Saturday, August 11, 2012
အခြေခံ Buddhism
သုရှင် cyniccancer@gmail.com
ဗုဒ္ဓတရားများတွင် အပေါ်ယံသဘောများနှင့် ထဲထဲဝင်ဝင် သိရှိထားသင့်သည်များ
ဟူ၍ နှစ်ပိုင်းပါသည်ကို စာဖတ်သူတို့သိရှိပြီးဖြစ်ပါသည်။ ဗုဒ္ဓသည် တန်ခိုးပြချိမ်းခြောက်ခြင်း၊
လူအံ့သြစေခြင်းငှာ ထူးထူးဆန်းဆန်းများလုပ်ပြခြင်းတို့ကို ရှောင်ကြင်ခဲ့ရကား သမိုင်းဆရာတို့
ရေးဖွဲ့ထားခဲ့ကြသော သဘာဝလွန်တရားများကို 
ပြန်လည် တွေးတောဆန်းစစ်ကြရန်..
ဆရာကြီးဦးအေးမောင် ( ဓမ္မာစရိယ )က သူဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင်ဖော်ပြထာပါသည်။ 
ဗုဒ္ဓ သည် သက်တမ်းတစ်လျှောက်လုံး တရားဟောခြင်း အမှန်တရားသိစေခြင်းငှာ သာဓက များဖြင့်
တရားပြခြင်း ကိုသာ အဓိကလုပ်ဆောင်ခဲ့သည်ကို သမိုင်းဆရာတို့ကလေ့လာတွေ့ရှိခဲ့ပါသည်။ ထိုသို့ဆိုရခြင်း
မှာလည်း ဗုဒ္ဓ၏ အခန်းကဏ္ဍကို မှေးမှန် သွားစေခြင်းငှာ ဆိုရခြင်းမဟုတ်ဘဲ ဗုဒ္ဓကို စိတ်ကူးယဉ် ဆန်သော ...
တန်ခိုးရှင် အဖြစ်မှသည် လက်တွေ့ကျသော ယုတ္တိရှိသော လူသားဆန်သောအဖြစ်မှန်ပြ သင်္ကေတအဖြစ်.. ကျွန်တော်တို့..အဆင့်မြှင့်တင်ခြင်းသာဖြစ်ပါသည်။
အနတ္တ၀ါဒ ကိုဆွဲကိုင်သော ဗုဒ္ဓသည် ထိုခေတ်တွင် ပေါ်ပေါက်ခဲ့သော
ထာဝရဘုရားရှင် ၀ါဒနှင့်..
ဗုဒ္ဓ နောက်မှ ပေါ်ပေါက်ခဲ့သော ဖန်ဆင်းရှင်အယူ အဆ တို့ကို
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျှက်..
ယနေ့တိုင်..ရပ်တည်လျှက၊်ပြန့်ပွားလျှက် ရှိပေသည်။ အကြောင်းအရာတိုင်းသည်
...အကျိုးသင့် အကြောင်းသင့် ဆက်စပ် ပေါ်ပေါက်လျှက်ရှိကြောင်း ၊ ပဋ္ဋိစ္ဆသမုပ္ပ တရားဖြင့် လည်းကောင်း… အကျိုးတိုင်းတွင် ၄င်းအကျိုးဖြစ်ပေါ်ရန် အတွက်
အကြောင်းအရင်းခံတစ်ရပ်ရှိရမည်ဖြစ်ကြောင်း ဗုဒ္ဓက ဟော
ကြားခဲ့သည်။ အကြောင်းအရာတို့ ၏ မူလ အစသည် ဘဲဥကဲ့သို့ အဆုံးအစ မရှိကြောင်း
ပဋ္ဋိစ္ဆသမုပ္ပ သံသရာ က ညွှန်းဆိုသည်။ ထိုသို့ ဆိုခြင်းကို အခြားဘာသာများက
ငြင်းဆိုပါသည်။ အစ..တကာ တို့၏ အစ .. တစ်ခုခုတော့ ရှိရမည်ဖြစ်ကြောင်း..
