Tuesday, September 18, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၉)

သစ်ထူးလွင်



Posted: 18 Sep 2012 06:47 AM PDT
ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့
ရည်ရွယ်ပြီးတော့ ကချင်ပြည်နယ် ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့
အနီးမှာ ဆွေးနွေးရေး အဆောက်အဦး ဖွင့်ပွဲတခုကို ကေအိုင်အိုက
 ဒီနေ့ ကျင်းပပါတယ်။

ဒီဆွေးနွေးရေးအဆောက်အဦးကို ၂ ဘက်သဘောတူညီမှုနဲ့
ဆောက်လုပ်တာဖြစ်ပြီး ဒီနေရာဟာ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး
အတွက်ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

"အလွတ်သဘောဆွေးနွေးပွဲမှာ အားလုံး စင်တာတစ်ခု ထားရအောင် အားလုံးဝိုင်းပြီးမှ ကြီးကြပ် နည်းလမ်းရှာရအောင်ဆိုပြီး သဘောတူညီချက် နဲ့လုပ်တာပါ။ ဆက်သွယ်တာတို့ အချက်အလက် စုဆောင်းတာ တို့ တော့ ဒီစင်တာမှာပဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းလုပ်ငန်းစဉ် ပါဝင်ဆောင်ရွက်လိုတဲ့ လူ အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့ အလွတ်သဘော ဆိုတော့ ပြောရတာလွတ်လပ်တယ်။ ပြီးတော့ ရုံးသဘောမျိုးမဟုတ်ဖူး ဆိုတော့ ပွင့်ပွင့်လင်းလင်းရှိတာပေါ့။ ဒီစင်တာကတော့ လူထုက ယုံကြည်နိုင်တဲ့ စင်တာ အားလုံးက မှန်ကန်တဲ့ သတင်းတွေပေးနိုင်ဖို့ ပြီးတော့ နည်းလမ်းရှာနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်တာပါ။"

ဒီဖွင့်ပွဲမှာ ကေအိုင်အို အမြဲတမ်းဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂန်၊ စစ်ရေးမဟာဗျူဟာ သုတေသန ဌာနမှုး ဗိုလ်မှုးဇော်တောင်၊ ဗိုလ်မှုးကြီး ဂျီးနောင်နဲ့ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအ၀င် ခရစ်ယာန်ဘာသာရေး ဆရာတွေ၊ ဒေသခံတွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအ၀င် ၂၀၀ ကျော်လောက် တက်ရောက်ပါတယ်။

အဲဒီစင်တာကို တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီး ပရန်ငေါ ဆိုတဲ့ ကျေးရွာက မြက်ခင်းကွင်းပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ အဆောက်အအုံ တစ်ခု၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း နေရာတွေ ဆောက်လုပ်ထား
တာဖြစ်ပါတယ်။

အဲဒီရုံးခန်းထဲမှာ ၂၀၁၁ ဇွန်လက စတင်ပြီး ၂၀၁၂ ခုနှစ် မတ်လမှာ
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးခဲ့တဲ့ အချိန်အထိ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ ဓါတ်ပုံတွေ ဘယ်သူမဆို ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတာတွေ့ရပါတယ်။

အဲဒီနေရာဟာ အင်တာနက်နဲ့ ဖုံးတွေလည်း အသုံးပြုလို့ ရပြီး အစိုးရကိုယ်စားလှယ်တွေ စိတ်ချလုံစွာ လာလို့ရတယ်လို့ သိရပါတယ်။

အစိုးရနဲ့ ကေအိုင်အို နှစ်ဘက်ကိုယ်စားလှယ်တွေ နောက်ထပ် တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချသေးဘူးလို့ သိရပါတယ်။

အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသ၊ တပ်ရင်း ၅ နယ်မြေ
ကေအိုင်အို ဗဟိုဒေသနဲ့ တပ်မဟာ ၄ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ
နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

RFA Burmese




Posted: 18 Sep 2012 06:44 AM PDT

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့ ယနေ့ ၀ါရှင်တန် စံတော်ချိန် နံနက် ၉ နာရီခန့်က အိမ်ဖြူတော်တွင်တွေ့ဆုံကြစဉ်(AFP Photo)

Popular Myanmar News Journal

Posted: 18 Sep 2012 06:39 AM PDT
စစ်တိုင်းမှူးတဦးကို လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရသူ ကေအိုင်အေတပ်ဖွဲ့ဝင်တဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။

၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခဲ့မှုနဲ့ လဖိုင်ဇော်ဆိုင်းဟာ သေဒဏ်ချမှတ်ခံခဲ့ရာကနေ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၂၇ နှစ် နေခဲ့ရပြီး ပြန်လွတ်လာတာပါ။

ကေအိုင်အေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဦးစီးချုပ်ရဲ့ အမိန့်ပါ။ ကျနော်က မြို့ပိုင်းမှာလှုပ်ရှားရတဲ့ ကွန်မန်ဒိုပါ။ ဦးဇော်မိုင်က ကျနော်မြို့ပေါ်မှာ ရှိတဲ့အချိန်မှာ စစ်တပ်နဲ့ပတ်သက်တာ ရှင်းဖို့ ကျနော့်ကို တာဝန်ပေးထားတာရှိတယ်။ ကျနော်က အထူးမြေအောက် မြို့ပြတပ် တိုက်ပွဲအဖွဲ့ခေါင်းဆောင်အနေနဲ့ လှုပ်ရှားခဲ့ရတဲ့ အချိန်ပါ။”

အစိုးရတပ်တွေနဲ့ ကေအိုင်အေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ လဖိုင်ဇော်ဆိုင်းက ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ ကြိုးစားသွားမယ်လို့ လဖိုင်ဇော်ဆိုင်းက ဆိုပါတယ်။

အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာနဲ့ကချင် လူမျိုးရေးအရ ဖြစ်ပွားတာမဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် ဖြစ်တာလို့လည်း သုံးသပ်ပြောဆိုပါတယ်။

By မင်းလွင် (ဒီဗွီဘီ)

Posted: 18 Sep 2012 03:48 AM PDT

၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား  ၅ ဦးဟာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့ ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့ ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့ တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ် ရပ်စဲသွားတယ်။
“ဒီနေ့ထိ သေနတ်သံတွေ လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ ၀မ်းမြောက်ကြည်နူးတယ်။ သူတို့တွေ လမ်းပေါ်တွေမှာ တက်ပြီးတော့ အောင်ပွဲခံကြ တယ်။ လမ်းမတွေပေါ်မှာ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ လမ်းလျှောက်နေကြတယ်။ ကျနော်တို့ကို ပြောပြတယ်။ အဲလို ညဆို အပြင်မထွက်ရဲခဲ့တာ သူတို့မှာ ကြာခဲ့ပါပြီတဲ့။ အခုတော့ သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့နေ့တွေ နေ့တိုင်းဖြစ်သင့်တယ်၊ ညတိုင်းလည်းဖြစ်သင့်တယ်။ အခု ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကလေးတွေ ကျောင်းပြန်တက်နေကြပြီ။ ကျနော်တို့ အဲမြင်ကွင်းတွေကို ထာဝရပန်းချီကားတချပ်လို ရေးခဲ့ချင်ပါတယ်။ ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိသလို ကျနော်တို့ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ အမြဲမပြတ်စောင့်ကြည့်နေပါ့မယ်လို့ အားလုံးကို အသိပေးခဲ့ပါတယ်”  လို့ ပြောပါတယ်။
သူတို့ မရောက်ခင်ကတည်းက ပစ်ခတ်သံတွေ ရပ်သွားတာဖြစ်တဲ့အကြောင်းနဲ့ ဒေသခံတွေ စိတ်ခံစားမှုတွေကို ဖားကန့်မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ရဲ့ ညီလာခံဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ခုလို ပြောပါတယ်။
“ထူးခြားမှုကတော့ သူတို့လာတဲ့အချိန်မှာ လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းသွားတာပေါ့။ သူတို့က ည ၈ နာရီလောက် မြို့ထဲရောက်လာတာဆိုတော့ သူတို့မရောက်ခင်အချိန်ဆို အဲ့အချိန်ကာလဟာ ညဆို စစ်သားတွေက ကင်းလှည့်တဲ့အချိန်ဆိုတော့ လူထုတွေက ကျီးလန့်စာစားဖြစ်နေကြတာပေါ့။ သူတို့ရောက်လာတဲ့အချိန်ကြတော့ လူထုရဲ့စိတ်မှာပေါ့ပါးသွား တာပေါ့။ သူတို့ကိုလည်း အားလုံးက လိုလိုလားလားနဲ့ ကြိုဆိုကြတယ်။ နောက်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေခွင့်ရတော့မယ်ဆိုပြီး ထင်နေကြသူတွေလည်းရှိတယ်။”
စက်တင်ဘာ ၁၇ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ မြို့ပေါ်က ရပ်မိရပ်ဖတွေ၊ ဘာသာအသီးသီးကပုဂ္ဂိုလ်တွေနဲ့ အလွှာအသီးသီးက အပါအ၀င် ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖားကန့်ဒေသ အပါအ၀င် ကချင်တပြည်နယ်လုံးနဲ့  တနိုင်ငံလုံး တိုက်ပွဲတွေရပ်စဲဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ သူတို့အဖွဲ့ဟာ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ထွက်ခွာခဲ့ကြပြီး မြို့ပြင် ဘက်နားက မြဦးစေတီဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ စစ်ရှောင်ဒုက္ခသည် ၅၀၀ ခန့်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူတို့ဟာ မနက်ဖြန်မနက်ကျရင် မိုးကောင်းမြို့မှာ “ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး” ဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စီမံချက်ကစတင်ပြီး အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အကြား အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ပြားခဲ့ ရတာဖြစ်ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)




