လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိုသူရဲ့ အပြုအမူ စွမ်းဆောင်နိုင်မှုနဲ့တိုင်းတာဆုံးဖြတ်တယ်
by ဇာ တိ on Thursday, September 13, 2012 at 10:03pm
ဒီကိစ္စနဲ့ပက်သက်ပြီး ပြောချင်နေတာတော့ ကြာပြီ ၊ အကြောင်းတိုက်ဆိုင်မှုမရှိတာရယ်
စာရေးဖို့ပျင်းနေတာရယ်ကြောင့် တော်တော်လေးကြန့်ကြာမှုဖြစ်သွားတယ်၊
ဒီအတွက် လိုရင်းကိုပဲ တိုက်ရိုက်သွားကြတာပေါ့၊
ကျနော်တို့ဟာ ဂုဏ်သိက္ခာကိုအလွန်ပဲ မြတ်နိုးတန်ဖိုးထားကြတယ်
အဲ့ဒီဂုဏ်သိက္ခာအပေါ် သစ္စာတရားကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင်
တုနှိုင်းမရတဲ့ အဖိုးတန်အရာတစ်ခု ပေါ်ထွက်လာမှာပဲ ဖြစ်တယ်၊
တကယ်က ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို
တလွဲဆံပင်ကောင်းနေတဲ့လူတွေ လောကမှာ ဒုနဲ့ဒေးပါပဲ၊
ကျနော်တို့ဘယ်လိုနေရာမှာ ဂုဏ်သိက္ခာကို ထုတ်ယူသုံးစွဲသလဲ
ဂုဏ်သိက္ခာဆိုတာ ထုတ်ယူသုံးစွဲလို့ရတဲ့အရာလား
သစ္စာတရားဆိုတာကကော ဘာလဲ ၊
မုဒိမ်းကျင့်ခံရတဲ့ အပျိုစစ်စစ်မိန်းကလေးတစ်ယောက်ရဲ့ ရှိသမျှဂုဏ်သိက္ခာတွေဟာ
မုဒိမ်းကျင့်ခံရရုံနဲ့ အားလုံးပျောက်ရှသွားမှာလား လူတကာနဲ့ မေးငေါ့လက်ညိုးထိုးမှုတွေဟာ
စစ်မှန်တဲ့ သစ္စာတရားတွေလား
အဲ့ဒီလက်ညိုးထိုးတဲ့လူတွေကကော ဂုဏ်သိက္ခာအလွန်ရှိတဲ့ လူမျိုးတစ်စုဖြစ်နိုင်ရဲ့လား ၊
နေရာပေါင်းစုံက လူမျိုးတိုင်းဟာ သူ့နည်းသူ့ဟန် သူတို့ယဉ်ကျေးမှုနဲ့
သူတို့မြတ်နိုးထားတာတွေကို တန်ဖိုးထားကြတယ်
ဒါတွေကို သူတို့ရဲ့ အထွဋ်အမြတ်အနေနဲ့ ကိုးကွယ်ကြတယ်
ဒါတွေကို ထိပါးလာတဲ့အခါမှာ မလိုအပ်ပဲ ပြသနာတွေ တက်ကြတယ်
မိန်းမပျိုလေးတစ်ယောက်ဟာ သူ့ရဲ့အပျိုစစ်တယ်ဆိုတဲ့ ဂုဏ်ကိုမြတ်နိုးတန်ဖိုးထားပေမဲ့
မုဒိမ်းကျင့်ခံရပြီးနောက် သူ့ရဲ့ဂုဏ်သိက္ခာဟာ ဟိုးအောက်ဆုံးထိ ကျသွားနိုင်ပါ့မလား ၊
ကျနော်တို့ရဲ့ ယုံကြည်မှုဟာ ကျနော်တို့ စိတ်ခံစားမှုပေါ်မှာပဲ မူတည်တယ်
ကျနော်တို့ ရုပ်ခန္ဓာရဲ့ ဖြစ်တည်မှုပေါ်မှာ မူမတည်ဘူး
အဲ့ဒီအတွက် ဒီမိန်းကလေးရဲ့ ဂုဏ်သိက္ခာဟာ ကျဆင်းသွားတယ်လို့ သတ်မှတ်လို့မရဘူး၊