အလွန်ကြီးမြင့်သော တန်ခိုးတော်ဖြင့်သာ ဖန်ဆင်းနိုင်မည် ဖြစ်ကြောင်း 
ထိုဘာသာတရားအားလုံးတို့က
ဆိုပါသည်။သို့မှသာ ယုတ္တိတန်မည်ဟုလည်း ဆိုကြသည်။
ဗုဒ္ဓ ၏ အနတ္တ ၀ါဒတွင် လူပင်ဖြစ်စေ သတ္တ၀ါပင်ဖြစ်စေ ၄င်းတို့ပြုလုပ်ခဲ့သည့်
အလုပ်(ကံ)သည် သူ့အလိုလို
လူနှင့်သတ္တ၀ါတို့အပေါ် စီမံ သည်ဟုဆိုသော်လည်း ဖန်ဆင်းရှင် ၀ါဒတွင်မူ
ကားအရာရာအားလုံးတို့သည်
ဘုရားရှင်၏ အလိုတိုင်းအတိုင်းပင်ဖြစ်ပါသည်။ ဗုဒ္ဓ၀ါဒ၌ မည်သူကမျှ
မည်သူတစ်ဦးတစ်ယောက်၏ ကံကို စီမံ
ပိုင်ခွင့်မရှိချေ။ (ဗေဒင်၊လက္ခဏာ၊နက္ခတ္တဗေဒ တို့သည်
မြတ်စွာဘုရားဟောကြားမှုတွင် အကြုံးမ၀င်ချေ)၄င်းတို့
သည် ဟိန္ဒူတို့၏ ဝေဒ ကျမ်းများလာ ပညာရပ်များပင်ဖြစ်သည်။ ဗုဒ္ဓ က
၎င်းတို့သည် လူတို့ကို အကျိုးရှိစေခြင်း
ငှာမစွမ်းနိုင်ဟု ဆိုပါသည်။သို့သော် များစွာသော ဗုဒ္ဓဘာသာတို့သည်
ထိုကျမ်းများကို ခေတ်အဆက်ဆက် ယုံ
ကြည်လာခဲ့ကြပါသည်။ ထိုကဲ့သို့ ပြုပြီးသော ကံတစ်ခုကို လူတို့အစိုးရ နေပါက
ဗုဒ္ဓက အနတ္တဟု ဟောကြားခဲ့လိမ့်မည် မဟုတ်ချေ။ မည်သည့်အရာမျှမမြဲ ဟူသော
ဗုဒ္ဓ၏ အယူကို သိပ္ပံပညာရှင် အိုင်းစတိုင်းက ထောက်ခံခဲ့ကြောင်း ဦးအေးမောင်
စာအုပ်တွင် အကိုးအကားဖြင့်ဆိုထားပါသည်။ ၄င်းမှာ သိပ္ပံပညာရှင်
အိုင်းစတိုင်း ကို သတ်သေ ထူခိုင်းနေခြင်းမဟုတ်ဘဲ..နှစ်ဆယ်ရာစု ၏
အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက်၏ စကားကို ပြောဆိုခြင်းမျှသာဖြစ်ကြောင်း
ဦးအေးမောင်က ဆိုသည်။
ကျွန်တော်တို့ သိရှိ ကြားသိ မြင်တွေ့ ခံစား ထိတွေ့ နိုင်ကြသော
(perceptual environment) ပတ်ဝန်းကျင် ကမ္ဘာကြီးတွင်မူ..မမြဲခြင်းတရား
သည် မည်သို့မျှ မငြင်းဆန်နိုင်သော အချက်ဖြစ်ကြောင်းပြောချင်ပါသည်။ဗုဒ္ဓ
ဘာသာဝင် အားလုံးတို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန် သည် အခြားဘာသာများ၏
ပန်းတိုင် ကောင်းကင်ဘုံနှင့် များစွာကွဲပြားလျှက်ရှိပါသည်။ သုခ
ကိုထာဝရခံစားရမည့် ကောင်းကင်ဘုံသည် သံသရာတစ်ခု၏ အဆုံးဖြစ်သော နိဗ္ဗာန်ထက်
ပိုမိုစွဲဆောင်အားကောင်း ပါသည်။
သို့သော် ဗုဒ္ဓအလိုကျ ကောင်းကင်ဘုံဟူသည်မှာ ကောင်းမှုကြောင့်
နှစ်ကုဋ္ဋေပေါင်းများစွာ သုခ ခံစားရသော ဗြဟ္မာအဆင့် လောက်သာရှိပါသည်။ ဗုဒ္ဓက
မိမိကိုယ်ကို မသေတော့ ဘူးဟု အထင်ရှိသော ဗက အမည်ရှိဗြဟ္မာ၏ အသက်
အပိုင်းအခြားကို တွက်ချက်ပြခဲ့ကြောင်း ကျမ်းစာများက ဆိုပါသည်။ ထိုကြောင့်
ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အန္ဓိမ ပန်းတိုင်သည် သုခ ခံစားရန်မဟုတ်ကြောင်း
တင်ပြအပ်ပါသည်။
--
ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။
ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။
တိုင်းတိုင်းပြည်သူ လူဟူသမျှ
ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို
ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။
မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း
ကျွန်ုပ်မမြင်..မထင်ပါသေး။
ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန်
ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား..
တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။
သုရှင်
(conservatism,traditionalism,nationalism )
(အစဉ်အလာကိုချစ်သော၊ရိုးရာကိုမြတ်နိုးသော၊အမျိုးသားရေးဝါဒီ)
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...