မီးရထားဖြင့်ခရီးသွားသူများ
by Thuzar Lwin on Friday, September 21, 2012 at 11:29pm ·
အခန်း ၁
ရထားဘူတာရုံတခုလုံးခရီးသွားသူများ ၀န်ထမ်းးများ ကျွဲ၊နွား၊ဆိတ်များ အားလူးအိတ်များဖြင့် ရှုပ်ပွ ဆူညံလျှက်ရှိသည်။ ဟော လာပါပြီလာပါပြီ မီးရထားကြီး၊ မမြင်ဖူးသူများက အတင်းတိုးဝှေ့ကြည့်ရန် ကြိုးစားကြသည် တချို့က မီးရထား လေဟပ်မည်ကိုသိကြသည်၊
တချို့ကလည်း ပိုးကောင်ကြီးနဲ့တူတယ်နော် တချို့ကျတော့ မော်တော်ကားတွေကို ဆက်ထားတာလားဟုမေးကြသည် ဘာဘဲပြောပြော မီးရထား စီးရတော့မည် ပျော်နေကြသည်။ တချို့ကျတော့မိမိအတွက်လက်မှတ်မရှိ ရှိသူများဖြင့်ကပ်လိုကရန်ကြိုးစားနေကြသည် ဘူတာရုံအပြင် ဘက်မှ ထိုရထားကိုမမှီမှာ စိုးသောကြောင့် ပြေးလာရင်းမှောက်ခုံလဲသူများလည်းရှိကြသည် ထိုသို့ ဖြစ်ပျက်နေစဉ် ရထားကြီး ဆိုက်လာသည်။
ရထားခေါင်းကြီးပေါ်မှ စတိုင်ကျကျဝတ်ထားသော လူတစ်ယောက်ဆင်းလားသည် သူ၏အမည်မှာ ကိုအောင်မင်းဖြစ်သည် ကိုအောင်မင်းသည် ယခင်က စစ်တပ်က ဖြစ်သည် နောက်ဆုံးတွဲ(ဂါတ်တွဲတွင်) ၄င်း၏သူငယ်ချင်း အရက်မူးနေသော်ကိုစိုးသိန်းပါလာသည် ရထားဆိုက် လျှင်ဆိုက်ချင်း ရထားပေါ်မှ လူတချို့ ပုဆိုး ကျွတ် ခေါင်းပေါင်းပြုတ် ဆံပင်ဖို့ယိုဖါးယားနှင့် ဆင်းလာကြသည် ထိုသူများဆင်းသည်ကိုမစောင့် လုယက်တက်ကြသည် တချို့ကလည်း စီးရင်ကောင်းမလား စဉ်းစားနေကြသည် သူတို့ဘေးနားကလူတချို့က စီးရင်ဘူတာရုံမှာလက်မှတ်ဝယ်ရတယ်လို့ပြောသည် တချို့ကတော့ ကြောက်ကြသည် နင်တို့သွားနှင့်ဟုပြောသည် ထိုသို့ ရုံးစုရုံးစုပြောနေစဉ် ဘူတာရုံထဲမှ စာရွက်တစ်ရွက် ကိုအောင်မင်းကိုလာပေးသည် ထိုစာရွက် ဖတ်ပြီးလျှင် ကိုအောင်မင်းအလုပ်စတော့သည်။
( စီးကြဦးမလား မီးရထား)၄ ဟုအော်ပြောကာ ရထားလက်မှတ်လိုက်ရောင်းကြသည် ဂါတ်ဘိုသည်မူးနေသည် ကိုအောင်မင်းသည် ဘူတာရုံထဲမှ လူအားလုံးကိုရောင်းပြီးသော်အခါ ရွာထဲသို့ဝင်သွားသည် ဘုန်းကြီးကျောင်းမကျန် အရက်ဆိုင်မကျန်တီးဟောက်စ်မကျန် တစ်ရွာလုံးကိုရောင်းသည့်အပြင် လမ်းဘေးတွင်မူးနေသော် အမူးသမား၂ယောက်ကိုပါ လှမ်းမေးလိုက်သည် ထိုအခါ အမူးသမား ၁ယောက်က မီးနဲ့ရထားလား ရထားမီးလား ရထားမီးလောင်တာလာား ဘာကိုပြောတာလဲးဟု ပြန်မေးသည်။
