Wednesday, September 26, 2012

Constitution ကို ပြင်ကြပါစို့ ...


by Lwin Aung Soe on Wednesday, September 26, 2012 at 3:35pm 


၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ချင်တာ အကြောင်းရှိပါတယ်။
 - ခေတ်ကာလနဲ့ မလျော်ညီတာ (အရင်ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ ဥပဒေတွေထဲမှာ မသင့်တော်တဲ့ တည်ဆဲဥပဒေတွေ ရှိနေတာ)၊
- ဒီမိုကရေစီ စံနှုန်းတွေ မပြည့်ဝတာ၊
- အခြေခံဥပဒေ (Constitution) ရဲ့ ဝိသေသလက္ခဏာတွေနဲ့ မညီညွတ်တာ၊
- အရေးကြီးဆုံး မဏ္ဍိုင်ကြီး သုံးရပ်ကို ပြန်လှန်ထိန်းကျောင်းဖို့ အားနည်းချက်တွေ ရှိနေတာ၊
-  ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားအပေါ်မှာ အာမခံချက် မပေးနိုင်လောက်အောင်  အားနည်းချက်တွေ ရှိနေတာ -- စတဲ့ များပြားလှတဲ့ အကြောင်းရင်းတွေကြာင့် ဖြစ်ပါတယ်။

အရင် မြန်မာစစ်အစိုးရ ခေတ်တလျှောက်လုံးနဲ့ ဒီဘက်ခေတ် အရပ်သားအစိုးရ တက်လာပြီးချိန်မှာလည်း ကျနော်တို့ ပြည်သူတွေဟာ Constitution အကြောင်းကို   အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။

ဝမ်းသာစရာကောင်းတာကတော့ Constitution ဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် မရှိမဖြစ် လိုအပ်တယ် ဆိုတဲ့ အသိကို လက်ခံသူ၊ တောင်းဆိုသူ၊ အဲဒီအသိအတိုင်း ကျင့်သုံးသူတွေ အရေအတွက်ဟာ သိသိသာသာ တိုးပွားလာနေကြတာပဲ ဖြစ်ပါတယ်။

Constitution ဟာ နိုင်ငံရဲ့အသက်၊ ပြည်သူတွေရဲ့ အသက်လို့တောင် သဘောပေါက် လက်ခံလာကြပါတယ်။
Constitution ဟာ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်ဖို့၊ ကြီးပွားတိုးတက်လာစေဖို့ လမ်းညွှန်ပေးနိုင်တာကို သိလာကြပါတယ်။
Constitution ဟာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေးအပြင် အမျိုးသား ဝိသေသ လက္ခဏာတွေကို ကာကွယ် စောင့်ရှောက်ပေးနိုင်တာကြောင့် အားကိုးရမှန်း သိလာကြပါတယ်။

Constitution ကို တန်ဖိုးထားရကောင်းမှန်း သိလာကြပါပြီ။
Constitution အကျိုးသက်ရောက်ပုံကို သိလာကြပါပြီ။
Constitution ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ချင်တဲ့ ဆန္ဒတွေ ပိုမိုအားကောင်းလာနေပါပြီ။

တယောက်တလက် အင်အားတွေ ပေါင်းစုပြီး တနိုင်ငံလုံး အတိုင်းအတာ ညီညီညွတ်ညွတ်နဲ့ Constitution ကို ပြင်ကြဖို့ အချိန်တန်ပြီလို့ ဆိုရပါတော့မယ်။

လွင်အောင်စိုး
၂၇-၉-၂ဝ၁၂

--------------------------------

အခြေခံဥပဒေ ပြင်လို့ ရ-မရ

အခြေခံဥပဒေ (Constitution) ကို နားမလည်ကြသူတွေက Constitution ကို ပြင်လို့ မရဘူး ပြောတတ်ကြပါတယ်။
တချို့ကတော့ Constitution ဆိုတာ စာချုပ်လို့ ပြောကြပါတယ်။ မှန်ပါတယ်။
နည်းနည်းပိုသိတဲ့သူတွေကတော့ Constitution ဟာ အစိုးရနဲ့ ပြည်သူကြားမှာ သဘောတူထားတဲ့ စာချုပ်လို့ ပြောကြပါတယ်။ ဒါလည်း မှန်တာပါပဲ။

ဒါပေမယ့် အခြားမှာ သုံးနေကြတဲ့ လက်ထပ်စာချုပ်၊ ငွေချေးစာချုပ် စတဲ့ ဘယ်တော့မှ ပြန်ပြင်လို့ မရတဲ့ စာချုပ်တွေနဲ့ ရောထွေးပြီး သဘောတခုတည်းပဲလို့ နားလည်နေရင်တော့ အလွဲကြီးလွဲနေပါပြီ။

ဒါမှမဟုတ် အမှန်အတိုင်း သိနေတယ် ဆိုရင်တောင် ပြည်သူတွေ သိမှာ မဟုတ်ဘူးလေ ဆိုပြီး မသိချင်ယောင်ဆောင် မလှိမ့်တပတ် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

Constitution ဆိုတာ အကောင်းဆုံး ဖြစ်နိုင်သရွေ့ အချိန်တိုင်းမှာ ပြင်ဆင်နိုင်တဲ့ သဘောတူ စာချုပ်သာ ဖြစ်ပါတယ်။

ဒါကြောင့် Constitution ကို အမှန်တကယ် လေးစားလိုက်နာတယ်ဆိုရင် လက်ရှိကာလနဲ့ အနာဂတ်အတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေရမှာပဲ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂၆-၉-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...