Tuesday, September 25, 2012

ကိုကိုကြီး ရဲ့ နိုင်ငံတော်သစ်


Zaw Win


"-နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ ခဏခဏ ခံ နေရတယ်။ နိုင်ငံတော်
လုံခြုံရေးလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့ ခံနေရတာပဲ။
နိုင်ငံတော်အကြည်အညိုပျက်စေမှုဆိုရင်လည်း ကျွန်တော်တို့ခံနေရတာပဲ။"


“ဘယ်သူက နိုင်ငံတော်လို့ပြောနေတာလဲ။ နိုင်ငံတော် ဆိုတာဘာလဲ။ အခြေခံအယူအဆတွေ ကွဲလွဲနေတာက ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့
ရှင်းပြဖို့ လိုတယ်။ ဒါမှမဟုတ်ရင် ဗလုံးပထွေးနဲ့ နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ချည်းပဲ ခံနေရတယ်။ အဲဒါတစ်ခုခုတော့ မှားနေပြီ။ အဲဒီတော့ ကျွန်တော်က နိုင်ငံတော်ဆိုတာကို ဘာသာရပ်ရှုထောင့်ကအရင် ပြောမယ်
နိုင်ငံတော်ရဲ့ ကြန်အင်လက္ခ ဏာဆိုပြီးတော့ (၄)ခုကွဲသွားတယ်။ (၁) နိုင်ငံလို့ပြောရင် နယ်နမိတ်ရှိရမယ်။ ပထ၀ီဝင်နယ်နမိတ် သတ်သတ်မှတ်မှတ် တစ်ခုရှိရမယ်။
(၂) နယ်နမိတ်ထဲမှာနေ တဲ့နိုင်ငံသားတွေ၊ ပြည်သူတွေပါရမယ်။ ပြီးတော့ (၃) အဲဒီနိုင်ငံမှာ အုပ်စိုးနေတဲ့ အစိုးရပါရမယ်။
(၄) အဲဒီနိုင်ငံကနေ ကိုင်တွယ်ကျင့်သုံးနေတဲ့ အချုပ်အခြာ အာဏာဆိုတာ ပါရမယ်။ အဲဒီ (၄)ခု ပေါင်းထားတာကိုမှ လုံခြုံမှုရှိပြီး စစ်မှန်တဲ့
နိုင်ငံတော်လို့သတ်မှတ်တယ်။"

"ကာလများစွာကျွန်တော်တို့က နိုင်ငံတော်ဆိုတဲ့ဟာကို ဘယ်လိုမြင်လဲ
ဆို တော့ အစိုးရက သူတို့ကိုယ်သူတို့ နိုင်ငံ တော်လို့သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဟုတ်နိုးနိုးနဲ့ နိုင်ငံတော်ဆိုလည်း
နိင်ငံတော်ပေါ့ဆိုပြီး နေလာခဲ့ရတယ်။ ကျွန်တော်တို့ ပြန်ပေးပိုင်ခွင့်မရှိသလို၊ သိခွင့်လည်းမရှိဘူး။ အဲဒီတော့ လေးလေးနက်နက် ပြန်စဉ်းစား ကြည့်ရင် အစိုးရဆိုတာ နိုင်ငံတော်မှာ အစိတ်အပိုင်း (၄)ခုပေါင်းထားတဲ့အထဲမှာ ကလေးပြောပြောရလျှင် လေးပုံပုံ တစ်ပုံ ပဲရှိတယ်။ သူတို့က အင်္ဂါရပ်
တစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံတော်ဆိုတဲ့ဟာက နိုင်ငံပိုင် ပြုလုပ်တယ်ဆိုပြီးတော့ အိမ်တွေ၊ ဈေးတွေ အဆောက်အအုံတွေ အကုန်လုံး အသိမ်းခံနေရတယ်။ အဲဒီ နိုင်ငံတော်ဆိုတဲ့ဟာကြီးကို ပြောတိုင်းပြောတိုင်းမှာ နိုင်ငံသား ပြည်သူ
တွေက ကိုယ်နဲ့ဘာမှ မဆိုင်သလိုဘဲ နိုင်ငံတော်ဆိုတာ သူတို့ အုပ်ချုပ်
နေတဲ့ ကိစ္စပဲဆိုပြီးတော့ နေလာခဲ့ကြတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်ဆိုတာဒါပါပဲ။"

