Sunday, August 5, 2012

JULY TRIP 2012 မှ ဖြစ်စဉ် အချို့။


လူစိမ်း

( ၁)။ မန္တလေး-မုံရွာလမ်း ယခင်ထက် လမ်းနည်းနည်းပိုကောင်းစ ပြုလာပါပြီ။
(၂)။ မုံရွာ- ပခုက္ကူလမ်း ထုံးစံ အတိုင်း လှိုင်း စီးနေရဆဲဖြစ်ပါသည်။
(၃)။ ပုဂံ-ပုပါးလမ်း အခြေအနေ ကောင်းပါသည်။ သို့ရာတွင် ပုပါး တောင်တက်လမ်း တွင်
လမ်းချဲ့နေဆဲ အနေအထား ဖြစ်သဖြင့် ကားတစ်စီး နှင့် တစ်စီး ရှောင်ရန် လုံးဝ မလွယ်ပါ။
၄၅ စီး ကားများ အတွက် ပိုမို စိုးရိမ်ရပါသည်။မြန်မြန်ပြီးစီးနိုင်ရန် ဆုတောင်းရပါလိမ့်မည်။
(၄)။ ပုပါး- မိထ္ထီလာ လမ်း အခြေအနေကောင်းပါသည်။
(၅)။ မိထ္ထီလာ- ကလော ကားလမ်း တစ်ချို့တစ်ဝက် ဆိုးနေဆဲဖြစ်ပါသည်။
( ၆)။ အဆိုးဆုံးကားလမ်းမှာ အောင်ပန်း- ပင်းတယ မိုင် ၄၀ ခရီးလမ်း ဖြစ်ပါသည်။
( ဓနု တိုင်းရင်းသားများ အဖွဲ့ အား ၂ ဒေါ်လာ ဇုန် fee ပေးခဲ့ရပါသည်။
တိုင်းရင်းသားများ လူမှုဖူလုံရေး အတွက် အမှန်တကယ် ထိရောက်ရင်တော့ ၀မ်းသာမိသော်ငြားလည်း )

( ၇)။ တောင်ကြီး-ကက္ကူ ကားလမ်း မှာလဲ ငြိမ့်ငြိမ့်လေး နဲ့ ကြမ်းပါသည်။

 မြန်မာပြည် တစ်ပတ် ၁၄ ရက်ခရီး စဉ် မှာ မန္တလေး-မုံရွာ-ဖိုဝင်တောင်-ပခုက္ကူ။
ပုဂံ-ပုပါး-ကလော-အောင်ပန်း-ပင်းတယ-တောင်ကြီး-ကက္ကူ-ညောင်ရွှေ။ အင်းလေး။

လမ်းတစ်လျှောက် တံတားကြေး။လမ်းကြေး။မြို့ဝင်ကြေး များစွာ စုံလင်စွာ
ခနခန ရပ်လျှက် ပေးဆောင်ခဲ့ရပါသဖြင့် ကားပေါ် အတူပါလာသော ဧည့်သည်များ မျက်လုံးပြူးစွာ
ထူးဆန်းအံသြကြပါသည်။

  မြန်မာပြည် ( l'autoroute ) ( High-way ) လမ်းများ အခြေအနေကို ကောင်းမွန်စွာ သုံးသပ် နားလည် နိုင်သွားကြပါသည်။

မြန်မာပြည် အနှံ ကားခရီးစဉ် သွားကြသော နိုင်ငံခြားသားများအားလုံးတွေ့မြင်ရသည့် မြင်ကွင်းများမှာမြင်သာထင်သာ အလွန်ရှိလှပါသည်။

