သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၉)
သစ်ထူးလွင်
|
- ဇာတိမြို့မှ ရွေးကောက်ပွဲဝင်လိုတဲ့ ဦးမိုးသီးဇွန်
- မြန်မာနိုင်ငံမှ ခိုးဝင်သူ ၁၂၃ ဦး ဘင်္ဂလာက ပြန်ပို့၊ မြန်မာနယ်စပ် အထိန်းအကွပ်မရှိ ဖြစ်နေဆဲ
- ဆေးရုံသွားတိုင်း ရောဂါကူးမလား
- ဂျပန်တက္ကသိုလ်အသင်းကို မြန်မာအသင်း ၁-၀ ဂိုးဖြင့် ရှုံးနိမ့်
- မဟာချိုင်တွင် ရဲအယောင်ဆောင်ပြီး မြန်မာအလုပ်သမားများထံမှ ဖမ်းဆီးလုယက်
- ထိုင်ဝမ်ငါးဖမ်းသင်္ဘောများကို ဂျပန်စစ်သင်္ဘောများ မီးသတ်ပိုက်ဖြင့် ဖြိုခွင်း
- မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ
- ပဲခူးထောင်တွင် ထောင်မှူးက အကျဉ်းသားကို ရိုက်နှက်နှိပ်စက်
- တိုင်းမှူးဟောင်းဗိုလ်ချုပ်ထွန်
းကြည် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ပေါ်ထွက်လာ - ပုဂံနန်းတော်ရာတွင် အနှိပ်ခန်းထည့်သွင်းမည်ကို ဒေသခံများ လက်မခံ
- မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာ ဟု အမေရိကန် စစ်တမ်းတွင် ဖော်ပြ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့် များ မြန်မာသို့ လာရောက်ရန် စိတ်ဝင်စား
- မြစ်ဆုံအနီးမှ အောင်မြင်သာစံပြရွာ မူးယစ်ဆေးသုံးစွဲမှု လွန်ကျွံလာ
- ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်ကိုက်နာ
- ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင် စစ်ရှောင်ဒုက္ခသည် ၉ဝဝဝ ခန့် ရှိပြီ
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်ငံသို့ လာရန် ရည်ရွယ်ထား
- ရွှေပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေညာချက်ထုတ်ပြန်
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ 7Day News ဂျာနယ်
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly
- `မစု... ပိန်သွားတယ်`
- ဖို့ဝိန်း မြန်မာမိသားစုများ တွေ့ဆုံပွဲက ဒေါ်အောင်ဆန်း စုကြည် ပြော ကြားချက် (ရုပ်/သံ)
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ
Posted: 26 Sep 2012 07:48 AM PDT
(ပြည်တော်ပြန် ၈၈ ကျောင်းသား ခေါင်းဆောင် ဦးမိုးသီးဇွန်နှင့် အင်တာဗျူး)
ပြည်တော်ပြန် ၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ဦးမိုးသီးဇွန်က လာမည့် ၂ဝ၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိမြို့ဖြစ်သည့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း မြိုကနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြော ဆိုလိုက်သည်။ --- အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:53 AM PDT
ယခုတလောတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံသို့ ခိုးဝင်လာ သူများကို ပြန်ပို့နေရာ လွန်ခဲ့သော တနင်္လာနေ့ နေ့လည်ပိုင်းက လူပေါင်း ၁၂၃ ဦးကို ဘင်္ဂလာဒေခ်ျ့ ဘက်မှ မြန်မာသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။ သူတို့မှာ မြန်မာဘက်က မွတ်ဆလင်များ ဖြစ်ကြပြီး နယ်စပ် ဖြတ်ကျော်လမ်းများမှ တဆင့်----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 05:46 AM PDT
