Friday, September 28, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၉)


သစ်ထူးလွင်


Posted: 28 Sep 2012 06:45 AM PDT
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်တာဟာ အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်လပ်ရေး တပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ နိုင်ငံတော် သမ္မတက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ သမ္မတဦးသိန်းစိန်က Asia Society မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကချင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ တချို့သဘောထားလေးတွေက နည်းနည်း ကွဲလွဲနေတာလေးရှိတယ်။ ဥပမာအားဖြင့် အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားတယ်၊ ရပ်ဆိုင်းမိန့်တွေ ထုတ်ထားတယ်။ ဟိုဘက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့အမိန့်တွေ မထုတ်ဘူး။ မထုတ်တဲ့အတွက် အောက်ခြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ရပ်စဲသွားအောင် လုပ်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်ရပ်ခဲ့ပြီးဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်ကောင်စီ မဖျက်ခင်ထုတ်တဲ့ တိုင်းရင်းသားတွေ နယ်ခြားစောင့်တပ် ပြောင်းရင်ပြောင်း မပြောင်းရင် လက်နက်ချဆိုတဲ့ ရာဇသံကြောင့် အပစ်ရပ်သဘောတူတာပျက်ပြီး တိုက်ပွဲပြန်ဖြစ်လို့ စစ်ရှောင်ဒုက္ခသည် ၁ သိန်းနီးပါး လောက်ရှိနေတာပါ။

သမ္မတက ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ တပ်မတော်ကို အမိန့်ပေးခဲ့တဲ့အကြားက တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးကို ချဉ်းကပ်လာနေတာပါ။

ကေအိုင်အေဘက်က  အပစ်ရပ်မိန့် မပေးလို့ တိုက်ပွဲဖြစ်ရတယ်ဆိုတဲ့ သမ္မတပြောကြားချက်အပေါ် ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းက ထိုးစစ်ကို ပြုလုပ်နေတာ ဘယ်သူပါလဲလို့ ပြန်လည်မေးခွန်းထုတ် တုံ့ပြန်ပါတယ်။ အပစ်ရပ်ဖို့ထက် ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းရမယ်လို့ ပြောပါတယ်။

“ထိုးစစ်လုပ်တာက ဘယ်အဖွဲ့လဲဆိုတာ မေးစရာရှိတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က ရမခကနေ ရှေ့တန်းကိုညွှန်ကြားမှုရှိတယ်။ ၁၈ ရက်ကနေစပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ဆင်ရေးပြန်လုပ်ဖို့ ရှေ့တန်းထွက်တဲ့ တပ်ဖွဲ့တွေကို ညွှန်ကြားတာရှိတယ်။ ဒါကိုကြည့်ရင် သမ္မတကတော့ အမြဲတမ်း သူပြောတဲ့စကားပါ။ ဒါပေမယ့် ရှေ့တန်းမှာ သူ့ညွှန်ကြားချက်တွေက ထိရောက်မှုရှိရဲ့လား ဆိုတာ မေးစရာရှိတယ်။ ထိုးစစ်မလုပ်ဘူးဆိုပေမယ့် တပ်တွေအလုံးအရင်းတက်လာတယ်ဆိုတာ ဒါ ထိုးစစ်တာပဲ။”

ကချင်အတိုင်ပင်ခံအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ဝင် ဦးဆင်ဝါးနောင်က အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ဆွေးနွေးစဉ်တုန်းက အပစ်ရပ်ဖို့ သဘောတူမလိုဖြစ်ပြီးကာမှ စကားလုံး ၄ လုံး ရွေးချယ်မှုကြောင့်နဲ့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ နေပြည်တော် ရှင်းလင်းပွဲပြောဆိုချက်ကြောင့် ပျက်ပြားခဲ့ပုံကို အခုလို ပြောပါတယ်။

“နေပြည်တ်ာမှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ကေအိုင်အေကို အပုပ်ချပြောတာပေါ့။ သူတို့ နားထဲမှာ အဲလိုမျိုးကြားသွားသွားတာ။ နေပြည်တော်မှာတော့ ဒီလိုပြောနေပြီ။ ကေအိုင်အိုကို လက်ရှိအစိုးရက ဘယ်လိုမြင်သလဲ။ ဘယ်အဆင့်ထားသလဲ စသဖြင့် မေးခွန်းတွေ အများကြီး မေးလာတာပေါ့။”

