Friday, September 21, 2012

အမေတွေ မျှော်နေတယ်



()

လွယ်အိတ်နီလေး
စလွယ်သိုင်းလို့
တော်လှန်ရေးလုပ်ဖို့
ထွက်သွားတဲ့
သားငယ်လေး၊
မုန်တိုင်းစဲလို့
အိမ်ပြန်အလာကို
မိခင်အိုကြီးက
စောင့်မျှော်နေရှာတယ်။


()
ဒီမိုကရေရမှ
အိမ်ပြန်လာမယ် ဆိုတဲ့
သမီးငယ်လေး၊
မျှော်လင့်ချက်တွေ
ပြည့်ဝလို့
ဆန္ဒပြည့်ချိန်ကို
မိခင်တယောက်က
စောင့်မျှော်နေရှာတယ်။

()

စာသင်ကျောင်းကနေ
သံတိုင်တွေကြားထဲ
ရောက်သွားရတဲ့
သားငယ်လေး၊
တောင်ပံကျိုး
ငှက်ငယ်ဘ၀က
လွတ်မြောက်လာမယ့်နေ့ကို
အမေတယောက်က
စောင့်မျှော်နေရှာတယ်။

()

စစ်ဗိုလ်ကြီးလုပ်ချင်လို့
စစ်တက္ကသိုလ်
တက်ခဲ့တဲ့
သားငယ်လေး၊
ရှေ့တန်းကနေ
ဘေးမသီ၊ ရန်မခပဲ
ခွင့်ပြန်လာမယ့်နေ့ကို
မိခင်အိုကြီးက
စောင့်မျှော်နေရှာတယ်။


()

မုဆိုးမအမေကို
လုပ်ကျွေးဖို့ဆိုပြီး
စစ်ထဲဝင်သွားတဲ့
သားငယ်လေး၊
စစ်မြေပြင်က
ပြန်လာမယ့်နေ့ကို
အမေတယောက်က
စောင့်မျှော်နေရှာတယ်။

()

စစ်ပွဲတွေကြားမှာ
ပြေးရင်းလွှားရင်း
ပျောက်သွားခဲ့ရတဲ့
သမီးငယ်လေး၊
စစ်ကြီးပြီးလို့
ပြန်ဆုံရမယ့်ရက်ကို
အမေတယောက်က
စောင့်မျှော်နေရှာတယ်။

()

စစ်မြေပြင်မှာ
ပဋိပက္ခတွေမှာ
အမြင်မတူလို့
အတွေးအခေါ်မတူလို့
ဆန့်ကျင်ဘက်ရန်သူလို့
သတ်မှတ်ထားကြပေမယ့်၊
တူညီချက်တခုကတော့
စစ်မြေမဟုတ်သော
တနေရာက
အသက်ရှင်နေဆဲ
အမေတွေရဲ့
စောင့်မျှော်တမ်းတမှုတွေပါပဲ။

()

မိတ်ဆွေတို့ရယ်-
စစ်ပွဲတွေကို
ရပ်ကြပါတော့၊
ပဋိပက္ခတွေကို
ငြိမ်းချမ်းစွာ
ဖြေရှင်းကြပါတော့၊
အမေတွေမျှော်နေတယ်။

ခင်မမမျိုး (၁၉၊ ၉၊ ၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...