်နိုင်ကြောင်း သိရပါတယ်…


သို့ပါသော်လဲ ငှင်းကိစ္စမှာ မြို့နယ်အုပ်ချုပ်ရေးမှုးအနေနှင့် အချိန်ဆွဲပြီး

မဖြေရှင်းဘဲ မျက်ကွယ်ပြုထားလို့ မသင့်သောကိစ္စတစ်ခုဖြစ်ပါတယ်…


ထို့အတူ နေပြည်တော်လေးမြို့နယ်အတွင်း ပြည်သူမှရွှေးချယ်အနိုင်ရရှိ

ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့်လဲ ဒေသဖွံဖြိုးရေးကိစ္စများမှာ

လက်တွဲညှို့နှိုင်းဆောင်ရွက်သင့်ပါတယ်…


အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြု၊ အစည်းအဝေး

များဖိတ်ခေါ်မှု့မပြုခြင်းမှာ ဘယ့်အတွက်ကြောင့်ဆိုသည်ကို စဉ်းစားလို့မ

ရပါ…


တခြားမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များမှာ ငှင်းဒေသ၏

ဖွံဖြိုးတိုးတက်ရေးကိစ္စများကို အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှို့နှိုင်း

ဆောင်ရွက်ခွင့်ရရှိသော်လဲ နေပြည်တော်လေးမြို့နယ်အတွင်းမှာ ဆောင်

ရွက်ခွင့် မရရှိခဲ့ပါ…

by Daw Sandar Min (Shwee) (၂၆.၉.၂၀၁၂)





Posted: 27 Sep 2012 01:50 AM PDT
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၂၄)နှစ်မြောက် အခမ်းအနားကို ၂၇-၉-၂၀၁၂ မနက်(၉း၀၀)နာရီတွင် အခမ်းအနား အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

မင်းကင်းမြို့ နယ်တနယ်လုံးရှိ ပါတီဝင်များနှင့် NLD ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

မင်းကင်းမြို့နယ် ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်မှ လွှတ်တော်အတွေ့ အကြုံများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

အခမ်းအနား တက်ရောက်လာသူများကို ကြာဇံဟင်းခါးနှင့် ကျွေးမွေးခဲ့ကြပြီး ပါတီဝင် လူငယ်များမှလည်း တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပါသည်။





Posted: 27 Sep 2012 01:44 AM PDT
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက သူတို့ရဲ့ခေါင်းဆောင်ပိုင်း အရေအတွက်ကို တိုးမြှင့်တော့မှာဖြစ်ပါတယ်။ အောက်တိုဘာမှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျရင် လက်ရှိ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ၂၄ ဦးကနေ အဖွဲ့ဝင်အသစ်တွေ ထပ်တိုးဖို့ရှိသလို လစ်လပ်နေတဲ့ ပါတီ ဥက္ကဋ္ဌရာထူး ခန့်ထားရေးကိစ္စလည်း ဆွေးနွေးမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စက်တင်ဘာလ (၂၆) ရက်နေ့ က နေပြည်တော်မှာ  ဦးဌေးဦးအား ဂျပန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံစဉ်



Posted: 27 Sep 2012 01:16 AM PDT
တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲ တခု၌ ဦးသိန်းစိန် မိန့်ခွန်းပြောကြား ရာတွင် မြန်မာနိုင်ငံတွင် နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူ ဖြစ်သည့် တရုတ် အနေဖြင့် ယခုကာလများ အတွင်း မြန်မာနိုင်ငံက အမေရိကန်နှင့် အနောက်နိုင်ငံ များအား လက်ကမ်း ကြိုဆိုနေခြင်းအား ဘာမှ စိုးရိမ်စရာ မရှိဟု တရုတ် ခေါင်းဆောင် များအား ပြောခဲ့သည်။ ------

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ တွေ့ဆုံစဉ် — in New York, NY.
27.6.2012



Posted: 27 Sep 2012 12:52 AM PDT
အလုံမြို့နယ် ငုဝါလမ်း တိုက်အမှတ် ၂၄ ပထမထပ်၌ စက်တင်ဘာလ ၂၆ရက်နေ့ ည ၇နာရီခွဲ အချိန်တွင် အပုပ်နံ ထွက်နေသော အသက် ၅၆ နှစ်အရွယ် ဦးတင်ထွန်း အမည်ရှိ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မှုခင်း စုံစမ်း စစ်ဆေးရေး အဖွဲ့(CID )တို့က စစ်ဆေးကာ ရောဂါကြောင့် သေဆုံးသည်ဟု ကနဦး ကောက်ချက်ချကြောင်း အလုံမြို့နယ် ရဲစခန်းမှူးက The Voice Weekly သို့ ပြောကြားသည်။