ကိုအောင်မင်းစိတ်ညစ်သွားသည် ဘူတာရုံတွင် ရထားကြီးက ရေဖြည့်ဆဲ ဆီဖြည့်ဆဲ ဖြစ်သည် ကိုအောင်မင်းသည် ကိုစိုးသိန်းကိုမစောင့်ဘဲ ရသမျှခရီးသည်နှင့် အားလူးအိတ်များကို တင်ကာ မောင်းရန်ပြင်တော့သည် ထမင်းလည်းမစားရသေး လူကလည်းပင်ပန်းနေပြီ ရှေ့ဘူတာမှာ မင်းအောင်လှိုင်ဘူတာဖြစ်သည် ထိုဘူတာကျော်လျှင် ရွှေမန်း ဘူတာဖြစ်သည် ထို့နောက် သိန်းစိန်ဘူတာရောက်လျှင် ထမင်းစားမည်ဟု ဆုံးဖြတ်ထားသည် ထို့နောက် PEACE အမျိုးအစား မီးရထားခေါင်းကြီးသည် (ရှုပ်ရှုပ်ရှက်ရှက် ရှုပ်ရှုပ်ရှက်ရှက်) ၂ ဟု အော်မည်ကာ ပြိတိသျှ ခေတ်က ခင်းထားသော သံလိုင်းအတိုင်း တစ်နာရီ မိုင် သုံးထောာင်နှုန်းဖြင့် ပြေးလေတော့သတည်း။
မင်းအောင်လှိုင်ဘူတာတွင် ခရီးသည် ၂ယောက်သာရှိသည် မြို့ကပြန်လာသူ တင်အောင်၏သား မြင့်ဦး(တင်အောင်မြင့်ဦး) မြို့သွားမည့်သူ ရေတပ်က စစ်သားဥာဏ်ထိုင်းသော် ဥာဏ်ထွန်းနှင့် ၂ဦးသာရှိသည် ရွှေမန်းဘူတာရောက်သော် ထမင်းစားမည်ဟုပြင်လိုက်သည် ထမင်းထုပ်ကိုဖွင့်လိုက်ရာ ဆီထမင်းရော စာကလေးကျော်ပါ သိုးနေသည် ထမင်းထုပ်ကိုလည်းပစ်လိုက်သည်
အခန်း ၂
မီးရထား စီးသူများထဲတွင် ပုံမှန်လက်မှတ် ဝယ်၍ စီးသူများ လက်မှတ်မဝယ်ပဲ ခိုးစီးသူများ ထိုင်ခုန် အိပ်စင် ဝယ်၍ စီးသူများ ခုန်မှဲ့ စီးသူများ တွယ်စီးသူများ ခေါင်မိုးပေါ်တက်စီးသူများ ဝင်ထွက်ပေါက်တွင် ဝင်စီးသူများ ဈေးတက်ရောင်းသူများ လက်မှတ်စစ် တွဲစောင့် မှောင်ခို ကုန်သည် နှင့် ခေါင်းထုတ် ခြေထုတ် လက်ထုတ် သူများ ပစ္စည်းကို တန်ဆာဆောင်သူများ ခိုးထင်သူများ မီးရထား မီးချောင်းမီးလုံး ဖြုတ်ခိုးသူများ ဘူတာရုံတွင် အပျော်တွယ်စီး ၍ ပလက်ဖောင်းအဆုံးတွင် နောက်ပြန်ခုန်ုချသူများ အမျိုးမျိုး ရှိကြလေသည်။
(ပမမ) အမည်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံမီးရထားတွင် ယခုကဲ့သို့သော် အမြန်နှုန်းအားကောင်းသည့်မီးရထားမျိုးမရှိစဖူး မနက်ပိုင်း ပအိုဝ် အမျိုးသားများကိုတင်နေ့လည်ပိုင်း ရှမ်းအမျိုးသားများကိုတင်ညနေပိုင်း ပလောင်အမျိုးသားများကိုတင်ညပိုင်းအင်းသားအမျိုးသားများကိုတင်စသည်ဖြင့် အလွန်မြင့်သော တောင်တန်းများပေါ်ပါ မကျန် အရှိုန်မလျှော့ပဲ မောင်း၍ ရသေ ရထားဖြစ်၏ အခြားရထားများသည် ဂုတ်ထိပ်တံတားတွင် ဖြေးဖြေးမောင်းကြသည် ၄င်းမူကား ဂုတ်ထိပ်တံတားပေါ်တွင် သံလမ်းနှင့် ရထား တစ်မိုက် ကွာသည် ထိုသို့မောင်းရင်းမောင်းရင်းနှင့် ၁၉၄၇ မတိုင်ခင်က မောင်းနှင်သော သံလမ်း၊သံလမ်းငုတ်တိုင် ( ဇာဝီ ) ဖြုတ်ခိုးသော စလီဗါးးတုန်းများ သဘာဝပတ်ဝန်းကျင် မထိမ်းသိန်းသောကြောင့် ဆက်တိုက်ရွာထားသောမိုး ရေကျော်နေသည့် တံတား တို့တွေ့ကြသောအခါ ဒန် ဒန့် ဒန် ဒန့် ဒန် ဒန့် ဒန် ဒန့် ဒန် ဒန့်--------------
