Monday, September 17, 2012

မမျှောစေချင်ပါဘူး၊ 8 ပူးတို့




အစိုးရသစ်(ခ) ဦးသိန်စိန်အစိုးရ (ခ) အကလအစိုးရ၏ လက်ရှိနိုင်ငံရေးအခင်းအကျင်းပုံစံ

အစိုးရသစ်သည် ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေကိုအဓမ္မပြဋ္ဌာန်းပြီးနောက် တည်ဆဲအာဏာပိုင်နှင့် စစ်အာဏာရှင်တို့သည် ချုပ်ကိုင်မှုအချို့ကို ဖြေလျှော့ပေးသည်ဖြစ်စဉ် (Liberalization) ကိုပုံစံပြောင်း၍ ပြည်သူအများကို ကိုင်တွယ်လာပြီး ဒီမိုကရေစီ ပုံဖေါ်ကြောင်းကို မြန်မာကော၊ ကမ္ဘာကောသိအောင် ဆောင်ကြဉ်းလာနေပါသည်။
ဒီဖြစ်စဉ်ရဲ့လုပ်ဆောင်မှု အဆင့်များကတော့ ...

(၁) အကျင့်ပျက်ချစားမှုနဲ့ဆင်ရဲမွဲတေမှုပပျောက်ရေးစီမံချက်များကို အစီအစဉ်ချမှတ်လာခြင်း၊နှင့်
အောက်ခြေရွေးကောက်ပွဲများကိုကျင်းပပေးခြင်း
(၂) အတိုက်ခံအင်းအားစုများကိုနားချ၊သိမ်းသွင်းပြီးလွှတ်တော်အတွင်းရောက်အောင်စုစည်းနိုင်ခြင်း
(၃) နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း
(၄) မီဒီယာချုပ်ကိုင်မှုများကိုလျှော့ချခြင်း
(၅) ပြည်ပရောက်အတိုက်အခံများကိုနိုင်ငံတွင်းပြန်ည်ဝင်ရောက်ရန် ဖိတ်ခေါ်ပြီး လွှတ်တော်နိုင်ငံရေးလမ်းစဉ် လမ်းကြောင်းပုံဖေါ်ပေးခြင်း
(၆) လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့်ငြိမ်းချမ်းရေးလမ်းစဉ်ညှိနိုင်းဆောင်ရွက်ခြင်း
(၇) အချို့သောပြဿနာများတွင် လူထုထင်မြင်ချက်များ ထုတ်ဖေါ်ခွင့်ရလာအောင်ဆောင်ပေးခြင်း
(၈) အရပ်ဖက်လူ့အဖွဲ့အစည်းများတရားဝင်ဖွဲ့စည်းခွင့်၊ လှုပ်ရှားခွင့်ပေးလာခြင်း
(၉)အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားအောင်အတိုက်အခံခေါင်းဆောင်နှင့် လက်တွဲ၍ ကမ္ဘာသိအောင်ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကိုပြသခြင်း၊
(၁၀)စစ်အာဏာရှင်ဘ၀တလျှောက်လုံးကြားကန်ပေးခဲ့သော တရုတ်အစိုးရနှင့် ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှုကို အတိုက်အခံဘက်က တစိုက်မတ်မတ်ထောက်ခံရပ်တည်ပေးလာခဲ့သော အမေရိကန်တို့ကြားတွင် အဆင် ပြေလိုက်လျှောညီထွေစွာ ဆက်ဆံရေးဟူသောနိုင်ငံခြားရေးမှုဝါဒများကို ကျင့်သုံးလာခြင်းစသောခြေလှမ်းများကိုဆောင်ရွက်လာခဲ့ပါသည်။
တနည်းဆိုရသော် အကြမ်းထည်အာဏာပိုင်စနစ်မှ သဘောထားပျော့ပြောင်းသော အာဏာပိုင်စနစ်
( Liberatilization authoritariam regime) သို့ရွေ့လာသည်အရွေ့သဘောမျှသာဖြစ်ပါသည်။