ဧရာဝတီ စစ်ကိုင်း ဆိပ်ကမ်းမှ ကျွန်းသစ်လုံးပုံကြီးများ။ မုံရွာကြေးစင်တောင် မှ တရုတ်လုပ်ကွက် အနေအထားများ။
မိထ္ထီလာ-ကလော လမ်းတစ်လျှောက် မှ ကျွန်းသစ်လုံးပုံကြီးများ ကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးသည့် နောက်တွင် သံယံဇာတ ပေါကြွယ် ၀သောမြန်မာနိုင်ငံ နှင့် အတူ တစ်နိုင်ငံလုံး  BOT စနစ် များဖြင့် တိုးတက်သာယာဖွံဖြိုးနေသော အမိမြန်မာပြည်ကြီးအား လှည့်ပတ်ကြည့်ရှုပြီးကြသော နိုင်ငံခြားသားများ ကိုဧည့်လမ်းညွှန် မှ မြန်မာပြည် အစိုးရ မကောင်းကြောင်း။ အစိုးရ ယန္တရားလွဲချော်နေကြောင်း။ အကျင့်ပျက်ချစားနေကြောင်း။အထူး တစ်လဲ ကိုယ့် အစုတ်ထုတ် ကိုယ် ဖြေပြစရာမလို။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်း နေစရာ ကို မလိုတော့ပါ။
ကျမ ဧည့်သည် နိုင်ငံခြားသားများ အမှန်မြင်တွေ့ သွားကြသော မြင်ကွင်းများကို မြန်မာပြည်တွင် သမ္မတ ရာထူးယူထားသောသမ္မတကြီး နှင့် တကွ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများအားလုံး။ ပြည်သူ့လွှတ်တော် အတွင်း လွှတ်တော် အမတ် တော်တော်များများ။အားလုံး တွေ့ဘူးမြင်ဘူး ကြမည် မထင် မိပါ။
                                                                               
မနေနိုင်လွန်းလို့ လမ်းကြေးကောက်တဲ့ နေရာ တွေကို့  ငွေပေးရင်းက  ပိုက်ဆံ များများ ကောက်တာလဲ ကောက်ပါ။လမ်းများများ ကောင်းအောင် သေသေချာချာ ပြင်ပေးပါကအလွန်ကောင်းမည်ဟု့ ပြောဖြစ်အောင် ပြောခဲ့ ပါသည်။ )

ပုဂံ မြို့ ဖြစ်စဉ်များ။

 ( ၁ )။ ပုဂံမြို့ တွင် နေ၀င်ဆည်းဆာ အလှကို ကြည့်ကြသော  ရွှေဆံတော်ဘုရား ကြီး အနီးအပေါက်ဝတွင် ယာယီ အမိုးအပြာ တဲ ဖြင့်
Tourism Police နှင့် ရှေးဟောင်းသုတေသန  ရုံးမှ  ၀န်ထမ်းများ ဧည့်သည် အ၀င်အထွက် စစ်ဆေး နေပါသည်။

ယူနီဖောင်းအပြာရောင် ၀တ်ထားသော ကောင်လေး တစ်ယောက် မှာ ဘုရားသို့ ၀င်သော အပေါက်ဝ တွင် ရပ် နေပြီး ကျမကို ဇုန်ဝင်ကြေး ပေးဆောင် ထားသည့်  စာရွက် များပြရန် ပြောလဲပြော။
 ယာယီ အမိုးအပြာ အတွင်း ချထားသော စားပွဲတစ်ခုတွင် ထိုင်နေသည့် ၀န်ထမ်းများထံ ခေါ်သွားပါသည်။

ကျမ၏ ဧည့်သည်၁၄ ယောက် စာ ဇုန်ဝင်ကြေး စာရွက်များကို ပြသပါသည်။

ကျမ နောက်တွင်ကပ်ပါလာသော နိုင်ငံခြားသားအမျိုးသမီး ဧည့်သည် ၃ ယောက် ကို မူ မစစ်ဆေးဘဲ ထားပါသည်။

ကျမက မနေနိုင်သဖြင့် " ဒီ အမျိုးသမီး ဧည့်သည် ၃ ယောက်က ကျမ ဧည့်သည်များ မဟုတ်ကြောင်း။
သူတို့ ကို စစ်ဆေး သင့် ကြောင်း ကျမ မှ တိုက်တွန်းပြောကြားခဲ့ရပါသည်။

ထိုအခါ မှ အဆိုပါ မိန်းမ ၃ ယောက် မှာ မြန်မာပြည်တွင် နေထိုင်နေကြသော ပြင်သစ်မ ၃ ဦး ဖြစ်နေပြီး
ဇုန် ၀င်ကြေး မပေးဘဲ ပုဂံ ကို လာလည် နေ ကြသူများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

ကျမ က ဇုန်ကြေး ကောက်ခံနေကြောင်း။မပေးရသေးလျှင်  ယခုနေရာတွင် ပေးဆောင်ရန် လိုအပ်ကြောင်း။ မနေနိုင်လို့ ၀င်ရောက် ပြောဆိုရပါသည်။

