Wednesday, September 26, 2012

ခွဲထွက်ခွင့် (by Bo K Nyein)


by မဟာကြောင် on Tuesday, September 25, 2012 at 1:49am ·

Constitution ဆိုတာ အလွန် သိမ်မွေ့ သလို  ၊ consequence လည်းရှိတာမို့
Constitution အရပြောတော့မယ် ဆိုရင် နက်နက် တွေး ၊ အဖက်ဖက် ကတွေးပြီးမှ
ပြောသင့်တယ်လို ထင်မိတယ်။

နံမည်ရအောင် ၊ လက်ဦးမှု ရအောင် ၊ အားလုံး ( ခွဲထွက်ခွင့် ) ပေးဆိုပြီး
အရမ်း ပြောလို့ မရ သလို ၊
ခြိမ်းခြောက်ဖို့ လက်နက် ပါလို့ လွယ်လွယ်ပေါ့ပေါ့ တွေးလို့ မရဖူး လို့ထင်မိလို့ပါ။

Constitution ဆိုတာ Binding Document ။
ဒါကြောင့် စကားလုံး တိုင်းကိုစဉ်းစဉ်းစား ၊ ရွေးပြီးမှ သုံးရတာ။
ဒါထောင် ပညာတတ်တွေပဲ ၊ အမျိုးမျိုး Interpret လုပ်နေကြတာပဲ မဟုတ်လား


Constitution မှာ နိုင်ငံရေး အရ စဉ်းစားရင် ၊ ရိုက်ခပ်မဲ့ Consequence ကိုအရင် စဉ်းစားရမယ်။
ပြီးမှ ဥပဒေ အရ အကျိုးသက်ရောက်မှု ဆိုတာကို သုံးသပ်ရမယ်။

အမေရိကန် Constitution ကိုရေးခဲ့ တဲ့ လွပ်လပ်ရေးဖခင် တွေဟာ
နောက်ဆက်တွယ် ပြဿနာတွေကို သိလို့
(ခွဲထွက်ခွင့်) ဆိုတာကို ထဲ့မရေးခဲ့ကြတာပေါ့။

ဗိုလ်ချုပ်တို့ကလည်း ပေးချင်လို့ပေးခဲ့ကြတာမှ မဟုတ်တာ။
ပဒေသရာဇ် (၂) ဦးက အင်္ဂလိပ်ကို ဗိုလ်ချုပ်အောင်ဆန်း ဟာ သူတို့ကိုကိုယ်စားမပြုပါဖူးလို့
ဗိုလ်ချုပ်တို့ လန်ဒန်မှာ ဆွေးနွေးနေတုန်း သံကြိုးရိုက်ပြီး ဖိအားပေးတယ်
ဒါကြောင့် တိုင်းရင်းသား တွေပါဝင်ကြောင်း ပင်လုံ ကိုခေါ်ပြီး သက်သေ ပြရတယ်။
ဒီလို အကြပ်အတည်းမှာ ( ခွဲထွက်ခွင့် ) ပါရမယ်ဆိုလို့
ရှမ်း နဲ့ ကယား ကိုပဲ ပေးခဲ့ရတယ်။
ဗိုလ်ချုပ်တို့ က အားလုံးကို ပေးခဲ့တာမဟုတ်
အန္တရာယ်ကို နားလည် ကြတယ်။

(၁၀) နှစ်ပြည့်တော့ ပိုင်ပြီဆိုပြီး ( ခွဲထွက်ခွင့် ) ကိုတင်လာတော့
(ကင်း) ရပြီဆိုပြီး ရွှေ့လိုက်တာ ၊ ကိုယ်ပါအစားခံ လိုက်ရတယ်။
တကွက်မှားသောကျား ၊ သာဓက ဟာ ၁၉၆၂ ခုမှာ ဖြစ်ခဲ့ရတာပဲ။

နိုင်ငံရေးဆိုတာ သတိမရှိ ၊ (အသိ) မရှိပဲ
အစာ ဆိုပြီး (ဟပ်) လိုက်ရင် ၊ ငါးမြှားဂျိပ်မှာ ပါသွားသလို
အကျိုးနဲ တတ်တယ်။

ဥါဏ်မမှီ တဲ့သူတွေ ၊ အစွန်းရောက်သူတွေက
ဒါ ငါတို့ အခွင့်အရေး ဆိုပြီး
နဲနဲလေးဖြစ်တာ နဲ့ (ခွဲထွက်ကွ) ၊ (ခွဲထွက်ကွ) ဆိုပြီး အော်ကြရင်
Yugoslav လို Balkanization ဖြစ်သွားမှာပေါ့