နှစ်ဘက်ကိုယ်စားလှယ်တွေ ပဏာမအလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြတာထက် နှစ်ဖက်တာဝန်ရှိသူတွေ အတည်ညှိနှိုင်း ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ကေအိုင်အိုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးမှာ ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်လာရာက နိုင်ငံရေးပါတီထူထောင်ဖို့ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာတူးဂျာကလည်း နှစ်ဘက်တိုက်ခိုက်မှုတွေဟာ တပ်နေရာချထားရေး ဆွေးနွေးအဖြေရှာဖို့ အဓိကကျနေတာ မြင်တွေ့တယ်လို့ ပြောပါတယ်။

“အခုက သူတို့အချင်းချင်း ယုံကြည်မှုအပိုင်းမှာ အားနည်းနေကြသေးတယ်။ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးကြဦးမယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကို သူတို့အကျေအလည် သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ပြီဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမှာပါ။”

ကုလသမဂ္ဂ ညီလာခံတက်နေတဲ့ သမ္မတက မိန့်ခွန်းမှာလည်း ကချင်စစ်ပွဲကိစ္စ၊ ရခိုင်ပြည်ကိစ္စ၊ အစိုးရအကောင်အထည်ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ စိန်ခေါ်မှုတွေ၊ အသီးအပွင့်တွေကို ထည့်သွင်းရှင်းပြခဲ့ပါတယ်။

အစိုးရနဲ့သက်ဆိုင်သူတွေအားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ပြီလို့ ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့လိုတယ်လို့ ယုံကြည်တာကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတရပ်ရဖို့ အလေးထား ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ရေတိုရေရှည် စီမံချက်ချမှတ် ဖြေရှင်းမယ်လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအနေနဲ့ ကိုယ့်နယ်စပ်မျဉ်းတွေကို လုံခြုံအောင်ဆောင်ရွက်ခွင့်၊ အချုပ်အခြာအာဏာကို ကာကွယ်ခွင့်တွေ ရှိတယ်လို့ ယုံကြည်ပြီး အပြည်ပြည်ဆိုင်ရာစံနှုန်း ကျင့်ထုံးတွေနဲ့ကိုက်ညီအောင် ကြိုးစားလုပ်ဆောင်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် သူ့ကို အသုံးချမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က လိုလားဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)



Posted: 28 Sep 2012 06:44 AM PDT
ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလကုန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဗဟိုဆက်ဆံရေးရုံးနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သူတို့နဲ့ မပတ်သက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၉ ရက် ဘားအံမြို့မှာ ရုံးဖွင့်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၀ ကျော် ဘားအံမြို့ကို မနေ့က ရောက်ရှိသွားပြီးနောက် ကေအန်ယူဘက်က သဘောထားထုတ်ပြန်ခဲ့တာပါ။

အဲဒီခရီးစဉ်ဟာ ကေအန်ယူနဲ့သာမက ကေအန်အယ်လ်အေ ဗဟိုစစ်ဌာနချုပ်ရဲ့ အစီအစဉ်လည်း မဟုတ်ကြောင်း ကေအန်ယူ (ဗဟို) က စက်တင်ဘာလ ၂၇ ရက်နေ့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ကေအန်အယ်လ်အေတပ်မတော်ဟာ ကရင်အမျိုသားအစည်းအရုံးရဲ့ ဌာန ၁၄ ခုထဲက တခုဖြစ်တဲ့ ကာကွယ်ရေးဌာနရဲ့ အုပ်ချုပ်ဦးဆောင်မှုမှာသာ တည်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ဆွေးနွေးသဘောတူလက်မှတ်ထိုးတဲ့ အကြိမ်တိုင်းဟာ မြန်မာ အစိုးရနဲ့ ကေအန်ယူအကြား သဘောတူတာသာဖြစ်ပြီး ကေအန်အယ်လ်အေတပ်နဲ့ အစိုးရအကြား အထူးသီးသန့် သဘောတူညီတာ မဟုတ်ဘူးလို့ ရှင်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ဟာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီး တွေ့ဆုံဆွေးနွေးရေး အစီအစဉ်တွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။

စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်အပေါ် အစည်းအရုံးကရော၊ တပ်ဘက်ကပါ တာဝန်မယူပေမယ့် ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ စစ်ဦးစီးချုပ်အပေါ် ဘယ်လို သဘောထားရှိတယ်ဆိုတာကိုတော့ ကြေညာချက်က မဖော်ပြထားပါဘူး။