ဆိုလိုသည်မှာ ကျွန်မ တို့ ဧည့်လမ်းညွှန် များသည် ကိုယ်နှင့် မဆိုင် ဟု ဆိုငြားသော်လည်း မိမိ နိုင်ငံ အတွက် ၀င်ငွေ ရရှိရန် အခွင့်အရေးများလက်လွတ်ဆုံးရှုံးမှု မရှိစေရန် အမြဲ သတိထားလေ့ရှိကြပါသည်၊

ယခု ကဲ့သို့ ရွှေဆံတော် ဘုရားလို နေရာမျိုးတွင် ၀င်ခွင့် လက်မှတ် စစ်ဆေးခြင်း မှာ လက်ခံစရာ ရှိပါသည်။

နည်းစနစ် မမှန်ခြင်းမှာ စစ်ဆေးသူများသည် ကျမ တို့လို ဧည့်လမ်းညွှန် များကိုသာ အဓိက စစ်ဆေး ခြင်းသည် မှားယွင်းမှု တစ်ခု ဖြစ်နေပါသည်။
ကျမ တို့ ဧည့်လမ်းညွှန်များသည် ကုမဏီ သို့ ၀င်ကြေး များပြန်လည် စာရင်းရှင်းရပါသဖြင့်
ပုဂံဇုန်ဝင်ကြေး မပေးလို့ကို မရပါ။
အကယ်၍များ  ပေးမလာခဲ့ရလျှင်လဲဘဲ မိမိ ရုံး ကိုစာရင်း ပြန်အပ်ရမည်သာဖြစ်ပေသည်။
မည်သည့် အခါ မှလဲ မပေးရဘဲ မရှိခဲ့ပါ။

ဖြစ်သင့်သော နည်းစနစ် မှန်သည့် စစ်ဆေးမှု ဆိုသည်မှာ
 တိရိစ္တန်ရုံ။ ကစားကွင်း ၀င်ပေါက်များ တွင် ကဲ့သို့
ကျမ တို့ ဧည့်လမ်းညွှန် အပါအ၀င် ကျမတို့ ဧည့်သည်များကိုပါ တစ်ဦးခြင်း ၀င်ခွင့် ပေး စစ်ဆေးခြင်း။
အခြား FIT ဧည့်လမ်းညွှန်မပါလာသူများကိုလည်း တစ်ဦးခြင်း စစ်ဆေး၍ ၀င်ခွင့်ပေးခြင်း။
စသဖြင့် ရွှေဆံတ်ာဘုရား အတွင်း ၀င်လာသမျှ သောနိုင်ငံခြားသားတိုင်းကို တစ်ဦးခြင်းစီ ဧည့်သည်တိုင်း ကို စစ်ဆေး ရပါမည်။


(၂)။ ပုဂံမြို့။ဓမ္မရာဇိက ဘုရား သို့ မိမိဧည့်သည် နိုင်ငံခြားသား များ နှင့် အတူ အလည်အပတ် ရောက်ရှိခဲ့ပါသည်။

ပုဂံ မြို့ ရှိ ဓမ္မရာဇိက ဘုရား။ ရွှေဆံတော်။ ပြဿဒါးကြီး။ရွှေဂူကြီး  ဘုရား အလယ်ပစ္စယံ များကို အမျိုးသမီး။ အမျိုးသားများ မည်သူမဆို တက်ရောက်ခွင့် ရှိသည် မှာ ကျမ မှတ်မိသလောက် ကျမ ငယ်ငယ်လေးကထဲက ဖြစ်ပါသည်။

ဇူလိုင်လ ခရီးစဉ် တွင် ကျမ ၏ ဧည့်သည်များကို ဓမ္မရာဇိကဘုရားပေါ် တက်ပြီး ရှုခင်းကြည့်ရန် လိုက်ပို့ပေးပြီးမှအောက်သို့ ပြန်ဆင်းခဲ့ပါသည်။
ဘုရားအောက်ဘက် အာရုံခံ မုဒ်ဦး ရှိ ဘုရားစောင့် ဘကြီး တစ်ဦး နှင့် စကားစမြည် ပြောနေစဉ် တွင် ဘောင်းဘီ ၀တ်ထားသောသက်လတ် ပိုင်း အမျိုးသား ၃ ဦး ထဲ မှ တစ်ဦး အနီးအနားသို့ ရောက်လာပါသည်။
အဆိုပါ ၃ ဦး အနက် မှ ဟိတ်ဟန် မောက်မာပုံရှိသော သူ တစ်ဦး ကဘုရားစောင့် အဘိုးကြီးအား ဘုရားပေါ်ကို ဘာဖြစ်လို့မိန်းမတွေ ပေးတက်တာလဲ ကွ။ မင်းတို့ မသိဘူးလားဟု ဟောက်ဟိန်း ပြောဆိုပါသည်။

