Saturday, September 29, 2012

တော်လှန်ကော်မီတီ ကျေညာချက် ( ၁၉၉၀ )


by Htay Tint on Saturday, September 29, 2012 at 5:20am 

တော်လှန်ကော်မီတီကျေညာချက်ကို အီးမေးထဲက ရရှိပါတယ် ။
တိုင်းပြည်ထဲက လူထူ အတွက် စေတနာမှန်တဲ့ စာတန်းဖြစ်ခဲ့လို့ 
အများသူငှာ သိရှိစေရန် မှတ်တမ်းအဖြစ်ထားရှိရန် ဖြန့် ဝေလိုက်ပါတယ် ။


၁၉၈၈ တောတွင်းကို ရောက်တဲ့ အချိန်မှာ ၉၉% သောကျောင်းသားလူငယ်အများစုမှာ
ဝတ်စုံ အပို မပြောနဲ့  လက်ကိုက်ပုဝါမပါ ခဲ့ကြပါဖူး ။

တက္ကသိုလ်ကျောင်းသား အများစု စုရပ်ဖြစ်တဲ့ မယ်တော်ဘုန်းကြီးကျောင်းမှာ
အစည်းအဝေး ၃ ရက်လောက်လုပ်ပြီး ထိုင်းရဲတပ်ဖွဲ့ က နေထိုင်ခွင့်မရှိတဲ့
လူတွေ အားလုံးကို KNU နယ်မြေကို ပြန်ပို့ ခဲ့ပါတယ် ။

ထိုင်းနိုင်ငံတွင်တောင်ပေါ် မျှော့လူမျိုးများက ကွန်မြူနစ် ဝါဒကို သက်ဝင်ယုံကြည်ပြီး
ထိုင်းဘုရင်ကို တော်လှန်ပုန်ကန် စစ်ပွဲရှုံးနိမ့်သည့် ကာလဖြစ်နေပါသည် ။
ထိုင်းဘုရင် စစ်တပ်ကလည်း တောင်ပေါ်သားတွေကို ကွန်မြူနစ်နဲ့ ပတ်သတ်ရင်
ပြင်းပြင်းထန်ထန် စီစစ်နေတဲ့ အချိန်ဖြစ်တယ် ။


လက်နက်ပိုင်ဆိုင်သော တိုင်းရင်းသားလက်နက်ကိုင် တပ်များနဲ့  နားလည်မှုရအောင်
သက်ဆိုင်ရာ နယ်မြေအလိုက် ကျောင်းသားစခန်းများက တည်ဆောက်ရပါတယ် ။
လူမျိုးစုတွေဆီက တန်ဖိုးရှိတဲ့ လက်နက်တွေရဖို့ ဆိုတာ လူမျိုးစု လိုအပ်နေတဲ့
နယ်မြေလုံခြုံရေးတွေနဲ့ ယုံကြည်အောင် အရင်စရပါတယ် ။
အဲဒီတုံးက အေကေ၄၇ တလက်ကို ဘတ်ငွေ ၄၀၀၀ ကျော်ရှိပါတယ် ။
ထိုင်းစစ်တပ်ထဲက လူအချို့ နဲ့  ပူးပေါင်းပြီး ဗီယက်နမ်နယ်မြေထဲကို ဝင်ပြီးဝယ်ရတာပါ ။

တောထဲက ၈၈အုပ်စုတွေ စားနေတဲ့  ဆန်ကို နိုင်ငံတကာ ဒုက္ခသည်တွေအတွက် လှုပေးတဲ့ အထဲက
ခွဲပေးတာပါ ။ ABSDF ကိုယ်ပိုင်ရပ်တည်နိုင်အောင် KNU က စစ်တောင်းမြစ်ဝနဲ့  ပင်လယ်ပြင်ဒေသကို
လုပ်ပိုင်ခွင့်ပေးခဲ့တာပါ ။