ဤသို့သောလစ်ဘရယ်လိုက်ဇေးရှင်းဖြစ်စဉ်မှာ ဒီမိုကရက်တိုင်ဇေးရှင်း (Democratization) ဖြစ်စဉ်တစ်ခုလုံး၏ အဖွင့်ကျားကွက်ဖြစ်ကောင်းဖြစ်နိုင်သော်လည်းဘဲ ဧကန်မုချတို့မြန်မာပြည်သူတွေ ဒီမိုကရေစီနိုင်ငံဖြစ်တော့မည်ဆိုတဲ့ဧကန်သဘောကားတော့မဟုတ်၊ မဖြစ်နိုင်သေးပါကြောင်း။ တင်းပြည့်ကျပ်ပြည့် Democratization State ဖြစ်ပေါ်တဲ့နိုင်ငံများမှာ17% မျှသာရှိသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ဖြစ်စဉ်မှ ဒီမိုကရေစီသားလျှောသွားသောနိုင်ငံများမှာ ဒုနဲ့ဒေးဖြစ်သည်။
လက်ရှိလတ်တလောနိုင်ငံရေးအခြေအနေမှာလည်း အစိုးရအတွက်ကယ်ပေါက်မရှိတဲ့ အခြေအနေဖြစ်လာမဲ့အခြေအနေဖြစ်ပေါ်လျှက်ရှိပါတယ်။ အလုပ်သမား၊ လယ်သမားလူတန်းစားနဲ့ ခရိုနီရဲ့တိုက်ပွဲများကို ပြေလည်အောင် ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦး မည်ဖြစ်တယ်။
အတိတ်ကျောရိုးနိုင်ငံရေးသမိုင်းဖြစ်စဉ်ကိုပြန်ကြည့်ရာတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်ထိုခေတ်နိုင်ငံရေးစနစ်၏ပေါ်ပင်မှာဆိုရှယ်လစ်စနစ်ဖြစ်သည်။ထိုစနစ်ကိုအလုပ်သမား၊လယ်သမား၊ပစ္စည်းမဲ့လူတန်းစားကောင်းစားရေးဆိုပြီးတော့ ဦးနေ၀င်းအစိုရသည် တကမ္ဘာလုံးကဆိုရှယ်လစ်သလို သူလည်းဆိုရှယ်လစ်ခဲ့ပါသည်။ဘာတဲ့ဆိုရှယ်လစ်တောင်ကမ္ဘာနဲ့မတူအောင်မြန်မာဆိုရှယ်လစ်တဲ့။
ဒါပေမဲ့သူများကလစ်လို့သာသူလိုက်လစ်ရပေမဲ့သူရင်ထဲမှာပြည်သူတွေအတွက်စိတ်ထားကောင်း၊စိတ်ထားမှန် မရှိခဲ့ပါဘူး၊သူရင်ထဲမှာအမြဲရှိတာက စစ်အာဏာရှင်စနစ်ဆိုးဘဲရှိခဲ့တဲ့အတွက်ကြောင့် စနစ်တကျအကွက်ချရေးဆွဲထားတဲ့ ဧက၀ါဒီမှုဝါဒချမှတ်ကာတတိုင်းပြည်လုံး အမှောင်ချပြီး အုပ်ချုပ်လာခဲ့တဲ့အတွက်ကြောင့် တိုင်းပြည်သည်အဖက်ဖက်မှ တိုးတက်မှုမရှိ ပြည်သူတွေရဲ့နိုင်ငံရေး အသိဉာဏ် သုညဖြစ်အောင်Brain wash လုပ်ခဲ့တဲ့အတွက်ကြောင့်ဘဲ အများကမ္ဘာနှင့်မယှဉ်ရဲလောက်အောင် ခေတ်နောက်ကျ၊မွဲပြာကျကျန်ခဲ့တာပါဘဲ။
အထူးသဖြင့်နိုင်ငံရေးသမားများအနေနဲ့ စစ်အစိုးရဘာဘဲပြောပြော၊ဘာတွေဘဲလုပ်လုပ် သတိဝီရိယအပြည့်နဲ့လုပ်ကိုင်တတ်ဖို့လိုပါတယ်။နှစ်ဖက်လုံးမှာ ရှောခ့်ရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်။
ဘာဘဲပြောပြောအများသူငါတို့ကတော့သွားလေသူလို့ပြောနေကြတဲ့သန်းရွှေ၊ခင်ညွန့်တို့ရဲ့ Road map ၇ ဆင့်ရဲ့ နောက်ဆုံးအဆင့်ရောက်နေပြီဆိုတာကတော့ အသေအချာပါဘဲ။၂၀၀၈ ဖွဲစည်းပုံပါ အဓိကအချက်(၁၂) ချက်ကိုမပြင်နိုင်သ၍ကာလပတ်လုံးတော့……. အနေကန်သဘောသာ ဆောင်လိမ့်မည်သာ ဖြစ်လိမ့်မည်။
ဦးနေ၀င်းရဲ့မဆလစနစ်တုန်းကလိုဘဲ ပြည်သူကဒီမိုကရေစီဆိုလို့သာ သူတို့လိုက်ပြီးတော့ စီလိုက်ရတာပါ။ ဒါကြောင့်မြန်မာနည်းမြန်မာဟန်နဲ့ဘဲ စည်းကမ်းပြည့်ဝသောမြန်မာဒီမိုကရေစီဆိုပြီးတော့ နှစ်ထပ်ရှိမှ မှတ်မိအောင်ဆိုပြီးပြဋ္ဌာန်းပေးခဲ့လေပြီ…….

မည်သို့ပင်ရှိစေကာမှုအတိုက်အခံခေါင်းဆောင်ကြီး ဒေါ်စုနဲ့ပြည်သူအချစ်တော်များဖြစ်ခဲ့တဲ့ 88 ကျောင်းသားများကို ဒီမိုကရေစီမြတ်နိုးသူ ပြည်သူတစ်ယောက်အနေနဲ့ သတိတော့ပေးချင်ပါတယ်။
“မမျှောစေချင်ပါဘူး။”
“ ဖောက်ပြန်တတ်တဲ့ ရန်သူ၏အကြောင်းနဲ့ သဘောထားကိုတော့ဘယ်တော့မှ မမေ့စေချင်ပါဘူး။”

မောင်သာမြား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...