ည ၁၁နာရီခွဲ အချိန်တွင် ယင်းအလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင် သွားခဲ့သည်။

The Voice Weekly





Posted: 27 Sep 2012 12:45 AM PDT
ခလရ ၅၄၀ မှ တပ်သားတစ်ဦး ဆိုသူက ခေါ်ဆောင်လာသော ဘင်္ဂါလီ အမျိုးသား တစ်ဦးကို စစ်တွမြို့မဈေး အပြင်ဖက်ရှိ ဒေသခံ ရခိုင် တိုင်းရင်းသားတို့က ၀ိုင်းဝန်း ရိုက်နှက်မှု တစ်ခုကို စက်တင်ဘာ ၂၆ ရက် နေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 12:23 AM PDT
တောင်ကြီးမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုရာ ငြိမ်းချမ်းရေးနေ့တွင် ပါဝင်ခဲ့သော ကျူရှင်ဆရာ ဆရာနေမျိုး၊ အောင်ဘန်း စာကြည့်တိုက်မှ ကိုဘိုဘိုပာန် ၊ ပန်ချီဆရာ ကိုအောင်သူ စသည့် လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူများကို ဖမ်းဆီး အရေးယူ အမှု့ ဖွင့် ခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဖမ်းဆီးအရေးယူခံရသူများ 

အောင်ဘန်း စာကြည့်တိုက်မှ ကိုဘိုဘိုပာန်

ကျူရှင်ဆရာ ဆရာနေမျိုး

ပန်ချီဆရာ ကိုအောင်သူ




Posted: 26 Sep 2012 09:16 PM PDT
၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ နာမည်ကြီး အသက် မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ၀င်ခွင့်တန်း စီဇယားတွင် ရန်ကုန် နည်းပညာ တက္ကသိုလ်က တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်အမြင့်ဆုံး သတ်မှတ်ချက်ဖြင့် ထိပ်ဆုံးက ရပ်တည်နေကြောင်း သတင်းရရှိသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Sep 2012 08:49 PM PDT
မြန်မာ တနိုင်ငံလုံးရှိ ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးမူ ပြုလုပ်သူများကို စုစည်း၍ အသင်းတစ်ခု ဖွဲ့စည်းကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင်ရွက် သွားရန် စီစဉ်မူများပြု လုပ်ဆောင်ရွက် နေပြီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In Myanmar Network အမည်ဖြင့် စတင် ဆောင်ရွက်နေသူ ------

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 26 Sep 2012 08:55 PM PDT
သမိုင်းဝင် တရားရုံး အဆောက်အအုံများ ဟိုတယ်ပြုလုပ်ရန် စီစဉ်မှုကို နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ ယခု လဆန်းပိုင်းက ကန့်ကွက်စာများ တင်ပြထားသော်လည်း ထူးခြားမှု မရှိ၍ အောက်တိုဘာ ၁၇ ရက်နေ့တွင် ရှေ့နေ တစ်ရာကျော်က ဆန္ဒပြရန် စီစဉ်နေ ကြောင်း ရှေ့နေများ ကွန်ယက်ဝင် ဦးကိုနီက ဆိုသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Sep 2012 08:34 PM PDT
အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ် ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့ မိသားစုဖြစ်ပြီး နိုင်ငံတော် ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေး အထူး တင်းကြပ်သော အနေ အထားတွင် ဖြစ်ပွားခဲ့ခြင်း ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Sep 2012 08:32 PM PDT
သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်။ (၀၉၊ ၂၆၊ ၂၀၁၂။)
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဖို့ အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင် အချိန်ပိုင်းကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်း တုန်းကလည်း သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ အခုလို တွေ့ဆုံခဲ့ရာ သမ္မတဦးသိန်းစိန် တည်းခိုတဲ့ ဟိုတယ်လ်မှာပဲ ဗွီအိုအေ မြန်မာပိုင်းက သွားရောက်ပြီးတော့ သတင်းယူနေတဲ့ ဦးရော်နီညိမ်းကို မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ ဦးရော်နီရေ့- သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကို ဦးရော်နီမြင်ရ သိရတာတွေ ပြောပြပေးပါ အုံးရှင်။