စစ်မှန်တဲ့ သစ္စာတရားဆိုတာ ဒီဘက်ခေတ်မှာ မရှိသလောက် နည်းပါးနေတာကို တွေ့ရမယ်
ဘယ်လိုလူမျိုးအပေါ် ဘယ်လိုလူမျိုးကမှ စစ်မှန်တဲ့ သစ္စာမထားနိုင်တော့ဘူး
ဒါဟာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့မျိုးဆက်ကို မီးမောင်းထိုးပြထားတာပဲ၊
ဘာကြောင့် လူတစ်ယောက်ဟာ လူတစ်ယောက်အပေါ် သစ္စာမရှိနိုင်ရတာလဲ
လောကမှ အဖိုးတန်ဆုံးအရာဟာ ဘာလဲလို့ လူတစ်ယောက်က လာမေးလာတဲ့အခါမှာ
ကျနော်တို့ ခင်ဗျားတို့မှာ ချက်ချင်းပြန်ဖြေနိုင်တဲ့ အင်အား မရှိကြဘူး
ဒါပေမဲ့ အဖိုးတန်ဆုံးအရာတစ်ခုရှိတယ် အဲ့ဒါဟာ စစ်မှန်ကောင်းမွန်တဲ့ ယုံကြည်မှုပဲ
ကျနော်တို့ရဲ့ ယုံကြည်မှုဟာ ကိုယ့်အတွက်ကော တစ်ပါးသူတွေအတွက်ကော အသုံးဝင် အကျိုးရှိတယ်ဆို
ဒါဟာ စစ်မှန်ကောင်းမွန်တဲ့ အဖိုးတန်အရာတစ်ခုလို့ သတ်မှတ်နိုင်တယ်၊
ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှုကို ကောင်းစွာမခွဲခြားနိုင်သ၍ သေချာတာက
ကျနော်တို့မှာ စစ်မှန်တဲ့ ယုံကြည်မှုတွေ ရရှိအုံးမှာမဟုတ်ဘူး၊
လူတစ်ယောက်အပေါ် အရာတစ်ခုခုအပေါ် သစ္စာရှိနိုင်ဖို့ ဘာတွေလိုအပ်သလဲ
ငွေကြေး ဂုဏ်သိက္ခာ မေတ္တာတရား ကတိ စတဲ့အရာတွေလိုအပ်လိမ့်မယ်၊
ငွေကြေးကြောင့် ကျနော်တို့ရဲ့ တစ်ပါးသူတစ်ယောက်အပေါ်ထားတဲ့ သစ္စာတရားဟာ ပျောက်ကွယ်သွားနိုင်တယ်
ဂုဏ်သိက္ခာကို ထိပါးလာမှုကြောင့်လဲ သစ္စာတရားဟာ ပျောက်ကွယ်သွားနိုင်တယ်
မေတ္တာမပေးနိုင်တော့တဲ့အခါ မေတ္တာမထားနိုင်တော့တဲ့အခါလဲ သစ္စာတရားဟာပျောက်ကွယ်သွားနိုင်တယ်
ကတိ နဲ့ သစ္စာကတော့ အရေးကြီးဆုံး တွဲဖက်ပစ္စည်းပဲ ဖြစ်တယ်
ကတိသစ္စာရယ်လို့ ကြားမိလိုက်တာနဲ့ တပြိုင်နက် လူတိုင်း အနည်းနဲ့အများ
တွန့်ဆုတ်သွားတတ်တာကို တွေ့ရတတ်တယ်
ဒါဟာ ဘာကြောင့်လဲဆိုတော့ သာမန်လူတွေအနေနဲ့ ကတိသစ္စာကို သေတဲ့အထိ တည်မြဲအောင် ထိန်းသိမ်းမသွားနိုင်တဲ့အတွက်ဖြစ်တယ်၊
ဘာကြောင့်မထိန်းသိမ်းနိုင်ရတာလဲ တကယ်က ကျနော်တို့ရဲ့စိတ်ကို ကျနော်တို့ရဲ့
ယုံကြည်မှုနဲ့ပြန်ထိန်းချုပ်ရမယ်
