Saturday, September 22, 2012

အီဂ် နိုဗယ် (Ig Nobel Prize) ဆုအတွက် အဆိုပြုချက်များ


by ရုပ် ဆိုး on Friday, September 21, 2012 at 10:14am 

   အီဂ် နိုဗယ် (Ig Nobel Prize) ဆုအတွက် အဆိုပြုချက်များ

    Ig Nobel Prize ဆိုတာကတော့ Nobel Prize ကို သရော်တဲ့ အနေနဲ့ ပေးအပ်တဲ့ ဆုတစ်မျိုးပါ ။ ပုံမှန် မဟုတ်တဲ့ အတွေးခေါ် အယူဆတွေ ၊ ဂဂျိုးဂဂျောင်နိုင် လှတဲ့ ၊ အဓိပ္ပါယ်မရှိတဲ့ လေ့လာမှုတွေ ၊ ဆောင်ရွက်မှုတွေ အတွက် ပေးအပ်တဲ့ဆုတစ်မျိုးပါ ပဲ ။  ဆုပေးရတဲ့ ရည်ရွယ်ချက်ကတော့ ပထမ လူတွေကိုရယ်ရွှင်စေ ဖို့ ၊ နောက် ဆက်စပ်တွေးခေါ် နိုင်စေဖို့ဖြစ်ပါတယ် ။ အီဂ် နိုဗယ် (Ig Nobel Prize) ဆု ကို တော့ Annals of Improbable Research (AIR) သိပ္ပံဟာသ မဂ္ဂဇင်းကနေပေးအပ်ချီးမြှင့် ပါတယ် ။ ၁၉၉၁ ခုနှစ်ကနေစပြီးတော့ နှစ်စဉ်နှစ်တိုင်းဆု ၁၀ မျိုးပေးအပ်ချီးမြှင့် ပါတယ် ။ နိုဗယ် ဆု လိုပဲ သက်ဆိုင်ရာ သိပ္ပံ ၊ အင်ဂျင်နီယာ ၊ ဆေးပညာ ၊ စီးပွားရေး ၊ စာပေ ၊ ငြိမ်းချမ်းရေး  စတဲ့ နယ်ပယ် အသီးသီးတွေ ပေးအပ်ချီးမြှင့်တာဖြစ် ပါတယ် ။ဆုပေးပွဲ အခမ်းနား ကိုတော့ အမေရိကန် နိုင်ငံ ဟားဗက်တက္ကသိုလ် နဲ့ မန်ဆားချူးဆက် တက္ကသိုလ်တို့မှာ ကျင်းပပြုလုပ်ကြ ပါတယ် ။


     ပြီးခဲ့ တဲ့ နှစ်က အီဂ်နိုဗယ် ဆု အတွက် သြစတြီးယား နိုင်ငံ က သိပ္ပံ ပညာရှင် တစ်ယောက်ဟာ မျောက်တွေအကြောင်းကို နှစ်ပေါင်းများစွာ သုတေသနပြုပြီး အဆိုပြုချက်တစ်ခု
ထုတ်ပြန်ခဲ့ပါတယ် အဲဒါကတော့ " မျောက်တွေ ရေခွက်ကို အသည်းသန်လုကြတာဟာ ရေဆာလို့ပါ " တဲ့ ။  ဒီအဆိုပြု ချက်နဲ့ ပဲ သူဟာ အီဂ် နိုဗယ် ဆုကို လက်ခံရယူနိုင်ခဲ့ပါတယ် ။
အွန်လိုင်းပေါ်က ဆိုဒ်အတော်များများမှာ တွေ့ရလေ့ရှိတယ် မိန်းကလေးတွေ ဝတ်လို့ရတဲ့ ဘရာဟာ mask အဖြစ်သုံးလို့ရတယ်ဆိုတဲ့ အိုက်ဒီယာ ကလည်း အီဂ် နိုဗယ် ဆုလက်ခံရယူခဲ့တဲ့
စမ်းသပ်လေ့လာမှုတစ်ခုဖြစ်ပါတယ် ။

     ၂၀၁၃ ခုနှစ် အတွက် ပေးမဲ့ အီဂ် နိုဗယ် ဆုအတွက် ကျွန်တော်အဆိုပြုချင်ပါတယ် ။ ကျွန်တော်တင်သွင်း မဲ့ အဆို ဟာ ငြိမ်းချမ်းရေး အီဂ် နိုဗယ် ဆု အတွက်ဖြစ်ပါတယ် ။

(၁) မီဒီယာလွတ်လပ်ဖို့ အတွက် တီရှပ်တွေများများ ဝတ်ပါ ။
(၂) အခွင့်ရေးဆုံးရှုံးမှုတွေ ပြန်တာင်းဖို့ လူသေခါင်းလုပ်ပြီး မီးနဲ့ရှို့ ပါ ။
(၃) စစ်ဘေးဒုက္ခသည်များကိုစာနာသောအားဖြင့် နေရာလွတ်ရှာ ပြီးသီချင်းနာနာဆိုပါ ။
(၄) စစ်ပွဲတွေ ရပ်စဲဖို့ တစ်ရက်တည်းစုပေါင်းပြီး လမ်းကောင်းကောင်းလျှောက်ပါ ။

ဒီအဆိုပြုချက်တွေ ရဲ့ သုတေသနပြု မှု ကို လက်တွေ ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံထွက် ၂၀၁၂ ခု နှစ် ပါ ဂျာနယ်နဲ့ သတင်းစာများစွာ ကို စုဆောင်းလျှက်ရှိပါကြောင်း

(ရုပ်ဆိုး)


ကိုးကား ။  ။
http://en.wikipedia.org/wiki/Ig_Nobel_Prize
http://www.ignobel.com/
http://www.realclearscience.com/2012/09/21/2012_ig_nobel_prizes_and_the_winners_are_249126.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...