ဆေးရုံ၏ သန့်ရှင်းမှု၊ တည်ဆောက်ထား သည့်ပုံစံ၊ လေ၀င်လေထွက် စနစ်များ စသည့် အားနည်း ချက်တို့က ဆေးရုံသို့ ရောက်ရှိ လာသော လူနာများအား ဆေးရုံမှ တစ်ဆင့် ရောဂါပိုးများ ပြန်လည် ကူးစက်နိုင်သည့် အခွင့် အလမ်းကို ဖြစ်ပေါ်စေကြောင်း ကျန်းမာရေး အသိုင်းအ၀ိုင်းက သုံးသပ်ပြောကြားသည်။ -----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 05:51 AM PDT
ဂျပန်တက္ကသိုလ်လက်ရွေးစင်အသင်းနဲ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Sep 2012 05:56 AM PDT
ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်ဒေသမှာ ရဲယောင်ဆောင်ထားတဲ့ အမည်မသိ လူတစုက မြန်မာ အလုပ်သမားတွေကို မကြာခဏ ဖမ်းဆီးလုယက်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေ သူတွေက ပြောပါတယ်။ ဒီလပိုင်းအတွင်းမှာ အလုပ်သမားတွေဆီကနေ မကြာခဏလုယက်နေပြီး စနေနေ့ညက လုယက်ခံရမှု ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:02 AM PDT
တရုတ်နဲ့ ဂျပန်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ထဲကို ၀င်ရောက်လာတဲ့ ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄၀ လောက်နဲ့ ကမ်းခြေစောင့်သင်္ဘော ၈ စင်းကို ပြန်လှည့်သွားအောင် ဂျပန်စစ်သင်္ဘောတွေက မီးသတ်ပိုက်တွေနဲ့  ဖြိုခွင်းခဲ့ပါတယ်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:08 AM PDT
မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်မှာ ကျပ် ၁ သောင်းတန် ငွေစက္ကူတွေနဲ့ ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူတွေကို ဖမ်းဆီး စစ်ဆေးနေ တယ်လို့ မြို့နယ် ရဲစခန်းက ပြောပါတယ်။
ပြည်ကြီး တံခွန် ရဲစခန်း တာဝန်ကျ အရာရှိတဦးက ဒီအမှုကို စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ကိုင်တွယ် ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:14 AM PDT
ပဲခူးအကျဉ်းထောင်တွင်းမှာ ထောင်မှူးတဦးက အကျဉ်းသားတဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုကို မကျေနပ်တဲ့အတွက် အကျဉ်းသားမိသားစုက တိုင်ကြားခဲ့တဲ့အပေါ် ထောင် အာဏာပိုင်တွေက လက်ခံဖြေရှင်းပေးပါတယ်။ ပဲခူးအကျဉ်းထောင်မှူး ဦးကျော်စွာသင်းက---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:23 AM PDT
ပြင်ဦး လွင်မြို့နယ် ၀က်ဝံကျွေးရွာမှ လယ်ယာမြေ (၁၈၆)ဧကကို တိုင်းမှူးဟောင်း ဗိုလ်ချုပ် ထွန်းကြည် မှ သိမ်းဆည်း ခဲ့ကြောင်း လယ်ယာမြေသိမ်းဆည်းမှု စုံစမ်း စစ်ဆေးရေး အဖွဲ့ထံက သိရှိရသည်။
"ပြင်ဦးလွင်မှာ ရှိတဲ့ ၀က်ဝံကျးရွာ၊ ရတနာပုံ ဆိုက်ဘာ စီးတီး၊ သက္ကံချိန်ကျေးရွာတွေမှာ ဒီလ ၂၄. ၂၅. ၂၆ ရက်နေ့တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တော့ ဒီမှာလည်း လယ်ယာမြေ တော်တော် များများ သိမ်းဆည်း ခံထားရတာကို တွေ့ခဲ့ရတယ်။" ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:28 AM PDT
သမိုင်းပြတိုက်ဝင်း (Historical Park) အဖြစ် ပြုလုပ်မည့် ပုဂံမြို့ဟောင်း နန်းတော်ရာ အထဲတွင် စားသောက်ဆိုင်နှင့် ရိုးရာအနှိပ်ခန်းများ ထည့်သွင်းရန် ဆောက်လုပ်မည့် ကုမ္ပဏီက စီစဉ်နေသည့် အပေါ်တွင် ဒေသခံများနှင့် လူမှုအရေး အဖွဲ့အစည်းများက လက်ခံနိုင်ခြင်း မရှိကြောင်း သိရသည်။ --
