လောကနီတိကိုလေ့လာခြင်း
ပြန်တော်ပြန်နဲ့ စည်း ၃ တန် ဒုတိယပိုင်းမရေးတင်ခင်မှာ ဒီပိုစ်လေးအရင်ဖတ်ကြည့်ဖို့ အတွက် တင်ပေးလိုက်ပါတယ်နော်..
လောကဆိုတာ ‘ဘဝ’လို့အဓိပ္ပါယ်ရှိ တယ်၊ နီတိဆိုတာကတော့‘လမ်းညွှန်’၊ လောကနဲ့နီတိ ပုဒ်နှစ်ခုကိုပေါင်းတော့ လောကနီတိ ‘ဘဝလမ်းညွန်’လို့ အဓိ ပ္ပါယ်ရတယ်။
လောကနီတိကိုလေ့လာခြင်း
လောကဆိုတာ ‘ဘဝ’လို့အဓိပ္ပါယ်ရှိ တယ်၊ နီတိဆိုတာကတော့‘လမ်းညွှန်’၊ လောကနဲ့နီတိ ပုဒ်နှစ်ခုကိုပေါင်းတော့ လောကနီတိ ‘ဘဝလမ်းညွန်’လို့ အဓိ ပ္ပါယ်ရတယ်။
လောကနီတိကိုလေ့လာခြင်း
ဘုန်းကြီးကျောင်းသား (ယူစီဘာကလေ)
(၁)
ဂျပန်မှာနေတဲ့ ကျနော့်ရဲ့မိတ်ဆွေတဦး ထံက ဂျာနယ်တစောင်ရလို့ စိတ်ဝင်စား စွာပဲ ကျနော်ဖတ်ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၆ ခု နှစ်၊ မေလမှာထုတ်ဝေတဲ့ နေရှင်နယ်ဂျာ နယ် အမှတ်စဉ် ၂ ပဲ ဖြစ်ပါတယ်။ ဒီဂျာ နယ်ကို ပထမဦးဆုံးဖတ်ဖူးတာပါ။ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုစတာတွေ အတော် လေးစုံတဲ့ ဂျာနယ်တစောင်ပဲဖြစ်ပါတယ်။
ဒီဂျာနယ်ထဲမှာ အင်တာဗျူးတွေလဲ ပါတယ်။ ‘မိုးသီးဇွန်နဲ့စကားပြောခြင်း’ဆို တဲ့ အင်တာဗျူးကိုဖတ်မိစဉ်မှာ စဉ်းစားစ ရာတွေ ပေါ်လာခဲ့ပါတယ်။ အင်တာဗျူးကို လုပ်သူက ကိုသူရိန်ထက်၊ ဖြေကြားသူက ကိုမိုးသီးဇွန်၊ အကြောင်းအရာက ၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလ ဂျပန်မှာ ကိုမိုးသီးဇွန် ဟောပြောသွားတဲ့ အကြိုက်ဆုံးစာအုပ်နဲ့ မကြိုက်တဲ့စာအုပ်အကြောင်းပဲ ဖြစ်ပါတယ်။
အင်တာဗျူးလုပ်သူနဲ့ဖြေကြားသူနှစ်ဦး စလုံးဟာ လိုတိုရှင်းမေးပြီး လိုရင်းတွေကို ဖြေကြားထားတာကိုကျနော်ဖတ်ရပါတယ်။ ရည်ရွယ်ချက်က စာပေဟောပြောပွဲကိုမ တက်ရောက်နိုင်ခဲ့ကြတဲ့ အဝေးရောက်စာ ဖတ်ပရိသတ်များအတွက်ပဲဖြစ်ပါ တယ်။
ဖြေကြားသူကိုမိုးသီးဇွန်က သူမြင်တဲ့အ မြင်ကို ပြောသွားတယ်လို့ ကျနော်မြင်ပါ တယ်။ ဒါကလဲ လွတ်လပ်စွာမြင်ပိုင်ခွင့်၊ ပြောပိုင်ခွင့်ရှိပါတယ်။ မှားတယ်၊ မှန်တယ် ဆိုတာလဲ လောကနီတိနဲ့ အလှမ်းမဝေးတဲ့ ပရိသတ်ကြီးက အကဲဖြတ်နေမှာပါ။ ဂျပန် ကိုမရောက်ဘူးတဲ့ အဝေးကကျနော် တောင် ဒီအင်တာဗျူးကိုဖတ်ရပြီး စဉ်းစားစ ရာတွေပေါ်လာသေးတယ်ဆိုရင် ဒီစာပေ ဟောပြောပွဲမှာ ကိုယ်တိုင်တက်ရောက် နားထောင်ကြတဲ့ ပရိသတ်အနေနဲ့ ကျ နော်ထက်ပို၍ သိရှိခံစားမိကြမှာပါ။
ဒီဆောင်းပါးကိုရေးသားခြင်းဟာ လော ကနီတိအပေါ်မှာ သာမန်အရပ်သားတဦး မြင်ထားတဲ့ ကျနော့်အမြင်နဲ့ စင်မြင့်ပေါ်က ဆရာကိုမိုးသီးဇွန်မြင်တဲ့အြ မင်နှစ်ခုကို ဖော်ပြခြင်းမျှသာပဲဖြစ်ပါတယ်။
(၂)
ကိုမိုးသီးဇွန်ရဲ့လောကနီတိေ ပ်ါမှာမြင်တဲ့ အမြင်ကို ဖတ်နေစဉ်တချိန်တည်းမှာပဲ ကျ နော်သိမ်းထားတဲ့လက်စွဲစာအုပ်လေးတွေ ကိုအမှတ်ရမိတယ်။ ကျနော့်လက်စွဲစာအုပ် တွေဆိုတာ မကြာမကြာပြန်ဖတ်လေ့ရှိတဲ့ ကျနော်တန်ဖိုးထားတဲ့ စာအုပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာရွာကဆရာတော် ကျောင်းမှာသင်ယူခဲ့ရတဲ့ ဆယ်စောင်တွဲ စာအုပ်လေးတအုပ်လဲအပါအဝင်ဖြစ်ပါတယ်။
အဲသည်စာအုပ်လေးထဲမှာ ပရိတ်ကြီး (၁၁)သုတ်အပြင် အပြင်အောင်ခြင်း၊ အ တွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိဆုံးမစာစသော အခြေခံသင် ခန်းစာများပါဝင်နေပါတယ်။ ကိုရင်တွေနဲ့ ကျောင်းသားတွေဟာ သင်ခန်းစာများကို တခုပြီးတခုသင်ယူရပါတယ်။ ဆရာတော် ရဲ့လက်ထောက်ဦးပဇင်းများက အလှည့် ကြသင်ပေးလေ့ရှိပါတယ်။
ကျနော့်ကို လောကနီတိနဲ့စတင်မိတ်ဆက်ပေးခဲ့တဲ့စာ သင်ကျောင်းကတော့ ကျနော်တို့ကျေးရွာ ကဘုန်းတော်ကြီးကျောင်းပင်ဖြ စ်ပါတယ်။
နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘာ သာရေးအခြေခံစာပေနဲ့ ဗုဒ္ဓြွစာပေအခြေခံ များကိုသင်ဖို့ ဘုန်းတော်ကြီးကျောင်းမှာ ကျနော်အမြဲရောက်နေတတ်ပါတယ်။ ကျ နော်တင်မကပါဘူး၊
ကျနော်တို့နယ်သား တွေအားလုံးလိုလို ±ွာကဘုန်းတော်ကြီး ကျောင်းနဲ့မကင်းကြပါဘူး။ ကျနော်တို့ရဲ့ ဘိုးဘေးလက်ထက်ကတည်းက သင်ယူခဲ့ ကြရတဲ့ ဘုန်းတော်ကြီးကျောင်းပညာရေး နဲ့ မဝေးခဲ့ကြပါဘူး။
ကျနော်တို့မြန်မာပြည်သားတွေ ဘုန်း တော်ကြီးကျောင်းပညာရေးကို နှစ်ပေါင်း များစွာသင်ယူခဲ့ကြပါတယ်။ ယနေ့အချိန် အထိလဲ သင်ယူနေကြဆဲဖြစ်ပါတယ်။
အ နောက်တိုင်းပညာရေးတွေ မြန်မာပြည် တွင်းမှာ မထွန်းကားမီကတည်းက မြန်မာ လူထုကို အသိအလိမ္မာပေးခဲ့တာ၊ မြန်မာပ ညာရှင်ကြီးတွေကို မွေးထုတ်ပေးခဲ့တဲ့တ က္ကသိုလ်တွေဟာ ဘုန်းတော်ကြီးကျောင်း တွေပဲဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ယော မင်းကြီးဦးဖိုးလှိုင်၊ စလေဦးပုညစတဲ့ ပညာ ရှင်ကြီးတွေ ပညာသင်ခဲ့တဲ့နေရာတွေဟာ ဘုန်းတော်ကြီးကျောင်းတွေပါ။
အကယ်၍ သာ အနောက်နိုင်ငံကတက္ကသိုလ်ကြီး တွေ လို အင်္ဂလိပ်ဘာသာကဲ့သို့ အင်တာနေရှင် နယ်ဖြစ်တဲ့ ဘာသာစကားရပ်တခုခုနဲ့သာ ဗုဒ္ဓြွစာပေကို သင်ကြားပေးမယ်ဆိုရင် ကျ နော်တို့မြန်မာနိုင်ငံက ဘုန်းတော်ကြီး ကျောင်းပညာရေးစနစ်ဟာလဲ နိုင်ငံတကာ အဆင့်မီဖြစ်မှာသေချာတယ်။
ပိုက်ဆံအကုန်အကျအနည်းဆုံးပညာရေး စနစ်တခုဖြစ်ပါတယ်။ ယနေ့အချိန်အထိ တိုးတက်ပြန့်ပွားနေတဲ့ မြန်မာပြည်တွင်း မှာ တည်ရှိနေကြတဲ့ စာသင်တိုက်ကြီးတွေ ဟာလဲ စား၊ ဝတ်၊ နေရေးအားလုံးကို အလ ကားပေးပြီး ရဟန်းပညာရှင်တွေ ပညာ တတ်တွေကိုမွေးထုတ်ပေးနေတဲ့ ရှေးအ ကျ ဆုံး ဗုဒ္ဓြွတက္ကသိုလ်ကြီးတွေပါ။ ရှင်မ ဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်ဥတ္တ မကျော်၊ ဗန်းမော်ဆရာတော်၊ သင်္ဂဇာဆ ရာတော်၊ လယ်တီဆရာတော်၊ မန်လည် ဆရာတော်၊ ဆရာတော်ဦးဥတ္တမ၊ ဆရာ တော်ဦးဝိစာရ၊ မဟာဂန္ဓာရုံဆရာတော်စ တဲ့ နိုင်ငံကျော်ရဟန်းပညာရှိကြီးတွေအား လုံး ဒီကျောင်းတွေကထွက်ခဲ့ကြတာပါ ပဲ။
(၃)
ကျနော်တို့အခုနိုင်ငံခြားမှာ ကျောင်း တက်နေကြတယ်။ ပညာသင်စားရိတ်က ဈေးကြီးပါတယ်။ ဘာသာရေးနဲ့ပတ်သက် လို့ သင်ချင်ရင်တောင် အလကားမရပါ ဘူး။ ဘာသာရေးကိုသင်ပေးတဲ့ သီးသန့် ကျောင်းတွေကလဲ သိပ်ဈေးကြီးပါတယ်။ တက္ကသိုလ်တွေမှာသင်နေတဲ့ အပြည်ပြည် ဆိုင်ရာဘာသာရေးမေဂျာကတော့ အခြား ဘာသာရပ်များနည်းတူ ဈေးအတူတူပါပဲ။ ဘာပညာကိုမျှ အလကားမရပါဘူးခင်ဗျာ။