အခန်း ၃
ထမင်းဆာနေသေ် စစ်သာဒဟောင်းစက်ဗိုလ် သည် သိန်းစိန်ဘူတာသို့ ရောက်ရန် စိတ်စောနေသည် အိပ်ရေးလည်းမဝသေး ရထားလမ်းပေါ်တွင် ကျွဲ အကြီးကြီးတစ်ကောင်ကိလှမ်ုးတွေ့လိုက်ရသည် ရထားကို အရှိန်လျှော့ရန်ကြိုးစားသည်
ကျွီး ကျူး ကျိ ကျိ ကျိ ကရီးကျွီး ကျူး ကျိ ကျိ ကျိ ကရီး အသံ မျိုးစုံမြည်ကာ ရထားကလည်း မီးများပွင့်၍ ရပ်ရန်ကြိုးစားသည် ခရီးသည်များ ဟပ်ထိုးမှောက်ခုန် လှဲကုန်သည် ထိပ်ဖုကုန်သည် စင်ပေါ်မှ ပစ္စည်းများ ခေါင်းပေါ် ပြုတ်ကျကုန်သည် ဘုန်းကြီးတစ်ပါး ဒိုင်ဗင်ထိုးသွားသည် သို့ရာတွင် ရထားက အရှိုန်ချက်ချင်းလျှော့မရ ထိုအခါ မိုက်ကရိုဖုန်းကိုယူ၍ မေဒေးမေဒေး မေဒေးမေဒေး ဟု အသံ ပြဲဖြင်အော်သည် တောင်ကြားထဲဖြစ်၍ စိုင်ရား ကမမိ ထိုအခါ ရလိုရညားမောင်ဒေးမောင်ဒေး မောင်ဒေးမောင်ဒေးဟု ပြောင်းအော်သည် ထိုအခါလည်းမရ ပျံလွှားမှ ငှက်တော် ငှက်တော်မှင်္ခြသေ့ င်္ခြသေ့မှကျားနက် အသံဘယ်လောက်ကြားလဲကြားရင်အကြောင်းပြန် နောက်ဆုံးစိတ်တိုကာ ကြားကြားမကြားကြားအကြောင်းပြန် ဟုအော်လိုက်သည်။
ထို့နောက် မိမိမမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည် သံလမ်းအဆက် ပြုတ်၍ ရေနူးနေသော စလေပါးတုန်း ပေရပ်နေသော ကျွဲ အရှိန်ပြင်းစွာပြေးလာသော ဘရိတ်အုတ်မရ၍ မရပ်သေ် မီးရထားနှင့် တွေ့သောအခါ ပေ ၅၀၀၀ ကျော်မြင့်သော တောင်ပေါ်မှ အတွဲလိုက်ခုန်ချသွားလေတော့သည် ရထားစီး သူ ရိုးသားသော ပြည်ထောင်စု ဖွား ခရီးသွားများမှာ အား အီး အူး အဲ အင့် တစ်ချက်မှအော်ခွင့်မရပဲ တောင်အောက်သို့ သက်တောင့်သက်တာ ကျသွားကာ အနိစ္စ သဘောဖြင့် ကိစ္စချောကုန်လေတော့သည် အားလူးအိတ်များသည်လည်းကောင်း ကြက်ဖများသည် လည်းကောင်း နွားနို့ကုလားမ သည်လည်းကောင်း အပိုဆုအဖြစ် ပါသွားလေတော့သည် ၇ ရက်ခန့်ကြာသောအခါ ဘုန်းကြီးများ သင်းအုပ် ဆရာများနှင့် ဘာသာရေးခေါင်းဆောင်များသည် လက်မလည်အောင် ဆွမ်းပင့်ခံကြရလေသည်။
အားလုံးရန်သူမျိုး ၅ ပါးနှင့် မီးရထားဘေးမှ လွတ်ကင်းကြပါစေ
သဗ္ဗေသတ္တာ ကီးမားပလာတာ မင်းရာမ
Ref: http://absdf8888.org/index.php?option=com_content&view=article&id=150:2012-08-31-05-56-28&catid=70:2012-08-31-05-53-39
0 comments:
Post a Comment