Saturday, September 22, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၉)

သစ်ထူးလွင်



Posted: 22 Sep 2012 12:35 AM PDT


တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။

“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။

အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။

တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။

The Voice Weekly




Posted: 22 Sep 2012 12:15 AM PDT
ရပ်စောက်မြို.နယ် ပင်ဖြစ်ကျေးရွာမှ အိမ်ကိုမီးရှို.တဲ့လူကို
တာဝန်ရှိလူကြီးတွေက တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမ၇ှိ...


အမှုဖြစ်စဉ်မှာ...
                   (၂.၉.၂၀၁၂)ရက် ည(၈း၀၀) နာရီအချိန်ခန်.တွင်
ရပ်စောက်မြို.နယ်ပင်ဖြစ်ကျေးရွာ အမှတ်(၄) ရက်ကွက်အတွင်း
မီးလောင်မှု.ဖြစ်ပွားရာ မီးလောင်သောအိမ်အား ကျေရွာအတွင်းရှိ
ပြည်သူများနှင့် မီးသတ်အဖွဲ.၀င်များမှ ၀ိုင်းဝန်းငြိမ်းသက်ခဲ့သဖြင့်
ည(၈း၃၀)
အချိန်တွင် ပတ်ဝန်းကျင်ရှိ အိမ်တစ်အိမ်အားကူးစက်ပြီး မီးလောင်သောအိမ်အား
ငြိမ်းသက်နိုင်ခဲ့ပါသည်။(၃.၉.၂၀၁၂)ရက်နေ.တွင်
မြို.နယ်မီးသတ်တပ်ဖွဲ့.ဦးစီးမှုး ဦးဇော်လင်းနှင့်ဆရာစိုးလင်းတို.လာရောက်
စစ်ဆးမှတ်တမ်းတင် သွားခဲ့ပါသည်။

                   မီးလောင်ခံရသော အိမ်ပိုင်ရှင်မှာ ကိုမြင့်ထူးဖြစ်ပြီး
ကိုသားအိုဆိုသောသူအား ဌားရမ်းထားကြောင်းသိရပါသည်။မီးလောင်သော
အိမ်တွင်နေထိုင်သော ကိုသားအိုအား တာဝန်ရှိသဖြင့် ပြည်သူရဲတပ်ဖွဲ့နှင့်
ကျေးရွာအရံမီးသတ်တပ်ဖွဲ.၀င် တပ်စုမှုးကိုမြင့်ထွန်းတို.မှ ခေါ်ယူစစ်ဆေးမေး
မြန်းရာ ကိုသားအိုမှ မီးသုံးစွဲရာတွင် ပေါ့စမှုကြောင့် မီးလောင်ခြင်းမဟုတ်
ကြောင်း ပြောကြားသဖြင့် ဆက်လက်၍ စစ်ဆေးမေးမြန်းရာ ကိုသားအိုမှာ
စားသောက်ဆိုင်တစ်ဆိုင်တွင် ကိုဖိုးပြားခေါ်(ခ)ကိုပြည့်စုံ နှင့်အတူစားသောက်
စဉ် တစ်ဦးနှင့်တစ်ဦး စကားများ ရန်ဖြစ်ခဲ့ပြီး ပြန်လာ၍ အိမ်တွင်အိပ်နေစဉ်
ကိုဖိုးပြားမှ အိမ်တံခါးအား ကန်ဖွင့်ပြီး ဓားဖြင့်ခုတ်ရန် ကြိုးပမ်းခဲ့ရာ မအောင်
မြင်သဖြင့် ကိုသားအိုနေထိုင်သောအိမ်အား မီးရှို.ခဲ့ကြောင်း ကိုသားအိုမှ
ပြောကြားသဖြင့် ကိုဖိုးပြား(ခ)ကိုပြည့်စုံအား ခေါ်ယူစစ်ဆေးကာ ဟုတ်မှန်
ကြောင်းဝန်ခံသဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကိုဖိုးပြား(ခ)
ကိုပြည့်စုံအား (၃.၉.၂၀၁၂)ရက်နေ.တွင် ရပ်စောက်မြို.ရဲစခန်းသို. ဒုရဲအုပ်
စန်းယုအောင်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ကိုဖိုးပြားနှင့်အတူ ကိုသား
အိုအား ခုတ်ရန်ကြံစဉ်ခဲ့သော ဓားအား သက်သေခံပစ္စည်းအဖြစ် သိမ်းယူ
သွားခဲ့ပါသည်။