ကျနော်ပြောလိုတာက လောကနီတိ အကြောင်းပါ။ လောကနီတိအကြောင်းကို စတင်ပြောဆိုနေရင်းနဲ့ ကြားဝင်ပြီး ဘုန်း တော်ကြီးကျောင်းပညာရေးစနစ်ကို မဖြစ်မ နေပြောရခြင်းဟာ လောကနီတိတွေရှင် သန်နေတဲ့ နောက်ခံကျောရိုးကို သဲကွဲစွာ မြင်လာအောင် တင်ပြခြင်းဖြစ်ပါတယ်။
လောကနီတိကို စသင်ရတဲ့ပထမဦးဆုံး နေ့မှာ ကျနော်တို့ကလေးများရဲ့ဆရာ ဦး ဇင်းလေးပြောခဲ့တဲ့ လောကနီတိ မိတ်ဆက် စကားတွေကိုမှတ်မိနေပါသေးတယ် ။
လောကဆိုတာ ‘ဘဝ’လို့အဓိပ္ပါယ်ရှိ တယ်၊ နီတိဆိုတာကတော့‘လမ်းညွှန်’၊ လောကနဲ့နီတိ ပုဒ်နှစ်ခုကိုပေါင်းတော့ လောကနီတိ ‘ဘဝလမ်းညွန်’လို့ အဓိ ပ္ပါယ်ရတယ်ကွဲ့။
‘လောကနီတိ-ဘဝလမ်းညွန်’လို့ တို တိုနဲ့ထိမိတဲ့အဓိပ္ပါယ်ကို ဦးဇင်းလေးရှင်းပြခဲ့ တာ ကျနော်တို့ကျောင်းသားလေးတွေ နဲ့ ကိုရင်တွေဦးဏှောက်ထဲမှာ စွဲသွားတယ်။
ကလေးဘဝက ဆရာမိဘတွေလမ်း ညွန်လို့သင်ကြားခဲ့ရတဲ့ လောကနီတိသင် ခန်းစာတွေကို ကိုယ့်ဥာဏ်မပြည့်ဝသေး လို့ လေးလေးနက်နက်မသက်ဝင်နိုင်သော် လဲ အကြမ်းဖျင်းအားဖြင့် ကျနော်တို့က လေးတွေ နားလည်ခဲ့ကြပါတယ်။ တကယ် လဲပဲ ဘဝလမ်းညွှန်စာပေများသာဖြစ်ပါ တယ်။ တဦးတယောက်ကိုချုပ်ချယ်ဖို့ အ တင်းလိုက်နာဖို့ အင်အားသုံးပြီး ညွန်ကြား ထားတာမရှိပါဘူး။
စာကောင်းပေကောင်း လမ်းညွှန်မှု ကောင်းတွေဖြစ်လို့သာပဲ မိဘဆရာသူ တော်ကောင်းကြီးတွေက ကလေးများအ တွက်သင်ခန်းစာမှာ ကောင်းနိုးနိုးရာရာအ ဖြစ်နဲ့ သင်ပြဖို့ရည်ရွယ်ခဲ့တာပါ။ လောက နီတိထဲမှာပါတဲ့ ဆုံးမလမ်းညွှန်မှုအားလုံး ဟာလဲ မှတ်သားစရာတွေပဲဖြစ်ပါတယ်။
ဒါကလဲ ကျနော်တို့ပေါ်မှာပဲ မူတည်နေ ပါတယ်။ အတင်းအကြပ်မဖြစ်မနေလုပ်ရ မယ်လို့ မပြောထားပါဘူး။ ကြိုက်ရင်ကျင့် မကြိုက်ရင်လဲမကျင့်နဲ့ ကိုယ့်သဘောပါပဲ။ ကျနော်တို့တွေ ဗုဒ္ဓြွဘာသာကို သက်ဝင် ယုံကြည်သလိုပါပဲ။ ဗုဒ္ဓြွကလမ်းညွှန်ထား တယ်၊ ဒီလမ်းကိုလျှောက်ရင်ငြိမ်းချမ်းမယ်၊ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်မယ် လို့ လမ်းပြခဲ့တယ်ဗျာ။ ဒါကို ကျနော်တို့ ကိုယ်တိုင်လုပ်ကြည့်မှသာပဲ ဒီကောင်းကျိုး ကိုရနိုင်တယ်။ စိတ်မဝင်စားလို့ မလုပ်ချင် ဘူးဆိုရင်လဲ ဘယ်သူကမှ အပြစ်မပြော ပါဘူး၊ ကိုယ့်ပေါ်မှာပဲမူတည်တယ်ဗျာ။
ဗုဒ္ဓွဘာသာကို ကိုးကွယ်ယုံကြည်ဖို့အ တွက် ကျနော်တို့တွေ ကျမ်းသစ္စာကြိမ်ဆို ရတာမရှိသလို ကတိပြုထားတာတွေလဲ မ ရှိပါဘူး။ အနှောင်အဖွဲ့များရဲ့ဟိုမှာဘ က်ဆီ ကို လွတ်လပ်စွာသွားနိုင်ဖို့အတွ က် ရည် ရွယ်ထားတဲ့ ယုံကြည်ချက်၊ ဦးတည်ချက် မှာ အºကင်းမဲ့နာခံရမယ်ဆိုရင် ကျနော်တို့ တွေအတွက် အဆင်ပြေမှာမဟုတ်ဘူး။ အဲ သည်အဆိုအဆုံးမတွေ၊ လမ်းညွှန်မှုတွေ ဟာလဲ ယနေ့အချိန်အထိ မြန်မာမှာရော ကမ္ဘာမှာ တည်ရှိတော့မှာမဟုတ်ပါဘူး။
ကျနော်သင်ခဲ့ဘူးတဲ့အတွေ့အကြုံလေး များနဲ့ ဖတ်ခဲ့ဘူးသမျှ လောကနီတိအ ကြောင်းရေးထားကြတဲ့ စာအုပ်တွေရဲ့ ရှင်း ချက်များအရ လောကနီတိသင်ခန်းစာမှာ အခန်း(၇)ခန်းပါရှိတယ်။ ပညာရှင်ကဏ္ဍ၊ သူတော်ကောင်းကဏ္ဍ၊ သူယုတ်မာကဏ္ဍ၊ မိတ်ဆွေကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ရှင်ဘု ရင်ကဏ္ဍ၊ အထွေထွေကဏ္ဍများပင်ဖြစ် ပါတယ်။ ပညာရှင်ကဏ္ဍမှာပါတဲ့ ပါဠိဂါထာ (ကဗျာ)လေးတပုဒ်ကို မြည်းစမ်းကြည့်ရ အောင်ဗျာ။
အလသဿ ကုတော သိပံ္ပ၊
အသိပ္ပဿ ကုတော ဓနံ။
အဓနဿ ကုတော မိတ္တံ၊
အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊
အပုညဿ ကုတော ဝရံ။
ပညာသင်တဲ့အရွယ်မှာ ပညာမသင်ဘဲ ပျင်းနေသူဟာ ပညာတတ်မဖြစ်နိုင်ပါ၊ ပ ညာမတတ်တဲ့အခါ စီးပွားဥစ္စာရှာဖို့ မ လွယ်ကူပါ၊ ပစ္စည်းဥစ္စာမရှိသူမှာ မိတ်ဆွေ ကောင်းတွေရှိဖို့မလွယ်ပါ၊ မိတ်ကောင်း ဆွေကောင်းမရှိရင်လဲ ချမ်းသာရဖို့ဆိုတာ မလွယ်ပါ၊ ချမ်းသာမရှိရင် ကုသိုလ်ကောင်း မှုလဲ မရှိတော့ပါ၊ ကုသိုလ်ကောင်းမှုမရှိရင် လဲ ဘဝတွေရဲ့ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ဖို့ ဆိုတာ မဖြစ်နိုင်ပါလို့ အထက်က ပါဠိက ဗျာလေးက ဆိုလိုပါတယ်။
ပျင်းတဲ့သူတဦးအနေနဲ့ ပညာသင်ချင် တဲ့လုံ့လဝိရိယမရှိလေတော့ ပညာတတ် တဦးဖြစ်ဖို့ မလွယ်ပါဘူး။ ပညာမရှိရင်လဲ ပစ္စည်းဥစ္စာတွေကိုရှာဖွေဖို့ အကြံကောင်း ဥာဏ်ကောင်းတွေဖြစ်လာဖို့ခက် ပါတယ်။ လက်ရှိအခြေအနေမှာလဲ ဘွဲ့ဒီဂရီပညာ လေးတခုမျှမရှိသူကို အလုပ်ခန့်အပ်ဖို့ငှါး ဖို့မစဉ်းစားကြပါဘူး။
ဘာပစ္စည်းဥစ္စာမျှမရှိတဲ့ လူပျင်းလူမွဲတ ဦးကို ချစ်သူခင်သူ မိတ်ဆွေဖွဲ့ချင်သူတွေ ရှိပါ့မလား။ မိတ်ဆွေအသိုင်းအဝိုင်းမရှိဘဲ မမြဲအထီးကျန်နေသူဟာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနိုင်ပါ့မလား။ ပစ္စည်းဥစ္စာမရှိ၊ မိတ် ကောင်းဆွေကောင်းမရှိ၊ ချမ်းသာမရှိတဲ့သူ ဟာ ကောင်းမှုကုသိုလ်ပြုဖို့ကောလွယ်ကူပါ့မလားဗျာ။ နောက်ဆုံးအကျိုးဆက်ဖြစ် တဲ့ သံသရာကထွက် နိဗ္ဗာန်လမ်းဆီတက် ဖို့ရာလဲဝေးပြီပေါ့။
(၄)
သူတော်ကောင်းကဏ္ဍမှာပါသော လောကနီတိရဲ့အဆိုအမိန့်များဟာလဲ မှတ်သားစရာပင်ဖြစ်ပါတယ်။ အဆိပ်အ တောက်ဖြစ်စရာ အºကင်းမဲ့နာခံရေးတွေမ ပါသလို ကပ်ဘေးကျရောက်စရာလဲမရှိပါ။ နည်းယူစရာ အတုယူစရာများနဲ့ ဖော်ပြ ထားခြင်းဖြစ်ပါတယ်။ သူတော်ကောင်းအ ခန်းမှာပါဝင်သော အောက်ပါစကားများ ကို လေ့လာကြည့်ပါက လောကနီတိရဲ့ တန်ဖိုးကို မြတ်နိုးစရာအဖြစ်မြင်သွားမှာပါ။
သဗ္ဘိရဝ သမာသေထ၊
သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ။
သတံ သဒ္ဓွမ္မ မညာယ၊
သေယျော ဟောတိ နပါပိယော။
ဆိုလိုရင်းအနေနဲ့ ပညာရှိသူတော် ကောင်းများနဲ့ မိတ်ဆွေအပေါင်းအသင်းပြု လုပ်ခြင်းဖြင့် သူတို့ထံမှ ပညာဆိုင်ရာအ တွေးအမြင်များကို သိရှိခွင့် ကျင့်သုံးခွင့်ရ၍ ကိုယ်လည်းပဲ ပညာရှိတဦးဖြစ်နိုင်ကြောင်း ၊ မကောင်းသောသူတယောက်မဖြစ်နို င် ကြောင်းကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးစကား လိုပဲ၊ သူတော်ကောင်းပညာရှိတွေနား မှာနေရင် လူတော်လူကောင်းလေးတွေ ဖြစ်ဖို့ အခြေအနေပိုများပါတယ်။ သူတို့ကို အမှီပြုလို့တော်သွားကြတာများပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့မိဘတွေက သား သမီးတွေကို ဆရာကောင်းများ၊ ကျောင်း ကောင်းများမှာ ပညာဆည်းပူးကြရန် တိုက်တွန်းကြခြင်းဖြစ်ပါတယ် ။ ပတ်ဝန်း ကျင်ကောင်းတွေမှာနေဖို့ အကြံပြုကြခြင်း ဖြစ်ပါတယ်။ တတိယမြောက်အခန်းကဏ္ဍ ဖြစ်တဲ့ သူယုတ်မာကဏ္ဍကို ကျနော်တို့ လေ့လာကြည့်ရအောင်။