ကျနော်တို့ရဲ့ ယုံကြည်မှုကို ကျနော်တို့ရဲ့ စိတ်နဲ့ပြန်လည်ထိန်းချုပ်နိုင်ရမယ်၊
လူမှုပတ်ဝန်းကျင်မှာ လူတွေရဲ့ပြစ်တင်ဝေဖန်မှုကို ကြံ့ကြံ့ခံနိုင်ဖို့ကလဲ
အရေးကြီးဆုံး အရာတစ်ခုဖြစ်တယ်
လူတွေရဲ့ ဝေဖန်ပြစ်တင်မှုကို မခံစားနိုင်တော့တဲ့အခါမှာ ထိုသူရဲ့ ဘ၀ဟာ
သုံးစားမရတော့လောက်အောင် ဟိုးအောက်ဆုံးကို ကျသွားနိုင်တယ်
အဲ့ဒီအတွက် ဘယ်သူတွေမှာ အပြစ်ရှိသလဲ
သေချာတာက မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ဟာ အရမ်းကိုကြီးမားလွန်းတယ်
ကိုယ့်ကိုကိုယ် မကိုးကွယ်နိုင်သရွေ့ ဘယ်လိုအရာကိုမှ ကိုးကွယ်နိုင်မှာမဟုတ်ဘူး
ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိပဲ ဘယ်လိုအရာကိုမှ ယုံကြည်နိုင်မှာမဟုတ်ဘူး၊
နောက်ထပ်စကားတစ်ခုကတော့ ဘယ်သူမပြုမိမိမှုဆိုတာပဲ
ကျနော်တို့ပြုမူလှူပ်ရှား ဖြစ်တည်နေတဲ့အရာမှန်သမျှဟာ
ကျနော်တို့နဲ့ပဲ တိုက်ရိုက်ပက်သက်ဆက်နွယ်မှုရှိတယ်
ဘာတွေကို ဘယ်လိုဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
ဘာတွေကို ဘယ်လိုဖန်တီးတာပဲ ဖြစ်ဖြစ် ဘယ်လိုအကျိုးအပြစ်က
ကိုယ့်အပေါ် လာရောက်ရိုက်ခတ်တာပဲ ဖြစ်ဖြစ်
အဲ့ဒီအရာတွေအားလုံးဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘ၀ဖြစ်စဉ်ထဲဝင်ရောက်လာမယ်
ဒါတွေကို လက်ခံနိုင်အောင် ကြိုးစားရမယ် အရာရာအပေါ် အလွယ်တကူအရှူံးပေးချင်တဲ့စိတ်ဟာလဲ
လူပျော့လူညံ့တွေရဲ့ စိတ်ပဲဖြစ်တယ် ကျနော်တို့ ဘာ့အတွက် အရာရာအပေါ်အလွယ်တကူ အရှူံးပေးမှာလဲ
အသက်ပြည့်ပြီးယောင်္ကျားမိန်းမရဲ့ ရာခိုင်နှူန်းထပ်ဝက်ကျော်ကျော်ဆီမှာ
အလုပ်အကိုင်ကိုယ်ဆီကိုယ်ငှရှိကြလိမ့်မယ်
ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ်နဲ့ဆက်အပ်မယ့်နေရာတွေမှာ အသီးသီး တာဝန်ယူလုပ်ကိုင်ကြတယ်
အဲ့ဒီနောက် ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် ကိုယ်ထိတွေ့ဆက်ဆံနေရမယ့်အလုပ်ရှင်
တန်းတူအလုပ်ဝန်ထမ်းများ ၀ယ်သူများ စတဲ့ပုဂ္ဂိုလ်များနဲ့ ဆက်ဆံနေရတဲ့အခြေအနေမှာ
တစ်ခုခုကို ပြင်ဆင်မထားပဲနဲ့တော့ အဆင်ပြေမယ်မဟုတ်ဘူး