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 06:45 AM PDT
မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း အမေရိကန် အခြေစိုက် Freedoom House ၏ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့် “Freedom on the Net 2012”တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ စစ်တမ်းမှာ နိုင်ငံ အသီးသီးကို အဆင့်(၀)မှ(၁၀၀)အထိ သတ်မှတ်၍ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 07:01 AM PDT
၁၂ တန်း အခြေခံပညာရေး စနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်တွင် စတင် အကောင် အထည်ဖော် ကျင့်သုံး သွားရန်ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။
ပညာရေး ဝန်ကြီးဌာ နနှင့်ပညာ ရေးနှင့် ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 07:08 AM PDT
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေ ရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ်ရရှိ ခဲ့ခြင်းကြောင့် အမေရိကန်နိုင် ငံသားများ မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားလာကြကြောင်း ခရီးသွားလုပ်ငန်း များမှ သိရသည်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 07:16 AM PDT
မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ရွာသားများ နေထိုင်သည့် အောင်မြင်သာ စံပြကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်ပိုင်း သေဆုံးမှုများ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
''လူငယ်တွေ မူးယစ်ဆေး ကြောင့် သေဆုံးတာ ၁ဝ ဦး လောက်ရှိပြီ။ လက်ရှိသုံးစွဲနေတာ လည်း အများကြီးရှိသေးတယ်'' ဟု --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 07:26 AM PDT
ဒီအချိန်က သူတို့ဘဝအတွက် အခက်ခဲဆုံးအချိန်ဟု အီလက်ထ ရောနစ်Show Room သာ တစ်ခုတွင် လုပ်ကိုင်သော အသက် ၂၇ နှစ်ရှိ ကိုမိုးကျော်(အမည်လွှဲ)က ပြော သည်။ နောက်လဆိုလျှင် တိုက်ခန်း ငှားထားသည့် ခြောက်လစာချုပ် ပြည့်ပြီ။ ဆက်ငှားလိုပါကမူလဈေး ခြောက်သောင်းမရတော့။ တစ် သောင်းတိုးကာ ခုနစ်သောင်းပေး နိုင်လျှင် ဆက်ငှားမည်ဟု ပိုင်ရှင်က ရာဇသံထုတ်ထားသည်။ တစ်ပူပေါ် တစ်ပူဆင့်ပြန်သည်က တစ်နှစ်နီးပါး။ သူတို့လင်မယားနှင့်အတူ စပ်ပေါင်း ငှားနေသော လင်မယားက သီးခြား ခွဲနေတော့မည့်အကြောင်း ဆိုင်း မဆင့်ဗုံမပါ ကြေညာသည်။
''ရန်ကုန်ကတော့ဗျာ။ သေ တာကမှ ကျော်သူ ရှိနေတော့ စိတ် အေးလက်အေး သေပစ်လိုက်လို့ရ ဦးမယ်။ အခု နေဖို့အတွက်တော့ ရူးတောင်ရူးချင်လာပြီ''ဟု ကိုမိုး ကျော်က စိတ်ဓာတ်ကျနေသည့် အသွင်ဖြင့် ပြောသည်။သူရထားသည့်ဘွဲ့က သင်္ချာ။ ဝယ်သူလာလျှင် တီဗီများ ထမ်းရ၊ တင်ရနှင့် ကူလီပါပဲဟု ဘုတော သည့် အလုပ်က လစာရှစ်သောင်း။ အလှကုန်ကုမ္ပဏီတစ်ခုတွင် ရုံးထိုင် ဝန်ထမ်းအဖြစ် လုပ်နေသည့် သူ့ အမျိုးသမီးကတော့ ယခုလမှ ခြောက်သောင်းစရသည် ဆို၏။ ယခင်ကတော့ နှစ်ဦးပေါင်းလစာ တစ်သိန်းကျော်ကျော် ဆိုသော် လည်း သူတို့လို လင်မယားတစ်တွဲ နှင့် တွဲနေ၍ အိမ်လခက တစ်လမှ သုံးသောင်းသာ။ တစ်နှစ်တိတိ အဆင်ပြေနေခဲ့သော