အတိပိယော န ကာတဗ္ဗော၊
ခလော ကောတူဟလံ ကရော။
သိရသာ ဝဟမာနောပိ၊
အဍ္ဎ ပူရော ဃေ ယထာ။
သူယုတ်သူမိုက်ကို အလွန်အကဲမချစ် ခင်ဘဲ ပုံမှန်သဘောမျှသာချစ်ခင်သင့် တဲ့ အကြောင်းကို မပြည့်သောရေအိုးကို ဦး ခေါင်းပေါ်ရွက်တဲ့အခါ ဘောင်ဘင်ခတ်၍ ဆူညံမှုများကိုပြုတတ်ခြင်းဖြ င့် ဥပမာပေး ညွှန်ကြားထားခြင်းပဲဖြစ်ပါတယ်။
ဒီအဆိုအ မိန့်သဘောဟာ အပြင်လောကမှာလဲ တ ကယ်ပင်ဖြစ်ပျက်လျှက်ရှိနေပါ တယ်။ပညာအရည်အချင်းအားနဲရှာတဲ့သူတွေ ဟာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းလောကဓံ တွေနဲ့ကြုံတဲ့အခါ သိသိသာသာ လှုပ်ရှား တတ်ကြပါတယ်။ ဝမ်းသာပျော်ရွှင်လွန်းလို့ အောက်ခြေလွတ်ဘဝင်မြင့်သွာြး ကတာမျိုး၊ ကျေးဇူးရှိသူ လေးစားထိုက်သူများကိုပင် ကျေးဇူးကန်းတတ်တာမျိုးတွေလဲ ဖြစ် တတ်ကြပါတယ်။
ဝမ်းနည်းစရာကြုံလာတော့လဲ ကိုယ် စိတ်ကိုမထိန်းနိုင်ဘဲ ယောက်ယက်ခတ် လှုပ်ရှားပူဆွေးကြကာ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။ အပူဓာတ်၊ အပူလှိုင်း တွေပတ်ဝန်းကျင်ကိုပါ ကူးစက်စေကာ ဒု က္ခပေးတတ်ပါတယ်။ သို့အတွက်ပင် သူ တို့တွေကို သိပ်အရောမဝင်ဘဲ မှန်တန်းမျှ ဆက်ဆံချစ်ခင်ဖို့ အကြံပြုခြင်းဖြစ်ပါတယ်။
ဟိတကာရော ပရော ဗန္ဓူ
ဗန္ဓူပိ အဟိတော ပရော။
အဟိတော ဒေဟဇော ဗျာဓိ၊
ဟိတံ အရညမောသဓံ။
ကိုယ့်အတွက်ကောင်းကျိုးဆောင်ရွက်ပေး သူဟာ သူစိမ်းဖြစ်သော်လဲ ဆွေမျိုးလို့ သတ်မှတ်ပါ။ ဆွေမျိုးပင်ဖြစ်သော်လဲ ကောင်းကျိုးတွေကိုမပေး၊ ဆိုးကျိုးတွေသာ ပေးနေတယ်ဆိုရင် သူစိမ်းအနေနဲ့သတ် မှတ်ဖို့ လောကနီတိဆရာက မိတ်ဆွေအ ခန်းကဏ္ဍမှာအကြံပြုထားတာဖြစ်ပါတယ်။
အဲဒီအကြံပြုချက်ကို အထက်ပါဂါထာ ရဲ့ အောက်ပိုင်းစာကြောင်းနှစ်ြေ ကာင်းက ဥပမာလေးနဲ့ထင်ရှားအောင် ပြောထားပါ တယ်။
ဥပမာက ‘ခန္ဓွာကိုယ်မှာပေါက်တဲ့ အနာရောဂါဟာ ခန္ဓွာကိုယ်မှာဖြစ်သော် လဲ လူကိုကောင်းကျိုးမပြုဘဲ ခန္ဓွာကိုယ်အ ပြင်ဘက်အဝေးမှာနေတဲ့ သစ်ရွက်သစ်မြစ် တွေက အနာပျောက်စေဖို့ ဆေးဘက်ဝင် တယ်၊ ကိုယ့်အတွက်အနာပျောက်ခြင်း၊ ချမ်းသာခြင်းအကျိုးကို ပေးသလိုပဲ’တဲ့။
သိပ်ကောင်းတဲ့အတွေးအမြင်တွေ ပဲဖြစ် ပါတယ်။
ကျနော်တို့တသက်လုံး နှလုံး သားမှာဆောင်ထားသင့်လေတဲ့ ပညာရှိစ ကားလေးတွေပါပဲ။ ပစ်ရက်စရာ မျက် ကွယ်ပြုစရာကိုမရှိဘူးဗျာ။ ဒီစကားတွေမှာ ဆင်ခြင်တုံတရားတွေအပြည့်ပါတ ယ်။ လူမှု ဆက်ဆံရေးတွေမှာ နားလည်မှုတွေရ အောင် ကြိုတင်ဆွေးနွေးပြထားတယ်။ ကြို တင်သိထားလေတော့ တကယ်တမ်းကြုံ လာတဲ့အခါတွေမှာ လုပ်တတ်ကိုင်တတ် စိတ်ထားတတ်တော့ အဆင်ပြေသွားတာ ပဲ။ တသွေး တသံ တမိန့်ဆိုတာကို ဒီနေ ရာမှာ စဉ်းစားစရာကိုမလိုတော့ဘူး။
(၅)
ကောကိလာနံ သဒ္ဒံ ရူပံ၊
နာရိရူပံ ပတိဗ္ဗတာ။
ဝိဇ္ဇာ ရူပံ အရူပါနံ၊
ခမာ ရူပံ တပဿိနံ။
ဒီဂါထာလေးကတော့ အမျိုးသမီးက ဏ္ဍမှာပါတဲ့ ပထမဦးဆုံးဂါထာလေးဖြစ်ပါ တယ်။ ဥသြငှက်တို့ရဲ့အလှဟာ သူတို့ တွန်ကျူးတဲ့အသံ၊ မိန်းကလေးတို့ရဲ့အလှ ဟာ အိမ်သားအပေါ်ဝယ်တာဝန်ကျေခြင်း၊ အကျည်းတန်သူတို့ရဲ့အလှဟာ ပညာအ ရည်အချင်း၊ ရသေ့ရဟန်းတို့ရဲ့ အလှဟာ သည်းခံခြင်းတဲ့။
ကောင်းလိုက်တဲ့ အတွေးအမြင်အယူ အဆတွေဗျာ။ ကျနော်ကတော့ အပေါ်ယံ လောက်ပဲအတွေးအမြင်တွေဟာ ကောင်း နေမှန်းသိတယ်။ လောကနီတိဆရာရဲ့ နှ လုံးသားကလာတဲ့ အလေးနက်ဆုံးအမြင် ကိုတော့ ပညာရှင်များသာသက်ဝင်နိုင်မှာ ပါ။ ပညာရှင်တို့ရဲ့အရာသာဖြစ်ပါတ ယ်။
အဆင်းအရောင်မွဲမွဲနဲ့ မဲနေတဲ့ဥသြ လေးရဲ့အလှကို အသံလို့ဖော်ပြထား တယ်။ မိန်းကလေးရဲ့အလှကိုမျက်နှာ၊ ရင်၊ တင်၊ ခါးလို့မမြင်ဘဲ အိမ်သားအပေါ်မှာ အ ကြင်နာတရား တာဝန်ဝတ္တရားလို့ မြင်ပြ ထားတယ်။ အကျည်းတန်အရုပ်ဆိုးကိုလဲ အားပေးထားတယ်၊
သူတို့အလှက အ တတ်ပညာ အရည်အချင်းပါတဲ့ဗျာ။ သူ တော်စင်ရသေ့ရဟန်း များကြပြန်တော့ ကိုယ်ကျင့်တရားကို ထင်ဟပ်စေတဲ့ သည်း ခံခြင်းတရားတဲ့။
အမျိုးသမီးများရဲ့ ကဏ္ဍလို့သာဆို တယ် အမျိုးသမီးတွေအကြောင်းပဲ ဖော်ပြ တာမဟုတ်ပါဘူး။ အခြားသူတွေအရာတွေ အကြောင်းလဲပါနေတယ်။ အမျိုးသမီးတွေ ကို တဖက်သတ်နှိမ်ထားတာလဲမရှိပါဘူး။ ဒီခေတ်အနေနဲ့ပြောရင် မိန်းကလေးတွေရဲ့ အခွင့်အရေးကို မထိခိုက်စေဘဲ အမှန်ကန် ဆုံးအမြင်နဲ့မြင်ပြ၊ တင်ပြထားတာပါ။
ဒီစကားတွေကို စာဖတ်သူလေ့လာ ကြည့်ပါ။ တဖက်စောင်းနင်းနဲ့ ငါတကော ကောနေတဲ့ အတွေးအမြင်လေသံတွေ ပါ များပါနေသလားလို့။ ကျနော့်အမြင်မှာ တော့ တဖက်စောင်းနင်းသဘောမျိုး လုံးဝ မရှိပါဘူး။ မျှခြေလဲရှိတယ်။ ဘဝရဲ့အလှ တွေကိုလဲမြင်ထားတယ်။ ဥသြလေးကို တောင် ဂုဏ်တင်လိုက်သေးတယ်။
သူ့ကိုဂုဏ်မြှင့်၊ ကိုယ့်ဂုဏ်မြင့်၏၊ သူ့ ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏၊ ယွင်းဖောက် မလို၊ ဝန်မတိုနှင့်ဆိုတဲ့ သဘောအတိုင်းပါ ပဲ။ လောကနီတိဆရာဟာ အလှကိုယ်စီ ကို ကြည့်မြင်သုံးသပ်ဖော်ပြသွား တာပါ။ ဒါကြောင့်လဲ နီတိတွေထဲမှာ လောကနီတိ ဟာ စံနမူနာထားစရာဖြစ်ခဲ့တာပါ။ ယနေ့ အထိလဲ ဘုန်းတော်ကြီးကျောင်းပညာသင် ကြားရေးအခန်းကဏ္ဍမှာ နေရာယူထားဆဲ ဖြစ်ပါတယ်။
အမျိုးသမီးများကဏ္ဍပြီးတော့ ဘုရင် တွေရဲ့ကဏ္ဍကို ဆက်လက်ဖော်ပြထားပါ တယ်။ တိုင်းပြည်တပြည်ကိုအုပ်ချုပ်နေတဲ့ မင်းသို့မဟုတ် ခေါင်းဆောင်တွေနဲ့ပတ် သက်တဲ့အကြောင်းအရာတွေကို အကြံပြု ထားတာပါ။ ဒီအခန်းကဏ္ဍလေးဟာလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျနော်ေ±ွး ချယ်ထားတဲ့ ဂါထာလေးကိုဖတ်ကြည့်ပါဦး ခင်ဗျာ။
မာတာ ပုတ္တတရံ ပါပံ၊
သိဿပါပံ ဂုရု တထာ။
ရာဇာ ရဋ္ဌကရံ ပါပံ၊
ရာဇပါပံ ပုရောဟိတော။
မကောင်းမှုကို သားသမီးပြုလုပ်တဲ့အ ခါ မိဘပြုတာနဲ့တူတယ်။ မကောင်းမှုကို တပည့်ကပြုလုပ်တဲ့အခါ ဆရာလုပ်တာနဲ့ တူတယ်။ ပြည်သူပြည်သားတွေက မ ကောင်းမှုပြုတဲ့အခါ တိုင်းပြည်ခေါင်း ဆောင်ပြုတာနဲ့တူတယ်။ တိုင်းပြည်ခေါင်း ဆောင်မကောင်းမှုပြုတဲ့အခါ အစိုးရတဖွဲ့ လုံး(သို့)အစိုးရကိုကိုယ်စားပြုတဲ့ လူထုပြု လုပ်တာနဲ့အတူတူပဲလို့ ဆိုလိုပါတယ်။
