Monday, September 17, 2012

မရေရာခြင်း နှင့် ယှဉ်၍


by Zay Ya on Monday, September 17, 2012 at 6:14pm 


လူတို့သည် ဘဝကို လုံခြုံ စိတ်ချ လိုသည်။ သို့သော် မည်သူမျှ လုံခြုံစိတ်ချ နေ၍ မရ။ တစ် ခဏချင်း ကို သေချာစွာ တွက်ချက် ဖန်တီး လိုကြသည်။ သို့သော် ယင်းသို့ လိုသလို တွက်ချက် ဖန်တီး၍ မရကြ။ တစ်ခဏ မှ နောက် တဒင်္ဂ ခဏသို့ ကြိုတင် "မှန်းဆ" သည် ဟူသော စကားကိုယ် ၌က မသေချာမှု ရှိနေကြောင်း ဖော်ပြနေခြင်း ဖြစ်၏။


တွက်ချက်မှု ဖြင့် ကံသေ ကံမ ပြုနိုင်သည်မှာ စင်စစ် စက်ယန္တရား တို့၌သာ ဖြစ်သည်။ စက်ယန္တရား တို့ ၌သာ သေချာရေရာမှု ကို တိတိပပ ရှာဖွေ နိုင်လိမ့်မည်။ ရှင်သန် နေထိုင်သည့် ဘဝ မှာမူ - ယန္တရား မဟုတ်ပေ။ လုံခြုံ စိတ်ချရမှု အရိပ်အငွေ့မျှ ရှာတွေ့ ရမည် မဟုတ်ပေ။

ဘဝ၏ - ဤ တဒင်္ဂ မှ အခြား တဒင်္ဂ သို့ အကူးအပြောင်း ကြား - မည်မျှ ပြောင်းလဲ နေမည် ကို မည်သူ သိနိုင်ပါသနည်း။ မည်သို့ ရှင်သန်နေမည် ကို မည်သို့ ခန့်မှန်း နိုင်သနည်း။ မည်သို့ ကြုံဆုံ ရင်ဆိုင် ရမည် ကို မည်သူသည် တင်ကြို ရှုမြင်၍ ရကြသနည်း။ ဤမေးခွန်းများ၌ မဖြေဆိုနိုင်ကြခြင်း အကြောင်းကြောင့်ပင် - Life is a gamble - ဘဝ ကို လောင်းကစားဝိုင်း နှင့် ပမာ တူသည် ဟု ကိုယ်စားပြု ခေါ်ကြခြင်း ဖြစ်၏။

စင်စစ် ယင်း "မသေချာ မရေရာမှု"၊ "လုံခြုံ စိတ်ချ နေ၍ မရမှု" တို့ သည် မလိုလားအပ်သော- မနှစ်လိုအပ်သာ အရာများ မဟုတ်ကြောင်း အပြည့်အဝ ရှုမြင်နိုင်စေလိုပါသည်။ အဘယ်ကြောင့် ဆိုသော် - ယင်း မရေရာမှု တို့ကြောင့်ပင် ဘဝ သည် လှပနေရ၍ ဖြစ်သည်။

တခဏချင်း ၏ ပန်းငယ် တို့သည် - ဤမသေချာ မရေရာမှု ကြောင့်ပင် စိတ်လှုပ်ရှားဖွယ်၊ ဆွတ်ပျံ့ဖွယ် ပွင့်လန်း နေ လျက် ရှိသည်။ တခဏချင်း ၏ လုံခြုံ စိတ်ချ မနေနိုင်သည့် အဖြစ် ကို စေ့စေ့ မြင်နိုင်ပါလျှင် - ဘဝ ငှက်ငယ် တို့သည် လူးလာ ပျံသန်း နေသည် ကို တွေ့ရမည်။ ၎င်းတို့သည် - လူတို့ မသိ ဆိုးရွားစွာ လိုလားနေ သည့် စက်ယန္တရား အခွံထည် မှ လွတ်ကင်း လျက် ရှိသည်။ ပုံသေကားချ ဘဝ အသေ မှသည် - ထွက်မြောက်၍ - ဘဝ ပီပီသသ - လှုပ်ရှား အသက်ဝင်လျက် ရှိသည်။

~ Osho: Quotes on Life.
..........................
Sept 15th 2012 at 9:15 AM
..........................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...