သူတို့၏ ကျောတစ်ခင်းစာသည် ယခုတော့သေရေးရှင်ရေးအဖြစ် ခေါင်းလောင်း တီးနေပြီဖြစ်သည်။ ''အရင်နေခဲ့တဲ့ လှိုင်သာယာ ပဲ ပြန်ရွှေ့ရတော့မယ်ထင်တယ်။ အဲဒီနေရာက သွားရေးလာရေး အဆင်မပြေဘူးဗျာ။ မိန်းမနဲ့ကျွန် တော် အလုပ်ဆင်းချိန်လည်း မတူ ဘူး။ မိုးချုပ်တော့ အပြန်ကား ခက် တယ်။ အဲဒီဒဏ်မခံနိုင်လို့ မြို့ထဲ အလုပ်နဲ့နီးနီးနားနားဒီဗဟန်းထဲ အိမ်သည် ဤအရပ်၌ ပျော်စရာ မဟုတ်ပါ အိမ်သည် အားလုံးအတွက် တော့ ပျော်ရွှင်ဖွယ်ရာ မဟုတ်ပါ။ ထူးအိမ်သင်၏ 'အမေ့အိမ်'သီချင်း အား လူကြိုက်များရခြင်းမှာ နွေး ထွေးလုံခြုံသော အိမ်၏အဓိပ္ပာယ် ကို ဆုံးရှုံးနေရ၍ဖြစ်မည်ဟု ထင်ပါ သည်။အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ရွှေ ရောင်မျှော်လင့်ချက်ဖြင့် ဖောင်ဖျက် ၍ လာရောက်အလုပ်လုပ်ကိုင်နေ သော ကျေးလက်၊ နယ်မြို့ များမှ သူများ အတွက်တော့ ရန်ကုန် ၏ ကျောတစ်ခင်းစာသည် သူတို့ မျှော်လင့်ထားသည်ထက် ပို၍ခက်ခဲ သော တိုက်ပွဲစစ်စစ် ဖြစ်လာခဲ့ပါ ပြီ။ အခြေခံနှင့် အလယ်အလတ် လုပ်သားအများစု၏ ဝင်ငွေနှင့်လိုက် လေဝေးလေဖြစ်နေသော ကုန်ဈေး နှုန်း။ မိုးထိထောင်နေသော လူနေမှု စရိတ်များနှင့် ဘဝရပ်တည်မှု၊ လုံ ခြုံမှု အာမခံချက်မရှိသော ကိုယ်ဖြစ် ကိုယ်ခံ ရန်ကုန်တွင် ကျောတစ်ခင်း စာအတွက်ကိုမိုးကျော်တို့ကဲ့သို့ ဘဝအခြေပျက်မတတ် ရင်ဆိုင်နေ ရသူများအဖို့မူ အားကိုးရာသည် နတ္ထိမှ တက်မလာသေးခြင်းကတော့ အမှန်တရားဖြစ်သည်။ရန်ကုန်၏ မူလရှိရင်းစွဲ လူဦး ရေအရမူ ပြဿနာမဟုတ်။ သို့ သော် ဖွံ့ဖြိုးစနိုင်ငံငယ်များတွင် ကြုံတွေ့ရတတ်သည့်အတိုင်း ကျေး လက်နှင့် နယ်မြို့များကို စွန့်ခွာ၍ မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့ အခြေချနေထိုင်သူများ၊ ရွှေ့ပြောင်း လုပ်သားများတစ်စတစ်စ တိုးပွား လာခြင်းသည်ပင်အထက်ပါ ပြဿ နာများ၏အစ ဖြစ်သည်။ အဆိုပါပြဿနာသည် ယခု နှစ်အတွင်း ပိုမိုသိသာလာနေပြီး အရပ်သားအစိုးရ အပြောင်းအလဲ၊ ပွင့်လင်းလာသောစနစ်နှင့် တိုးပွား လာမည့် အလုပ်အကိုင်အခွင့်အ လမ်းများနှင့် အတူ ရှေ့သို့မဖြစ်မနေ အမီလိုက်ရတော့မည့် နောက်ကျကျန်နိုင်ငံအတွက်အနာဂတ် နိုင်ငံတကာ ရောဂါ ယင်းကဲ့သို့ လူဦးရေတိုးပွား လာမှုကြောင့် အာရှ၏ အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော ဂျပန်တွင် လည်း အိမ်ရာမဲ့ ပြဿနာများ ရင် ဆိုင်ခဲ့ရသည်။ ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းမှာလက်ရှိကာလတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ဆင်းရဲ နွမ်းပါး မှုနှုန်း ၁၅ ဒသမ ၇ ရာခိုင်နှုန်း အထိရှိနေကြောင်း၊ထို့အပြင် ဂျပန် နိုင်ငံသည် စက်မှုဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ် သော်လည်း အိမ်ရာမဲ့ဦးရေမှာ ၁၅၁၈ဝဝ အထိရှိနေကြောင်း သိရ သည်။ တစ်ကိုယ်စာအခန်းဟိုတယ် ဂျပန် အိမ်ရာမဲ့များသည် တစ် ကိုယ်စာ အခန်းငယ်ဟိုတယ်များ တွင် နေထိုင်လာကြကြောင်း နယူး ယောက်တိုင်းမ်သတင်းစာ ခေါင်း ကြီးပိုင်း၌ မကြာသေးမီက ဖော်ပြ ခဲ့သည်။ အဆိုပါ တစ်ကိုယ်စာ အခန်း ငယ်လေးများတွင် တစ်ညတာ အိပ်စက်၊ တည်းခိုရုံမကတော့ဘဲ ရက်သတ္တတစ်ပတ်ပြီး တစ်ပတ် နေလာကြပြီး လနှင့် ချီသည်အထိ နေထိုင် လာကြကြောင်း