ကျနော်တို့မြန်မာစကားမှာ သားသမီး မကောင်းတော့မိဘခေါင်း၊ တပည့်မ ကောင်းတော့ဆရာ့ခေါင်း၊ ပြည်သူပြည် သားမကောင်းတော့ တိုင်းပြည်ခေါင်း ဆောင်ခေါင်း၊ တိုင်းပြည်ခေါင်းဆောင်မ ကောင်းတော့နိုင်ငံခေါင်း၊ ပြည်သူလူထု ခေါင်းဆိုသလိုပဲ ဖြစ်ပါတယ်။
ဒီအမြင်က ကျနော်တို့တွေရဲ့ရင်ထဲမှာ ရှိနေပါပြီ။ ကျနော်တို့တတွေဟာ ဘယ်မှာ ပဲနေနေမိဘ၊ ဆရာသမား၊ တိုင်းပြည်ရဲ့ ဂုဏ်ကိုဆောင်ဖို့ အသိစိတ်ဓာတ်ရှိတာ ဟာ တကယ်တော့လောကနီတိဆရာရဲ့ ကျေးဇူးပါ။ ဗုဒ္ဓွစာပေကလာတဲ့ ယဉ်ကျေးမှု တွေဟာ ကျနော်တို့သွေးထဲမှာပါနေ တယ်။လောကနီတိမူရင်းစာကို နောက်ဆုံး ဖော်ပြရမယ့်ကဏ္ဍကတော့ အထွေထွေအ ကြောင်းပဲဖြစ်ပါတယ်။
ဒိဝါ နာဒိက္ခာ ဝတ္တဗ္ဗာ၊
ရတ္တော အဝစနေန စ။
သÌရတိ ဘယာ ဘီတော၊
ဝနေ ဝနစရီ ယထာ။
နေ့အခါပတ်ဝန်းကျင်ကိုကြည့်ြ ပီးမှ စ ကားဆိုပါ။ ညအခါမေးမြန်းစီစစ်ပြီးမှ စ ကားဆိုပါ။
ဥပမာအားဖြင့် တောထဲမှာ ကြောက်ရွံ့စွာနဲ့ လှည့်လည်နေတဲ့မုဆိုး ဟာ အရှေ့ အနောက် တောင် မြောက် လေးပါးကိုရှုစားကာ တောတွင်းမှာ လှည့် လည်ရသလိုပဲ စကားပြောသင့်ကြောင်း အကြံပေးထားတာပါ။
နေ့ပြောနောက်ကြည့်၊ ညပြော အောက်ကြည့်ဆိုတဲ့စကားအတိုင်းပါပဲ။ အ ရေးကြီးတဲ့စကားကိုပြောတော့မ ယ်ဆိုရင် ပေါက်ကြားမှုမဖြစ်ရအောင် တောင် မြောက်လေးပါးကို အရင်လေ့လာကြည့်ပြီး တော့မှ စိတ်ချလက်ချနဲ့ စကားပြောသင့် ကြောင်းကို လမ်းညွှန်ထားတာပါ။ အတုယူ သင့်သောအရာပင်ဖြစ်ပါတယ်။
(၆)
လောကနီတိဆရာရဲ့ အခန်း(၇)ခန်းကို မိတ်ဆက်အနေနဲ့ ဂါထာတပုဒ်စီကိုထုတ် နှုတ်ကာ ကျနော်တင်ပြထားပါတယ်။ မိတ် ဆက်ဆိုသော်လဲ ဂါထာတပုဒ်ချင်းစီဟာ သက်ဆိုင်ရာအခန်းကဏ္ဍတွေအတွက် ကိုယ်စားပြုကာ သက်ရောက်မှုလဲ အ ထိုက်အလျောက်ရှိနေပါတယ်။ ယေဘုယျ အားဖြင့် လောကနီတိကိုခြုံငုံ၍ မြင်တတ် သွားမှာပါ။
လောကနီတိဆိုတာဘာလဲ၊ လောကနီ တိဆိုတာ အဆိုးမြင်ဝါဒလား၊ အကောင်း မြင်ဝါဒလား၊ သဘာဝအမှန်တရားကို မြင် တတ်တဲ့ဝါဒလား၊ အာဏာရှင်ကို အားပေး တဲ့ဝါဒလား၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ဝါဒလား၊ တသွေး တသံ တမိန့်စနစ်လား၊ အကြမ်းဖက်မှု မတရားမှုတွေကို အားပေး နေတဲ့ဝါဒလား၊ အကြွင်းမဲ့နာခံရေးဝါဒ လား၊ အဲဒီလားပေါင်းများစွာကို စာဖတ်ပရိ သတ်ကိုယ်တိုင်ပဲဖြေပါ။ ဒီဆောင်းပါးကို ဖတ်သလို ကိုမိုးသီးဇွန်ရဲ့အင်တာဗျူး ကိုလဲ ပြန်ဖတ်ပါ။ မတူညီသောအမြင်၊ တူညီ သောအမြင်၊ စာဖတ်သူရဲ့အမြင်သစ်အား လုံးဟာ ရင်ထဲမှာပေါ်လာမှာပါ။
အမြင်တခုကို ကျနော်အပြစ်မတင် လိုပါ။ ဒီဆောင်းပါးမှာ ကျနော်ဖော်ပြတဲ့ အ မြင်တွေ အာဘော်တွေကတော့ ကျနော့် ရွာက ဘုန်းတော်ကြီးကျောင်းမှာ ကျနော် ကိုယ်တိုင်သင်ယူခဲ့ဘူးတဲ့ လောကနီတိ ကျမ်းရဲ့အဆိုအမိန့်များ၊ တနည်းအားဖြင့် ကျနော်သိသော နားလည်သောအမြင် များသာဖြစ်ပါတယ်။
(၇)
ကျနော့်မှာတခုပြောစရာရှိပါေ သး တယ်။ အင်တာဗျူးထဲမှာ စစ်အုပ်စုက လောကနီတိကို ပြန်လည်ပွဲထုတ်တယ်လို့ ကိုမိုးသီးဇွန်ပြောထားပါတယ် ။ ဖြစ် ကောင်းဖြစ်မှာပါ။ လောကနီတိကို မကြိုက် တဲ့စာအဖြစ် ကိုမိုးသီးဇွန်ပယ်လိုက်တာ ဟာ စစ်အုပ်စုကို မုန်းတီး၍ ဆန့်ကျင်လို၍ ပြောတာလို့လဲ ထင်လို့ရပါတယ်။
စစ်အုပ်စုက လောကနီတိတင်မကပါ၊ မင်္ဂလသုတ်ကိုလဲ ပြန်လည်ပွဲထုတ်တာပါ ပဲ။ ကျနော်လဲပဲ စစ်အုပ်စုကို ပြင်းပြင်းထန် ထန်ဆန့်ကျင်သူတယောက်ပါပဲ။ စစ်အုပ်စု ကို ကျနော်ကအမြင်ကပ်တိုင်း၊ မုန်းတိုင်း သာ ဒီစာကောင်းတွေကိုမကြိုက်ဘူး လို့ ကျနော်အနေနဲ့ မပြောနိုင်ပါခင်ဗျား။ သူ့အ ပိုင်းနဲ့သူ ကျနော်ခွဲမြင်ပါတယ်။ ရောလိုက် မယ်ဆိုရင် အားလုံး±ှုပ်ထွေးသွားမှာပါ။
မင်္ဂ လသုတ်၊ လောကနီတိစတဲ့ လမ်းညွန်တွေ ဟာ စစ်အုပ်စုမပေါ်ခင်ကတည်းကရှိေ န နှင့်ပါပြီ။ ကျနော်တို့မြန်မာ့ယဉ်ကျေးမှု နယ် ထဲမှာ နေရာယူထားပြီးဖြစ်ပါတယ်။
ဥပမာအားဖြင့်စာဆိုကျော်နတ်ရှင်နောင် အကြောင်းကို ဒီနေရာမှာစပ်ဟပ်ပြောရင် ပိုကောင်းမှာပါ။ မြန်မာ့သမိုင်းမှာ ပထမဦး ဆုံး နယ်ချဲ့နဲ့ပေါင်းပြီး အမျိုးသားသစ္စာ ဖောက်ဖြစ်ခဲ့တဲ့သူဟာ ဂန္တဝင်စာဆိုနတ်ရှင် နောင်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ ကျနော် တို့အားလုံး နတ်ရှင်နောင်ကို အမျိုးသားသစ္စာဖောက်အဖြစ် ဆန့်ကျင်ရမှာပါ။သတ် လဲသတ်လိုက်ကြလို့ သေသွားခဲ့ပါတယ်။
ဒါပေမယ့်ဗျာ- သူ့စာတွေကတော့ ယနေ့အချိန်အထိ မြန်မာစာပေနယ်မှာ တခမ်းတနားရှိနေပါသေးတယ်။ ‘နှမောင်း မြသွင်၊
ညွန့်ကြဆင်၍၊
ရင့်လျှင်တချို့၊
ရွှေ့ သို့တပိုင်း၊
ပင်တိုင်းစုံသာ၊
ဝေသောခါမှ’စ တဲ့ နတ်ရှင်နောင်ရတုတွေကို ကျနော်တို့ ဘယ်လိုပြစ်ရက်ကြမှာလဲ။ စာကောင်းပေ ကောင်းတွေဟာ လူမကောင်းတိုင်း တန် ဖိုးကျသွားတယ်လို့မရှိပါဘူး ။ ကျနော်တို့ တတွေ လူနဲ့စာ၊ အဖွဲ့အစည်းနဲ့ပတ်ဝန်း ကျင်ကိုခွဲမြင်မှပဲ အဆင်ပြေမှာပါ။
လောကနီတိမှာ ကိုမိုးသီးဇွန်ပြောသ လို သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆ ရာတပည့်ကျင့်ဝတ်၊ ပြည်သူနဲ့ခေါင်း ဆောင်ကျင့်ဝတ် စတာတွေမပါသလောက် ပါဘဲ။ ကျနော်တို့ငယ်ငယ်က ဗလာစာ အုပ်တွေနောက်ကျောဖုံးမှာပါေ နတဲ့ သိင်္ဂါ လောဝါဒကျင့်ဝတ်တွေနဲ့ ရောနေပုံရပါ တယ်။ ဟုတ်ပါတယ်။ ‘ကျွေးမွေးမပျက်၊ ဆောက်ရွက်စီမန်၊ မွေခံထိုက်စေ’စတဲ့ လ င်္ကာတွေက ကျင့်ဝတ်အင်္ဂါအချက်အလက် တွေဖြစ်ပါတယ်။
အခုလောကနီတိကတော့ အတွေးအ မြင်လေးတွေ ဘဝလမ်းညွန်မှုများသာဖြစ် ပါတယ်။ ဆရာမင်းသုဝဏ်ဘာသာပြန်တဲ့ ဓမ္မပဒနဲ့တင်ပြပုံချင်း၊ လမ်းညွန်ပုံချင်း ထပ် တူထပ်မျှပါပဲ။ ဘုရားရှင်ဟောတဲ့ ဓမ္မပဒထဲ က ဂါထာလေးတွေတောင် လောကနီတီ ထဲမှာ တွေ့နေရပါသေးတယ်။ ဥပမာ ‘သဗ္ဘိရဝ သမာသေထ’ဆိုတဲ့ ဂါထာဟာ ဓမ္မပဒထဲက ဘုရားဟောဂါထာပါ။ သို့ အတွက် လောကနီတိဟာ ဘုရားဟော မဟုတ်ဘူးလို့ အားလုံးကို လုံးထွေးပြော လို့လဲမရနိုင်ပါဘူး။
အမှန်ကတော့ လော ကနီတိဆရာဟာ အဆီအနှစ်တွေကိုစုပြီး ဘဝလမ်းညွန်အဖြစ် လောကနီတိကို စီစဉ် ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘဝကိုလမ်း ညွန်တဲ့ အသိပညာအားလုံးဟာ လောက နီတိတွေလို့ ကျနော်မြင်ပါတယ်။
လောကနီတိအကြောင်းကို ကျနော်တို့ မြို့မှာ သာသနာပြုနေတဲ့ မြန်မာဆရာ တော်တပါးကို ကျနော်မေးမြန်းလျှောက် ထားကြည့်တဲ့အခါမှာ ဆရာတော်က အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါတယ်။
