ပီတိ တံတား နှင့် အိမ်
by Ba La on Wednesday, September 12, 2012 at 9:21am
အိမ် ....
ဓိရာမိုရ် ရဲ့ အိမ် သီခြင်းလေးဟာ နားထောင်တိုင်း နားထောင်တိုင်း ဘာမှန်းမသိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေတယ်လေ .. ။
တံတား ....
အလောင်းတော် သုမေဓါရှင်ရသေ့ဟာ ကြာပန်းကိုကိုင်ပြီး ဘုရားရှင်ရဲ့ ရှေ့တော်မှာ ကိုယ်ခန္ဒာကို တံတားခင်းလို့ ဗျာဒိပ်ကို ခံယူတော် မူခဲ့တယ်တဲ့ ။
ဘာပဲ ဖြစ်ဖြစ် အိမ်ဆောက်တာ တံတားအလှူဟာ ကျွန်တော့် အိမ်မက် တစ်ခုပါ ။
ကိုယ်တိုင် တည်ဆောက်ခွင့် ရရင်ပဲဖြစ်ဖြစ် သူများ အလှူကို လုပ်ပေးရရင်ပဲ ဖြစ်ဖြစ် ကျွန်တော် သိပ်ကို လုပ်ပေးခဲ့ခြင်တာပေါ့ ။
အခု သိပ်ကို လုပ်ပေးခြင်တဲ့ အလုပ်လေး တစ်ခုအတွက် လုပ်ခွင့် ရခဲ့ပြီလေ ... ။
သူငယ်ချင်းတွေက အလှူငွေ တစ်ချို့ လှူပေးတယ် ။
ဒါနဲ့ ပုသိမ်ကို ဒုတိယ အကြိမ် ခရီးထွက်လာဖြစ်တယ် ... ။
လှူမယ့်နေရာကိုရောက်တော့ အိမ်တွေကို ပြုပြင်ပေးဖို့ တွက်ကြချက်ကြတာပေါ့ ။
ကျွန်တော်လဲ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ကြည့်တယ် ။
ဘာတွေ လိုတုန်း တွက်ကြချက်ကြတာပေါ့ ...
ရှိတဲ့ ငွေနဲ့ ကိုယ်တက်နိုင် သလောက် ပြုပြင်ကြဖို့ပါ ။
ပထမတုန်းကတော့ ကျွန်တော်တို့ ရိုးရိုးလေး စဉ်းစားမိတာက
အိမ်လေး ပြုပြင်ပေးမယ်ဆိုတာလေးပါပဲ ... ။
အိမ်လေးကို သွားကြည့်ရင်း
(1) ခြင်ထောင်မရှိ ( ကလေးတွေက ညအိပ်ရင် ဆာလာအိတ်ကို ခြေထောက်က စွပ်အိတ်ကြတယ်တဲ့ ၊ ဦးလေးတစ်ယောက် ပြောပြတယ်လေ ဒါနဲ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ကြည့်တာ အဟုတ် ခြင်ထောင် မတွေ့ခဲ့ဘူး ။ သူငယ်ချင်းတို့ လဲ အိမ်အခြေအနေလေးကို ကြည့်ကြည့်လေ .......... ။ )
(2) အိမ်သာ မရှိ ( အဆင်ပြေသလို ဖြေရှင်းကြတယ်လေ ၊ အောက်က ရေထဲကိုလဲ ဖြစ်ရင် ဖြစ်မှာပေါ့ )
(3) လမ်းလျှောက်ရတာ အခက်အခဲ ဖြစ်ဆုံး ပါပဲ ....
ဒီပုံလေးက ကျောင်းက ပြန်လာတဲ့ ကျန်းမာရေး မကောင်းတဲ့ ကလေးလေးကို ဖခင်ဖြစ်သူက ကျောပိုးပြီး အိမ်ကို လိုက်ပို့ပေးတာလေ ။
အော် လိုအပ်ချက်တွေကတော့ အများကြီး အများကြီးပေါ့ ... ။
အဲဒါနဲ့ အိမ်လေးတွေကို ဆောက်ဖို့ စကြိုးစားခဲ့တယ် ။
အရင်က အိမ်အဟောင်းတွေကို ပြန်ဖျက် ။ အသစ်တွေ ပြန်အစားထိုးနဲ့ အားကြိုးမာန်တက် လုပ်နေကြတဲ့ အိမ်ပိုင်ရှင် မိသားစု နှင့် လုပ်အားပေးတွေကို လိုက်ကြည့် ရင်း ကျွန်တော်ပါ ပျော်လာတယ် ။
အဲလို လုပ်ပေးရင်း " ပထမ ဦးဆုံး အိမ်လေးကို ဆောက်နေတုန်းက " ဘာလေးကို ကြုံလိုက်ရလဲ ဆိုတော့
ဘဘကြီး တစ်ယောက်ကို ထမ်းပိုးပြီး မလာတာကိုတွေ့တယ် ...