                  တာဝန်ရှိလူကြီးများအနေဖြင့် ထိုအမှုအား အမှု.ဖွင့်အရေးယူ
ခြင်းမရှိပဲ (၁၈.၉.၂၀၁၂)ရက်နေ.တွင် ဖမ်းဆီးခေါ်ဆောင်သွားသော
ကိုဖို.ပြား(ခ)ကိုပြည့်စုံအား မည်သို.လွှတ်ပေးလိုက်ကြောင်း မသိရှိရသဖြင့်
ဥပဒေအားတိကျစွာ ဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသဖြင့် ဥပဒေအား
မျက်ကွယ်ပြုခြင်းအား တိကျစွာဖော်ထုတ် အရေးယူပေးပါရန် လေးစားစွာ
တိုင်တန်းအပ်ပါသည်။

                       ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးခြင်းမရှိသော
ဝန်ထမ်းများအား စုံစမ်းစစ်ဆေးဖော်ထုတ်ပေးပါရန် ပင်ဖြစ်ကျေးရွာမှာ
နေထိုင်သော---

-  ဦးဝင်နိုင် ၊ မှတ်ပုံတင်အမှတ်, ၉/တသန(နိုင်)၅၀၂၃၅၁
-ဦးကျော်ဆန်းတင့် ၊ မှတ်ပုံတင်အမှတ်,၁၃/ရစန(နိုင်)၁၂၆၇၃၅
-ဦးဝင်းမောင်(ဒုခွဲမှုး) ၊  မှတ်ပုံတင်အမှတ်,၁၃/ရစန(နိုင်)၀၂၉၂၃၃
-ဦးထွန်းမြင့် ၊ မှတ်ပုံတင်အမှတ်,၁၃/ရစန(နိုင်)၀၀၂၅၉၆   တို.မှ တရာခံအား
ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တာဝန်ရှိလူကြီးများအား လေးစားစွာ
တင်ပြတောင်းဆိုအပ်ပါသည်။
---                                                 ဇေမောင်(ys)




Posted: 21 Sep 2012 11:46 PM PDT
ရမည်းသင်းမြို့၊ ကံတော်ဦး၊ စိန္တိတ-မဟာရွှေမင်းဝံစေတီတော်မြတ်ဘုရားကြီးဝင်းအတွင်း၌ ကျင်းပအပ်သော (9)ကြိမ်မြောက်၊ ဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်
`ဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်´ ကို ရမည်းသင်းမြို့၊ ရွှေမင်းဝံစေတီတော်မြတ်ဘုရားကြီးဝင်းအတွင်း၌ သရက်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က မှ ဦးစီး ကျင်းပလာခဲ့ရာ 1366-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (2004-ခုနှစ်)မှ ယခုနှစ် 1374-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (2012-ခုနှစ်)ဆိုလျှင် (9)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပါသည်။ ရမည်းသင်းမြို့ပေါ်နှင့် မြို့နယ်ရှိသံဃာတော်အပါး(500)အား နှစ်စဉ်နှစ်တိုင်းကပ်လှူပူဇော်ခြင်းဖြစ်ပါသည်။

ဆွမ်းသပိတ်ကပ်လှူပူဇော်သည်ဆိုရာ၌ ဆွမ်းကို သပိတ်၌ထည့်၍ ဆွမ်းဟင်းကို ဆွမ်းအုပ်နှင့်ဖြစ်စေ၊ 3-ဆင့်ချိုင့်နှင့်ဖြစ်စေ၊ (3)မျိုးခန့် ပြည့်စုံစွာထည့်ပြီး ခဲဖွယ်၊ ဘောဇဉ်နှင့် အခြားမိမိလှူဒါန်းလိုရာပစ္စည်းများကို သပိတ်ဖုံးပေါ်တင်ပြီး သပိတ်လိုက် ကပ်လှူရတာဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့မတိုင်မီရက်များ၌ သပိတ်များကို စာရင်းပေးထားသောအလှူရှင်များအိမ်သို့ အိမ်တိုင်ရာရောက် ကားနှင့်ကြိုပြီး ပို့ပေး ထားတာဖြစ်ပါသည်။ ထိုမှ သီတင်းကျွတ်လပြည့်နေ့ရောက်လျှင် နံနက်(7)နာရီလောက်အရောက် မိမိလောင်းလှူမည့် သပိတ်ကိုယူလာပြီး သတ်မှတ်ထားသောနေရာအသီးသီး၌ နေ၍ ကြွလာသော သံဃာများကို သပိတ်လိုက်ကပ်လှူတာဖြစ်ပါသည်။