လောကဿ-ဘဝ၏၊ အတ္ထာယ-အ ကျိုးငှါ၊ ကတာ-ပြုအပ်သော၊ နီတိ-လမ်း ညွန်လို့ ဝစနတ္ထပြုရတဲ့အကြောင်းနဲ့ ဒီပါဠိ ပုဒ်တွေရဲ့ ဇစ်မြစ်အနေအထားဟာ လော က-လုဇဓာတ်၊ ဏပစ္စည်း၊ လုဇ္ဇတိ ပလုဇ္ဇ တီတိ လောကော။ နီယန္တိ ဧတေနာတိ နီတိ၊ လောကဿ နီတိ လောကနီတိ-ဟုဖြစ်လာကြောင်းကို စိတ်ဝင်စားဖွယ်ရှင်း ပြပါတယ်။
ပါဠိစာပေ၊ သဒ္ဒါကိုအခြေခံထား တဲ့ ဘဝသင်ခန်းစာများဖြစ်လို့ ပါဠိဘာသာ ကိုတတ်မြောက်သောဘုန်းဘုန်းများက အ ပြည့်အစုံပိုနားလည်ပါတယ်။ ကျနော်တို့ တွေလို အပေါ်ယံလောက်သိတာမဟုတ် ဘဲ လေးလေးနက်နက်သိကြတာပါ။
ဘဝလမ်းညွှန်ပေးတဲ့ ပညာအားလုံးကို သွယ်ဝိုက်သောနည်းဖြင့် လောကနီတိလို့ ခေါ်ဆိုနိုင်ကြောင်း ဘုန်းဘုန်းက ဆက် လက်၍ရှင်းပြပါတယ်။ ဒါ့အပြင် လောကနီ တိမှာ ဗြဟ္မာ့ဝိဟာရ တရားတော်တွေလဲ သက်ဝင်နေကြောင်းကို ဟောပြောရှင်းပြ ပေးတဲ့အတွက် လောကနီတိရဲ့ကျေးဇူးကို ပို၍ သိမြင်ခွင့်ရခဲ့ပါတယ်။
(၈)
ဗုဒ္ဓြွကဟောတယ်၊ စေတနာကောင်းရင် ကံကောင်းတယ်တဲ့။ ဆရာဇော်ဂျီကလဲ ပြောတယ်၊ စေတနာကောင်းရင်စာ ကောင်းတယ်။ စာရေးတယ်ဆိုတာ စေတ နာကိုရေးပြတာပဲတဲ့။ မှန်သောစကားတွေ ပါပဲ။ ကျနော်တို့တွေ လူတလုံး သူတလုံး ဖြစ်နေတာတွေဟာလဲ မိဘတွေ စေတနာ ကောင်းကောင်းနဲ့ ပြုစုပျိုးထောာင်ခဲ့လို့ပါ။ သို့မဟုတ်ရင် ကျနော်တို့တွေ အညွန့်ကျိုး သွားမှာပေါ့ဗျာ။ တိုင်းပြည်အုပ်ချုပ်တဲ့သူလဲ လူထုအပေါ်မှာစေတနာကောင်းရင် အဲဒီ တိုင်းပြည်ဟာ တိုးတက်အောင်မြင်တာပဲ။
အရာရာတိုင်းမှာ စိတ်ကောင်းစေတနာ ကောင်းဟာ အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။ လောကနီတိကိုဖန်တီးခဲ့တဲ့ ဆရာဟာလဲ ကျနော်တို့တွေအပေါ်မှာ စေတနာအလွန်ကောင်းရှာပါတယ်။ စေတ နာကောင်းကောင်းနဲ့ ကျိုးစားအားထုတ်ခဲ့ လို့လဲ ကျနော်တို့တွေ လောကနီတိကို သင်ယူခွင့် နားလည်ခွင့်ရကြတာပါ။ သူစေ တနာကောင်းတော့ သူရွေးချယ်တင်ပြတဲ့ စာတွေက သိပ်ကောင်းနေတာပေါ့ဗျာ။
မေတ္တာလဲပါတာပဲ။ မေတ္တာရဲ့သဘော က အမြင်ကျယ်တဲ့သဘော၊ ချစ်ခင်မှုတွေ သက်ဝင်တဲ့သဘောပါ။ တမျိုးအားဖြင့်လဲ ‘ကောင်းကွက်ကိုရှာမေတ္တာ’ဆို တဲ့အတိုင်း ချစ်ခင်မှုမေတ္တာတွေဖြစ်ဖို့ ငြိမ်းချမ်းဖို့အ တွက် ကျနော်တို့တွေ တစုံတခုပေါ်မှာ တ ဦးတယောက်ပေါ်မှာ ကောင်းကွက်ကိုရှာရ ပါတယ်။ ဆိုးကွက်ကိုရှာရင်တော့ မေတ္တာ အစား ဒေါသတွေသာဝင်လာမှာပါ။ သို့ ကြောင့် တဦးကိုတဦး ခွင့်လွင့်နားလည်အ မြင်ကျယ်တဲ့သဘော၊ ကောင်းကွက်ကိုမြင် တတ်တဲ့သဘောဟာဖြူစင်သောမေတ္တာ ပါ။
လောကနီတိဆရာဟာ နောင်လာ နောက်သားတွေကောင်းကျိုးအတွက် ကောင်းကွက်ကိုရှာ၍ ဒီစာတွေကိုဖန်တီး ခဲ့ စုဆောင်းခဲ့တာဖြစ်လို့ လောကနီတိရဲ့ စာလုံးတိုင်းမှာ မေတ္တာတွေသက်ဝင်နေပါ တယ်ခင်ဗျား။ သူသာအမြင်တွေကျဉ်း မြောင်းခဲ့မယ်ဆိုရင် ကျနော်တို့တွေ ဒီစာ တွေကို ဖတ်ခွင့်သင်ခွင့်ရမှာမဟုတ်ဘူး။ ဆ ရာတော်ဦးဗုဒ်ကလဲ ဒီစာတွေကို ဘာသာ ပြန်ခဲ့မှာမဟုတ်ဘူးဗျ။
မေတ္တာပါတော့ သနားကြင်နာမှု၊ ကရုဏာလဲတွဲလျှက်ပါပဲ။ နောက်တခုက မုဒိ တာ၊ ကိုယ့်ထက်သာသူကိုမြင်ရင် ဝမ်းသာ ရတဲ့သဘောပေါ့ဗျာ။
အမှန်က ဝန်တိုမှုကို ထိန်းချုပ်တဲ့သဘောပါ။ အများအားဖြင့်က ကိုယ့်ထက်သာသူကိုမြင်ရင် မနာလိုဝန်တို ကြတာများလေတော့ ဝန်တိုမှုတွေနဲ့ ရင် ထဲမှာမပျော်နိုင်ကြဘူး။ တဖက်သားရဲ့ အောင်မြင်မှုကို ထပ်တူထပ်မျှဝမ်း မြောက် နိုင်ရင် မုဒိတာသက်ဝင်တာပဲ။ လောကနီ တိစာတွေမှာ တဦးဦးကို မနာလိုတာ ဝန် တိုတာ ဘာမျှကိုမရှိပါ။ မအောင်မြင်သေး သူတွေအောင်မြင်အောင်၊ ပြီးတော့ ပိုလို့ အောင်မြင်အောင် လူသားဘဝကိုလမ်း ညွန်ထားလိုက်ပုံများ လေးစားစရာကို ကောင်းပါတယ်ဗျာ။
နောက်ဆုံးတခုကဥပေက္ခာ။ ချီးမွမ်းမှုနဲ့ ကဲ့ရဲ့မှု၊ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိဖို့ပါပဲ။ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့လာသည်ပဲ ဖြစ်စေ၊ နှလုံးသားကမခံယူဘဲ၊ ခံစားမှုလဲမ ရှိဘဲ၊ အပြင်မှာပဲထားနိုင်အောင်ကျိုးစားရင် ဥပေက္ခာရဲ့သဘောတွေ သက်ဝင်နေတာ ပဲ။ ဘဝမှာနေတတ်ဖို့အတွက် ဥပေက္ခာဆို တာ လိုအပ်တဲ့အရာပဲ။
လောကနီတိကဘဝလမ်းညွန်တွေဟာ နေတတ်ဖို့အတွက် အကြံပြုထားတာတွေ ပါပဲ။ အထက်မှာကျနော်ဖော်ညွန်းခဲ့တဲ့ ‘အ တိပိယော န ကာတဗ္ဗော’ဆိုတဲ့စကားတွေ ဟာ ဥပေက္ခာပြုတတ်၊ နေတတ်အောင် လမ်းပြထားတာပါ။ လောကနီတိမှာ မေ တ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြ ဟ္မာ့ဝိဟာရတရားတော်တွေပြည့်နှက်၍နေ ပါပြီ။ လောကနီတိလမ်းစဉ်ဟာ ဗြဟ္မာ့ဝိ ဟာရလမ်းစဉ်နဲ့ မထူးမခြားနားပါဘဲဗျာ။
ကိုမိုးသီးဇွန်က လောကနီတိကိုမ ကြိုက်ပေမယ့် ဗြဟ္မာ့ဝိဟာရလမ်းစဉ်ကို တော့ကြိုက်ကြောင်း အင်တာဗျူးရဲ့ အဆုံး နားမှာဖြေထားတယ်။
တကယ်တော့ လောကနီတိထဲမှာ ဗြဟ္မာ့ဝိဟာရတရား တွေပါဝင်နေတယ်ဆိုတာကို မေ့နေတယ် ထင်ပါတယ်။ လောကနီတိရဲ့ဂါထာတွေ အတော်များများမှာ ဘုရားဟောထား တာတွေ ပါဝင်နေတယ်ဆိုတာကိုလဲ သတိ ထားမိဟန်မတူပါဘူး။ သူလဲလေလောကီ သားပေမို့ တခါတလေမေ့တာပဲ ဖြစ်မှာပါ။
လောကနီတိကိုလေ့လာခြင်းကိစ္စ ဒီမှာ ပဲနိဂုံးချုပ်ပါ့မယ်။ ဒါတွေအားလုံးဟာ လောကနီတိအပေါ်မှာ ကျနော်သိမြင်ထား သော အမြင်များသာဖြစ်ပါတယ်။ ဒီ ဆောင်းပါးဟာ ကိုမိုးသီးဇွန်ရဲ့ အင်တာဗျူး မှာပြောတဲ့အမြင်များကို အကြောင်းပြုပြီး ထွက်ပေါ်လာတာပါ။ သို့အတွက် ကိုမိုးသီး ဇွန်ကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျား။
ကျနော်နားမလည်သော အချက်အ လက်များကို ရှင်းပြပေးခြင်း၊ ပါဠိစာများကို မြန်မာပြန်ပေးခြင်း၊ သက်ဆိုင်ရာ ကျမ်းစာ များကို ညွန်ကြားပြသပေးခြင်းဖြင့် ကူညီ ပေးရှာသော ဆရာတော်(ဘာကလေ) အား အထူးကျေးဇူးတင်ပါကြောင်း လေး စားစွာဖြင့် ဖော်ပြအပ်ပါတယ်။
ကိုးကားသော စာများ
-ဆယ်စောင်တွဲ(ဘုန်းကြီးကျော င်းသုံး)၊
-ကိုယ်ကျင့်အဘိဓမ္မာ(မဟာဂန္ဓွာရုံဆရာတော်)
-လယ်တီဒီပနီပေါင်းချုပ်(လယ် တီဆရာတော်)၊
-ပါဠိမြန်မာအဘိဓာန်(ဦးဟုတ် စိန်)
-နတ်ရှင်နောင်ရတုပေါင်းချုပ်
Peerless Benefactor of Humanity(U Shwe Aung)
-Pali-English Dictionary(William Stede) Buddhism and Society(Spiro)
'ဌေး' သာမဏေကျော် စာကြည့်တိုက်(ရွှေအိမ်စည်စာေ ပဒါနပြုပါသည်)