" ကျွန်တော် တို့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ကမ္ဘာမှာ
ကျော်ကြားတဲ့စကား တစ်ခွန်းရှိပါတယ်။ ““ပြင်သစ်ဘုရင် လုဝစ် တက်စစ္စတန်က I am the state နိုင်ငံ တော်ဆိုတာငါပဲ၊ ငါ့ကို ဆန့်ကျင်
တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါပဲ””ဟု ဆို ထားသည်။ အင်မတန်
ကျော်ကြားပါတယ်။ နောက်ဆုံးတော့ ခေါင်းဖြတ်စက် နဲ့ အသက်ခံလိုက်
ရတယ်။ နိုင်ငံတော် လည်း ကိစ္စတုံးသွားတယ်။ အဲဒီ အယူအဆဟာ
အခု အချိန်ထိ အာဏာပိုင် နိုင်ငံတွေမှာ ဆက်ပြီးတော့ ရှင်သန်တုန်း ပဲ
ရှိသေးတယ်။ အဲဒီနိုင်ငံတွေက ပြည်သူတွေဟာလည်း အဲဒီအစိုးရနဲ့ နိုင်ငံနဲ့ ကို ကွဲကွဲပြားပြား နားမလည်တော့ဘဲနဲ့ အစိုးရဆိုတာ နိုင်ငံတော်ပဲလို့ ထင်နေကြတယ်။ အဲဒီတုန်းက နိုင်ငံတော် ဆိုတာ အက်တိုလေးတစ်ချောင်း
တောင် မရှိတဲ့ကြားထဲမှာ တုတ်တစ်ချောင်းရှိရင် အစိုးရတက်လုပ်လို့
ရတယ်။ နိုင်ငံတော်အာဏာ ကို ရယူထားတဲ့သူဟာ ဘယ်နည်းနဲ့ပဲရရ သူ့ကိုသူ နိုင်ငံတော်ဟုသတ် မှတ်ထားတယ်။ လူတစ်ဦးတစ်ယောက်
အုပ်ချုပ်တာပဲဖြစ်ဖြစ်၊ လူအနည်းစု လေးငါးဆယ်ယောက်ကနေပြီးတော့ သူ့ကိုသူ နိုင်ငံတော်လို့ ကိုယ်စားပြုပြီးတော့ လုပ်လာခဲ့တဲ့ဟာကို
နိုင်ငံတော်အဟောင်းလို့ ကျွန်တော်တို့သတ်မှတ်လိုက်ကြပါစို့။"

"ဒီနေ့ ဆွေးနွေးမယ့်ခေါင်းစဉ်က နိုင်ငံတော်အသစ် ပါပဲ။ ဘယ်လောက် သစ်လဲ၊ ဘယ်လောက်သစ်ပြီလဲ ဆိုတာကိုတော့ ဆင်ခြင်တုံတရားနဲ့သာ သတ် မှတ်ပါ။ ဒီနေရာမှာ ကျွန်တော် ဆုံးဖြတ် ချက်မပေးပါဘူး။ သို့သော် ကျွန်တော်တို့မျှော်လင့်တာက နိုင်ငံတော်အသစ်၊ နိုင်ငံဖတ်ာအဟောင်းမှာက နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေတဲ့ ကိုယ့်ကိုကိုယ် ရှာမတွေ့
နိုင်တဲ့ အခြေအနေတစ်ခု။ အဲဒါနိုင်ငံတော်အဟောင်းပဲ။ အဲဒီတော့ ကျွန်တော်တို့က ခေါင်းစဉ် နိုင်ငံတော်အသစ်မုခ်ဦးကြီးကို ဖြောက်ထားလို့
မရဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ မုခ်ဦးတွေ ရှိတယ်။ ခင်ဗျားတို့တွေ့တယ်။အဲဒီအောက်က ဖြတ်သွားရင် နိုင်ငံတော်
သစ်ဆီသို့ ရောက်မလားဆိုတာ မသေချာဘူး။ ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့ ကျွန်တော် ရယ်စရာတွေးမိတယ်။ မင်္ဂလာဒုံလေဆိပ် ကိုသွားတဲ့
လမ်းမှာလည်း အဲဒီမုခ်ဦးကြီး တွေတွေ့ရတယ်။“သြော်.. နိုင်ငံတော် သစ်ဆီကိုသွားဖို့ဆိုရင် အဲဒီ လေယာဉ်ပျံကြီးနဲ့သွားမှပဲရမယ်” လို့
ကျွန်တော် ရှင်းရှင်းလေးပဲ တွေးကြည့်မိတယ်။ ကျွန် တော်တို့ နိုင်ငံတော်သစ်ကြီးဆီကို သွား ကြတော့မယ်။ ကျွန်တော်တို့လက်ရှိ နိုင်ငံ တော်မှာတာဝန်ယူထားတဲ့ ပုဂ်္ဂိုလ်ကြီး တွေ၊ အကြီးအကဲတွေ အားလုံးကလည်း ပြောတယ်။ အမူအကျင့်တွေ
ပြောင်းရ မယ်။ အတွေးအခေါ်တွေ ပြောင်းရမယ်။ လုပ်ပုံကိုင်ပုံတွေ
ပြောင်းရမယ်။ တချို့စကားရပ်တွေဆိုရင် အင်မတန် ရိုသေဖို့ကောင်းတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံးမှာ အထက်ကနေ အောက်ကို စီးဆင်းတဲ့
Up to Bottom ပုံစံနဲ့လာခဲ့ကြတယ်။ ခေါက်ရိုးကျိုးနေကြ ပြီ။"

