ဘာမဟုတ်တဲ့ခံစားချက်များ -၂
by Eingyin Ta Khaine on Thursday, September 13, 2012 at 10:21am
စာမရေးဖြစ်တာကြာလှတော့ တမျိုးပဲခံစားရပြန်တယ်။ လုပ်စရာရှိတဲ့ အလုပ်တခုခုကို မလုပ်ပဲထားရလို့ နေရတာမသက်မသာဖြစ်နေသလိုမျိုးပေါ့။ သားလေးမွေးပြီးကာစဆိုတော့ အမြဲအလုပ်ရှုပ်နေတာနဲ့ ဘယ်ကိစ္စကိုမှ မပြီးမပြတ်ဖြစ်နေရပြန်တယ်။ အိမ်ထဲမှာပဲ ကလေးငယ်လေးနဲ့ အချိန်ကုန်နေပြန်တော့ အရင်ကအလုပ်လုပ်စာတွေလုပ်နေခဲ့တဲ့ကျမက အကြွေးတွေတင်နေသလို ခံစားရမိတယ်။ တကယ်တော့ ဟိုစိတ်ကူး ဒီစိတ်ကူးနဲ့ အချိန်တွေကုန်ခဲ့ရလို့ ကျမမှာ နေမထိထိုင်မသာနဲ့ ဖြစ်နေမိတယ်။
မနေ့ကဆိုကျောင်းရှေ့ကဖြတ်သွားရင်း သူတို့နိုင်ငံကိုပြန်ကုန်တဲ့သူငယ်ချင်းတွေကို လွမ်းမိသလို အတူရှိခဲ့တဲ့အချိန်တွေကို ပြန်ခံစားမိလာတယ်။ ခုတော့ ကျမက ကလေးအမေဖြစ်နေပါပေါ့လား။
အရင်က တယောက်ထဲနေမယ်စိတ်ကူးခဲ့တော့ သားလေးကိုမြင်ရရင်အိမ်မက်လေးတခုမက်နေသလိုပဲလေ။ အိမ်မက်ဆိုတောင်ပျော်စရာအိမ်မက်လေးပဲမဟုတ်လား။ ဒီတော့ကျန်တဲ့လောဘတွေစွန့်ပြီး သားလေးအတွက်နောက်တမျိုးစိတ်ကူးလေးတွေပေါ်လာပြန်တယ်လေ။ ဒါလည်း လောဘတမျိုးပဲပေါ့နော်။ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေက သိပ်များတတ်တဲ့ ကျမက ခုတော့ ပေါက်စနလေးပဲရှိသေးတဲ့ သားအတွက်ဖြစ်စေချင်တာတွေတွေးမိနေပြီ။ မိဘတိုင်းဒီလိုပဲလားတော့မသိပေမယ့် ကျမက မရဘူးထင်တဲ့သားဦးလေးဆိုတော့ ချစ်မ၀ဖြစ်မိတာအမှန်ပါ။ အရင်က တခုခုဆိုငိုမိတတ်တဲ့ကျမက ခုဆို သူများအချော့ခံဖို့စောင့်နေတဲ့ စိတ်ကူးတွေပျောက်ပြီး သားလေးငိုမှာစိုးလို့ ပျာယာခပ်ပြီး သူနဲ့သာအလုပ်တွေရှုပ်နေမိတော့တယ်။ သူဘယ်လိုလှုပ်ရှားတာလေးကအစ တစိမ့်စိမ့်ကြည့်ရင်းသဘောကျနေမိတယ်လေ။