စားစရာက မလောက်မငှ ။ ဝတ်စရာက မလုံခြုံ
ငပိမရှိ ဆေးမရှိ နဲ့ ထောင်ကျတာ ထက်ဆိုးတဲ့
ကာလတခုကို ကြံကြံခံပြီး ဖြတ်သန်းခဲ့ကြရတယ် ။
ရေးတော့ လွယ်ပါတယ် ။ တကယ်နေကြည့်ပါ ။
လူငယ်တွေ ဖြစ်တော့ အချိန်ဖြုန်းဖို့ ဘာလုပ်ကြလဲ။
နယ်စပ်မှာ ဆင်ထိမ်းဖို့  စိုက်ထားတဲ့ ဆေးခြောက်ပင်တွေဖက်ကိုလေ ။
ငယ်ရွယ်သူတွေ ပျက်စီးမှာ စိုးလို့  ပညာရေး အစီအစဉ် တွေ လုပ်ကြရတယ် ။

ခါချဉ်ကောင် မာန်ကြီးလို့  တောင်ကြီးကို ဖြိုမယ်လို့  ကြံခဲ့ကြဖူးပါတယ် ။
ခါးသန်အောင် အချိန်ယူလေ့ကျင့်နေရင်
အကောင်ကြီးတွေက အကောင်ငယ်တွေစားပြီး
အားမွေးပြီး သတ်ကွင်းထဲဝင်သွားတယ် ။












တော်လှန်ကော်မီတီရှင်းတမ်း
၁။၁၉၉၀ခုနှစ်ထဲမှာမကဒတအတွင်းတွင်တော်လှန်ကော်မီတီလှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပါသည်။

၂။တော်လှန်ကော်မီတီသည်မကဒတအားအာဏာဖီဆန်သော၊
တန်ပြန်အာဏာသိမ်းသောကော်မီတီမျိုးမဟုတ်တာအားတွေ့ ရပါသည်။

၃။တော်လှန်ကော်မီတီသည်မကဒတ၏လက်နတ်ကိုင်တော်လှန်ရေးသန္ဓေအား ဖျက်ချရန်နှင့်
စေ့စပ်ရေးအချောင်သမားအတွေးအခေါ်ဖြင့်ရန်သူကိုမျက်စပစ်ပြနေသော
ဗဟိုဦးဆောင်မှုအခန်းကဏ္ဍမှကျောင်းသားခေါင်းဆောင်အရေခြုံလူတစု အားပြတ်ပြတ်သားသားဆန့် ကျင်ခဲ့ပါသည်။

၎။သို့ သော်လည်းတော်လှန်ကော်မီတီသည်ဖောက်ပြန်ရေးဝါဒီများအားအပြီး သတ်မရှင်းထုတ်နိုင်ခဲ့သဖြင့်
မကဒတသမိုင်းသည်လူယုတ်မာတစုကြောင့်ညစ်နွမ်းခဲ့ရပါသည်။

၅။ထို့ အတူပင်တော်လှန်ကော်မီတီမှာပါဝင်ခဲ့သောကိုဇော်ထွန်း၊ကိုမျိုးသန့် တို့  ကိုလည်း
ကွန်မြူနစ်၊ရန်သူဒလံအစရှိသည့်သွေးထိုးစကားများဖြင့်မဟာမိတ်
(ကေအင်န်ယူ)အားလှူံဆော်ခဲ့မှုများကြောင့်လူမသိသူမသိလုပ်ကြံခံရပါသည်။

အလားတူပင်စာရေးဆရာနိုင်ဝင်းဆွေလည်းပျောက်ဆုံးသွားခဲ့ပါသည်။

၆။တော်လှန်ကော်မီတီနှင့်ပက်သက်ပြီးကာယကံမြောက်ပက်သက်ခဲ့သော
မိုးသီးဇွန်သည်လည်းစေ့စပ်ရေးအတွေးအခေါ်ဖြင့်၂၀၀၈ဖွဲ့ စည်းပုံအောက်မှာ
ဒူးထောက်သွားခြင်းကိုကျဆုံးသွားရသည့်ရဲဘော်များမှမြင်တွေ့ ပါက ကျိန်န်စာတိုက်နေမှာဖြစ်ပါသည်။
ဒေါင်းနှင့်ကျီးခွဲခြားမြင်နိုင်ပါစေ

စစ်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...