ဒါဆို (ဘိုးတော်) တွေက (တော်ပြီဟ) … ဆိုရင် နောက်အနှစ် (၆၀) နောက်ဆုတ်သွားရင် (ဒုက္ခ)

အစားအစာ တောင် တန်ဆေးလွန်ဘေး လို့ ဆိုကြတယ် မဟုတ်လား

ဥါဏ်မမှီရင် ၊ အန္တရယ် ကိုမမြင်နိုင်ပဲ
ဒါ ဒို့ အခွင့်အရေး ဆိုပြီး အော်မဲ့ သူတွေ က နည်းမှာမဟုတ်
Marriage မှာ တောင် Divorce လွယ်လွယ်ရရင် rate ကတက်လာတာပဲ  

ဒေါက်တာမောင်မောင်ရေးထားတဲ့ Constitution နဲ့ပတ်သက်တဲ့ စာအုပ် တွေ ရှိတယ်။
ဗမာလိုရော ၊ အင်္ဂလိပ်ကိုရော။
နောက်..ရှာရမလွယ်လှတဲ့ .. တိုင်းရင်သားလူမျိုးများ အရေးနှင့် ၁၉၄၇ ခုအခြေခံဥပဒေ
 ပထမတွဲ နဲ့ ဒုတိယတွဲ ကိုဖတ်ကြည့်ကြပါ။
Federalism ရဲ့ ခြေခံကို သိချင်ရင်
Federalist Papers စာတန်း ၈၃ ခုရှိတယ်။
ရ၄ Constitution က (၇) တိုင်း ၊ (၇) ပြည်နယ် ကိုလေ့လာ သင့်တယ်။

Constitution ဆိုတာ အသေအခြာ ရေးထားတာတောင် manipulate လုပ်လို့ရတယ်။ 
၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး တတိယ တွဲ (လို့ထင်သည်) မှာဖတ်ကြည်ပါ။
ကချင်မှာ အတိုက်အခံ အရွေးခံရတော့ ၁၉၄၇ Constitution ကို
ရေးတဲ့နေရာမှာ အဓိကအခန်းးက ပါခဲ့တဲ့ ဦးချန်ထွန်း အကူ အညီနဲ့ ရအောင် ဦးနု ကအနိုင်ယူခဲ့ဖူးတယ်။
နောက်ဆုံးတော့ Interpretation ပဲ။

နိုင်ငံရေး ၊ အထူးသဖြင့် Constitution ဆိုတာ ရုပ်ရှင် ရိုက်နေတာ မဟုတ်ဖူး
Utopia အစွဲ ၊ စွဲ ပြီး (စိတ်ကူးယဉ်) လို့ မရ
တာဝန်မဲ့ ရေးချင်ရာ လျှောက်ရေး လို့လည်း မရ
အများရဲ့ (ဘ၀) နဲ့ရင်းရတဲ့ ၊ (အားလုံး) ကို (အကာအကွယ်) ပေးရမဲ့
Binding Document။
ဒါကြောင့် Compromise ဆိုတာ ပါလာစမြဲ
ထို့ကြောင့် Constitution နဲ့ ပတ်သက်လာရင်
ပေါ့ပေါ့လွယ်လွယ် မတွေးစေချင်ပါ။

တကယ်တော့ ပြည်မ ကဗိုလ်မကျ ရအောင်
အမေရိကန် Constitution မှာလို
State Rights နဲ့ Federal Rights ၊ ခွဲထားပြီး
Demarcation line ကို အတိအကျ ဖေါ်ပြ ဖို့ စဉ်းစားသင့်တယ်။
အချိန်ရရင် State Rights နဲ့ Federal Rights ကို တင်ပြ ဆွေးနွေးပါ့မယ်။

Constitution ဆိုတာနောက်ဆုံး ကျကျနန ဆွေးနွေးပြီး
အများလက်ခံ နိုင်တဲ့ (အဖြေ) ကိုရှာကြရတာပဲ
နောက်ဆုံး ပညာရှင်တွေ ၊ ကိုယ်စားလှယ်တွေ ၊ ဖက်စုံ ပါဝင် ဆွေးနွေး အဖြေရှာကြရမှာပဲ
အစိုးရ ကလည်း ဒါကိုပဲ ဦးတည်နေတာပဲ
အားလုံး ဆွေးနွေးကြရင် ၊ အဆင်သင့် ဖြစ်အောင်သာ ပြင်စင်ထားကြပါ
တကယ် စိတ်ပါတယ် ဆိုရင်ပေါ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...