ဒီသတင်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းပေမယ့် မရသေးပါဘူး။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် အစိုးရအဆက်ဆက်ကို ဆယ်စုနှစ် ၆ ခုကျော် လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့  ကရင်အမျိုးသားအစည်းအရုံးဟာ ဒီနှစ်ဆန်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့တာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေတော့ မစတင်နိုင်သေးပါဘူး။

by နော်နိုရင်း  (ဒီဗွီဘီ)

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး



Posted: 28 Sep 2012 04:30 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းက
ဆိုသည်။

ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

The Voice Weekly



Posted: 28 Sep 2012 04:15 AM PDT
ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေး သေဆုံးခြင်းမှာ မဟုတ် မှန်ကြောင်း ပြောဆို ခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန် အတိုင်းအတာ တစ်ခုအတွင်း ကလေးကို တွေ့အောင် ဆောင်ရွက်  ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။

သတင်း-ဓါတ်ပုံ အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Eleven Media Group


Posted: 28 Sep 2012 03:52 AM PDT
ညောင်ဦးမြို့ နယ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ မြို့ နယ်မှူး ဦးဆောင်ပြီ ရပ်ကွက် နှင့် စာသင်ကျောင်းများမှာ မှု့ ခင်းကျဆင်းရေး ပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များ ဖြန့် ဝေနေကြောင်း Myanmar News Now မှ သတင်း ရရှိပါတယ်။

နိုင်ငံသားတွေရော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကိုပါ မှု့ ခင်းတွေ မဖြစ်ပွါးအောင် နဲ့ မှုခင်းဖြစ်ပွါးရင် ဆက်သွယ် အကြောင်းကြား နိုင်တဲ့ ဖုန်းနံပါတ်တွေ ပါ ဖြန့် ဝေခဲ့ပါတယ်။

ဒီအတိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ မှု့ ခင်းတွေ ကျဆင်းနိုင်ကြောင်း ညောင်ဦးမြို့ ခံတဦး က Myanmar News Now ကို ပြောပါတယ်။

ဖြန့် ဝေပုံ ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Sep 2012 03:20 AM PDT
ရေခဲချောင်းရောင်းသည့် ကလေး အရိုက်နှက်ခံရသည့် သတင်းနှင့် ပတ်သက်၍ ဒေါသထွက်နေသည့် လူအုပ်ကို ရဲမှူးကြီး မျိုးမင်းအောင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးတို့က ကလေးပျောက်သည့် ကိစ္စမှာ မဟုတ်ကြောင်း လူအုပ်ကို လိုက်လံဖြေရှင်း နေကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို  နှိပ်ပါ 




Posted: 28 Sep 2012 02:57 AM PDT
ယနေ့ အင်္ဘာလာ တွင် အသက်ခံခဲ့ရ သော ကလေးငယ်မှာ စစ်တွေမြို့ ကျေးတော ရပ်ကွက်နေ အဖ ဦးစောမောင် ၏ သား မောင် အောင်နိုင်ဦး အသက် (၁၂) ဖြစ်ကြောင်း သိရှိရသည်။ ယခု အခါ သူ၏ အလောင်းကို စစ်တပ်မှ သိမ်းယူသွားကြောင်း သိရသည်။

အင်္ဘာလာ ရပ်ကွက် ယခု မြင်ကွင်း ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Sep 2012 02:41 AM PDT
ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌက မိမိကိုယ်တိုင် ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ရေကြည် ခရီးစဉ်များတွင် ရဲနယ်ထိန်းက မိမိ၏ အပြန်တွင် ဒီပုဂ္ဂိုလ်ကြီး ဘာလာ လုပ်သလဲ၊ ဘာပြော သွားသလဲဟု မေးမြန်း ခြင်းများ ရှိနေသည်----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Sep 2012 02:28 AM PDT
ယခင်က ဦးထောင်ဘိုအ၀ိုင်း ဦးဝိစာရအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း နေရာများတွင် ဆိုင်းဘုတ်(၃)ခု လောက်သာ ခွင့်ပြုပေးသည့် အတွက် အမြင် တင့်တယ် သော်လည်း ယခုအခါ များပြားလှသော ဆိုင်းဘုတ်များကြောင့် အ၀ိုင်းဧ။် အနှစ်သာရ ပျောက်ကွယ်လု နီးပါးဖြစ်နေ ကြောင်းလည်း တွေ့ရှိရပါသည်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Sep 2012 02:19 AM PDT

စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂျာနယ်

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Sep 2012 02:14 AM PDT
စစ်တွေမြို့  အင်ပါလာရပ်ကွက်၊ မင်းဘာကြီးလမ်း အတိုင်း ရေခဲချောင်း ရောင်းရန်သွားသော ရခိုင် ကလေးငယ် တယောက်ကို အင်ပါလာ ရပ်ကွက်မှ ဘင်္ဂလီများ သတ်သဖြင့် ဒဏ်ရာ အပြင်းအထန်းဖြင့် ဆေးရုံ တင်ထားရပါသည်။

အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ တင်းမာနေပါသည်။ ချက်ချင်း ပေါက်ကွဲသွားနိုင်ပါသည်။ လူများသည် အင်ပါလာ ရပ်ကွက်ကို ချီတတ်လျှက်ရှိပါသည်။ ၄င်းကလေးငယ်သည် စစ်တွေမြို့ ကျေးတောရွာမှဟု စုံစမ်း သိရှိရပါသည်။ ၄င်းကလေးငယ်ကို ယခု စစ်ဆေးရုံးကို သယ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရပါသည်။

အဆိုပါ ကလေးငယ်မှာ ယခုအခါ သေဆုံးသွားပြီ ဖြစ်ကြောင်း သိရပါသည်။




Posted: 28 Sep 2012 01:49 AM PDT
မွန်းလွဲ ၃ နာရီ၊ စက်တင်ဘာ ၂၈၊ ၂၀၁၂ YPI

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်ကာ ထောင်နှင့်ချီသည့် စစ်တွေမြို့ခံများက စစ်တွေမြို့ရှိ တခုထည်းသော အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ အောင်မင်္ဂလာရပ်ကွက် (မော့လိပ်) ကို လေးဘက် လေးတန်မှ ၀ိုင်းရံထားသည်ဟု စစ်တွေမှ ရရှိသည့် သတင်းတရပ်အရ သိရသည်။

ယင်းသို့သော အခြေအနေကြောင့် ရပ်ကွက်အား စစ်တပ်နှင့် ရဲလုံထိန်းများချထားကာ လုံခြုံရေး အရကာကွယ်ပေးထားကြောင်းလည်း သိရှိရသည်။

စစ်တွေ မြို့ခံတဦး၏ ခန့်မှန်းချက်အရဆိုလျင် လူအုပ်အရေအတွက်မှာ အရပ်မျက်နှာ ၁ ဘက်လျင် ၁ ထောင်ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရသည်။ အရေအတွက်နှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

Yangon Press International




Posted: 28 Sep 2012 01:23 AM PDT
ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မဟာ Icon တစ်ခုအဖြစ် ညွှန်းဆိုခံရတာကို မနှစ်သက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်မအမြင်အရ ကြည့်ရရင် Icon `ပြယုဂ်´တွေဆိုတာ ထိုင်နေရုံပဲဖြစ်နေလို့ပါ။ ကျွန်မကတော့ ကျွန်မကို လုပ်သားတစ်ဦး (worker) လို့ပဲထင်စေချင်ပါတယ်။ ကျွန်မက အလုပ်ကြိုးစားလုပ်ရတာကို အများကြီးယုံကြည်မှုရှိပါတယ်။ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 09:38 PM PDT
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကြီး ရွာမှာ အင်းလေလံ ရထားသူနဲ့ ဒေသခံ တွေကြား အချင်းများ ကြရာက ရဲက ပစ်လို့ လူ ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။ -----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

အင်းလေလံ ရသူနဲ့ ဒေသခံ တွေကြား အချင်းများ



Posted: 27 Sep 2012 09:28 PM PDT
ဒေါ်အောင်ဆန်းစုကြည်ဟာ ..... လုပ်ဖော် ကိုင်ဖက် ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က Asia Society ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

မြန်မာ ဘာသာနဲ့ ပြောကြားထားတဲ့ မိန့် ခွန်း (ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 08:23 PM PDT
ရခိုင်ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မရှုံ့ချတာနဲ့ ပတ်သက် ပြီးတော့ ကျောင်းသား တယောက်က ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန် ဆွေးနွေး ပါတယ်။ ဒီအမေး ကိုတော့ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ ပါတယ်။

“ ကျမဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်နေရာမှာ ဖြစ်ဖြစ် ရှုံ့ချပါတယ်။ အခုကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နှစ်ဘက်စလုံးမှာ ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ တဖက် ဖက်ကိုသာ ရှုံ့ချလို့မရပါဘူး။ အခုအခါ အစိုးရကလည်း စုံစမ်းရေးကော်မရှင် ဖွဲ့ပေးထားပါတယ်။ သူတို့ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ လူတချို့ဟာ ဒီအခြေအနေက နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးပမ်းကြပါတယ်။ ကျမ ဒါမျိုး မလုပ်ပါဘူး။  ဒီကိစ္စမှာ ဘက်မလိုက်လို့ ကျမကို ဝေဖန်ရှုံ့ချမယ်ဆိုရင်လည်း ကျမ ခံယူဖို့အဆင်သင့်ပါပဲ။” ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဟားဗတ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောနေစဉ်




Posted: 27 Sep 2012 07:24 PM PDT
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ယေးလ်တက္ကသိုလ် ဟောပြောချက် (ရုပ်/သံ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 07:24 PM PDT
စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၅

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 06:18 PM PDT
သမ္မတကြီး ဦးသိန်းစိန်၏ ကုလသမဂ္ဂ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန့် တို့ အကြောင်းကို ထည့်သွင်းဂုဏ်ပြု ပြောဆိုခဲ့ပါသည်။

"သူမရဲ့(ဒေါ်အောင်ဆန်းစုကြည်) ဒီမိုကရေစီ ကြိုးပမ်းမှု့အတွက် အမေရိ ကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို လည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်"

"ကျွန်တော့အနေနဲ့၊ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင် ရွက်
ချက်တွေကို၊ အောင်မြင်မှု့တွေကို ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ဘဲ ထာဝရချီးကျုးဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်"

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Sep 2012 11:38 AM PDT
အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော် မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကား အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ် ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်



Posted: 27 Sep 2012 11:35 AM PDT
သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်
ဆယ်စု နှစ်တွေအတွင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ မြန်မာအစိုးရ အကြီးအကဲတဦး အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အခု မကြာခင် အချိန်အတွင်းမှာ မိန့်ခွန်း စကား ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ ဘယ်အချက်တွေ ဘယ်အကြောင်း အရာတွေကို အဓိကထား ပြောသွားသလဲ စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခု ပြောသွားတဲ့ မိန့်ခွန်းမှာ အားလုံးစောင့်မျှော် ယူဆထားတဲ့ အတိုင်းပါပဲ လက်ရှိ မြန်မာအစိုးရ အနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အဓိကဇောင်းပေးပြီး ပြောသွားတာပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ စိန်ခေါ်ချက်တွေရှိပြီး။ အောင်မြင်မှုတွေဟာ အခက်အခဲတွေကြားကရရှိခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အစီအစဉ်တွေကို နောက်မဆုတ်ပဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ဂတိပေး ပြောဆိုခဲ့ပါတယ်။

“အခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့သြသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင် ခဲ့ကြပါတယ်။ ကျနော်အနေနဲ့ ယခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်နေရခြင်းကို များစွာ ဂုဏ်ယူမိပါတယ်။

ကျနော်တို့အစိုးရသစ်အနေနဲ့ လွန်ခဲ့သော တနှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့ချိန်ကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိက အားဖြင့် ပြည်သူများနှင့်အတူ တက်ညီ လက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။

ယခင်က အာဏာသုံးရပ်ကို တပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီနည်းလမ်းကျပြီး အပြန်အလှန်ထိန်းကျောင်းမှုစနစ်တွေ ပါတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။”

အခုလက်ရှိလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ မတူကွဲပြားတဲ့ အုပ်စုတွေ အားလုံး နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာနိုင်ဖို့ အစိုးရအနေနဲ့ စိတ်ရှည် သည်းခံပြီးဆောင်ရွက်ခဲ့တယ် လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်တော်ကိုယ်စားလှယ် တဦးသာမက တရားဥပဒေစိုးမိုးရေး လွှတ်တော်ကော်မတီရဲ့ ဥက္ကဌတဦးအနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဆောင်ရွက်နေပြီဆိုပြီ့း အမည်ထည့်သွင်းပြီးတော့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

“အရင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့ မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စု မှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။

ဒီလိုမြှင့်တင်နိုင် မှုကြောင့် နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့ လူနေမှုဘဝမြှင့်တင်ရေးအတွက် အထူး လိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြေ
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...