နွံ
ဒီလိုနဲ့ပဲ ကျနော်တို့ဝေးခဲ့ကြပေါ့။
ပျိုရွယ်မှုနဲ့အတူ ပေးဆပ်လိုက်ရတဲ့
ကျနော်တို့ရဲ့ လွတ်လပ်ပျော်ရွှင်မှုများ
ကျနော်တို့ဟာ ဘဝအမောတွေကြားမှာ
မနက်ဖန်ကိုပဲ မျှော်နေမိကြ
မျှော်နေမိရတယ်။
အရင်လိုနွေးထွေးမှုတွေ
အရင်လိုဖြူစင်မှုတွေ
တစစမှုန်ဝါးပျောက်ကွယ်
ကျနော်တို့ ဟက်ဟက်ပက်ပက်မရယ်ခဲ့ရတာ
ဘယ်လောက်များကြာခဲ့ပြီလဲ။
ကျနော်တို့ မိုက်မဲခဲ့ကြတယ်
ကျနော်တို့ မှားယွင်းခဲ့ကြတယ်
ကျနော်တို့ ရူးသွပ်ခဲ့ကြတယ်
အခုတော့ အရာရာချင့်ချိန်နေရတဲ့ ဘဝမှာ
စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်တော့ဘူး။
ဒီလိုနဲ့ပဲ
မျိုသိပ်ရင်း၊ကြိတ်မှိတ်ရင်းနဲ့
ငြီးငွေ့မှုနဲ့အတူ
ငြီးတွားတတ်၊အဆိုးမြင်တတ်
သံသယတွေနဲ့ ဘောင်ခတ်ပြီး ကြည့်တတ်ခဲ့ပြီ
ရင်ထဲကမပါလည်း စကားကိုချိုအောင်ပြောတတ်ခဲ့ပြီ
ဒုတိယမျက်နှာနဲ့လည်း အသားကျတတ်ခဲ့ပြီ။
လောကဓံကိုခုခံ
လောကဓံကိုတွန်းလှန်ရင်း
ဘဝဝင်္ကပါထဲမှာ
ကျနော်တို့ဟာ ကျနော်တို့ကိုပြန်ရှာရင်း
ကျနော်တို့ဟာ ကျနော်တို့နဲ့ ဝေးခဲ့ရပေါ့။ ။
By: norman
--
http://www.facebook.com/
★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
0 comments:
Post a Comment