မနေနိုင်လို့ သွားမေးမိတော့ အောက်ပိုင်း လေဖြန်းသွားလို့ လမ်းမလျှောက်နိုင်လို့ ထမ်းထမ်း လာရတယ်တဲ့ ....
ဘဘအိမ်က ချောင်းကမ်းနားမှာလေ ရေတက်ရာ နေရာစွန်အဖျားလေးပေါ့ ။
လူငယ်တွေတောင် ဒီလို သွားနေရတဲ့ ရေတောထဲမှာ သက်ကြီး ရွယ်အိုတွေ နဲ့ ကလေးတွေအတွက်က ?
အဲမှာတင် တစ်ထိုင်တည်း ဆုံးဖြတ်ချက် ကျသွားတာက " ကျွန်တော် တံတားပါ ဆောက်မယ် " ဆိုတဲ့ ဆုံးဖြတ်ချက်လေးပါ ။
တံတား ဆောက်ဖို့ ဆုံး ဖြတ်ပြီးတာ နဲ့ ပထမဦးဆုံး လုပ်ရတာက
1) အလှူရှင်တွေကို အသိပေးရတယ်
2) ဘယ်လောက်ကုန်မယ် စတာတွေကို တွက်ရပြီလေ .....
အဲဒါတွေ တွက်ပြီးတာနဲ့ စတော့တာပေါ့ဗျာ ။
တံတားဆောက်မယ့် နေရာ တောက်လျှောက်ကို မြတ်တွေ ရှင်း ၊ တိုင်တွေ စိုက်နဲ့ မမောနိုင် မပန်းနိုင်ပေါ့နော် ။
မိုးကရွာ ၊ နေကပူ ....
အလုပ်လုပ်နေတာတွေကို လိုက်ကြည့် ၊
မျှော့က ကြောက်နဲ့ .... ။
ဘယ်လောက်ပင်ပန်း ပင်ပန်း တံတား ဆောက်တယ်လဲ ပြောရော လာကြည့်သူတွေ လာကူလုပ်သူတွေရဲ့ တပြုံးပြုံး အပြုံး မျက်နှာကြောင့် မောရမှန်းတောင် မသိတော့ပါဘူး ။
နောက်ဆုံးပိတ် ပီတိ အဖြစ်ရဆုံးကတော့
ပြုပြင်ပြီးတဲ့ အိမ်လေးတွေ နဲ့ တံတားပေါ်ကို လာလျှောက်ရင်း
အသက်အကြိးဆုံး ( ဘွဲ့တော် မသိလိုက်ပါ )
ဘုန်းဘုန်းရဲ့ ပြောစကားလေးက ကျွန်တော့ အတွက်တော့ မဖော်ပြနိုင်လောက် အောင်အားတစ်ခုပါပဲ ... ။
" ဘုန်းဘုန်းတို့က မင်းတို့ လုပ်ထားတာကို လာကြည့်တယ် ၊ ရင်ထဲမှာ တစ်ကယ်ပီတိဖြစ်ပြီး သာဓု ခေါ်ပါတယ် ၊ ဒီတံတားပေါ်မှာ လျှောက်သူတိုင်းလဲ ပီတိဖြစ်ပြီး ပြုပြင်ခဲ့တဲ့ အိမ်တွေကို လိုက်ကြည့်ရင်လဲ ပီတိဖြစ်မှာပါ ......... ။ဒါကြောင့် ဒီတံတားက ပီတိ တံတား ၊ ဒီအိမ်လေးက ပီတိ အိမ်လေးပါတဲ့ "
ကျွန်တော်လေ အဲဒီ စကားကိုကြားလိုက်ရော အပြည့်အ၀ လက်ခံ လိုက်မိတယ် .....
တံတားလေးကို လျှောက်ရတာ ပီတိဖြစ်တယ် ၊
အမိုး အကာ လုံလုံ ခြုံခြုံ နဲ့ နေကြရမယ့် ညီလေးတွေ ညီမလေးတွေကို စဉ်းစားမိရင်း ပီတိဖြစ်တယ် .... ။
နောက် သာဓု ခေါ်မိတယ်ပေါ့ဗျာ ။
ဒါ တံတားပေါ်က ဖြတ်လျှောက်ကြတဲ့ လူတိုင်း လူတိုင်းပါ .....
တံတားလေး တစ်စင်း နှင့် အိမ်လေး 4 လုံး ကျွန်တော်တို့ ကြိုးစား နိုင်ခဲ့တယ်
အလှူဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့
1) ကယ်ဆယ်ရေး စခန်း မှ ညီအစ်ကိုမောင်နှမများ
2) အလှူရှင်များ
3) ရပ်မိရပ်ဖများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်
ခင်မင်လေးစားစွာဖြင့်
ဗလ
ကရုဏာ နှလုံးသား ပရဟိတ အသင်း
0 comments:
Post a Comment