      ဆွမ်းသပိတ်အလှူရှင်သည် သပိတ်တန်ဘိုးနှင့် ဆွမ်း-ဆွမ်းဟင်း-ဘောဇဉ်-လှူဖွယ်ပစ္စည်းအစုံလှူလိုပါလျှင် အနည်းဆုံး 1-သောင်းခန့်ကုန်ကျပါသည်။ ယခုကဲ့သို့ ဆွမ်းသပိတ် ကပ်လှူပူဇော်ပွဲတော်မျိုးကို မန္တလေးကျောက်တော်ကြီးဘုရား စသည့်နေရာများနှင့် ပြင်ဦးလွင်တို့တွင်လည်း ကျင်းပလောင်းလှူပူဇော်တာမျိုး တွေ့ဘူးပါသည်။ သို့သော်၊ ရမည်းသင်းမြို့မှာကဲ့သို့ နိဗ္ဗာန်ဈေးပွဲတော်မျိုးပါတာ မတွေ့ဘူးပါ၊ ရမည်းသင်းဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲတော်မှာ နိဗ္ဗာန်ဈေးပွဲတော်နှင့်တွဲဖက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပတာဖြစ်ပါသည်။

       နိဗ္ဗာန်ဈေးပွဲတော်ဆိုသည်မှာ ဆွမ်းသပိတ်လှူဒါန်းလာကြသော အလှူရှင်များနှင့် အရပ်လေးမျက်နှာမှလာသော လူများကို မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံသည့်အပြင် လာသမျှ ပရိတ်သတ်တို့ကို မိမိကျွေးမွေးလှူဒါန်းလိုသော မုန့်အမျိုးမျိုးကို သရက်ပင်ဆရာတော်ထံ ကြိုတင်စာရင်းပေးထားရပါသည်။ ဆရာတော်မှ ကုသိုလ်ပြုမည့်ဆိုင်ခန်း နေရာများ သတ်မှတ်ပေးထားပါသည်။ သီတင်းကျွတ်လပြည့်နေ့ရောက်လျှင် နံနက်(8)နာရီခန့်မှစ၍ မိမိတို့ဆိုင်ခန်းနေရာမှနေ၍ လာသမျှပရိတ်သတ်ကို ကုသိုလ်ပြုကျွေးမွေးပါသည်။ ဈေးပွဲတော်တွေမှာ မိမိဝယ်ချင်သောဆိုင်၌ မိမိကြိုက်နှစ်သက်သောပစ္စည်းကို ၀ယ်ယူသကဲ့သို့၊ နိဗ္ဗာန်ဈေးပွဲတော်၌လည်း မိမိကြိုက်နှစ်သက်သောဆိုင်၌၀င်ထိုက်လာတာနှင့် နိဗ္ဗာန်ဈေးအလှူရှင်က အယုတ်လတ်အမြတ်မရွေး ကုသိုလ်ပြု ကျွေးမွေးတာဖြစ်ပါသည်။ ဥပမာ လဖက်သုတ်စားချင်လျှင် လဖက်သုတ်ဈေးဆိုင်၌၀င်ထိုင်လိုက်လျှင် မုန့်လက်ဆောင်၊ မုန့်တီ၊ မုန့်လုံးရေပေါ်၊ တို့ဟူးကြော်၊ မုန့်ပစ်သလက် စသည့် မိမိစားချင်သည့်မုန့်ကို ထိုဆိုင်အသီးသီး၌ ၀င်ထိုင်လိုက်တာနှင့် ဧည့်ခံ ကျွေးမွေးမှာဖြစ်ပါသည်။ ထိုကဲ့သို့ နိဗ္ဗာန်ဈေးသည် အလှူရှင်များမှာ (20)ဦးခန့်ရှိ၍ မုန့်အမျိုးပေါင်း(20)ခန့်ရှိပါသည်။ 