ယင်းဖြစ် ရပ်အပေါ်ဟိုတယ်ပိုင်ရှင်များ သတိ ပြုမိလာပြီးတစ်လစီအတွက်အထူး နှုန်းလျှော့ဈေးများပေးလာခဲ့သည် အချို့ အိမ်ခြေမဲ့များမှာမူ ၂၄ နာရီဖွင့်လှစ်သည့်အင်တာနက်ဆိုင် များတွင် ညလုံးပေါက်နေကြပြီး တစ်ဦးချင်းအခန်း၊ ကိုယ်ပိုင်အခန်း စတာတွေငှား၍ရရှိကာတစ်လလျှင် ၁၅ ဒေါ်လာမှ ၂၅ဒေါ်လာသာကုန် ကျမှာဖြစ်ကြောင်းလည်းသိရသည်။ ရန်ကုန်သည် ဂျပန်မဟုတ် သို့သော် ''ရန်ကုန်မှာက နိုင်ငံလူဦးရေ ရဲ့ ၁ဝ ရာခိုင်နှုန်းလောက် နေထိုင် တာပါ။ တစ်နှစ်တစ်နှစ်ကိုလည်း ပြောင်းရွှေ့နေထိုင်သူတွေရှိလို့ အခန်းပေါင်း နှစ်သောင်းလောက် လိုပါတယ်။ ဒီအတွက် နောင်အနာ ဂတ်မှာ နိုင်ငံတော်နဲ့ ကုမ္ပဏီတွေ ပေါင်းပြီး ဆောင်ရွက်မှအဆင်ပြေ မှာပါ။ စင်ကာပူဆို ရန်ကုန်မြို့ရဲ့ လေးပုံတစ်ပုံပဲ ရှိတာ။ ဒါပေမဲ့ အစိုးရက ချမ်းသာတဲ့အတွက် ရှေ့ ၁ဝ နှစ် အနှစ် ၂ဝ အတွက် ကြို ပြီး စီမံကိန်းတွေလုပ်တယ်။ ဒီအ တွက် အခက်အခဲမရှိဘူး။ လူတိုင်း အိုးပိုင်အိမ်ပိုင်ရှိတယ်။ ဒီမှာလည်း အစိုးရက အပြောင်းအလဲတွေ လုပ် လာပြီဆိုတော့ နိုင်ငံခြားအကူအညီ တွေကိုလည်း မျှော်လင့်ရတာပါပဲ'' ဟု Gold Cycle Engineering & Project International Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက် ခိုင်ကသုံးသပ်သည်။ အတက်ကြမ်းကြမ်းအိမ်ဇာတ်လမ်း လက်ရှိအနေအထားအရ ရန် ကုန်မြို့ အိမ်ငှားဈေးကွက်မှာ၂ဝ၁၂ နှစ်ဦးမှစ၍ မြင့်တက်လာပြီး နေရာ ကောင်းများတွင် ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းနီးပါး တိုးလာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင် နေသူများထံမှ သိရသည်။''အခြေခံနဲ့ လူလတ်တန်းစား တွေရဲ့ တစ်သိန်းအောက် အငှား ရာခိုင်နှုန်းကတော့ မှန်းလို့မရဘူး။ ဒါပေမဲ့ ဝန်ထမ်းတွေနဲ့ ကျောင်း သားတွေက တိုက်ခန်းဈေးနှုန်း မြင့် လာတာနဲ့အမျှ ဈေးနှုန်းတိုးရင် တိုးသလောက် လူကို ပိုပြီး များများ စုနေလာကြတယ်။ အရင်တုန်းက တစ်သိန်းခန်းက တစ်သိန်းခွဲဖြစ် သွားရင် အရင် လေးယောက်စုနေ ရာကနေ ဆယ်ယောက်လောက် စုပြီးနေကြတာပေါ့။ အဲဒီလို ဖြစ် လာတယ်''ဟု စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုးဆောင်မှ စီမံမန်နေ ဂျာဦးရန်အောင်က ပြောသည်။ အကျိုးမျှော်ကာ ထိုးဆော်ကြ သူများ ရန်ကုန်အိမ်ငှားဈေးကွက်၏ ပုံမှန်သဘာဝအရမူ ဝါမဝင်မီအချိန် အိမ်ခန်းအပြောင်းအရွှေ့ လှုပ်ရှား တတ်ပြီး ယင်းကာလတွင် ဈေးနှုန်း အပြောင်းအလဲ ဖြစ်တတ်သော် လည်း ယခုနှစ်တွင်မူ လစဉ်နှင့်အမျှ အငှားဈေးကွက် လှုပ်ခါနေသည်မှာထူးခြားမှုဖြစ်သည် ''မရှိလွန်းလို့သာ ငှားနေရ တာဗျာ။ အခန်းက ကျဉ်းလွန်းတော့ ကျောချပြီးရင် ဟိုဘက်ဒီဘက် လှည့်လို့တောင် သိပ်မရချင်ဘူး။ တစ်ခါတစ်ခါဆို ကျွန်တော် တွေး မိတာ ရှိတယ်။ ငယ်ငယ်က သင်ခဲ့ ရတာလေ။ ရေနံမြေအလုပ်သမား တွေက ၁ဝ ပေပတ်လည်အခန်း ကျဉ်းလေးထဲမှာ နေရတယ်တဲ့။ အဲဒါ ကိုလိုနီခေတ်ကနော်။ အခု ဒီမိုကရေစီလမ်းကြောင်းေ ပ်ါရောက် နေပြီ။ ကျွန်တော်တို့နေရတဲ့အခန်း က ၅ ပေ ၈ ပေဆိုတော့ တစ်ခါ တစ်ခါရယ်ချင်သားဗျာ''ဟု ခနိုးခနဲ့ ရင်ဖွင့်သူက လမ်းမတော် (၅)လမ်း ရှိလင်မယားအဆောင်တွင် တစ်လ လေးသောင်း၊ လချင်းရှင်းစနစ်ဖြင့် ငှားရမ်းနေထိုင်နေရသော