Friday, September 28, 2012

လိင်စိတ် . . . အချစ်နဲ့ . . . ယားတဲ့အတွေးတွေ


by Mar Ga Luelin on Friday, September 28, 2012 at 11:00am ·

 
အမျိုးသမီးတွေမကြိုက်တဲ့
....ကွမ်းသွေးတွေကို ဗြစ်ခနဲ ထွေးပြစ်လိုက်တယ်


ဒိုင်အော့ခီးမီး ၊ ပလေတို ၊ တဂိုး  ခဗျားတို့ ဒီပါးသာဖြတ်ရိုက်ပလိုက်တော့
တစစီ ဖယ်ထုတ်  လွင့်  ပစ်  ခဲ့ ၊ သေချာတယ် ကျနော်ဟာ သာမန်လူပဲ
သာ မန် လူ ပဲ . . . လိင်တပ်မက်စိတ်နဲ့ ဘာသာတရားကိုင်းရှိုင်းတယ် . . .

အချစ်ဟာ မွေ့ရာပေါ်က ပြဇတ်နဲ့ ညီအကိုတော်ဖြစ်ခဲ့သလား
လူ့စိတ်ဟာ လူ့စိတ်ပဲ ၊ မျောက်ဝံတွေလို ဒဲ့ မတောင်းဆိုရင်တောင်
ကျနော်တို့ရဲ့ မွန်မြတ်တဲ့ စကားနဲ့ အဖြေတောင်းတယ်
မေ့ပြစ်လိုက် ထားလိုက်  အနည်းဆုံးတော့ ဖုံးကွယ်ထားလိုက်
လူသားဆန်တဲ့ သူအားလုံး  ကိုယ်တိုင်မက်မောရင်တောင် ရှက်တတ်ခဲ့ . . .

မစ္စတာရှိတ်စပီးယား
ဒီမှာ ကိုယ့်ဆရာ ဟာသ မပြောပါနဲ့
စစ်နဲ့ငြိမ်းချမ်းရေးဆိုတာ ၀တ္တုမှာပဲရှိတယ်
လတ်တလောပြင်ပမှာ ယောင်္ကျားတွေဟာ အချစ်နဲ့တပ်မက်ရေးပဲသိတယ် . . .

ခန္တာကိုယ်ချင်း . . . အသွေးအသားခြင်း နှီးနှောမှု့ကို
စိတ်တခုနဲ့ တားမြစ်လိုက်တယ် . . . သေခြင်းဆိုးနဲ့ သေပါစေ . . . ရှက် ခြင်း
ငါဟာ လူသားတစ်ယောက် ဖြစ်တဲ့အတွက် ငါ့မှာ လိင်စိတ် ရှက်စိတ် တွေးခေါ်စိတ်
မျိုးချစ် ကြီးပွားချင်စိတ် အောင်မြင်လိုစိတ် ဟိုစိတ် ဒီစိတ် အကုန်ရှိတယ်
တခုပြောပြမယ် နော်မယ်မဆန် တဲ့ ဘတ်စ်ကားပေါ်က ထောက်လှန်းရေးတွေကိုမုန်းတယ် . . .

ရုပ်ဝါဒ ဟာ ဗြောင် ကြမ်းတယ်
နာမ်ဝါဒ ဟာ တိတ်တခိုး ရမ်းတယ်
သေချာတာ တခုက ဘာသာတရားဟာ အဖြေမဟုတ်ဘူး
မတူညီတဲ့ နေရာနှစ်ခု မှာ သူတော်ကောင်းနဲ့ သူယုတ်မာဟာ
တယောက်တည်း ဖြစ်တယ် . . . နှစ်ကိုယ်ခွဲ လိုလို . . .

သွားစမ်းပါ ကိုယ်ကျင့်တရားကောင်းမွန်တာတွေ
××××××××××××××××××××××××××××××
ဆင်ဆာဖြတ်တယ်
ဒါတွေ ဆင်ဆာဖြတ်တယ်
ကဲ . . . ပရိတ်သတ်ရေ ဒီအခန်းကို သတ္တိရှိတဲ့ ကဗျာဆရာတောင်
တစွန်းတစမှ မရေးရဲတော့ . . .

ယောင်္ကျားပီပီ
အကြင်နာ အယုယ အပြုစု ခံချင်တယ်
ဒါဟာ လိင်စိတ်နဲ့မဆိုင်ဘူး
လူမျိုးနဲ့မဆိုင်ဘူး
ဘာသာတရားနဲ့မဆိုင်ဘူး
နေထိုင်ရာအရပ်နဲ့မဆိုင်ဘူး
အချစ်နဲ့ တိတ်တခိုးဆက်သွယ်
မဟုတ်သေးဘူး  ကိုယ့်လူ မဟုတ်သေးဘူး
အချစ်ဆိုတာ တခါတလေ တမာပေါ်က သကာသာဖြစ်တယ် . . .

ရှိတယ် ရှိတယ် အချစ်ဟာရှိတယ်
ဒါဟာသေချာတယ်
ရုတ်တရက် ညှီနံ့ရလာခဲ့
ကွဲနေတဲ့အသည်းတွေမှာ အပြစ်တင်စရာ
အချစ်တခုသာရှိတယ် . . .

နှလုံးသား လား ၊ ကိုယ်ခန္တာလား
နှစ်ခုမှာ တခု အခု အချိန်မှာ ယားယံ . . .


 မာဃသစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...