Friday, September 14, 2012

ဝါရှင်တန်ဒီစီမှာ..ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ


by Eain Dra on Friday, September 14, 2012 at 7:49am 


ဘာရယ်မဟုတ်ပါဘူး...ဆီးရီးယားကာတွန်းဆရာ Ali Ferzat ရေးထားတယ်ဆိုတဲ့ ဒီကာတွန်းကွက်လေး တွေ့တော့ ဒီကဗျာကိုပြေးသတိရလိုက်လို့..။
အခုတလော ၀ါရှင်တန်ဒီစီမှာ ဖယောင်းတိုင်မီးညှိမလိုလိုဖြစ်နေတဲ့ သတင်းတွေကြောင့်လည်း ထင်ပါရဲ့...။

ဟိုခေတ်ဟိုအခါကတော့ စာပေစိစစ်ရေး မျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ပြီး မဂဇင်းမှာ ပါလာတဲ့ ကဗျာလို့ မဟေသီ ကဗျာဖတ်ညွှန်းမှာ ညွှန်းခဲ့တဲ့ ကဗျာလေးပါ။

အိုဘာမား သမ္မတဖြစ်ဖြစ်ချင်းရေးဖြစ်တဲ့.......ကဗျာ
++++++++++++

ဝါရှင်တန်ဒီစီမှာ..ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ

အောင်နိုင်သူရေးဖွဲ့ထားတဲ့
သမိုင်းဇာတ်ဝင်ခန်းတွေမှာ..
အရေးနိမ့်သူတွေက..
ဗီလိန်ပဲ...

သူရဲကောင်းဆိုတာတော့..
စစ်တလင်းရဲ့ မြေသြဇာတွေပေါ့..

ထရိုဂျန်စစ်ပွဲကြီးဖြစ်ချင်ဖြစ်
အော်လန်ဒိုဗလွန်းသာခေါ်ခဲ့ရင်..
ကျွန်မဆိုလည်း..လိုက်မှာ..တဲ့
အပြစ်ဆိုတာ..
ရင်ခုန်ရူးသွပ်ချင်စရာ
ဆွဲဆောင်မှုအားကောင်းတဲ့ အရာပေါ့လေ...။

စစ်ပွဲတစ်ပွဲရဲ့တန်ကြေးကို
(အသက်သွေးတွေ မပါသေးဘဲ..)
ကြမ်းခင်းဘယ်ဈေး..ဘယ်နာလဲ..
တွက်ချက်မှန်းဆကြည့်ရအောင်..

အိုဘားမား...ရေ..
ခင်ဗျားရုပ်သိမ်းလိုက်တဲ့
ဘုရှ် အမျိုးအစား..တင့်ကားတွေဟာ..
ဘ၀ရောင်စုံတွေကိုပါ..
နင်း..ကြိတ်.. ထား.. ခဲ့..တာ...

ကဲ..
ဝါရှင်တန်ဒီစီမှာ..
ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ..။


အိန္ဒြာ( ပိတောက်ပွင့်သစ်မဂဇင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...