ကိုချစ်နိုင် ဖြစ်သည်။ သူတို့လင်မယားက ယခင် အချိန် လှိုင်သာယာတွင် နေထိုင် သော်လည်း အလုပ်ရှိရာ မြို့တွင်းသို့ လာရသည့် ခရီးစရိတ်နှင့် ကားစီးရ သည့်ဒုက္ခများကြောင့် ဤသို့ ကျဉ်း ကျဉ်း ကျုတ်ကျုတ်အခြေအနေကို ရွေးချယ်ရခြင်းဟု ဆိုပါသည်။ ကိုချစ်နိုင်က ဧရာဝတီဒေးဒရဲမြို့မှ ရန်ကုန်သို့ အလုပ်လာလုပ်ရင်း ရန်ကုန်သူနှင့် နဖူးစာ ရွာလည်ခဲ့ သလို ဘဝတွေလည်း ချာချာလည် ဟုရယ်ရယ်မောမောပြောပါသည်။လက်ရှိ ''အိမ်ထောင်ပရိဘောဂလည်း ဘာမှမရှိတော့ ဒီလိုမျိုး လင်မယား အဆောင်မှာ ခေါင်းဝင်ကိုယ်ဆံ့ နေလို့ရသေးတာပေါ့ဗျာ။ ဒါကြောင့် လည်း လူဦးရေတိုးမယ့်ကိစ္စကို တောင် ကာကွယ်ထားရတယ်'' ဟု မျိုးဆက်တာဝန် မကျေနိုင်သေး သည့်အပေါ် သူရှက်ရွံ့သည့်ပုံစံဖြင့် ပြောသည်။အများစု ကြုံတွေ့နေရသည့် ပုံသဏ္ဌာန်အရမူ အိမ်ငှားသည့်အခါ အကျိုးဆောင်နှင့်ပွဲစားက အိမ်ရှင် ၏အထက်တွင် ရှိနေတတ်ပြီး ၄င်း တို့သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းသာ ယူ မယူ ဆုံးဖြတ်ရန် မှလွဲ၍ အခွင့်အရေးမရှိကြောင်းနှင့် ဝယ်သူအမြဲမှန်သည်ဆိုသည့်စကား မှာ ဤလောကတွင် ဟာသသာ ဖြစ်သည်ဟု ရန်ကုန်တွင် ခြောက် နေရာခန့် ပြောင်းရွှေ့နေထိုင်ခဲ့ဖူး သည့် တက္ကစီယာဉ်မောင်းတစ်ဦး ဖြစ်သူ ကိုနေကျော်ကပြောသည်။ ''ကျွန်တော့်အတွေ့အကြုံ အရ ပွဲစားရဲ့သဘာဝက သူတို့ မြိုး မြိုးမြက်မြက်ရဖို့ပဲ စဉ်းစားကြတာ။ သူတို့ကလည်း သူတို့စားဝတ်နေ ရေးအတွက် လုပ်ရတာပါလို့ ပြော ပေမယ့် တစ်ဖက်လူရဲ့အခက်အခဲကို တွေးမပေးဘူး။ ခင်ဗျားကို အတင်း လည်းတောင်းပန်ပြီး ငှားခိုင်းမှာ မဟုတ်ဘူး။ တန်းစီနေတာဗျ။ အဲဒီတော့ ခြောက်သောင်းတန် လောက်က ခုနစ်သောင်း ရှစ် သောင်းပြောလည်း ခင်ဗျား ငှား မလား၊ မငှားဘူးလား။ ဒါပဲလေ''ဟု သူက ပြောသည်။ပွဲစားမလိုပါဟု ပြတ်ပြတ်သား သား ကြေညာထားသည့် အိမ်ခန်း တိုက်ခန်းများရှိသော်လည်း ရှားပါး ပါသည်။ ရန်ကုန်မြို့တွင် ငှားရမ်း နေထိုင်သူအများစုမှာ အိမ်ရှင်နှင့် နဖူးတွေ့ ဒူးတွေ့ဆုံရသည်မဟုတ် ဘဲ ပွဲစားနှင့်သာ ပြီးရသည်က များ သည်။ ထို့အတွက်ကြောင့်လည်း အိမ်ငှားဈေးကွက်တွင် ပွဲစားသည် သာ ဘုရင်။ ''ဈေးကတော့ အိမ်ရှင်သတ် မှတ်ထားတဲ့ နှုန်းအတိုင်း ပြော တယ်။ ပွဲခအတွက် အိမ်လခရဲ့ တစ်လစာကို အိမ်ရှင်ဘက်ကရော အိမ်ငှားဘက်ကပါ ယူတယ်။ အိမ် ရှင်က ပွဲခမပေးရင်တော့ ပွဲညွန့် သဘောမျိုးနဲ့ သူသတ်မှတ်ထားတဲ့ နှုန်းထက် ပိုတင်ပြီးအိမ်ငှားကို ပြောတယ်။ လက်ခံရင် တစ်လစာ ပွဲခအပြင် ဈေးပိုတောင်းတဲ့နှုန်းအ တိုင်း အကုန်ရတယ်''ဟု ကျောက် မြောင်းမြို့နယ်မှ အိမ်ပွဲစား မလှဌေး က သူမတို့၏လုပ်ငန်းသဘာဝကို ပြောပြသည်။စမ်းချောင်းမြို့နယ် အနာဂတ်ရောင်နီ မပီတပီ အမှန်ဆိုရလျှင် အိမ်ငှားပြဿ နာများက မုန့်လုံးကို စက္ကူကပ်ခြင်း လို အိမ်ရှင်က အိမ်ငှားကို လက် ညှိုးထိုး၊ အိမ်ငှားကပွဲ စားကိုအပြစ် တင်နှင့် ချာချာလည်။ အခက်အခဲ နှင့် မပြေလည်မှုများရှိသော်လည်း ဘဝအခြေမပျက်စေရေးအတွက် အားလုံးကကျားကုတ်ကျားခဲရပ် တည်နေခြင်း ဖြစ်ပါသည်။ထိုအခြေအနေများ အတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဆို သည့် အသံများ အနည်းငယ်ကျယ် လောင်လာခြင်းသည်ပင် ရန်ကုန် မြို့ပြမြစ်အတွင်း