ဖြေ။ ။ ဟုတ်ကဲ့။ အခု နောက်ဆုံးတွေ့ဆုံမှုကတော့ အရေးအကြီးဆုံးပဲပေါ့နော်။ အဲဒီကနေပဲ စပြော လိုက်ပါမယ်။ အခု မိနစ်ပိုင်းကလေးကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြန်လည် ထွက်ခွာ သွားခဲ့ပါပြီ။ သူက ဝန်ကြီးလေးဦးပါဝင်တဲ့ သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ မိနစ် လေးဆယ်လောက် ဆွေးနွေး သွားပါတယ်။ အဲဒီတော့ ပြီးလို့ရှိရင် ဘာတွေ ပြောလဲဆိုတာ အကျဉ်းချုပ်ပြောပြမယ်ဆိုပြီး သံ အမတ်ကြီး ဦးသန်းဆွေက ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပြပါတယ်။

သူ ပြောတဲ့ အဓိက နှစ်ချက်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိ အမှတ်ပြု ချီးကျူးတယ်၊ နောက်တခုက လူ့အခွင့်အရေးတိုးတက်မှု ရှိလာတာတွေလည်း အသိ အမှတ်ပြု ချီးကျူးတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Workshop ကြီးတခုကို အမေရိကန် အစိုးရကနေပြီးတော့မှ ကမကထပြုပြီး မြန်မာနိုင်ငံမှာ လာကျင်းပပေးချင်တယ် ဆိုတာကို ပြောတယ် ဆိုပြီးတော့ သံအမတ်ကြီး ဦးသန်းဆွေက ကျနော်တို့ကို ပြန်ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးဟီလာရီကလင်တန်နဲ့အတူ လိုက်ပါလာတဲ့ နိုင်ငံခြားသတင်း ဌာ နတွေ ပြန် ပြောပြတာကတော့ အရေးအကြီးဆုံးအချက်ပေါ့နော်။ မြန်မာနိုင်ငံကနေပြီးတော့ အမေရိ ကန် ပြည်ထောင်စုကို ရောင်းချဖို့ ပိတ်ပင်ထားတဲ့ ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ရုပ်သိမ်း လိုက်တော့ မယ် ဆိုတာကို နိုင်ငံခြားသတင်းထောက်တွေဆီကနေ တဆင့် ပြန်သိရပါတယ်။ အဲဒါ ကတော့ ကျနော်တို့ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ သံအမတ်ကြီးတို့ကတော့ ကျနော်တို့ကို မပြော သွားပါဘူး။ အဲဒါကတော့ အကြောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ရိုက်တာအပါအဝင် တခြားသတင်းဌာနတွေ ကတော့ ပြောသွားပါပြီ။

မေး။ ။ ဟုတ်ပါပြီ။ ဦးရော်နီ-

ဖြေ။ ။ အဲဒါကတော့ ဟီလာရီကလင်တန်နဲ့ပတ်သက်ပြီး သိရတဲ့ ကိစ္စပါ။

မေး။ ။ ဟုတ်ပါပြီ၊ ဦးရော်နီ။ အဲဒီတော့ ဟီလာရီကလင်တန်နဲ့တွေ့တဲ့အခါမှာ ဒီလိုမျိုး တိုးတက်မှုတွေ ကိုတော့ သိရပြီပေါ့လေ။ ဒီကနေ့ကတော့ အမေရိကန်မှာ အခုလောလောဆယ်က ဗုဒ္ဓဟူးနေ့ပဲ ရှိသေး တယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့သူတွေထဲမှာ အခုနက ဦးရော်နီညိမ်း ပြောသွား သလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါတယ်၊ တခါ ထိုင်းဝန်ကြီးချုပ်တို့နဲ့ လည်း တွေ့တယ်…..

ဖြေ။ ။ အဲဒီမတိုင်ခင်မှာ ပထမဆုံးပေါ့နော်- နေ့လည်နှစ်နာရီမှာ သမ္မတဟောင်း ဘီလ် ကလင် တန် ရောက်လာပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဦးသိန်းစိန်နဲ့ တနာရီ နီးပါး တွေ့ ဆုံဆွေးနွေး သွားပါတယ်။ ဘာတွေ ဆွေးနွေးသွားတယ်ဆိုတာတော့  ကျနော်တို့ မသိရပါဘူး၊ နောက် တခါ နေ့လည် သုံးနာရီလောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း…

မေး။ ။ ဟင်နရီ ကစ်ဆင်းဂျားနဲ့….