       `နိဗ္ဗာန်ဈေးပွဲတော်´ ၏ အဓိပ္ပါယ်မှာ ပကတိဈေးရောင်းသော ဈေးဆိုင်အချို့၌ အလေးချိန်ခွင်မပြည့်တာ၊ ပစ္စည်းမမှန်ကန်တာ၊ မတရာအမြတ်ကြီးစားတာ-စသည်ဖြင့် သမ္မာအာဇီဝ မမျှတဘဲ ရောင်းချပါက ထိုဈေးသည် `အပါယ်သွားမည့်ဈေးသည်´ဖြစ်ပြီး၊ ယခုဈေးသည်များမှာမူ အရပ်လေးမျက်နှာမှလာ၍ စားသောက်သော သူများကို အယုတ်- အလတ်-အမြတ်မရွေး စေတနာထက်သန်စွာဖြင့် လက်ရည်တပြင်တည်းထား၍ ကျွေးမွေးလှူဒါန်းသည့်အတွက် `နိဗ္ဗာန်သွားမည့်ဈေးသည်´ များဖြစ်၍ `နိဗ္ဗာန်ဈေးပွဲတော်´ဟု ခေါ်ဝေါ်တာဖြစ်ပါသည်။  သူတော်ကောင်းအပေါ် လာရောက်ဆင်နွှဲသာဓုခေါ်နိုင်ပါသည်

                                 အရှင်စန္ဒောဘာသ (စာချဓမ္မာစရိယ-ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက်)





Posted: 21 Sep 2012 11:13 PM PDT
အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရရှိနိုင်သော DV ( Divesity Visa) ကံစမ်းမဲလျှောက် ထားမှုနှင့်ပတ် သက်၍   မြန်မာနိုင်ငံမှ ပြည်သူများ သိရှိနားလည်သိရှိစေရန် အမေရိကန် ကောင်စစ်ဌာနမှ ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
'' DV  အွန်လိုင်းတစ်ခုတည်းမှာပဲ လျှောက်ထားလို့ရတော့တယ်။ ကံစမ်းမဲ လျှောက်ထားတာတို့၊ ကံစမ်းမဲက ဘယ်လိုမျိုး ကန့်သတ်ထားတာတို့ကို အများသိအောင်ပွဲလေးတွေ လုပ်မှာပါ။''ဟု အမေရိကန်ကောင်စစ် ဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
                                           
ဟောပြောပွဲများအား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်လေ့ လာနိုင်မည်ဖြစ်ပြီး ဟောပြောပွဲအား (၃)ကြိမ် ကျင်းပသွားမည် ဖြစ်သည်။
ဟောပြောပွဲများအား အောက်တိုဘာ(၁)ရက်နေ့ ညနေ ၅း၃ဝ တွင်  အမေရိကန် စင်တာ ၌ လည်းကောင်း  ၊ (၄)ရက်နေ့တွ   ဝိုင်အမ်စီအေရုံးရှိ ပဉ္စသိင်္ခခန်းမတွင် လည်းကောင်း၊ (၉)ရက်နေ့တွင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရှိ သီရိအဏ္ဏဝါခန်းမတွင် လည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်သည်။
DV ကံစမ်းမဲအတွက် လျှောက်လွှာတင်သူများသည် အနည်းဆုံးအခြေခံပညာ အထက်တန်း အောင်ပြီးသူဖြစ်ကာ (၅)နှစ်အတွင်း လုပ်ငန်းခွင် အတွေ့အကြုံ(၂)နှစ်ရှိရ မည်ဖြစ်ကြောင်း ကံစမ်းမဲပေါက်ပါက အမေရိကန်တွင်နေထိုင်ခွင့်ဗီဇာရရှိနိုင်ခြင်းမဟုတ်ပဲ သတ်မှတ်အရည်အချင်းများဖြင့် အင်တာဗျူးအောင်မှသာ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်ကံစမ်းပေးလျက်ရှိပြီး တစ်နှစ်လျှင်DV ကံထူးရှင် (၅၅ဝဝဝ)ဦးရေခန့် ရှိကြောင်းနှင့် လျှောက်လွှာအတွက် အခကြေးငွေကောက်ခံခြင်း မရှိဘဲ (www.dvlottery.state.gov)အွန်လိုင်းပေါ်တွင် အခမဲ့လျှောက်ထားနိုင်ကြောင်း သိရသည်။