အရေးကြီးတဲ့ အရာတစ်ခုက ကျနော်တို့ဟာ အရာရာအပေါ် အကောင်းဆုံးလုပ်ကိုင်မယ်ဆိုတဲ့ စိတ်ပဲ
ဒီလူ့အပေါ် ဒီအရာအပေါ် ဒီအလုပ်အပေါ် ဘယ်လောက်ထိ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့
စိတ်ကိုထည့်သွင်းထားဖို့ အရေးကြီးတယ်
ဒါတွေဟာ ကျနော်တို့ရဲ့ ရှူံးနိမ့်ခြင်းနဲ့အရှူံးပေးချင်စိတ်တွေကို နှောက်ယှက်ဖျက်းစီးနိုင်မယ့်
အကောင်းမွန်ဆုံးစိတ်ဓါတ်ပဲ ဖြစ်တယ်
အရာရာအပေါ် အလွယ်တကူ အရှူံးပေးချင်တဲ့စိတ်ဟာ အရာရာအပေါ်
အကောင်းမွန်ဆုံးလုပ်ဆောင်မယ်ဆိုတဲ့ စိတ် မရှိတဲ့လူများဆီမှာပဲ ရှိတာတွေ့ရမယ်၊
သေချာတက ကျနော်တို့ဟာ လောကမှာ တစ်ယောက်တည်းမရပ်တည်နိုင်ဘူး
ကျနော်တို့မှာ မိတ်ဆွေလိုတယ် ရန်သူတွေရှိလိမ့်မယ်
အပြိုင်အဆိုင်လိုမယ် ဒါတွေက မရှိမဖြစ် လိုအပ်ပြီး မရှိမဖြစ် ရင်ဆိုင်ရမယ့်အရာတွေပဲ ဖြစ်တယ်
တစ်ခါတစ်ရံ ကျနော်တို့ဟာ တစ်ခုခုအပေါ်မနိုင်ဝန်ထမ်းတတ်ကြတယ် အဲ့ဒီအခါ ရရှိလာမယ့် အကျိုးဆက်က ကောင်းမွန်မယ်မဟုတ်လှဘူး
ဒီအတွက် ကျနော်တို့ မိတ်ဆွေများဆီက အကူအညီတောင်းခံနိုင်ရမယ်
တောင်းခံရဲရမယ် ကြောက်ရွံ့အားနာနေလို့မရဘူး
ကျနော်တို့ရဲ့ အားနာစိတ် ကြောက်ရွံ့စိတ်က ကျနော်တို့ရဲ့ဖြစ်တည်မှုကို လာရောက်ရိုက်ခတ်လိမ့်မယ်
ဒီအတွက် မလိုအပ်ပဲ အားနာစိတ်နဲ့ ကြောက်ရွံ့စိတ်ကို ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ဘူး။
(အရမ်းရှည်သွားရင်လဲ စာဖတ်သူတွေ ပျင်းသွားနိုင်တယ်
ရေးချင်စိတ်က ရှိနေသေးပေမယ့် ဆက်ရေးလို့မရတော့လို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တော့တယ်
စာမရေးတာ တော်တော်လေး ကြာပါပြီ အခုလေးတင်ပဲ ရုပ်ရှင်ကားတစ်ကားမှာတွေ့လိုက်ရတဲ့
အခန်းတစ်ခန်းလေးကြောင့် ဒီစာကို ရေးဖြစ်လာတာပါ
မရေးတာ ကြာပြီဆိုတော့ စာဖတ်သူတွေအနေနဲ့ ဖတ်ရမှာ တစ်မျိုးဖြစ်နေနိုင်တယ် ရုပ်ထွေးနေနိုင်တယ်
ဒါပေမဲ့ နားလည်သလို ဖတ်ရှူ့သွားဖို့ပဲ မေတ္တာရပ်ခံပါတယ် ။)
ဇာတိ(ဖျာပုံ)
၁၁နာရီ၂၀မိနစ် မနက်
၁၄.၉.၂၀၁၂
zartipyapon@gmail.com
www.zartinaung.blogspot.com
0 comments:
Post a Comment