Friday, August 24, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Doubt/Enough/Joke/Like/Not)


No doubt (သေချာပါတယ်)
 No doubt " သေချာပါတယ်" ကို သင့်အနေဖြင့် အကြောင်းအရာ တစ်ခုခုသည် ဖြစ်နိုင်ချေရှိသည် (သို့) သေချာသလောက် ရှိသည်ဟု ယူဆသောအခါ အသုံးပြုနိုင်ပါသည်။
  • No doubt Jack will be late as usual.  
    Jack ဟာ ခါတိုင်းလိုပဲ နောက်ကျမှာ သေချာပါတယ်။
  • That shop has some beautiful clothes.
    အဲဒီဆိုင်မှာ လှတဲ့အ၀တ်အစားတွေရှိတယ်။
    'No doubt it has, but they will be far too expensive for me.
    ရှိမှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ငါ့အတွက်တော့ အရမ်းဈေးကြီးလိမ့်မယ်။


Fair enough ( ရပါတယ်)
အကြံပြုချက်တစ်ခုခု (သို့) အကြံဉာဏ်တစ်ခုခုသည် ကျိုးကြောင်းဆီလျော်သည် (သို့) လက်ခံနိုင်စရာရှိသည်ဟု သင်ယူဆပါက fair enough - ရပါတယ် ဟု အသုံးပြုနိုင်ပါသည်။
  • I could meet you tomorrow night, but not tonight.
    မင်းကို ငါ မနက်ဖြန်ည တွေ့နိုင်တယ်။ ဒါပေမဲ့ ဒီညတော့ မရဘူး။
    'Fair enough. I'll see you then.' 
    ရပါတယ်။ အဲဒီတော့မှ တွေ့ကြမယ်။
  • 'I'd like to come to the party, but I can't get there until quite late.' 
    ပါတီကို လာချင်ပါတယ်။ ဒါပေမဲ့ နောက်ကျမှ ရောက်နိုင်မယ်။
    'Fair enough. Come when you like.' 
    ရပါတယ်။ လာချင်တဲ့အချိန်လာပါ။


You must be joking (လာနောက်နေပြန်ပါပြီ)
တစ်စုံတစ်ယောက်က ပြောလိုက်သော အကြောင်းအရာတစ်စုံတစ်ခုကို သင့်အနေဖြင့် ရယ်စရာကောင်းသည် (သို့) သိပ်ဖြစ်နိုင်ခြေမရှိဟု ယူဆသောအခါတွင် you must be joking (လာနောက်နေပြန်ပါပြီ)ဟူသော အသုံးအနှုန်းကို အသုံးပြုနိုင်ပါသည်။
  • 'Is it true that you're going to marry Bob?' 
    မင်း Bob နဲ့ လက်ထပ်တော့မယ်ဆိုတာ အမှန်ပဲလား။
    'You must be joking! I stopped going out with him last year and I haven't spoken to him since then.' 
    လာနောက်နေပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ကတည်းက ငါ သူနဲ့မတွဲတော့တာ။ အဲဒီကတည်းက သူနဲ့စကားမပြောတော့ဘူး။
  • 'You should try on that dress. I'm sure it would suit you.' 
    အဲဒါ ဂါဝန်ကို မင်းဝတ်ကြည့်သင့်တယ်။ မင်းနဲ့လိုက်မှာ သေချာပါတယ်။
    'You must be joking. It costs more than my monthly salary.' 
    လာနောက်နေပြန်ပါပြီ။ ဒါက ငါ့တစ်လစာထက်တောင် ပိုပေးရဦးမယ်။
     
If you like (မင်းသဘောတူရင်) 
သင့်အနေဖြင့် အကြံပြုချက်တစ်စုံတစ်ရာပေးသောအခါ (သို့) တစ်စုံတစ်ရာကို ပြုလုပ်ပေးရန် ကမ်းလှမ်းသောအခါ If you like မင်း သဘောတူရင် ယူသော အသုံးအနှုန်းကို အသုံးပြုပါသည်။
  • Jill's having a party. We could go to it if you like
    Jill က ပါတီလုပ်မလို့တဲ့။ မင်း သဘောတူရင် ငါတို့သွားမယ်လေ။
  • 'I've just missed the bus.' 
    ငါ အခုလေးတင် ဘတ်(စ)ကား လွတ်သွားတယ်။
    I’ll take you to the railway station in my car if you like.
    မင်း သဘောတူရင် ငါ့ကားနဲ့ ဘူတာရုံကို ပို့ပေးမယ်လေ။

Like it or not (ကြိုက်ကြိုက် မကြိုက်ကြိုက်)

Like it or not ကြိုက်ကြိုက် မကြိုက်ကြိုက်)ကို တစ်စုံတစ်ယောက်အား အကြောင်းအရာတစ်ခုခုသည် ထိုသူ သဘောမတူသည့်တိုင် (သို့) သဘောမကျသည့်တိုင် ဖြစ်လာမှာပဲဆိုတာကို ဖော်ပြလိုသည့်အခါ သုံးပါသည်။
  • Like it or not, you will have to stay at school until the end of term. 
    ကြိုက်ကြိုက်မကြိုက်ကြိုက် စာသင်နှစ်ကုန်တဲ့အထိတော့ ကျောင်းမှာ မင်းနေရမှာပဲ။
  • Like it or not, we're going to have to move to a smaller house. 
    ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီထက်ငယ်တဲ့အိမ်ကို ငါတို့ပြောင်းရွှေ့ရလိမ့်မယ်။

                             You can read other lessons posted by me here.


Read more: အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Doubt/Enough/Joke/Like/Not) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A652197&xgs=1&xg_source=msg_share_topic#ixzz24S8cuebt

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...