Saturday, August 11, 2012

Crony-Cronyism ဆိုတာ



Crony-Cronyism ဆိုတာ အပေါင်းအသင်း၊ရောင်းရင်း၊ မိတ်ဆွေသူငယ်ချင်း တိုက်ရိုက်ဘာသာပြန်မှုပါ။မဆိုးပါဘူးအဓိပ္ပါယ်လေးကတော့အရမ်းလှတယ်။အဲ့ဒါကိုအဲ့ဒီအဓိပ္ပါယ်အတိုင်းဘာသာပြန်လိုက်တာကတော့ဒေါက်ချာကြီးလဲဟုတ်၊ ဗမာကျော်ကုန်ပါပြီ ဆူဌေးကြီးလဲဟုတ်၊ နောက်ပြီးနံမယ်ကျော်ဖွတ်ဖွတ်လဲ ပါတီကြီးတစ်ခုကိုကိုယ်စားပြုမဲခိုးမဲလိမ်မဲဝယ်ပြီးအရွှေးခံခဲ့တဲ့လွှတ်ချော်ကိုယ်စားလှယ်ကြီးလဲဖြစ်သူတစ်ဦးဖြစ်ပါတယ်။
Cronyကို ဆက်စပ်ကြည့်ကြရအောင်နော် ကြည့်
ကြရ


အောင်။ ခုရက်ပိုင်းကလေးမှာပဲ ပုသိမ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး တင်သွင်းလိုက်တဲ့အုပ်ချုပ်သူအာဏာပိုင်များဖြစ်တဲ့ဝန်ကြီးဝန်လေးတွေ ဥပဒေဘက်တော်သားများဖြစ်ကြတဲ့ရဲ၊တရားသူကြီးချုပ်အဆင့်ဆင့်တို့ပိုင်ဆိုင်မှုလေးတွေထင်သာမြင်သာရှိအောင်အများပြည်သူသိရှိစေရန်အလို့ငှာကျေညာပေးကြရန် အဆိုတစ်ခုကိုဆေွးနွေးခဲ့ကြရာမှာဆွေးနွေးနေစဉ်မှာပဲ အဆိုကိုကန့်ကွက်ငြင်းခုံကြပြီးအဆိုကိုမဲခွဲခဲ့ကြရာမှာ ကန့်ကွက်--(၂၇၁)
ထောက်ခံ--(၆၈)
ကြားနေ----(၁၅). နဲ့အဆို ရှုံးနိမ့်သွားပါတယ်။ အဲ့ဒီမှာနဲနဲကြည့်ကြရအောင်နော်---
လွှတ်တော်ကိုယ်စားလှယ်ဆိုတာဘယ်သူကရွှေးတာလဲ?ဘယ်သူအကျိုးကိုအဓိကထားပြီးကြည့်ရမှာပါလဲ?ပြည်သူ့အကျိုးလား?ကိုယ့်ပါတီအကျိုးလား?ကိုယ့်ဆရာအကျိုးလား?ကိုယ့်အကျိုးကိုယ်ကြည့်ရမှာလား?နောက်အချက်က အခုအဆိုဟာ ဒီမိုကရေစီကျင့်စဉ်နဲ့မဆီလျှော်တာလား?စဉ်းစားစရာလေးတွေနော်။
အခုအဆိုဟာ သမတကြီးပြောတဲ့ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရတခုဖြစ်လာဖို့ရာအင်မတန်မှပဲအထောက်အကူဖြစ်မယ်ဆိုတာဘယ်သူမှမငြင်းနိုင်လောက်ဘူးလို့ထင်ပါတယ်။ ကောင်းမွန်တဲ့အစိုးရဆိုတာ အိမ်တော်ကြီးတွေရုံးကြီးတွေဟီးနေစီးတော်ယာဉ်ကြီးတွေလန်ပျံနေလို့ကောင်းမွန်တဲ့အစိုးဖြစ်မှာမဟုတ်ပါဘူး။