(၁)
ဂျပန်မှာနေတဲ့ ကျနော့်ရဲ့မိတ်ဆွေတဦး ထံက ဂျာနယ်တစောင်ရလို့ စိတ်ဝင်စား စွာပဲ ကျနော်ဖတ်ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၆ ခု နှစ်၊ မေလမှာထုတ်ဝေတဲ့ နေရှင်နယ်ဂျာ နယ် အမှတ်စဉ် ၂ ပဲ ဖြစ်ပါတယ်။ ဒီဂျာ နယ်ကို ပထမဦးဆုံးဖတ်ဖူးတာပါ။ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုစတာတွေ အတော် လေးစုံတဲ့ ဂျာနယ်တစောင်ပဲဖြစ်ပါတယ်။
ဒီဂျာနယ်ထဲမှာ အင်တာဗျူးတွေလဲ ပါတယ်။ ‘မိုးသီးဇွန်နဲ့စကားပြောခြင
အင်တာဗျူးလုပ်သူနဲ့ဖြေကြားသ
ဖြေကြားသူကိုမိုးသီးဇွန်က သူမြင်တဲ့အ မြင်ကို ပြောသွားတယ်လို့ ကျနော်မြင်ပါ တယ်။ ဒါကလဲ လွတ်လပ်စွာမြင်ပိုင်ခွင့်၊ ပြောပိုင်ခွင့်ရှိပါတယ်။ မှားတယ်၊ မှန်တယ် ဆိုတာလဲ လောကနီတိနဲ့ အလှမ်းမဝေးတဲ့ ပရိသတ်ကြီးက အကဲဖြတ်နေမှာပါ။ ဂျပန် ကိုမရောက်ဘူးတဲ့ အဝေးကကျနော် တောင် ဒီအင်တာဗျူးကိုဖတ်ရပြီး စဉ်းစားစ ရာတွေပေါ်လာသေးတယ်ဆိုရင် ဒီစာပေ ဟောပြောပွဲမှာ ကိုယ်တိုင်တက်ရောက် နားထောင်ကြတဲ့ ပရိသတ်အနေနဲ့ ကျ နော်ထက်ပို၍ သိရှိခံစားမိကြမှာပါ။
ဒီဆောင်းပါးကိုရေးသားခြင်းဟ
(၂)
ကိုမိုးသီးဇွန်ရဲ့လောကနီတိေ
အဲသည်စာအုပ်လေးထဲမှာ ပရိတ်ကြီး (၁၁)သုတ်အပြင် အပြင်အောင်ခြင်း၊ အ တွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိဆုံးမစာစသော အခြေခံသင် ခန်းစာများပါဝင်နေပါတယ်။ ကိုရင်တွေနဲ့ ကျောင်းသားတွေဟာ သင်ခန်းစာများကို တခုပြီးတခုသင်ယူရပါတယ်။ ဆရာတော် ရဲ့လက်ထောက်ဦးပဇင်းများက အလှည့် ကြသင်ပေးလေ့ရှိပါတယ်။
ကျနော့်ကို လောကနီတိနဲ့စတင်မိတ်ဆက်ပေးခ
နွေရာသီကျောင်းပိတ်ရက်တွေမှ
ကျနော်တို့နယ်သား တွေအားလုံးလိုလို ±ွာကဘုန်းတော်ကြီး ကျောင်းနဲ့မကင်းကြပါဘူး။ ကျနော်တို့ရဲ့ ဘိုးဘေးလက်ထက်ကတည်းက သင်ယူခဲ့ ကြရတဲ့ ဘုန်းတော်ကြီးကျောင်းပညာရေး
ကျနော်တို့မြန်မာပြည်သားတွေ
အ နောက်တိုင်းပညာရေးတွေ မြန်မာပြည် တွင်းမှာ မထွန်းကားမီကတည်းက မြန်မာ လူထုကို အသိအလိမ္မာပေးခဲ့တာ၊ မြန်မာပ ညာရှင်ကြီးတွေကို မွေးထုတ်ပေးခဲ့တဲ့တ က္ကသိုလ်တွေဟာ ဘုန်းတော်ကြီးကျောင်း တွေပဲဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်
အကယ်၍ သာ အနောက်နိုင်ငံကတက္ကသိုလ်ကြီး
ပိုက်ဆံအကုန်အကျအနည်းဆုံးပည
(၃)
ကျနော်တို့အခုနိုင်ငံခြားမှ
ကျနော်ပြောလိုတာက လောကနီတိ အကြောင်းပါ။ လောကနီတိအကြောင်းကို စတင်ပြောဆိုနေရင်းနဲ့ ကြားဝင်ပြီး ဘုန်း တော်ကြီးကျောင်းပညာရေးစနစ်က
လောကနီတိကို စသင်ရတဲ့ပထမဦးဆုံး နေ့မှာ ကျနော်တို့ကလေးများရဲ့ဆရာ ဦး ဇင်းလေးပြောခဲ့တဲ့ လောကနီတိ မိတ်ဆက် စကားတွေကိုမှတ်မိနေပါသေးတယ်
လောကဆိုတာ ‘ဘဝ’လို့အဓိပ္ပါယ်ရှိ တယ်၊ နီတိဆိုတာကတော့‘လမ်းညွှန်’၊ လောကနဲ့နီတိ ပုဒ်နှစ်ခုကိုပေါင်းတော့ လောကနီတိ ‘ဘဝလမ်းညွန်’လို့ အဓိ ပ္ပါယ်ရတယ်ကွဲ့။
‘လောကနီတိ-ဘဝလမ်းညွန်’လို့ တို တိုနဲ့ထိမိတဲ့အဓိပ္ပါယ်ကို ဦးဇင်းလေးရှင်းပြခဲ့ တာ ကျနော်တို့ကျောင်းသားလေးတွေ
ကလေးဘဝက ဆရာမိဘတွေလမ်း ညွန်လို့သင်ကြားခဲ့ရတဲ့ လောကနီတိသင် ခန်းစာတွေကို ကိုယ့်ဥာဏ်မပြည့်ဝသေး လို့ လေးလေးနက်နက်မသက်ဝင်နိုင်သေ
စာကောင်းပေကောင်း လမ်းညွှန်မှု ကောင်းတွေဖြစ်လို့သာပဲ မိဘဆရာသူ တော်ကောင်းကြီးတွေက ကလေးများအ တွက်သင်ခန်းစာမှာ ကောင်းနိုးနိုးရာရာအ ဖြစ်နဲ့ သင်ပြဖို့ရည်ရွယ်ခဲ့တာပါ။ လောက နီတိထဲမှာပါတဲ့ ဆုံးမလမ်းညွှန်မှုအားလုံး ဟာလဲ မှတ်သားစရာတွေပဲဖြစ်ပါတယ်။
ဒါကလဲ ကျနော်တို့ပေါ်မှာပဲ မူတည်နေ ပါတယ်။ အတင်းအကြပ်မဖြစ်မနေလုပ်ရ မယ်လို့ မပြောထားပါဘူး။ ကြိုက်ရင်ကျင့် မကြိုက်ရင်လဲမကျင့်နဲ့ ကိုယ့်သဘောပါပဲ။ ကျနော်တို့တွေ ဗုဒ္ဓြွဘာသာကို သက်ဝင် ယုံကြည်သလိုပါပဲ။ ဗုဒ္ဓြွကလမ်းညွှန်ထား တယ်၊ ဒီလမ်းကိုလျှောက်ရင်ငြိမ်းခ
ဗုဒ္ဓွဘာသာကို ကိုးကွယ်ယုံကြည်ဖို့အ တွက် ကျနော်တို့တွေ ကျမ်းသစ္စာကြိမ်ဆို ရတာမရှိသလို ကတိပြုထားတာတွေလဲ မ ရှိပါဘူး။ အနှောင်အဖွဲ့များရဲ့ဟိုမှာဘ
ကျနော်သင်ခဲ့ဘူးတဲ့အတွေ့အကြ
အလသဿ ကုတော သိပံ္ပ၊
အသိပ္ပဿ ကုတော ဓနံ။
အဓနဿ ကုတော မိတ္တံ၊
အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊
အပုညဿ ကုတော ဝရံ။
ပညာသင်တဲ့အရွယ်မှာ ပညာမသင်ဘဲ ပျင်းနေသူဟာ ပညာတတ်မဖြစ်နိုင်ပါ၊ ပ ညာမတတ်တဲ့အခါ စီးပွားဥစ္စာရှာဖို့ မ လွယ်ကူပါ၊ ပစ္စည်းဥစ္စာမရှိသူမှာ မိတ်ဆွေ ကောင်းတွေရှိဖို့မလွယ်ပါ၊ မိတ်ကောင်း ဆွေကောင်းမရှိရင်လဲ ချမ်းသာရဖို့ဆိုတာ မလွယ်ပါ၊ ချမ်းသာမရှိရင် ကုသိုလ်ကောင်း မှုလဲ မရှိတော့ပါ၊ ကုသိုလ်ကောင်းမှုမရှိရင် လဲ ဘဝတွေရဲ့ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ဖို့ ဆိုတာ မဖြစ်နိုင်ပါလို့ အထက်က ပါဠိက ဗျာလေးက ဆိုလိုပါတယ်။
ပျင်းတဲ့သူတဦးအနေနဲ့ ပညာသင်ချင် တဲ့လုံ့လဝိရိယမရှိလေတော့ ပညာတတ် တဦးဖြစ်ဖို့ မလွယ်ပါဘူး။ ပညာမရှိရင်လဲ ပစ္စည်းဥစ္စာတွေကိုရှာဖွေဖို့
ဘာပစ္စည်းဥစ္စာမျှမရှိတဲ့ လူပျင်းလူမွဲတ ဦးကို ချစ်သူခင်သူ မိတ်ဆွေဖွဲ့ချင်သူတွေ ရှိပါ့မလား။ မိတ်ဆွေအသိုင်းအဝိုင်းမရှိဘ
(၄)
သူတော်ကောင်းကဏ္ဍမှာပါသော လောကနီတိရဲ့အဆိုအမိန့်များဟ
သဗ္ဘိရဝ သမာသေထ၊
သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ။
သတံ သဒ္ဓွမ္မ မညာယ၊
သေယျော ဟောတိ နပါပိယော။
ဆိုလိုရင်းအနေနဲ့ ပညာရှိသူတော် ကောင်းများနဲ့ မိတ်ဆွေအပေါင်းအသင်းပြု လုပ်ခြင်းဖြင့် သူတို့ထံမှ ပညာဆိုင်ရာအ တွေးအမြင်များကို သိရှိခွင့် ကျင့်သုံးခွင့်ရ၍ ကိုယ်လည်းပဲ ပညာရှိတဦးဖြစ်နိုင်ကြောင်း
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးစကား လိုပဲ၊ သူတော်ကောင်းပညာရှိတွေနား မှာနေရင် လူတော်လူကောင်းလေးတွေ ဖြစ်ဖို့ အခြေအနေပိုများပါတယ်။ သူတို့ကို အမှီပြုလို့တော်သွားကြတာမျာ
အတိပိယော န ကာတဗ္ဗော၊
ခလော ကောတူဟလံ ကရော။
သိရသာ ဝဟမာနောပိ၊
အဍ္ဎ ပူရော ဃေ ယထာ။
သူယုတ်သူမိုက်ကို အလွန်အကဲမချစ် ခင်ဘဲ ပုံမှန်သဘောမျှသာချစ်ခင်သင်
ဒီအဆိုအ မိန့်သဘောဟာ အပြင်လောကမှာလဲ တ ကယ်ပင်ဖြစ်ပျက်လျှက်ရှိနေပါ