နစ်နေသူများအ တွက် ကောက်ရိုးတစ်မျှင် ဖြစ်လာ မလားဟု နားစွင့်နေသူတွေက အများအပြား။အဆိုပါစီမံကိန်းများ အပေါ် စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ စီမံမန်နေ ဂျာဦးရန်အောင်က ဤသို့ သုံးသပ် ခဲ့သည်။ ''တန်ဖိုးနည်း အိမ်ရာစနစ်က ပေါ်သင့်တာ ကြာပါပြီ။ ဒါပေမဲ့ အခုမှ ခေတ်စနစ်ပြောင်းလာတဲ့ အတွက်ကြောင့် ဒီစီမံကိန်း စလာ တာပါ။ တန်ဖိုးနည်းအိမ်ရာတွေရဲ့ သဘောက ကုမ္ပဏီတွေကဆောက် မယ်၊ အရစ်ကျရောင်းမယ်၊ ဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ အလုပ် လုပ်မယ်၊ ဘဏ်ကနေ ကုမ္ပဏီတွေ ကို ငွေချေးမယ်။ ဘဏ်က အတိုး ယူမယ်အရစ်ကျသွားမယ့်သဘော။ အဲဒါက နောက်ပိုင်း ပိုပြီး ဖွံ့ဖြိုးလာ မယ်''ဟု ၄င်းက ပြောသည် ။သို့ရာတွင် လက်ရှိအနေအ ထားအရမူ အိမ်ရာစီမံကိန်းများ သည် ပြည်သူအများစု လက်လှမ်း မမီနိုင်ဘဲ အဝေးမှသာ ငေးနေရဆဲ အတွက်မူ ၄င်းက ''ဈေးကွက်စီး ပွားရေးစနစ် ပီပီပြင်ပြင် မဖြစ်သေး ဘူးလေ။ အဓိကကတော့ နှစ် ၂ဝ လောက်က စနစ်တွေမှားယွင်းခဲ့ တော့ အဲဒီရဲ့အကျိုးသက်ရောက်မှု က ဒီမှာလာပြီး အရှိန်နှေးနေတာ ပေါ့။ အခုကတော့ လူလတ်တန်း စားတွေတောင် မကပ်နိုင်သေးဘူး။ တကယ်လည်း အပြိုင်အဆိုင်တွေ မပေါ်သေးလို့ပါ။ စီမံကိန်းတွေ နည်းနေသေးတဲ့အတွက် အကောင် အထည်မပီပြင်သေးတာပါ'' ဟု ဆိုသည်။ Father Land ဆောက်လုပ် ရေးမှတာဝန်ရှိသူတစ်ဦးက''အိုးပိ Golden Star မှ ဦးစိုးသန်း ကလည်း အိမ်ခန်းငှားရမ်းမှု ဈေး နှုန်းများမြင့်တက်နေမှုနှင့် လက်ရှိ ပြဿနာအပေါ် သုံးသပ်ရာတွင် ''နိုင်ငံတော်ကတန်ဖိုးနည်းဈေးန သူတို့တွက်ချေကိုက်မှ ဆောက်မှာ။ ရန်ကုန်နဲ့ အလှမ်းဝေး တဲ့နေရာ ယုဇနဥယျာဉ်မြို့တော်လို နေရာမျိုးတွေမှာ ဆောက်မယ်ဆို ရင် သူတို့အတွက် တွက်ချေကိုက် မယ်။ အစိုးရကမြေပေးရင် တစ်ဝက် လောက် သက်သာသွားမယ်။ ဒါဆို လူတိုင်းနီးပါးဝယ်နိုင်မယ်''ဟု လှုပ်ခတ်မြင့် တက်သွား ခဲ့ကြောင်း အိမ်ခြံမြေလုပ်ကိုင်နေ သူများထံမှ သိရသည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ စီမံမန် နေဂျာဦးရန်အောင်က သုံးသပ်ရာ တွင် ''မြန်မာနိုင်ငံမှာက ဘာမှား နေသလဲဆိုရင် မြို့မြေတိုးချဲ့ တယ်ဆိုရင် ဒီအတိုင်းမြေကို လက် ညှိုးထိုးရောင်းတာ။ အဲဒီ့မြေပေါ်မှာ လမ်းတို့၊ မီးတို့၊ အခြေခံအဆောက် အဆုံတို့ ဘာမှ လုပ်မထားတော့ တကယ့် လူနေဖို့ အဆင်သင့်မဖြစ် သေးဘူး။ မဖြစ်တဲ့အတွက် အဲဒီမြေ တွေကို ဝယ်ရောင်းသမားတွေကပဲ ပါမစ်တွေ စလစ်တွေကိုင်ပြီး ကစား နေကြတာ၊ မြေကြီးသက်သက်ကို လေး ငါးနှစ်ဒီအတိုင်းထားပြီး ဈေး တွေ သာတက်လာတယ်''ဟု ဆို သည်။ဈေးကွက်စီးပွားရေး စနစ်ပီ ပြင်သော နိုင်ငံများတွင် အိမ်ခြံမြေ စသဖြင့် ဝယ်ယူရာတွင် နှစ်ရှည် အရစ်ကျစနစ်ဖြင့် ခွင့်ပြုထားပြီး ပေးသွင်းမှုမှာလည်း ဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းကိုသာ သွင်းရသည့် အတွက် ဝယ်ယူနိုင်ကြကြောင်း ၄င်းကထပ်မံပြောသည်။ ထူးမခြားနား ရန်ကုန် သို့ရာတွင် အပြောင်းအလဲ များက အခုမှစသည် ဟူသော စကားလုံးများနှင့်သာ အနာဂတ် ကိုငေးရင်း မြို့ပြနှင့်ဝေးရာ ငွေ သက်သာနိုင်မည့် အစွန်အဖျားမြို့ သစ်များတွင် ခိုအောင်းနေရင်း၊ ကျပ်သိပ်ပိတ် လှောင်နေသည့် ကားကို အတင်းတွန်းတိုက်စီးကာ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြေး ရင်းလွှာရင်း၊ တစ်လတာ ရုန်းကန်ခဲ့ ရသည့် လုပ်အားအတွက် အသပြာ ကို မက်သော်လည်း အိမ်လခအ တွက် လကုန်ရက်ကိုကြောက်လန့် နေသူများဖြင့် ဒီမိုကရေစီခေတ် ရန်ကုန်သည် ရှေ့သို့သာသွားနေဆဲ ဖြစ်ပါသည်။ သို့ရာတွင်...