ယမင်း(မြစ်မခ)
by Myit Makha Mediagroup 


Posted: 21 Sep 2012 11:09 PM PDT
 အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင်   ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။

ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။

အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။

“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့  ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။

အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့်   ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင်  ပိတ်ပင်တားဆီးခဲ့သည်။

ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာသည်။

ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက် အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။

“ ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ”  ဟု နယ်စပ်အရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး ပါဝင်ကြောင်းကိုလည်း သိရှိရသည်။

ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့် နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့် နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။

စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။

အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။

မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup

Posted: 21 Sep 2012 10:56 PM PDT

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့တဲ့အကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ အမေရိကန်စံချိန် ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာပဲ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အတွင်းရေးမှုးချုပ်နဲ့ အတူ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေးနမ်ဗီးယား နောက် ကုလအတွင်းရေးမှုးချုပ်ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူအနေနဲ့ ကြိုဆိုကြောင်း၊ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းကပြောပါတယ်။  မြန်မာနိုင်ငံကို သူသွားရောက်စဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုခဲ့ပြီးတော့ ။ အဲဒီမှာရှိကတည်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာရင် ကုလသမဂ္ဂရုံးချုပ်ကို လာရောက်ဖို့ မစ္စတာဘန်ကီမွန်းက ဖိတ်ကြားခဲ့တယ်။

ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုတွေ ကမ္ဘာ့ လူ့အခွင့်အရေးရဲ့ သင်္ကေတအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးစကားပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး အဖြစ်သာမကပဲ လွှတ်တော်အမတ်တဦး နောက် လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မတီ ဥက္ကဌအဖြစ် အရေးပါမှုကိုလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်းပြောသွားပါတယ်။

“ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နောက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရေး၊ တိုင်းပြည်ဖွံဖြိုးရေးအတွက် မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးစီး လုပ်ဆောင်သွားနိုင်မယ့်လို့  သူ့အနေနဲ့ ကြီးမားတဲ့မျှော်လင့်ချက် ထားရှိတဲ့အကြောင်း၊ နောက် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံး အတူတကွပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ယူလေးစားတဲ့အကြောင်း၊ မစ္စတာဘန်ကီမွန်းက သတင်းထောက်တွေကိုပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သတင်းထောက်တွေကို ပြောဆိုရာမှာတော့ သူ့အနေနဲ့ ကုလသမဂ္ဂမှာ သူ ရှိခဲ့စဉ်က နေရာလေးကို အမှတ်ရမိကြောင်း အမှတ်တရ ပြောသွားပါတယ်။

နောက်သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဖြစ်တဲ့ ကုလသမဂ္ဂကို လာရောက်မှာဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ တချိန်တည်းဖြစ်နေတဲ့အပေါ် သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ သတင်းထောက်တွေရဲ့ မေးခွန်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ဒီအကြောင်းနဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ခရီးလို့ မမြင်ပဲ တပြေးညီ ထားရှိတဲ့ ရည်မှန်းချက် ပန်းတိုင်အဖြစ် မြင်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်ဆိုရင် အတူတကွ လက်တွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျမတို့ တဦးချင်းစီ အနေနဲ့ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာရော ဘယ်လိုထိရောက်မှုရှိမှာလဲဆိုတာကို သီးခြားထားပြီးတော့ မစဉ်းစားသင့်ပါဘူး။”

ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတဦးသိန်းစိန်ကလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ နယူးယောက်မြို့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုအပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမူအပေါ် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ကို မပြောပြခဲ့ပါဘူး။ ဒါပေမယ့် သူမအနေနဲ့ တွေ့ဆုံမှုကို အားရကျေနပ်မိတဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် အရေးယူဒဏ်ခတ်မှုတချို့ အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်းနဲ့ အမေရိကန်လွှတ်တော်ဘက်က မြန်မာနိုင်ငံဒီမိုကရေစီအရေးမှာ လုပ်ဆောင်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း ချီးကျူးစကားနဲ့ ကျေးဇူးစကား ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညပိုင်းမှာ အတ္တလန္တိတ်ကောင်ဆယ် ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပြီးတော့ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသား ဂုဏ်ထူးဆောင် ဆုကို လက်ခံဖို့ရှိပါတယ်။