"အခုကျွန်တော်တို့သွားရမယ့် နိုင်ငံတော်ဟာ အောက်ခြေကနေ အထက်ကို တင်ပြဆွေးနွေးတဲ့ အကြံပြုတဲ့ပုံစံတွေကို ဖော်ထုတ်ရမယ်လို့လည်း လူကြီးတွေက ပြောတယ်။ လက်တွေ့ခံစားရတာ၊ မခံစားရတာထက်စာရင် စကားလုံးတွေကြားရတာနဲ့တင် ဖရဏာပီတိဂွမ်းဆီထိတယ် ဆိုတာမျိုး
ကြားရရုံနဲ့ပဲ တော်တော်ဝမ်းသာမိတယ်။ တကယ်ခံစားရရင်တော့ အတိုင်း တက်အလွန်ပဲပေါ့ဗျာ။"

"ကျွန်တော်တို့နိုင်ငံတော်သစ်ကို သွားကြမယ်ဆိုရင် အဓိကကျတဲ့
နိုင်ငံတော်သစ်နဲ့ နိုင်ငံတော်အဟောင်း ဘာ ကွာလဲ???။ တစ်ခွန်းတည်းပြောရရင် နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာတာနဲ့
အမျှ နိုင်ငံတော်သစ်ကို တစ်ရွေ့ ရွေ့နဲ့ခြေလှမ်းတိုးနေပြီး ဒီထက်သာ
နိုင်ငံသားအားလုံးမှ တက်တက်ကြွကြွနဲ့ ကိုယ့် တန်ဖိုးကိုယ်သိပြီးတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတက်တဲ့ နိုင်ငံသားတွေအဖြစ်နဲ့ အဲဒီအခြေအနေ
ရောက်လာပြီဆိုရင်တော့ နိုင်ငံတော်သစ်အဆင့်ကို ရောက်ပြီလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။"

"နိုင်ငံတိုင်းမှာ အယူအဆတွေ အများကြီးရှိတယ်။ အခုချိန်ထိ ဘုရင် စနစ်
အုပ်ချုပ်တာတွေရှိတယ်။ အာဏာပိုင်အစိုးရပုံစံမျိုးတွေ အုပ်ချုပ်နေတာတွေ ရှိတယ်။ ရွေးကောက်တင်မြှောက်ခံရသော အာဏာရှင်အစိုးရတွေ ပုံသဏ္ဍာန် မျိုးစုံနဲ့ရှိတယ်။ ဒါလည်း အစိုးရပဲ။ ကျွန် တော်တို့လိုချင်တဲ့
အစိုးရ၊ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံတော်သစ်ဆိုတာက ပြည်သူတွေက
နိုင်ငံရေးအသိပညာနိုးကြားမှု အပြည့်အ၀နဲ့ သူတို့ကိုယ်စားလှယ်တွေ ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီးတော့ နိုင်ငံရေးကို စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်နိုင် တဲ့ အခြေအနေမျိုးကို ရောက်ရင် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံတော်သစ်
အဆင့် ကိုရောက်ပြီလို့ ကျွန်တော်တို့ပြောရမယ်။"

၂၂-၉-၂၀၁၂နေ့တွင် တော်ဝင်နှင်း ဆီ၌ ၈၈ မျိုးဆက်သစ် ကျောင်းသား
ခေါင်းဆောင် ကိုကိုကြီး၏ အသင်းအဖွဲ့ များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် မြန်မာပြည် ဟောပြောပွဲ၌ ပြောကြားခဲ့သည့်အချက်အလက်
များအား တင်ပြလိုက်ပါသည်။

http://www.hotnewsweekly.com/archives/11194#.UGFhN43sSls.facebook

စိုးဝင်းနိုင်၊ မျိုးမင်းဇော်

Posted by Khaing Soelynn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...