ဖြေ။ ။ ဟင်နရီကစ်ဆင်ဂျာ မလာခင်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် အရင်လာပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်လာတဲ့အခါမှာ သူကလည်း သမ္မတဦးသိန်းစိန်နဲ့ မိနစ် သုံး ဆယ် လောက် ဆွေးနွေးသွားပါတယ်။ နောက်ပြီးတော့မှ တတိယမြောက် ရောက်လာတဲ့ ပုဂ္ဂိုလ် ကတော့ ဟီလာရီကလင်တန်မတိုင်ခင် ရောက်လာတဲ့ ပုဂ္ဂိုလ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာပါ။ သူကတော့ အသက်အရွယ် ထောက်နေပြီဆိုတော့ တုတ်ကောက်လေး တချောင်းနဲ့ ရောက်လာပါတယ်။ အဲဒီတော့ ဒီကနေ့မှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေပေါ့နော်- အပါအဝင် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင် နှစ်ယောက် လို့ ပြောရမယ့် မစ္စ်ရှင်နာဝပ်နဲ့ မစ္စက် ကလင်တန် အပါအဝင် ဟင်နရီကစ်ဆင်ဂျာတို့၊ ဘီလ်ကလင်တန် တို့နဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဒီဟိုတယ်လ်က အစည်းအဝေး ခန်းမထဲမှာ ဆွေးနွေးကြပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ အဲဒီတော့ တွေ့ဆုံတာက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာက ဟီလာရီ ကလင်တန်တို့၊ ယင်းလပ်တို့ဆိုတာကတော့ လက်ရှိ တာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေပေါ့လေ။ ဒါပေမဲ့ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်းဂျာတို့ကတော့ လက်ရှိ တာဝန်ယူသူတွေ မဟုတ်တော့ သူတို့နဲ့တွေ့တာကရော ဘယ်လိုကြောင့်လို့ ဦးရော်နီ အနေနဲ့ သိရပါလဲရှင့်။

ဖြေ။ ။ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်ဂျာတို့ကျတော့ သူတို့လက်ရှိ အစိုးရတာဝန်တွေ ထမ်းဆောင်နေသူတွေ မဟုတ်ပေမဲ့လည်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဖောင်ဒေးရှင်းတွေ ရှိတယ်။ ကလင်တန်ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်း၊ ကစ်ဆင်ဂျာရဲ့ Think Tank လို အဖွဲ့တွေ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ ဖွယ်ရှိတယ် လို့ မှန်းဆရပါတယ်။ အဲလိုလည်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွတ် သိရပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ နောက်ဆုံးသိချင်တာကတော့ မနက်ဖြန် အမေရိကန်ရဲ့ ကြာသာ ပတေးနေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အကြောင်း ဦးရော်နီသိထားတာ ပြောပြပေးပါအုံးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ မနက်ရှစ်နာရီခွဲရင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံခေါင်းဆောင်အနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ ညနေ လေး နာရီ ကျရင်တော့ Asia Society က ကျင်းပတဲ့ ဟောပြောပွဲမှာ သမ္မတဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ အကြောင်းတွေကို တက်ရောက် ဟောပြောပြီးတော့ သူ့ကိုလည်း တက်ရောက်လာတဲ့ ပရိသတ် က မေးခွန်းမေးတာ၊ သူက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီရေ၊ အခုလိုမျိုး ဟိုတယ်လ်မှာတင် စောင့်ကြည့်နေပြီး သတင်းပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ဦးရော်နီညိမ်း (ဗွီအိုအေ မြန်မာဌာန)

Posted: 26 Sep 2012 05:07 PM PDT
ငွေကြေး ခ၀ါချမှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်နှစ်ခုအပေါ် ကန့်သတ် ပိတ်ပင် ထားတာတွေကို အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက ပယ်ဖျက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ တချိန်က အကြီးဆုံးပုဂ္ဂလိကဘဏ် နှစ်ခုဖြစ်တဲ့ မေဖလားဝါးဘဏ်နဲ့ အာရှဓန ဘဏ်တွေကို ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီ
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...