ဝမ်းနည်းစရာကြုံလာတော့လဲ ကိုယ် စိတ်ကိုမထိန်းနိုင်ဘဲ ယောက်ယက်ခတ် လှုပ်ရှားပူဆွေးကြကာ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။ အပူဓာတ်၊ အပူလှိုင်း တွေပတ်ဝန်းကျင်ကိုပါ ကူးစက်စေကာ ဒု က္ခပေးတတ်ပါတယ်။ သို့အတွက်ပင် သူ တို့တွေကို သိပ်အရောမဝင်ဘဲ မှန်တန်းမျှ ဆက်ဆံချစ်ခင်ဖို့ အကြံပြုခြင်းဖြစ်ပါတယ်။
ဟိတကာရော ပရော ဗန္ဓူ
ဗန္ဓူပိ အဟိတော ပရော။
အဟိတော ဒေဟဇော ဗျာဓိ၊
ဟိတံ အရညမောသဓံ။
ကိုယ့်အတွက်ကောင်းကျိုးဆောင
အဲဒီအကြံပြုချက်ကို အထက်ပါဂါထာ ရဲ့ အောက်ပိုင်းစာကြောင်းနှစ်ြေ
ဥပမာက ‘ခန္ဓွာကိုယ်မှာပေါက်တဲ့ အနာရောဂါဟာ ခန္ဓွာကိုယ်မှာဖြစ်သော် လဲ လူကိုကောင်းကျိုးမပြုဘဲ ခန္ဓွာကိုယ်အ ပြင်ဘက်အဝေးမှာနေတဲ့ သစ်ရွက်သစ်မြစ် တွေက အနာပျောက်စေဖို့ ဆေးဘက်ဝင် တယ်၊ ကိုယ့်အတွက်အနာပျောက်ခြင်း၊
သိပ်ကောင်းတဲ့အတွေးအမြင်တွေ
ကျနော်တို့တသက်လုံး နှလုံး သားမှာဆောင်ထားသင့်လေတဲ့ ပညာရှိစ ကားလေးတွေပါပဲ။ ပစ်ရက်စရာ မျက် ကွယ်ပြုစရာကိုမရှိဘူးဗျာ။ ဒီစကားတွေမှာ ဆင်ခြင်တုံတရားတွေအပြည့်ပါတ
(၅)
ကောကိလာနံ သဒ္ဒံ ရူပံ၊
နာရိရူပံ ပတိဗ္ဗတာ။
ဝိဇ္ဇာ ရူပံ အရူပါနံ၊
ခမာ ရူပံ တပဿိနံ။
ဒီဂါထာလေးကတော့ အမျိုးသမီးက ဏ္ဍမှာပါတဲ့ ပထမဦးဆုံးဂါထာလေးဖြစ်ပါ တယ်။ ဥသြငှက်တို့ရဲ့အလှဟာ သူတို့ တွန်ကျူးတဲ့အသံ၊ မိန်းကလေးတို့ရဲ့အလှ ဟာ အိမ်သားအပေါ်ဝယ်တာဝန်ကျေခြင်
ကောင်းလိုက်တဲ့ အတွေးအမြင်အယူ အဆတွေဗျာ။ ကျနော်ကတော့ အပေါ်ယံ လောက်ပဲအတွေးအမြင်တွေဟာ ကောင်း နေမှန်းသိတယ်။ လောကနီတိဆရာရဲ့ နှ လုံးသားကလာတဲ့ အလေးနက်ဆုံးအမြင် ကိုတော့ ပညာရှင်များသာသက်ဝင်နိုင်မှ
အဆင်းအရောင်မွဲမွဲနဲ့ မဲနေတဲ့ဥသြ လေးရဲ့အလှကို အသံလို့ဖော်ပြထား တယ်။ မိန်းကလေးရဲ့အလှကိုမျက်နှာ၊
သူတို့အလှက အ တတ်ပညာ အရည်အချင်းပါတဲ့ဗျာ။ သူ တော်စင်ရသေ့ရဟန်း များကြပြန်တော့ ကိုယ်ကျင့်တရားကို ထင်ဟပ်စေတဲ့ သည်း ခံခြင်းတရားတဲ့။
အမျိုးသမီးများရဲ့ ကဏ္ဍလို့သာဆို တယ် အမျိုးသမီးတွေအကြောင်းပဲ ဖော်ပြ တာမဟုတ်ပါဘူး။ အခြားသူတွေအရာတွေ အကြောင်းလဲပါနေတယ်။ အမျိုးသမီးတွေ ကို တဖက်သတ်နှိမ်ထားတာလဲမရှိပါဘ
ဒီစကားတွေကို စာဖတ်သူလေ့လာ ကြည့်ပါ။ တဖက်စောင်းနင်းနဲ့ ငါတကော ကောနေတဲ့ အတွေးအမြင်လေသံတွေ ပါ များပါနေသလားလို့။ ကျနော့်အမြင်မှာ တော့ တဖက်စောင်းနင်းသဘောမျိုး လုံးဝ မရှိပါဘူး။ မျှခြေလဲရှိတယ်။ ဘဝရဲ့အလှ တွေကိုလဲမြင်ထားတယ်။ ဥသြလေးကို တောင် ဂုဏ်တင်လိုက်သေးတယ်။
သူ့ကိုဂုဏ်မြှင့်၊ ကိုယ့်ဂုဏ်မြင့်၏၊ သူ့ ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏၊ ယွင်းဖောက် မလို၊ ဝန်မတိုနှင့်ဆိုတဲ့ သဘောအတိုင်းပါ ပဲ။ လောကနီတိဆရာဟာ အလှကိုယ်စီ ကို ကြည့်မြင်သုံးသပ်ဖော်ပြသွား
အမျိုးသမီးများကဏ္ဍပြီးတော့ ဘုရင် တွေရဲ့ကဏ္ဍကို ဆက်လက်ဖော်ပြထားပါ တယ်။ တိုင်းပြည်တပြည်ကိုအုပ်ချုပ
မာတာ ပုတ္တတရံ ပါပံ၊
သိဿပါပံ ဂုရု တထာ။
ရာဇာ ရဋ္ဌကရံ ပါပံ၊
ရာဇပါပံ ပုရောဟိတော။
မကောင်းမှုကို သားသမီးပြုလုပ်တဲ့အ ခါ မိဘပြုတာနဲ့တူတယ်။ မကောင်းမှုကို တပည့်ကပြုလုပ်တဲ့အခါ ဆရာလုပ်တာနဲ့ တူတယ်။ ပြည်သူပြည်သားတွေက မ ကောင်းမှုပြုတဲ့အခါ တိုင်းပြည်ခေါင်း ဆောင်ပြုတာနဲ့တူတယ်။ တိုင်းပြည်ခေါင်း ဆောင်မကောင်းမှုပြုတဲ့အခါ အစိုးရတဖွဲ့ လုံး(သို့)အစိုးရကိုကိုယ်စာ
ကျနော်တို့မြန်မာစကားမှာ သားသမီး မကောင်းတော့မိဘခေါင်း၊ တပည့်မ ကောင်းတော့ဆရာ့ခေါင်း၊ ပြည်သူပြည် သားမကောင်းတော့ တိုင်းပြည်ခေါင်း ဆောင်ခေါင်း၊ တိုင်းပြည်ခေါင်းဆောင်မ ကောင်းတော့နိုင်ငံခေါင်း၊ ပြည်သူလူထု ခေါင်းဆိုသလိုပဲ ဖြစ်ပါတယ်။
ဒီအမြင်က ကျနော်တို့တွေရဲ့ရင်ထဲမှာ ရှိနေပါပြီ။ ကျနော်တို့တတွေဟာ ဘယ်မှာ ပဲနေနေမိဘ၊ ဆရာသမား၊ တိုင်းပြည်ရဲ့ ဂုဏ်ကိုဆောင်ဖို့ အသိစိတ်ဓာတ်ရှိတာ ဟာ တကယ်တော့လောကနီတိဆရာရဲ့ ကျေးဇူးပါ။ ဗုဒ္ဓွစာပေကလာတဲ့ ယဉ်ကျေးမှု တွေဟာ ကျနော်တို့သွေးထဲမှာပါနေ တယ်။လောကနီတိမူရင်းစာကို နောက်ဆုံး ဖော်ပြရမယ့်ကဏ္ဍကတော့ အထွေထွေအ ကြောင်းပဲဖြစ်ပါတယ်။
ဒိဝါ နာဒိက္ခာ ဝတ္တဗ္ဗာ၊
ရတ္တော အဝစနေန စ။
သÌရတိ ဘယာ ဘီတော၊
ဝနေ ဝနစရီ ယထာ။
နေ့အခါပတ်ဝန်းကျင်ကိုကြည့်ြ
ဥပမာအားဖြင့် တောထဲမှာ ကြောက်ရွံ့စွာနဲ့ လှည့်လည်နေတဲ့မုဆိုး ဟာ အရှေ့ အနောက် တောင် မြောက် လေးပါးကိုရှုစားကာ တောတွင်းမှာ လှည့် လည်ရသလိုပဲ စကားပြောသင့်ကြောင်း အကြံပေးထားတာပါ။
နေ့ပြောနောက်ကြည့်၊ ညပြော အောက်ကြည့်ဆိုတဲ့စကားအတိုင်
(၆)
လောကနီတိဆရာရဲ့ အခန်း(၇)ခန်းကို မိတ်ဆက်အနေနဲ့ ဂါထာတပုဒ်စီကိုထုတ် နှုတ်ကာ ကျနော်တင်ပြထားပါတယ်။ မိတ် ဆက်ဆိုသော်လဲ ဂါထာတပုဒ်ချင်းစီဟာ သက်ဆိုင်ရာအခန်းကဏ္ဍတွေအတွက် ကိုယ်စားပြုကာ သက်ရောက်မှုလဲ အ ထိုက်အလျောက်ရှိနေပါတယ်။ ယေဘုယျ အားဖြင့် လောကနီတိကိုခြုံငုံ၍ မြင်တတ် သွားမှာပါ။
လောကနီတိဆိုတာဘာလဲ၊ လောကနီ တိဆိုတာ အဆိုးမြင်ဝါဒလား၊ အကောင်း မြင်ဝါဒလား၊ သဘာဝအမှန်တရားကို မြင် တတ်တဲ့ဝါဒလား၊ အာဏာရှင်ကို အားပေး တဲ့ဝါဒလား၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ဝါဒလား၊ တသွေး တသံ တမိန့်စနစ်လား၊ အကြမ်းဖက်မှု မတရားမှုတွေကို အားပေး နေတဲ့ဝါဒလား၊ အကြွင်းမဲ့နာခံရေးဝါဒ လား၊ အဲဒီလားပေါင်းများစွာကို စာဖတ်ပရိ သတ်ကိုယ်တိုင်ပဲဖြေပါ။ ဒီဆောင်းပါးကို ဖတ်သလို ကိုမိုးသီးဇွန်ရဲ့အင်တာဗျူး
အမြင်တခုကို ကျနော်အပြစ်မတင် လိုပါ။ ဒီဆောင်းပါးမှာ ကျနော်ဖော်ပြတဲ့ အ မြင်တွေ အာဘော်တွေကတော့ ကျနော့် ရွာက ဘုန်းတော်ကြီးကျောင်းမှာ ကျနော် ကိုယ်တိုင်သင်ယူခဲ့ဘူးတဲ့ လောကနီတိ ကျမ်းရဲ့အဆိုအမိန့်များ၊ တနည်းအားဖြင့် ကျနော်သိသော နားလည်သောအမြင် များသာဖြစ်ပါတယ်။
(၇)
ကျနော့်မှာတခုပြောစရာရှိပါေ
စစ်အုပ်စုက လောကနီတိတင်မကပါ၊ မင်္ဂလသုတ်ကိုလဲ ပြန်လည်ပွဲထုတ်တာပါ ပဲ။ ကျနော်လဲပဲ စစ်အုပ်စုကို ပြင်းပြင်းထန် ထန်ဆန့်ကျင်သူတယောက်ပါပဲ။ စစ်အုပ်စု ကို ကျနော်ကအမြင်ကပ်တိုင်း၊ မုန်းတိုင်း သာ ဒီစာကောင်းတွေကိုမကြိုက်ဘူး
မင်္ဂ လသုတ်၊ လောကနီတိစတဲ့ လမ်းညွန်တွေ ဟာ စစ်အုပ်စုမပေါ်ခင်ကတည်းကရှိေ
ဥပမာအားဖြင့်စာဆိုကျော်နတ်ရ
ဒါပေမယ့်ဗျာ- သူ့စာတွေကတော့ ယနေ့အချိန်အထိ မြန်မာစာပေနယ်မှာ တခမ်းတနားရှိနေပါသေးတယ်။ ‘နှမောင်း မြသွင်၊