။ ''အဓိကနေစရာမရှိ သေးတာ နဲ့ပဲ သီတင်းကျွတ်ပေါင်းလည်းများ ပါပြီ။ ကျွန်တော့် ကောင်မလေးက လက်ထပ်ကြမယ်လို့ ခဏခဏ ပြောနေပေမယ့် တကယ်တမ်းလက် ထပ်မယ်ဆိုရင် ယောက်ျားကလေး ဖြစ်တဲ့ ကျွန်တော်က နေထိုင်စား သောက်မှုအတွက်ဦးဆောင်ရ တော့မယ်။ ဦးမဆောင်ချင်လို့တော့ မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ ရန်ကုန် ရဲ့နေထိုင်မှု အခြေအနေက ဘယ် လောက်ဈေးရှိတယ်ဆိုတာ သိနေ တော့ ကျွန်တော့်အတွက် သောက များပါတယ်'' ဟု ညှိုးငယ်သော မျက်နှာဖြင့် ရင်ဖွင့်နေသူမှာ ကုန် တိုက်တစ်ခုတွင်လုံခြုံရေးဝန်ထမ် ရည်းစားသက်တမ်း ၇ နှစ်၊ ချစ်သူမျှော်လင့်နေသော ရင်ခွင်ရိပ်၊ နှစ်ဦးပေါင်းလစာ ကျပ်တစ်သိန်းနှစ် သောင်းနှင့် မေ့ချင်ယောင် ဆောင် ထားရသော မီးထွန်းပွဲတော်ည များ။ ''စားတာက ဘယ်လိုစားစား ရတယ်။ နေစရာမရှိရင်ဘယ်လို မှမရဘူး။ ကျွန်တော့်ချစ်သူကောင် မလေးကို အားနာပေမယ့်လည်း အတူနေဖို့တော့ မစဉ်းစားနိုင်သေး ဘူးဗျာ။ လက်ထပ်ပြီးတော့မှ နှစ်ယောက်စလုံး မပြည့်စုံတဲ့ဘဝ မှာစိတ်ညစ်နေကြရမှာလား'' ဟု ပြောရင်း သူအဝေးကိုငေးနေပါ သည်။ အိမ်ဆိုသည်မှာ အားလုံးအ တွက်တော့ ပျော်ရွှင်မှုမဟုတ်ပါ။ ရန်ကုန်၏ မြင့်မားသော အဆောက် အအုံများ၊ ခံ့ညားသစ်လွင်သော ကွန်ဒိုကြီးများ၊ အပန်းဖြေစရာများ နှင့် အဆင့်မြင့် အိမ်ရာများကြား စိတ်လက်ပေါ့ပါးစွာ ကျောမချနိုင် သေးသည့်ညများဆိုသည်မှာ ဘဝ များစွာကို ကိုက်ခဲနေသည့် အနာ ဖြစ်ပါသည်။ သတင်းအချက်အလက်- အောင်ဇော်၊ တက်လူ၊ ဝေမာထွန်း၊ အိမ်စည်စိုးစံ၊ သီင်္ဂီဝင်း၊ အောင်ခွန်းဆက်ရေးဖွဲ့သည်။ by Popular Myanmar News Journal | ||
Posted: 26 Sep 2012 07:24 AM PDT
မရပ်စဲသေးသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် ဖားကန့်အပါအဝင် ကယ်ဆယ်ရေးစခန်း ၃ ခု၌ စစ်ရှောင် ဒုက္ခသည်ပေါင်း ၉ဝဝဝ ဝန်းကျင် ရောက်ရှိနေပြီဟု ကချင်ပြည်နယ် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဖွင့်လှစ်ထားသည့် ကယ်ဆယ် ရေးစခန်း နေရာများမှာ ဖားကန့်၊ လုံးခင်းနှင့် စိုင်းဒေါင်ဒေသ အနီး----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Sep 2012 04:11 AM PDT
တတိယမြောက် ဂျိမ်းစ်ဘွန်း မင်းသား အဖြစ် သရုပ်ဆောင် ခဲ့သူ မင်း သားကြီး ဆာရော်ဂျာမိုး က ၄င်း ၏ အားလပ်ရက် အပန်းဖြေ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ကို ရွေးချယ် ထားပြီး မြန်မာ့ ဒီမို ကရေ စီခေါင်းေ ဆာင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံသွားမည် ဟု တယ်လီ ဂရပ် သတင်း စာ ၏ ခရီးသွား ကဏ္ဍ မေး မြန်းခန်း တွင် ဖြေကြား ထားသည်။
ယခုအခါ အသက် ၈၄ နှစ် အရွယ်ရှိပြီဖြစ်သော ဂျိမ်းစ်ဘွန်း မင်းသား ကြီး ဆာရော်ဂျာမိုး က ဒေါ်အောင်ဆန်း စုကြည်၏ ဥ |
0 comments:
Post a Comment