အဆိုပါနေ့ နံနက် ၉ နာရီ ခန့် နေသာချိန် ဖြစ်ပြီး ဘုရား အပေါ် တွင် ကျမ ဧည့်သည် များသာ ရှိနေပါသည်။

ကျမ မှာ ဧည့်လမ်းညွှန် တစ်ဦးဖြစ်ပြီး။ပုဂံ ရှိဘုရား တစ်ချို့ တွင် မည်သူမဆို တက်ရောက်ခွင့် ရှိကြောင်း။
ယခုမှ တက်ရောက်ခွင့် ရှိခြင်း မဟုတ်ဘဲ ကျမ တို့ ငယ်ငယ်လေးကထဲက တက်ရောက် ခဲ့ဘူးကြောင်း ။
ဦးလေး အခုမှ ပုဂံ ရောက်ဘူးတယ် နဲ့ တူတယ်နော်။ ဟု့ ပြောလိုက် ပါသည်။

 အဆိုပါ ပုဂိုလ် မှ ( အမြင်မတော်ဘူးလေကွ။ မိန်းမတွေ ဘုရားပေါ်တက်တာ။)
ဘာလို့ ဘုရားစောင့် တွေက မတားတာလဲ ဟု့ ထပ်မံ ပြောဆိုပါသည်။

ဘုရားစောင့် ဘကြီးက အရင်ကဆိုရင် တိုင်းမှုးကတော်တွေ လာရင် ကျွန်တော် တို့က ကော်ဇော်နီခင်းပြီး။ အနောက်ကနေ ထီးပါ လိုက် မိုးပေး။ ဆောင်းပေးခဲ့ရတာပါ ဟု့ ပြေပြစ် စွာ ပြန်လည် ပြောပါသည်။

အဆိုပါ လူမှ ခင်ဗျား တို့ အနေနဲ့ ပြောသင့် တာပေါ့။.ဘာလို့ မပြောတာလဲ ဟု့ ထပ်မံပြောပါသည်။
ဘေးနားတွင် မတ်တပ်ရပ် နေသော ကျွန်မသည် မနေနိုင်ပါတော့ သဖြင့်
ဒီကိစ္စ ကို မသင့်တော်ကြောင်း နိုင်ငံတော် သမ္မတ ကို စာရေး အကြောင်းကြား လိုက်ပါ။ ဟု့
 ပြန်လည်ပြောလိုက်ပါသည်။

နည်းဥပဒေသစနစ် တစ်ခု ကို တိကျသေချာစွာ အများသူငှာ လိုက်နာရန် ချမှတ် ခဲ့ပါလျှင် မည်သူမဆို ။
 လိုက်နာ ရမည်သာ ဖြစ်ပေသည်။

ကျမ တို့ ဧည့်လမ်းညွှန် များဘက် မှလဲ လိုက်နာရန် အဆင်သင့်သာ ဖြစ်ပေသည်။
ပုဂံဘုရား များ အပေါ်သို့ တက်ရောက်ခွင့် ။ မတက်ရောက်ခွင့် စည်းကမ်းစနစ် တစ်ပြေးညီထဲ ချမှတ် ယုံသာ ရှိပါသည်။

အမြင် မတော် လို့ မတက်သင့်ဘူးလို့ ဘာသာရေးခံယူချက်။ တစ်ဦးချင်းခံယူချက် ဖြင့် နိုင်ငံခြားသားများကို ကိုင်တွယ် ၍ ဖြေရှင်းလို့ မရနိုင်ပါ။

တိကျသော တားမြစ်မှု ရှိလျှင် မည်သူမဆို လိုက်နာမည်သာဖြစ်သည်။
သို့ရာတွင် စည်းကမ်း တားမြစ်ချက် သည် တစ်ပြေးညီထဲ ဖြစ်ရန်သာ လို ပါသည်။.

ချောချောကြေးမုံ ( ပြင်သစ်ဘာသာ ဧည့်လမ်းညွှန် )။

Credit to: chawchaw mirror
-- 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...