ညွန့်ကြဆင်၍၊
ရင့်လျှင်တချို့၊
ရွှေ့ သို့တပိုင်း၊
ပင်တိုင်းစုံသာ၊
ဝေသောခါမှ’စ တဲ့ နတ်ရှင်နောင်ရတုတွေကို ကျနော်တို့ ဘယ်လိုပြစ်ရက်ကြမှာလဲ။ စာကောင်းပေ ကောင်းတွေဟာ လူမကောင်းတိုင်း တန် ဖိုးကျသွားတယ်လို့မရှိပါဘူး
လောကနီတိမှာ ကိုမိုးသီးဇွန်ပြောသ လို သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆ ရာတပည့်ကျင့်ဝတ်၊ ပြည်သူနဲ့ခေါင်း ဆောင်ကျင့်ဝတ် စတာတွေမပါသလောက် ပါဘဲ။ ကျနော်တို့ငယ်ငယ်က ဗလာစာ အုပ်တွေနောက်ကျောဖုံးမှာပါေ
အခုလောကနီတိကတော့ အတွေးအ မြင်လေးတွေ ဘဝလမ်းညွန်မှုများသာဖြစ် ပါတယ်။ ဆရာမင်းသုဝဏ်ဘာသာပြန်တဲ့ ဓမ္မပဒနဲ့တင်ပြပုံချင်း၊ လမ်းညွန်ပုံချင်း ထပ် တူထပ်မျှပါပဲ။ ဘုရားရှင်ဟောတဲ့ ဓမ္မပဒထဲ က ဂါထာလေးတွေတောင် လောကနီတီ ထဲမှာ တွေ့နေရပါသေးတယ်။ ဥပမာ ‘သဗ္ဘိရဝ သမာသေထ’ဆိုတဲ့ ဂါထာဟာ ဓမ္မပဒထဲက ဘုရားဟောဂါထာပါ။ သို့ အတွက် လောကနီတိဟာ ဘုရားဟော မဟုတ်ဘူးလို့ အားလုံးကို လုံးထွေးပြော လို့လဲမရနိုင်ပါဘူး။
အမှန်ကတော့ လော ကနီတိဆရာဟာ အဆီအနှစ်တွေကိုစုပြီး ဘဝလမ်းညွန်အဖြစ် လောကနီတိကို စီစဉ် ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘဝကိုလမ်း ညွန်တဲ့ အသိပညာအားလုံးဟာ လောက နီတိတွေလို့ ကျနော်မြင်ပါတယ်။
လောကနီတိအကြောင်းကို ကျနော်တို့ မြို့မှာ သာသနာပြုနေတဲ့ မြန်မာဆရာ တော်တပါးကို ကျနော်မေးမြန်းလျှောက် ထားကြည့်တဲ့အခါမှာ ဆရာတော်က အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါတယ်။
လောကဿ-ဘဝ၏၊ အတ္ထာယ-အ ကျိုးငှါ၊ ကတာ-ပြုအပ်သော၊ နီတိ-လမ်း ညွန်လို့ ဝစနတ္ထပြုရတဲ့အကြောင်းနဲ့ ဒီပါဠိ ပုဒ်တွေရဲ့ ဇစ်မြစ်အနေအထားဟာ လော က-လုဇဓာတ်၊ ဏပစ္စည်း၊ လုဇ္ဇတိ ပလုဇ္ဇ တီတိ လောကော။ နီယန္တိ ဧတေနာတိ နီတိ၊ လောကဿ နီတိ လောကနီတိ-ဟုဖြစ်လာကြောင်းကိ
ပါဠိစာပေ၊ သဒ္ဒါကိုအခြေခံထား တဲ့ ဘဝသင်ခန်းစာများဖြစ်လို့ ပါဠိဘာသာ ကိုတတ်မြောက်သောဘုန်းဘုန်းမ
ဘဝလမ်းညွှန်ပေးတဲ့ ပညာအားလုံးကို သွယ်ဝိုက်သောနည်းဖြင့် လောကနီတိလို့ ခေါ်ဆိုနိုင်ကြောင်း ဘုန်းဘုန်းက ဆက် လက်၍ရှင်းပြပါတယ်။ ဒါ့အပြင် လောကနီ တိမှာ ဗြဟ္မာ့ဝိဟာရ တရားတော်တွေလဲ သက်ဝင်နေကြောင်းကို ဟောပြောရှင်းပြ ပေးတဲ့အတွက် လောကနီတိရဲ့ကျေးဇူးကို ပို၍ သိမြင်ခွင့်ရခဲ့ပါတယ်။
(၈)
ဗုဒ္ဓြွကဟောတယ်၊ စေတနာကောင်းရင် ကံကောင်းတယ်တဲ့။ ဆရာဇော်ဂျီကလဲ ပြောတယ်၊ စေတနာကောင်းရင်စာ ကောင်းတယ်။ စာရေးတယ်ဆိုတာ စေတ နာကိုရေးပြတာပဲတဲ့။ မှန်သောစကားတွေ ပါပဲ။ ကျနော်တို့တွေ လူတလုံး သူတလုံး ဖြစ်နေတာတွေဟာလဲ မိဘတွေ စေတနာ ကောင်းကောင်းနဲ့ ပြုစုပျိုးထောာင်ခဲ့လို့ပါ။
အရာရာတိုင်းမှာ စိတ်ကောင်းစေတနာ ကောင်းဟာ အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။ လောကနီတိကိုဖန်တီးခဲ့တဲ့ ဆရာဟာလဲ ကျနော်တို့တွေအပေါ်မှာ စေတနာအလွန်ကောင်းရှာပါတယ်။ စေတ နာကောင်းကောင်းနဲ့ ကျိုးစားအားထုတ်ခဲ့ လို့လဲ ကျနော်တို့တွေ လောကနီတိကို သင်ယူခွင့် နားလည်ခွင့်ရကြတာပါ။ သူစေ တနာကောင်းတော့ သူရွေးချယ်တင်ပြတဲ့ စာတွေက သိပ်ကောင်းနေတာပေါ့ဗျာ။
မေတ္တာလဲပါတာပဲ။ မေတ္တာရဲ့သဘော က အမြင်ကျယ်တဲ့သဘော၊ ချစ်ခင်မှုတွေ သက်ဝင်တဲ့သဘောပါ။ တမျိုးအားဖြင့်လဲ ‘ကောင်းကွက်ကိုရှာမေတ္တာ’ဆို
လောကနီတိဆရာဟာ နောင်လာ နောက်သားတွေကောင်းကျိုးအတွက
မေတ္တာပါတော့ သနားကြင်နာမှု၊ ကရုဏာလဲတွဲလျှက်ပါပဲ။ နောက်တခုက မုဒိ တာ၊ ကိုယ့်ထက်သာသူကိုမြင်ရင် ဝမ်းသာ ရတဲ့သဘောပေါ့ဗျာ။
အမှန်က ဝန်တိုမှုကို ထိန်းချုပ်တဲ့သဘောပါ။ အများအားဖြင့်က ကိုယ့်ထက်သာသူကိုမြင်ရင် မနာလိုဝန်တို ကြတာများလေတော့ ဝန်တိုမှုတွေနဲ့ ရင် ထဲမှာမပျော်နိုင်ကြဘူး။ တဖက်သားရဲ့ အောင်မြင်မှုကို ထပ်တူထပ်မျှဝမ်း မြောက် နိုင်ရင် မုဒိတာသက်ဝင်တာပဲ။ လောကနီ တိစာတွေမှာ တဦးဦးကို မနာလိုတာ ဝန် တိုတာ ဘာမျှကိုမရှိပါ။ မအောင်မြင်သေး သူတွေအောင်မြင်အောင်၊ ပြီးတော့ ပိုလို့ အောင်မြင်အောင် လူသားဘဝကိုလမ်း ညွန်ထားလိုက်ပုံများ လေးစားစရာကို ကောင်းပါတယ်ဗျာ။
နောက်ဆုံးတခုကဥပေက္ခာ။ ချီးမွမ်းမှုနဲ့ ကဲ့ရဲ့မှု၊ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိဖို့ပါပဲ။ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့လာသည်ပဲ ဖြစ်စေ၊ နှလုံးသားကမခံယူဘဲ၊ ခံစားမှုလဲမ ရှိဘဲ၊ အပြင်မှာပဲထားနိုင်အောင်ကျု
လောကနီတိကဘဝလမ်းညွန်တွေဟာ နေတတ်ဖို့အတွက် အကြံပြုထားတာတွေ ပါပဲ။ အထက်မှာကျနော်ဖော်ညွန်းခဲ့တ
ကိုမိုးသီးဇွန်က လောကနီတိကိုမ ကြိုက်ပေမယ့် ဗြဟ္မာ့ဝိဟာရလမ်းစဉ်ကို တော့ကြိုက်ကြောင်း အင်တာဗျူးရဲ့ အဆုံး နားမှာဖြေထားတယ်။
တကယ်တော့ လောကနီတိထဲမှာ ဗြဟ္မာ့ဝိဟာရတရား တွေပါဝင်နေတယ်ဆိုတာကို မေ့နေတယ် ထင်ပါတယ်။ လောကနီတိရဲ့ဂါထာတွေ အတော်များများမှာ ဘုရားဟောထား တာတွေ ပါဝင်နေတယ်ဆိုတာကိုလဲ သတိ ထားမိဟန်မတူပါဘူး။ သူလဲလေလောကီ သားပေမို့ တခါတလေမေ့တာပဲ ဖြစ်မှာပါ။
လောကနီတိကိုလေ့လာခြင်းကိစ္စ ဒီမှာ ပဲနိဂုံးချုပ်ပါ့မယ်။ ဒါတွေအားလုံးဟာ လောကနီတိအပေါ်မှာ ကျနော်သိမြင်ထား သော အမြင်များသာဖြစ်ပါတယ်။ ဒီ ဆောင်းပါးဟာ ကိုမိုးသီးဇွန်ရဲ့ အင်တာဗျူး မှာပြောတဲ့အမြင်များကို အကြောင်းပြုပြီး ထွက်ပေါ်လာတာပါ။ သို့အတွက် ကိုမိုးသီး ဇွန်ကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ
ကျနော်နားမလည်သော အချက်အ လက်များကို ရှင်းပြပေးခြင်း၊ ပါဠိစာများကို မြန်မာပြန်ပေးခြင်း၊ သက်ဆိုင်ရာ ကျမ်းစာ များကို ညွန်ကြားပြသပေးခြင်းဖြင့် ကူညီ ပေးရှာသော ဆရာတော်(ဘာကလေ) အား အထူးကျေးဇူးတင်ပါကြောင်း လေး စားစွာဖြင့် ဖော်ပြအပ်ပါတယ်။
ကိုးကားသော စာများ
-ဆယ်စောင်တွဲ(ဘုန်းကြီးကျော
-ကိုယ်ကျင့်အဘိဓမ္မာ(မဟာဂန္ဓွ
-လယ်တီဒီပနီပေါင်းချုပ်(လယ်
-ပါဠိမြန်မာအဘိဓာန်(ဦးဟုတ်
-နတ်ရှင်နောင်ရတုပေါင်းချုပ
Peerless Benefactor of Humanity(U Shwe Aung)
-Pali-English Dictionary(William Stede) Buddhism and Society(Spiro)
'ဌေး' သာမဏေကျော် စာကြည့်တိုက်(ေရႊအိမ္စည္စာေ
0 comments:
Post a Comment