အမေရိကန်စံတော်ချိန် စနေနေ့မနက်ပိုင်း တွေ့ဆုံပွဲပြီး အမေရိကန်ပြည်ထာင်စု နယူးယောက်ဝန်းကျင်တဝိုက်မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 
 
ကိုသားညွန့် ဦး (ဗွီအိုအေ မြန်မာဌာန)


Posted: 21 Sep 2012 10:56 PM PDT
ဒေါ်အောင်ဆန်းစုကြည် UNရုံးချုပ်တွင် မိန့်ခွန်းပြောနေစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့ မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန်ထမ်းဆောင်နေသူတွေ၊ ကုလသမဂ္ဂအငြိမ်းစား မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက် ကောင်းကျိုးပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သလို၊ ပြည်ပအကူအညီကို ဘယ်လိုရယူသင့်သလဲဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာက ဆက်ပြီး ပြောပြပေးပါမယ်။

ဒီကနေ့ ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်းတွေနဲ့ တွေ့ဆုံမူဟာ ထူးခြားတဲ့ အစီအစဉ်တရပ်လို့ ဆိုရပါလိမ့်မယ်။ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်တိုင် သိလာရတဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို အခြေခံပြီးတော့ အမိနိုင်ငံအတွက် အကြံညဏ်တွေကို အပိုအလိုမရှိ တင်ပြဆွေးနွေး ခဲ့ကြတာ ကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လည်း တချိန်တုန်းက ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်လေတော့ ဒီလူတွေဆီက အကြံညဏ်တွေ ရယူနိုင်မယ်ဆိုတာက သူက သိရှိထားပါတယ်။

“အခုလာတာက တကယ်တော့ အကြံညဏ်တွေ ယူဖို့ပါ။ နားထောင်ဖို့ပါ။ ကျမတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက်၊ ဘယ်လိုအကြံညဏ်တွေ ပေးကြချင်သလဲ၊ ဘယ်လိုအကြံညဏ်တွေ ယူပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် လုပ်နိုင်မလဲဆိုတာကို ပူးပေါင်းပြီးတော့ စဉ်းစားဖို့ ဖြစ်ပါတယ်။

ကျမတို့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ခေါင်းအများကြီး ယုံကြည်မူရှိရမယ်။ အမျိုးမျိုး အတွေးအခေါ် အမြင်တွေကို အကြံတွေကို နားထောင်ရဲရမယ်။ သုံးသပ်ရဲရမယ်။ ဘယ်ဟာလေးက အကောင်းဆုံးဖြစ်လဲ၊ ဘယ်ဟာလေးက အသင့်တော်ဆုံး ဖြစ်လဲဆိုတာကိုလည်း ဆုံးဖြတ်ချက် ချရဲရမယ်။

အဲ့ဒီ့တော့ အဲ့ဒီ့ဟာကို လုပ်တဲ့နေရာမှာလည်း အများရဲ့ ပါဝင်မူနဲ့ လုပ်ဆောင်စေချင်တယ်။
ဒီမိုကရေစီလမ်းကြောင်းသွားမယ်ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမူဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အားလုံးဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးကြစေလိုပါတယ်။ဆုံးဖြတ်ချက် ချတဲ့အခါမှာ ဘာကြောင့်ချလဲဆိုတာကို ထင်သာမြင်သာ ဖြစ်ရပါမယ်။”

အကြံညဏ်တင်ပြတဲ့အထဲမှာ အဓိကကျတဲ့ အချက်တခုကို သတိပြုမိ တာကတော့ ပြည်ပအကူအညီနဲ့ပတ်သက်ပါတယ်။ ဥပမာ ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ရုံးချုပ်တွေကို မြန်မာနိုင်ငံလို နေရာမျိုးမှာ ဖွင့်လှစ်မယ်ဆိုရင် လက်ခံနိုင်မလား။ တခါ ပြည်ပအကူအညီတွေ ပိုမို ရရှိနိုင်တဲ့ နည်းလမ်း စတာတွေကိုလည်း တင်ပြကြတာ တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