သန့်ရှင်းတဲ့အစိုးရဆိုတာလဲ သမတကြီးတွေဝန်ကြီးဝန်လေးတွေအုပ်ချုပ်ရေးမှူးကြီးတွေ တနေ့ရေ(၄)ခါလောက်ချိုးပြီးသန့်ရှင်းနေလို့သန့်ရှင်းတဲ့အစိုးရကြီးဖြစ်လာမှာမဟုတ်ပါဘူး။
ကောင်းမွန်တဲ့အစိုးရ(အစိုးရကောင်း)၊သန့်ရှင်းတဲ့အစိုးရတရပ်ဖြစ်ဖို့ဆိုတာက -
တိုင်းသူပြည်သားတွေကိုမင်းကျင့်တရား(၁၀)ပါးနဲ့အညီအုပ်ချုပ်ဖို့နောက်အဂတိတရားကင်းပြီးလာဒ်ပေးလာဒ်ယူကင်းရှင်းဖို့လိုပါတယ်။အဲ့ဒါမှကောင်းမွန်တဲ့အစိုးရ၊သန့်ရှင်းတဲ့အစိုးရတရပ်ဖြစ်နိုင်မှာပါ။
အဂတိတရားကင်းဖို့လာဒ်ပေးလာဒ်ယူကင်းဖို့အတွက်ပိုင်ဆိုင်မှုစာရင်းတွေတင်ခိုင်းတာသဘာဝကျပါတယ်။
သဘာဝကျတဲ့ဥပဒေကြမ်းအဆိုကိုကန့်ကွက်ကြတာဘာကြောင့်လဲ?ကန့်ကွက်ကြတဲ့သူတွေကဘာလို့ကန့်ကွက်ကြတာလဲ?
လွှတ်တော်ကိုယ်စားလှယ်တွေဘယ်သူ့မျက်နှာကြည့်ကြမှာလဲ?ဘယ်သူ့မျက်နှာကြည့်နေကြတာလဲ?
အဖြေကရှင်းနေတာပါပဲ။ကိုယ့်ပိုင်ဆိုင်မှုကိုယ်ဘာလိုမပြောရဲတာလဲ?မပြောရဲစရာဘာအကြောင်းရှိလို့လဲ?
ရှင်းပါတယ်မဟုတ်တန်တရားလာဒ်စားထား၊အဂတိလိုက်စားထားဆရာမွေးတပည့်မွေးနဲ့ရှာဖွေထားကြတိုင်းပြည်ဘဏ္ဍာကိုယ့်ဘဏ္ဍာလိုသုံးချင်တိုင်းသုံးယူချင်တိုင်းယူထားကြလို့ပါပဲ။
အဲ့ဒီနေရာမှာCronyအပေါင်းအသင်းရောင်းရင်းအကြောင်းလေးပြောပါရစေ။ဟုတ်ပါတယ်။အပေါင်းအသင်းရောင်းရင်းကောင်းတွေလေ။တိုင်းပြည်ထွက်သမျှဝေခြမ်းယူလိုက်ကြတာဝေစားမျှစားဆိုတာဒါမျိုးလားမသိ။ခိုးထားသမျှလူသိမခံနိုင်ကြသူတွေအချင်းချင်းအပေါင်းသင်းရောင်းရင်းကောင်းတွေပီပီ ပြည်သူ့အကျိုးထက်သူငယ်ချင်းကောင်းတွေအတွကအကျိုးစီးပွားကာကွယ်ပေးလိုက်ကြတာများဗျာ-
လွှတ်တော်ကြီးတခုလုံးသူခိုးဓါးပြကြီးတွေဆိုပြီးဖေါ်ကျူးနေလိုက်တာများ နိုင်ငံတကာမှာဘယ်လိုမျက်နှာပြရမှန်းတောင်မသိရလောက်အောင်ပါပဲဗျာ။



ကောင်းပါတယ်ဗျာ။ကျောချမှဓါးပြမှန်းသိတာတော့မဟုတ်ပါဘူး။ဇနပုဒ်တည်စကတည်းကသိထားပြီးသားပါ။
CRONY/CRONYISMဆိုတာ အတိအကျအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်တော့---------သူခိုးဓါးပြကြီးတွေ အချင်းချင်း လက်ဝါးကြီးအုပ် တိုင်းပြည်ဘဏ္ဍာခိုးထုတ်ယူကြသူ အပေါင်းအသင်းရောင်းရင်းကောင်း ကြီးများလို့ပဲ အဓိပ္ပါယ်ဖွင့်ပါရစေဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...