Posted: 18 Sep 2012 03:40 AM PDT
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ (MWDC အရက်စက်ရုံ)တွင် အလုပ်သမား အဖွဲ့အစည်း မှခေါင်းဆောင်သူအချို့ကို အလုပ်မှ ရပ်နား စေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။

အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင် အလုပ်သမားအဖွဲ့ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့ကို လည်းကောင်း၊ ၀န်ထမ်း(၆)ဦးကို ထုတ်လိုက် သောကြောင့် ဆန္ဒထုတ်ဖေါ် ရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။

အလုပ်သမားများ ထပ်မံလျှော့ချ ထုတ်ပယ်ခြင်းမပြုရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိရေး၊ အခြေခံအလုပ်သမား အဖွဲ့အစည်းမှ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေး အစရှိသည့် အချက်များကို တောင်းဆို၍ ဆန္ဒပြခဲ့ကြသည်။
 
 7Day News Journal
 
 


Posted: 18 Sep 2012 12:50 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ နယ် ၊ ယိုးချောင်းမြစ်ကမ်းနံဘေး ၊ ထိုရွာလေး၏ အနောက်ဘက်တွင် စစ်တွေ-ရန်ကုန် ကားလမ်း ၊ ရထား လမ်းကြား၊ ယိုးတရုတ် ကျေးရွာအုပ်စုနှင့် ၃ မိုင်ခန့် အကွာတွင် ရိုးသားစွာ လုပ်ကိုင် စားသောက် နေကြသော  ကျေးရွာကလေးသည် ယခုအခါတွင် ကျေးလက်နေ ရွာသူ၊ ရွာသားများ ၊ လယ်သမားများ လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့် ခက်ခဲမှုများစွာနှင့် ကြုံတွေ့ နေရပါပြီ အခုတော့ အဖြူရောင် ရွာလေးကို အနက်ရောင် လွှမ်းခြုံသွား ခဲ့ပါပြီ-----
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Sep 2012 12:44 AM PDT
ရွှေဝါရောင် တော်လှန်ရေး ၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ 18/9/2012 ခုနှစ် နံနက် ၁၁ နာရီအချိန်က ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ဖျာပုံလမ်းရှိ တက္ကသီလာ မဟာဇေယျသိဒ္ဓိ ကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်/ကျဉ်း အဖွဲ့သားများ၊ ၈၈မျိုးဆက် ကျောင်းသားများ၊ ဗကသ များနှင့် နိုင်ငံရေးပါတီများမှ ဧည့်ပရိတ်သတ်များ တတ်ရောက်ခဲ့ Ko Nickey မှ သတင်းပေးပို့ ထားပါသည်။







Posted: 18 Sep 2012 12:18 AM PDT
ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတမှ ၀န်ထမ်း အဖွဲ့အစည်း အကြီး အမှူးများကို စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြန်တမ်းထုတ်၍ ရာထူး တိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ ခန့်အပ်ခြင်း တို့ကို ပြုလုပ်လိုက် ကြောင်းသိရသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Sep 2012 12:03 AM PDT
စက်တင်ဘာ ၁၈ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 17 Sep 2012 11:56 PM PDT
စက်တင်ဘာ ၁၈ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 17 Sep 2012 07:33 PM PDT
လဘနွန်က ရှီးယား မွတ်ဆလင် လှုပ်ရှားမှု ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah ဟာ အမေရိကန်မှာ ရိုက်ကူး ထုတ်လုပ်တဲ့ အစ္စလာမ်  ဆန့်ကျင်ရေး ဗီဒီယို နဲ့ ပတ်သက်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာပါတယ်။