“ကျမတို့ နိုင်ငံမှာ အကူအညီတွေ လိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စနစ်တကျတော့ ပေးဖို့ လိုပါတယ်။ အကူအညီ သိပ်များပြီး စနစ်မကျလို့ရှိရင် တချို့နိုင်ငံတွေမှာ ဥပမာဆိုလို့ရှိရင် အရင်တုန်းက ကမ္ဘောဒီးယားမှာ ဖြစ်ခဲ့သလိုပေါ့။ ပေးတဲ့အကူအညီတွေက သိပ်များတယ်။ စနစ်မကျတဲ့အခါကျတော့ တော်တော်များများ အဟောသိကံဖြစ်သွားတာပေါ့။ အဲ့တာမျိုးတော့ ကျမတို့ မဖြစ်စေချင်ဘူး။

စနစ်ကျကျနဲ့ နည်းလမ်းကျကျနဲ့ လုပ်နိုင်ဖို့ကိုတော့ ကျမတို့ ညှိနှိုင်းပြီးတော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံကို ကူညီချင်တာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တချို့ကဆိုရင် “ Go rush of invested and donors” ပေါ့နော်။
Aids တွေဘာတွေဟာ သေသေချာချာ မညှိလို့ရှိရင် သိပ်များပြီးတော့ အဟောသိကံဖြစ်သွားလို့ရှိရင် နောင်ကျလို့ရှိရင် ဒီလိုပေးတဲ့အကူအညီတွေဟာ မထိရောက်ဘူးဆိုတဲ့အမြင်နဲ့ ကူညီချင်တဲ့သူတွေက တွန့်သွားမှာကိုလည်း ကျမတို့ စိုးရိမ်ရပါတယ်။”

ဒီဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ကုလသမဂ္ဂမြန်မာဝန်ထမ်းဟောင်းတွေထဲမှာ မြန်မာနိုင်ငံ မဆလခေတ်တုန်းက ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါက်တာညီညီလည်း ပါဝင်ပါတယ်။ အသက်၈၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာညီညီကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကျမ်းမာရေး ဂရုစိုက်ဖို့ အကြံညဏ်ပေးပြီး ပြည်ပအကူအညီယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း အခုလိုဖြည့်စွက် ဆွေးနွေးခဲ့ပါတယ်။

“အရေးကြီးတာ ကျနော်တို့မှာ ကိုယ့်ပြသနာကို ဘာရှိလဲဆိုတာ ကိုယ် အရင်သိအောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်ပြသနာကို ကိုယ်မဆုံးဖြတ်နိုင်ရင် ကျန်တဲ့သူက လာပြီး ဆုံးဖြတ်ပေးမယ်။ ခင်ဗျားတို့ လုပ်နိုင်တာ ဒါပဲဆိုပြီး၊ လာပေးရင် အဲ့တာ ပိုက်ဆံတွေလာပေးလို့ ယူလိုက်ရင် ကျနော်တို့ ပိုက်ဆံကုန် တာထက် အချိန်ကုန်တာနဲ့ သိပ်အရေးကြီးတယ်။

ကျနော် ပထမဆုံးအဆင့် တင်ပြချင်တာက ဒေါ်စုရော အစိုးရရောပေါ့လေ ဘာလုပ်ဖို့လိုလည်းဆိုတော့ ကိုယ့်မှာ ဘာပြသနာတွေရှိလဲ ဒါတွေ ဘယ်လိုများဖြေရှင်းရင်ကောင်းမလဲဆိုတာ ကိုယ့်ဘာသာကို အရင်စဉ်းစားထားဖို့၊ ပြီးတော့မှ သူများတွေနဲ့ ဆွေးနွေး ဒါမှမဟုတ်ပဲ ဘာမှမရှိပဲ ဗလာနဲ့ သွားဆွေးနွေးရင် သူတို့ဟာသူတို့လာပြီး ဆေးခြယ်သွားမယ်။”

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီ ဆွေးနွေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာပြောတာကို လက်ခံကြောင်း နိုင်ငံခြားပုဂ္ဂိုလ်တွေနဲ့လည်း ဒီကိစ္စအတွက် ကြိုးစားညှိနှိုင်း လုပ်ဆောင်နေတဲ့အကြောင်း တချိန်တည်းမှာပဲ သူဟာ အစိုးရမဟုတ်သေးဘူးဆိုတဲ့ အကြောင်းကိုလည်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဗွီအိုအေ မြန်မာဌာန

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...