အရင်က တယောက်ထဲနေမယ်စိတ်ကူးခဲ့တော့ သားလေးကိုမြင်ရရင်အိမ်မက်လေးတခုမက်နေသလိုပဲလေ။ အိမ်မက်ဆိုတောင်ပျော်စရာအိမ်မက်လေးပဲမဟုတ်လား။ ဒီတော့ကျန်တဲ့လောဘတွေစွန့်ပြီး သားလေးအတွက်နောက်တမျိုးစိတ်ကူးလေးတွေပေါ်လာပြန်တယ်လေ။ ဒါလည်း လောဘတမျိုးပဲပေါ့နော်။ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေက သိပ်များတတ်တဲ့ ကျမက ခုတော့ ပေါက်စနလေးပဲရှိသေးတဲ့ သားအတွက်ဖြစ်စေချင်တာတွေတွေးမိနေပြီ။ မိဘတိုင်းဒီလိုပဲလားတော့မသိပေမယ့် ကျမက မရဘူးထင်တဲ့သားဦးလေးဆိုတော့ ချစ်မ၀ဖြစ်မိတာအမှန်ပါ။ အရင်က တခုခုဆိုငိုမိတတ်တဲ့ကျမက ခုဆို သူများအချော့ခံဖို့စောင့်နေတဲ့ စိတ်ကူးတွေပျောက်ပြီး သားလေးငိုမှာစိုးလို့ ပျာယာခပ်ပြီး သူနဲ့သာအလုပ်တွေရှုပ်နေမိတော့တယ်။ သူဘယ်လိုလှုပ်ရှားတာလေးကအစ တစိမ့်စိမ့်ကြည့်ရင်းသဘောကျနေမိတယ်လေ။
ု
်ကျမအမျိုးသားကမေးတယ် သူနဲ့သားကို ဘယ်သူ့ကိုပိုချစ်လဲတဲ့.. ကျမဘယ်လိုဖြေမယ်ထင်သလဲ။ တမျိုးစီချစ်တာပေါ့လို့ တူမှမတူတာကိုး သားလေးက ကိုယ်ကမွေးတာ ယောက်ကျားက ကိုယ့်ရဲ့ ချစ်သူအားကိုးရာလေ..
အဖေဆိုလဲဒီလိုပဲပေါ့ ကိုယ့်ကိုကျွေးမွေးထားခဲ့တာ။ ချစ်တယ်ဆိုတဲ့စကားကတူပေမယ့် ခံစားရတဲ့ ခံစားချက်ကမတူပဲကိုး..
သူ (ခင်ပွန်းသည်)ကပြောသေးတယ် မောင်မရှိပဲ အဝေးရောက်နေတဲ့အချိန်ဆို မောင့်ကိုယ်စားသားလေးကိုချစ်တဲ့
ကျမကတော့ လက်မခံနိုင်ပါဘူး။ သားလေးကိုနဂိုကထဲကချစ်သလို သူ့ကိုလည်း အားကိုးအားထားပြီးချစ်တာ အစားထိုးမရတဲ့ ကျမရဲ့ခံစားချက်ကိုသူနားမလည်ဘူးလို့ ထင်မိတယ်။
ဒီလိုပဲ သူငယ်ချင်းတွေနဲ့ ချစ်သူကိုလည်း သံယောဇဉ်ရှိတာချင်း မတူဘူး။ တနေရာရာရောက်လို့ အတူသွားဖူးစားဖူးတဲ့သူငယ်ချင်းကို တမ်းတမ်းတတသိရမိရင် ချစ်သူကို မေ့သွားတာမျိုးမဟုတ်ပေမယ့် အဲလိုအချိန်ဆို သူငယ်ချင်းကိုသာ တွေ့ချင်မိတာအမှန်ပဲ။ ကျမကပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်တော့ တချို့ကမကြိုက်ချင်ဘူး။ ချစ်သူဆိုပြီးတော့လည်း ညာမပြောတတ်ဘူး ကိုယ်ခံစားမိသလိုသာပြောတတ်ခဲ့တယ်။ ကျမကစပြီးတော့ ချစ်တယ်တို့ လွမ်းတယ်သတိရတယ်တို့ပြောဖို့လည်း ၀န်မလေးပါဘူး အမှန်ပြောတာပဲလေ။ ဒါပေမယ့်တခါတလေတော့ မရဲဝံ့သလိုဖြစ်တာမျိုးလည်းရှိတယ်။ သားလေးကိုယ်ဝန်ဆောင်နေတုန်းက အမျိုးသားအလုပ်သွားနေတုန်း အိမ်မှာတယောက်ထဲရှိတဲ့အခါ ဗိုက်ထဲက သားလေးနဲ့ အဖော်လုပ်စကားပြောနေတတ်ခဲ့တယ်။ အဲဒီတုန်းက ကိုယ့်ဖာသာ မေမေကလို့ သိပ်မပြောရဲဘူး တမျိုးပဲ ရှက်သလိုပဲ ဘာကြောင့်လဲမသိဘူး။
သားလေးမွေးပြီးနောက်ကျတော့ မေမေကဆိုတာ အလိုလိုကိုပြောထွက်လာတယ်။ ကိုယ့်ဖာသာတောင်သတိမထားမပဲ မေမေ့သားလေးရေဆိုတချိန်လုံးဖြစ်နေတာ ခုမှသတိထားမိတော့တယ်။ ကလေးလိုဆိုးတတ်တဲ့ကျမက အိမ်မှာဆို ခုထိကလေးဆိုးကြီးလိုပဲမှလား.. ခုတော့ လူကြီး မေမေပေါ့။ ခံစားချက်တွေတောင်ပြန်ပြောင်းလာသလိုပဲ။ ကျမဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို ကျမသားအတွက်စွန့်လွှတ်ရတော့မယ်လေ။ ခုလည်း တချို့ကို စွန့်လိုက်ရတာပဲမှလား။ ခင်ပွန်းအတွက်စွန့်လွှတ်ခဲ့တာတွေလည်း ရှိခဲ့တာပါပဲလေ။ သူ့ကိုကျတော့ တပျစ်တောက်တောက် ပြောနေမိတယ်။ မကျေမနပ်နဲ့ပေါ့။ ဒါပြီးရင် ဒါလုပ်မယ် ဟိုဟာလုပ်မယ်နဲ့က တခုခုစွန့်ထားသည့်တိုင် ကျမစိတ်မှာရှိနေတုန်းပဲ။ တကယ်တော့ တခုရရင်တော့ တခုတော့ပြန်ပေးရမှာပေါ့လေ။ အဲလို့ ခံစားလိုက်ရင် စိတ်သက်သာရာတော့ ရတတ်ခဲ့ပါတယ်။
ကျမတို့မိဘတွေလည်း ဒီလိုပဲ ကိုယ့်သားသမီးအတွက်စွန့်ခဲ့တာတွေရှိတာ အမှန်ပါ။ ဒါပေမယ့် သိပ်မခံစားပေးခဲ့မိဘူး။ ကိုယ်တိုင်ကျတော့မှ ကိုယ့်လောဘအတွက်တစုံတရာကို စိတ်ထဲမှာ မကျေနပ်သလိုခံစားမိတော့တယ်။ ဒါပေမယ့် တဘက်မှာလည်း ကျေနပ်စိတ်ရှိနေတာအမှန်ပါပဲ။ ဒါကတော့ ကြည်နူးမှူ့နဲ့ ချစ်တဲ့စိတ်ကလေးကြောင့်ပေါ့။ အဲဒီစိတ်ကလေးသာတဘက်ကထားခဲ့ရင် လောကကြီးမှာ ဘယ်ပျော်ရွှင်ရပါ့မလဲရှင်။ ခုတော့ ပင်ပန်းမှုတွေကြားက ကြည်နူးတဲ့ စိတ်ကလေးနဲ့ ခံစားနေမိတော့တယ်လေ။
ိ
အင်ကြင်း
2:21 am
14 Sept. 2012
0 comments:
Post a Comment