လူတွေကြား တွေ့ရခဲလေ့ရှိတဲ့ Sheikh Nasrallah က အဲဒီ ဗီဒီယို တကားလုံး ထွက်လာရင် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အန္တရာယ်တွေကို အမေရိကန် အနေနဲ့ နားလည် ထားသင့်တယ်လို့ ဆိုပါတယ်။

တူနီးရှား မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဒီဗီဒီယိုကား အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်အောင် လှုံဆောင်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ဗလီဆရာ ဟောပြောနေတဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့က ဝိုင်းထားတဲ့ ကြားက သူထွက်ပြေး လွတ်မြောက် သွားတယ်လို့ သိရပါတယ်။ တခါ အဲဒီ အမေရိကန် ထုတ် အစ္စလာမ်  ဆန့်ကျင်ရေး ဗီဒီယိုကို ဖယ်ရှားပေးဖို့ YouTube က ငြင်းဆန်ခဲ့တာကြောင့် ပါကစ္စတန်မှာ YouTube အင်တာနက် စာမျက်နှာကို ကြည့်ခွင့်မရအောင် အစိုးရက ပိတ်ထား လိုက်ပါတယ်။

YouTube က ငြင်းဆန်မှု အတွက် ပါကစ္စတန် ၀န်ကြီးချုပ် Raja Pervez Ashraf က ပိတ်ခိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။လွန်ခဲ့တဲ့ နှစ်နှစ်လောက် တုန်းကလည်း မွတ်ဆလင် တော်တော်များများက လက်မခံနိုင်လောက်တဲ့ တမန်တော် မိုဟာမက်ကို သရော်ထားတဲ့ ပုံ ဖော်ပြခဲ့တဲ့ အတွက် Facebook နဲ့ YouTube တို့ကို အစိုးရက ပိတ်ထားခဲ့ ဖူးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လူတွေရှေ့ ပေါ်ထွက်လာတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင်



Posted: 17 Sep 2012 01:52 PM PDT
စက်တင်ဘာလ ၁၇ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင် အချိန်အထိ ရရှိသောသတင်းများအရ မြန်မာနိုင်ငံ အသီးသီးရှိ အကျဉ်းထောင် ရှစ်ထောင်မှ နိုင်ငံရေးအကျဉ်းသားပေါင်း ၈၇ဦး လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသမားဟောင်းများအဖွဲ့မှ ရရှိသော သတင်းများအရ သိရပါသည်။

ထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများစာရင်းမှာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယနေ့ ည တောင်ကြီးထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ဦးရွှေထူး (အလယ်)


 




Posted: 17 Sep 2012 01:46 PM PDT
ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ် ထွက်ခွာစဉ်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီကို ဒီကနေ့ မနက် ၁၁နာရီ လောက်မှာ ရောက်ရှိလာ ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ဝန်ကြီးဌာနက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု အမေရိကန် ခရီးစဉ်ဟာ NLD ပါတီ အတွက် သာမက နိုင်ငံတခုလုံးအတွက် နိုင်ငံရေးအရ အကျိုးရှိတဲ့-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Sep 2012 09:01 AM PDT
 Sonny (ခ) စံရှား၊ ကိုမျိုးမြတ်ထွန်း (ခ) ကိုမျိုး၊ ကိုထွန်းဝင်း၊ ကိုကျော်ကျော်လှိုင်(ခ) ကိုထွန်းထွန်းနိုင်၊ ကိုအောင်ဇော်လင်း၊ ကိုအောင်ကိုဝင်းနဲ့ ကိုချမ်းသာတို့ ဖြစ်ပါတယ်။သူတို့ ၇ ဦးစလုံးရဲ့ အမှုတွေဟာ တရားမ၀င် အသင်းအပင်း ဖွဲ့စည်းမှုအပြင် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေ များတယ်လို့လည်း သိရပါတယ်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး စက်တင်ဘာ ၁၇ - NLD အမတ် ဦးမင်းသူ (ယခင် အိုးဘိုထောင် မှနိုင်ငံရေးအကျဉ်းသားဟောင်း)လာရောက်ကြိုဆိုအားပေးစဉ်။ ဓါတ်ပုံ -  CJMyanmar

မန္တလေး စက်တင်ဘာ ၁၇ လွတ်မြောက်လာသူများ ဓါတ်ပုံ -  CJMyanmar



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...