Sunday, September 30, 2012

ပထမအရွယ်၏ တတိယ ဝေဒနာ


by Moenge Aung on Saturday, September 29, 2012 at 9:22pm 


လူလတ်ပိုင်းဖြစ်သည့် ၅၀-ပတ်ဝန်းကျင်တွင် လူတို့သည် စိတ်ပြဿနာကို ခံစားရတတ်သည်။ ဘဝသည် အဓိပ္ပါယ်မရှိဟု ထင်ခြင်းမျိုး၊ ဘဝကို ညည်းငွေ့ခြင်းမျိုး၊ ဘဝသည် လမ်းလွဲနေသည်ဟု ခံစားနေရခြင်းမျိုး ဖြစ်၏။ ကော်နယ်တက္ကသိုလ်၏ လေ့လာချက်အရ ၂၆%သော လူလတ်ပိုင်းတို့သည် ထိုကဲ့သို့ ခံစားရလေ့ရှိသည်ဟု သိရသည်။
ထိုအခါမျိုးတွင် အများအားဖြင့် အလုပ်ကို ထွက်ပစ်ခြင်းမျိုး၊ အချစ်ရေး ရှုပ်ထွေးခြင်းမျိုးများ ဖြစ်လေ့ရှိသည်။ ထိုစိတ်ဝေဒနာ၏ လက္ခဏာများမှာ----
(၁) အခြားသူများအတွက် မိမိ၏အချိန်နှင့် ငွေ သုံးစွဲရခြင်းကို စိတ်ပျက်မိခြင်း။
(၂) အိမ်ထောင်ဖက်အပေါ်တွင် လိင်တပ်မက်မှု ကျဆင်းခြင်း။
(၃) အလုပ်ကို မကျေမနပ်ဖြစ်ခြင်း။
(၄) ငယ်စဉ်က သီချင်းများကို ပြန်နားထောင်လိုခြင်း။
(၅) အနာဂါတ်အတွက် စိတ်သောက ရောက်ခြင်း။
(၆) လမ်းကြောင်းမှားပေါ် ရောက်နေသည်ဟု ခံစားခြင်း။
(၇) ဘဝတွင် အချိန်မှမရှိတော့ဟု ကြောက်လန့်လာခြင်းတို့ ဖြစ်သည်။
စိတ်ပညာရှင် လင်ဒါအယ်ဒါစတိုင်းက ထိုကဲ့သို့ လူလတ်ပိုင်း စိန်ကျခြင်း ကြုံတွေ့လာလျှင် စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်ဟု ဆိုသည်။ ဘဝတွင် ဘာတွေလိုနေသည်ကို စိတ်အေးအေးဖြင့် စဉ်းစား၍ ယင်းတို့ကို ခြေလှမ်းစိပ်စိပ်ဖြင့် ဖြေးဖြေးချင်း ရယူဖို့ ကြိုးစားပါ၍လည်း အကြံပြုသည်။ "အချို့က အပြေးလေ့ကျင့် မာရသွန်တွင် ဝင်ပြေးခြင်းကဲ့သို့သော လုပ်ဆောင်မှုများဖြင့် ကုစားလေ့ရှိကြသည်။ ငါ လုပ်နိုင်သေးတယ်၊ ငါ့မှာ ကျန်သေးတယ်၊ ငါ မအိုသေး"ဟု သက်သေပြခြင်းဖြင့် ကုစားခြင်းပင် ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...