Thursday, August 9, 2012

လူမှုရေးနှင့်ကျင်ဝတ်ဆိုင်ရာ လှုပ်ရှားမှုများ


by မင်းခက်ရဲ (Min Khet Ye) on Thursday, August 9, 2012 at 7:49pm ·

လူမှုရေးနှင့် ကျင့်ဝတ်ဆိုင်ရာ လှုပ်ရှားမှုများ
            ၁၉ရာစုကနေ ၂၁ရာစုအထိ လူမှုရေးလှုပ်ရှားမှု ၊ ဂေးအခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို ကျင့်ဝတ်ဆိုင် ရာ လှုပ်ရှားမှုအမျိုးမျိုးဖြစ်ပေါ်ခဲ့တယ် ။ ဖြစ်ပေါ်ခဲ့တဲ့လှုပ်ရှားမှုတွေဟာ အမေရိကန်ရဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်စွမ်း လည်းရှိကြတယ် ။ အမျိုးသမီးအခွင့်အရေးတောင်းဆိုတာ ၊ အာဖရိကလူမည်းတွေရဲ့ လွတ်လပ်ခွင့်နဲ့ ညီမျှခွင့် အခွင့်အရေး တောင်းဆိုတာ ၊ စစ်ပွဲတွေကို အဆုံးသတ်ဖို့၊ ဂေးအခွင့်အရေး ၊တိရစ္ဆာန်အခွင့်အရေး စသဖြင့် လှုပ်ရှားမှု အမျိုးမျိုးရှိတာကို တွေ့ရမယ် ။ တစ်သီးပုဂ္ဂလအခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ တရားမျှတမှုကို တောင်းဆိုထားတဲ့ လှုပ်ရှားမှုတွေပါပဲ ။ ဒါကြောင့် ဒီလှုပ်ရှားမှုတွေဟာ ခေတ်သစ်လစ်ဘရယ်ဝါဒနဲ့လည်း ဆက်စပ်နေတာကိုတွေ့ရမယ် ။


အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများ
            အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို က္ကတ္ထိယ၀ါဒလှုပ်ရှားမှုအဖြစ်လည်း သိထားကြတယ် ။ အမျိုးသမီးအခွင့်အ ရေးမှာ အဓိက အခြေခံထားတာက  အမျိုးသမီးတွေရဲ့ လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေးဆိုင်ရာ ညီမျှမှုရရှိဖို့ပါပဲ ။အနောက်တိုင်း သမိုးတစ်လျောက်လုံးမှာ မိန်းမတွေကို ယောက်ျားတွေနဲ့ ညီတူညီမျှအမြင်မခံခဲ့ရဘူး ။  မိန်းမတွေကို အိမ်မှုကိစ္စတွေမှာပဲ ပုန်းခိုခိုင်းခဲ့တယ် ။ သူတို့ရဲ့ဘ၀ဟာ ယောက်ျားတွေရဲ့ အချိုပွဲတည်းတာထက်မပိုခံဘူး ။ နေရာတိုင်းမှာ အရံလူသာလျင်ဖြစ်နေတာ ။ အလယ်ခေတ်ဥရောပမှာဆိုရင်  သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ၊ ပညာသင်ယူပိုင်နဲ့ လူထုဘ၀တွေထဲမှာ ပါဝင်နိုင်ခွင့်မရှိခဲ့ဘူး ။ ၁၉ရာစုအကုန်ပြင်သစ်မှာဆိုရင် လူမြင်ကွင်းထဲကို သွားရင် သူတို့ရဲ့ ခေါင်းကို ဖုံးသွားရတဲ့ အထိပဲ ။ ဂျာမနီဆိုရင် ယောက်ျားတွေဟာ သူတို့ရဲ့ မိန်းမတွေကို ရောင်းစားပိုင်ခွင့် အခွင့်အရေးရှိခဲ့တယ် ။ ၂၀ရာစုအစောပိုင်းကာလအထိတောင်မှာ မိန်းမတွေဟာ မဲပေးပိုင်ခွင့်မရဘူး ၊ ဥရောပမှာဆိုရင် အစိုးရနေရာတွေမှာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့်မရှိဘူး။ အမေရိကန်ရဲ့ ပြည်နယ်အများစုမှာလည်းမဲ့ပေးနိုင်ခွင့်မရှိဘူး။ ယောက်ျားတစ်ယောက် ရဲ့ ကိုယ်စားပြုထားတာမျိုးမရှိဘဲနဲ့ ကိုယ်တိုင်ဦးစီးခေါင်းဆောင်ပြီး စီးပွားရေးလုပ်ခွင့်ကနေ တားဆီးခံထားရတယ် ။ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ သူ့ယောက်ျားရဲ့ ခွင့်ပြုချက်မရဘဲ သူ့ရဲ့သားသမီးတွေကို ဆုံးမပိုင်ခွင့် မရှိဘူး။မိန်းမတွေဟာ ပညာသင်ကြာခွင့်မရှိဘူး ။ အလုပ်အကိုင်အများစုကနေလည်းတားဆီးခံရတယ် ။ ယနေ့ကာလအထိ ကမ္ဘာကြီးရဲ့ တစ်ချို့နေရတွေမှာ ဒီလို ကန့်သတ်ချက်မျိုးရှိနေသေးတာတွေ့ရမယ် ။

မဲပေးပိုင်ခွင့် လှုပ်ရှားမှု
            အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးအမျိုးသမီးအခွင့်အရေးညီလာခံကို ၁၈၄၈ နယူးယော့ခ်ပြည်နယ်လေး အတွင်းက မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ စနပ်ကာဖောမှာ ကျင်းပခဲ့တယ် ။   နိုင်ငံရေးအခြေအနေတွေ မတည်ငြိမ်မှုကြောင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုဟာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ဆိုတဲ့ တစ်ခုတည်းသော ပြဿနာရပ်ကို အာရုံစိုက်ထား ခဲ့တယ် ။ နိုင်ငံတကာ အမျိုးသမီး ရေးရာမှာ ဒီပြဿနာရပ်ကို ကိုင်တွယ်နေခဲ့တာ နှစ်ပေါင်း ၇၀ကျော်မှ အောင်မြင်တယ်ဆိုရမယ် ။                                                                                                                                                          ပြည်တွင်းစစ်ပြီးတဲ့အခါမှာ က္ကတ္ထိယ၀ါဒီတွေဟာ အမျိုးသမီးတွေမဲပေးပိုင်ခွင့်ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ချက်အမှတ်၁၅မှာ ထည့်သင့်တယ်လို့ ယူဆတယ်။ ပြင်ဆင်ချက်အမှတ် ၅က လူမျိုးအပေါ်အခြေခံပြီး မဲပေးခွင့်ကိုတားမြစ်ထားတာ ။  ဒါပေမယ့် ကျွန်စနစ်တိုက်ဖျက်ရေး ခေါင်းဆောင်တွေက အမျိုးသမီးမဲပေးပိုင်ခွင့်ကို ထောက်ပံ့ဖို့ရာငြင်းပယ်ခဲ့တယ် ။  ၁၈၆၉မှာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးမဲပေးခွင့် အဖွဲ့အစည်းကို အဲလိဇဘက်ဆက်တန် နဲ့ ၊ ဆူဆန်အမ်သော်နီတို့နှစ်ဦးက ဖွဲ့တယ် ။ ဥာဏ်အလင်းပွင့်ခေတ်နိယာမဖြစ်တဲ့ သဘာဝဥပဒေ အပေါ်အခြေခံပြီး မဲပေးပိုင်ခွင့် တောင်းဆိုတာ ။ အမေရိကန် ကြေညာစာတမ်းမှာ ပါတဲ့ အတိုင်း အမေရိကန်နိုင်ငံသားမှန်သမျှ ရသင့် ရထိုက်တဲ့ အခွင့်အရေးဖြစ်ကြောင်းပြောဆိုပြီး ပြည်သူလူထုကို နှိုးဆွတယ် ။ ၁၉၀၀လောက်မှာ  အမေရိကန်နိုင်ငံသား တိုင်းမဲပေးပိုင်ခွင့်ကို စိတ်ဝင်စားလာရတဲ့ အကြောင်းက အရှေ့ဥရောပသားတွေ အလုံးအရင်းလိုက် ၀င်ရောက်အခြေချနေ ထိုင်လာတယ် ။ ဒါကြောင့် မူရင်းရှိနေတဲ့ အမေရိကန်တွေအားလုံး မဲပေးခြင်းရထားခြင်းဖြင့် ညီမျှမှုကို ရယူထားရမယ် ဆိုတဲ့ စဉ်းစားပုံမျိုးတွေ ခေတ်စားလာတယ် ။ မဲပေးပိုင်ခွင့် အခွင့်အရေးခေါင်းဆောင်တွေကလည်း ဒီပြောင်းလဲမှုကို ကိုင်ပြီး တွင်တွင်ပြောကြားနေကြတာ။ လူသားဆန်မှုဆိုတာ ယောက်ျားရော ၊ မိန်းမမှာပါ တူညီစွာရှိတဲ့ အတွက် တူညီတဲ့ တန်းတူ အခွင့်အရေးမျိုးရရမယ်လို့  ၊ တရားမျှတမှုရှိရမယ် စသဖြင့် ဒဿနဆိုင်ရာ ရှင်းလင်းထုတ်ဖော်မှုတွေပါ လုပ်ပြီး တိုက်ပွဲ ၀င်ကြရတာ ။ ၁၈၉၄အစောပိုင်းမှာ ကာရီချက်မင်းန်ကတ်က သူ့ရဲ့ မိန်းခွန်းတစ်ခုမှာ စာတတ်မြောက်သူ၊ အမေရိကန်ဖွား လူလတ်တန်းစား အမျိုးသမီးတွေ မဲပေးပိုင်ခွင့်နဲ့ နိုင်ငံခြားက၀င်ရောက်လာသူတွေရဲ့မဲကို ညီမျှအောင်လုပ်ရမယ်လို့ ဆိုတယ်။                                                                                                                                                                ကတ်ရဲ့ မိန်းခွန်းပါအမြင်က အမျိုးသမီးထဲမှာတောင်အခွင့်ထူးကို ထပ်ခွဲခြားလိုက်သလိုဖြစ်သွားတယ် ။ က္ကတ္ထယ ၀ါဒအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားလေသံထွက်နေတဲ့ အမျိုးသမီးထုကြားမှာလည်း အပ်ကြောင်းထပ်သွားတယ် ။ ပြီးတော့ အလုပ်သမားလူတန်းစားအမျိုးသမီးတွေက လုပ်ခလစာ ၊ အလုပ်ချိန် ၊ ဥပဒေနဲ့ ကာကွယ်ပေးမှုတွေကို ပိုစိတ်ဝင်စား ကြတယ် ။ သူတို့က အီလစ်ဆန်တဲ့ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်နဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်အခွင့်အရေးတွေကို သိပ်စိတ် မ၀င်စားကြဘူး ။  သူတို့ကိုယ်သူတို့ က္ကတ္ထိယ၀ါဒီတွေရဲ့ အဖွဲ့အစည်းထက် အလုပ်သမားသမဂ္ဂထဲမှာသာ နစ်မြုပ်လုပ်ကိုင် ဖို့ စိတ်ဝင်စားကြတယ် ။ ၁၈၉၀များမှာပဲ အမ်သော်နီက အမျိုးသမီးတွေမဲပေးပိုင်ခွင့်အတွက် အလုပ်သမားတွေ ထောက်ခံ ပေးဖို့ ပန်ကြားတယ် ။ သူမနဲ့ သူမရဲ့ လှုပ်ရှားမှုကြီးတစ်ခုလုံးဟာ အလုပ်သမားအမျိုးသမီးတွေရဲ့ တောင်းဆိုးချက်တွေ မပါဘဲနဲ့ ဘာမှမလုပ်နိုင်ဘူးလို့လည်းဆိုတယ်  ။ သွားတူနေတဲ့ အချက်က လူမည်းတွေကို ခွဲခြားတဲ့ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ဖို့ အမျိုးသမီးအဖွဲ့တွေဆီက တောင်းဆိုခဲ့တဲ့ သူမကိုယ်တိုင်လည်း ငြင်းခဲ့ဖူးတယ် ။                                                      အဲလက်စ်ပေါလ်ဟာ  အမေရိကန် ပြည်ထောင်စုက အမျိုးသမီးမဲပေးပိုင်ခွင့်ကို  အင်္ဂလန်က တတ်ကြွလှုပ်ရှားသူ တွေရဲ့ စံနမူနားကို ယူရင် ပြန်နိုးကြွားလာအောင်လုပ်သူပဲ ။ အင်္ဂလန်မှာလည်း နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးမဲပေးနိုင်ခွင့် လူမှုအဖွဲ့အစည်းကနေ ဦးဆောင်ပြီး တောင်းဆိုတယ် ။ တောင်းဆိုတဲ့နေရာမှာ အမျိုးသမီးဆန်ဆန်နဲ့ ယဉ်ကျေးသိမ်မွေ့ တဲ့အမူအရာကို အခြေခံပြီး  လိုက်ပါမဲဆွဲတာ ။ ဒါပေမယ့် ၁၉၀၃မှာ အမ်မီလိုင် ပန်ခတ်က သပိတ်တွေဆက်တိုက်မှောက် ၊ ဗုံးခွဲ ၊ သပိတ်တား စတဲ့ နည်းမျိုးစုံသုံးပြီး အုပ်စုခွဲလုပ်ပြန်ရော ။ သူတို့ရဲ့ နည်းတွေက တစ်နိုင်လုံးက လှုံ့နိုးလိုက်တယ် ။ ၁၉၁၈မှာ ဗြိတိသျှပါလီမာန်က  အိမ်ပိုင်တဲ့ အမျိုးသမီးတွေ ၊ အိမ်ပိုင်တဲ့ ယောက်ျားရဲ့ မိန်းမတွေ ၊ အသက်သုံးဆယ်ကျော် တက္ကသိုလ်ဘွဲ့ရတဲ့ အမျိုးသမီးတွေကို မဲပေးပိုင်ခွင့် တိုးချဲ့ပေးလိုက်တယ် ။                                                                                 ဗြိတိသျှလုပ်နည်းလုပ်ဟန်ကို လုပ်ပြီး ပေါလ်ကလူ့အဖွဲ့အစည်းကို တုန်လှုပ်ခြောက်ခြားသွားအောင်လုပ်ရ မယ်လို့ နှိုးဆော်တယ် ။ အမျိုးသမီးမဲပေးပိုင်ခွင့် ခရူးဆိတ် စစ်ပွဲ ဆင်နွှဲရမယ် ။ လူထုဆန္ဒပြပွဲတွေ ၊ ချီတတ်လှည့်လည်ရေးနဲ့ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးတွေလုပ်ရမယ်လို့ လမ်းညွန်တယ်။ ၁၉၂၀မှာ အမေရိကန် က္ကတ္ထိယ၀ါဒဟာ အောင်ပွဲရခဲ့ တယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အမှတ် ၁၉နဲ့ အမျိုးသမီးတွေကို မဲပေးပိုင်ခွင့်အခွင့်အရေးပေးခဲ့ တယ် ။ အစောပိုင်းက္ကတ္ထိယ၀ါဒရဲ့အရေးအကြီးဆုံး ပန်းတိုင် အမျိုးသမီးမဲပေးပိုင်ခွင့် ရပြီးတဲ့နောက်မှာ သူတို့ရဲ့ အိုင်ဒီယိုလို ဂျီထင်ထင်ရှားရှားထပ်မရှိတော့တာကြောင့် က္ကတ္ထိယ၀ါဒလည်း အလိုအလျောက်ပြိုကွဲသွားတယ် ။ တနည်းအားဖြင့် အုပ်စု ဆယ်နှစ်ခုလောက် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတယ် ။ ဒီအုပ်စုတွေရဲ့ နောက်ပိုင်းပြုလုပ်ချက်တွေမှာလည်း က္ကတ္ထိယ ၀ါဒရဲ့သဘောကိုမတွေ့ရတော့ဘူး ။ ဒီလစ်ဟာချက်ဖြည့်တဲ့ အနေနဲ့ နိုင်ငံလုံးဆိုင်ရာအမျိုးသမီးပါတီကို ပေါလ်က ခေါင်း ဆောင်ဖွဲ့စည်းတယ် ။ အမေရိကန် ဥပဒေတွေထဲက ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားဖို့ ခေါင်းဆောင်မှုပုံစံအသစ်တွေပေး ရမယ် ၊ ညီမျှမှုအခွင့်အရေး ပြင်ဆင်ချက်ဥပဒေနဲ့ အမျိုးသမီးတွေပိုမိုညီမျှလာတဲ့ အခြေအနေဆီကို ရွေ့လျားသွား နိုင်ရမယ် လို့ ဆိုတယ် ။  ဒါပေမယ့် တကယ့်လက်တွေ့မှာ တိုက်ပွဲဝင်မှုကနှောင့်နှေးနေတယ် ။ အကြောင်းကတော့ က္ကတ္ထိယ၀ါဒီအများစုဟာ နေရာတကာ ညီမျှမှုကို ရှာဖွေတာမျိုးမလုပ်ချင်ဘူး။ ဒါကြောင့်လည်း အမျိုးသမီးတွေ အကျိုးကျေးဇူးဖြစ်ထွန်းမယ့် ဥပဒေတွေကို သာ တိုက်ရိုက်ကျကျဖော်ဆောင်ဖို့ ကြိုးစားကြတယ် ။ ဥပမာ အမျိုးသမီး စက်ရုံ မှာ အလုပ်ချိန်ကို အများဆုံး ရှစ်နာရီသာထားဖို့ရာ ကာကွယ်ရေးဥပဒေဟာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ပိတ်ဆို့လိုက်ရာရောက်တယ်။ အလုပ်ရှင်တွေဟာ ကုန်ကျစရိတ်များလာမှဖြစ်တဲ့အတွက် အမျိုးသမီးအလုပ်သမားတွေကို မငှားတော့ဘဲနေလိမ့်မယ် မြင်တဲ့ ဆန့်ကျင်တာပါ ။      အလုပ်သမားသမဂ္ဂအမျိုးသမီး အဖွဲ့ဝင်တွေကြတော့ ဒီဥပဒေဟာ လိုအပ်တယ်လို့ ဆိုကြတယ် ။                                                                                      ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ဒုတိယကမ္ဘာစစ်နှစ်ခုဟာ က္ကတ္ထိယ၀ါဒဆိုင်ရာ တတ်ကြွလှုပ်ရှားသူတွေကို ကြီးကြီးမားမား ချေမှုန်းပစ်လိုက်တယ် ။ စစ်ပွဲက အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ဖွင့်ပေးလိုက်တယ် ။ ဒါကြောင့် လည်း က္ကတ္ထိယ၀ါဒီတွေထူးထူးခြားခြားတောင်းဆိုမှုတွေ မလုပ်နိုင်တော့ပဲ တတ်ကြွလှုပ်ရှားမှုတွေ ငြိမ်သွားခဲ့တယ် ။  ဒါပေမယ့် အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းက စစ်ပွဲပြီးတော့ ပြန်ပိတ်သွားတယ် ။ စစ်တပ်ကနေ ထွက်လာတဲ့ ယောက်ျားတွေက သူတို့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အတွက်ပဲ ။ ဒီအဖြစ်အပျက်က အမျိုးသမီးတော်တော် များများကို ဒေါသထွက်စေတယ်  ။ စစ်အပြီးအမေ၇ိကန်မှာ အမျိုးသမီးတွေ ၁၉၂၀ကထက် ငယ်ငယ်ရွယ်နဲ့ အိမ်ထောင်ကျ ကလေးအများကြီး ယူလာတယ် ။ ၁၉၆၀မှာဆိုရင် အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်းဟာ ၁၉၂၀ထက် နည်းပါးနေတာကိုတွေ့ရမယ် ။

က္ကတ္ထိယ၀ါဒ ဒုတိယလှိုင်း
            ၁၉၆၁ သမ္မတ ဂျွန်အက်ဖ်ကနေဒီက အမျိုးသမီးတွေရဲ့ အခြေအနေအဆင့်အတန်းအပေါ်လေ့လားစူးစမ်းဖို့ ကော်မရှင်ဖွဲ့ခဲပတယ် ။ ပြီးတော့ အယ်လီနာ ရုစဗဲ့ကို ခေါင်းဆောင်တယ် ။ ၁၉၆၃အစီရင်ခံစာမှာ မိသားစုတွေကို ထောက်ပံ့ပေးတာ ၊ မိခင်ဘ၀အတွက် ပြင်ဆင်ပေးတာတွေကို လုပ်ကိုင်ပေးခဲ့ကြောင်းဆိုလာတယ် ။ ဒါပေမယ့် အစီရင်ခံစားက အလုပ်အပိုင်ခွဲခြားမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဘယ်လိုဖြစ်ပေါ်နေတာ ၊ လစာမညီမျှမှု ၊ ဥပဒေတွေမှာ မညီမျှမှု ၊ အမျိုးသမီးအလုပ်သမားတွေ အတွက် မဆိုစလောက် အထောက်အပံ့တွေဖြစ်ပေါ်နေတဲ့ အတွက် ညီမျှတဲ့ လစာပေးရေး ၊ ညီမျှတဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်ရေး၊  ကလေးစောင့်ရှောက်မှုစနစ်ကို ချဲ့ထွင်နိုင်ရေး တွေကိုပါတင်ပြပေးခဲပတယ် ။ ဒါကြောင့် ၁၉၆၃ လုပ်ခလစာညီမျှရေးဥပဒေဟာ ပထမဆုံးအာမခံချက်ဖြစ်ခဲ့တယ် ။ ၁၉၆၄မှာ တော့  လိင်အရအလုပ်အကိုင်ခွဲခြားခြင်းကို တားမြစ်တဲ့ ဥပဒေပြဌာန်းပေးခဲ့တယ် ။ 
                   တစ်ချို့က ဒီလောက်နဲ့ မလုံလောက်ဘူးလို့မြင်ကြတယ် ။ နိုင်ငံအတွင်းမှာ ကြေညာတွေဟာ လိင်အရ အလုပ် အကိုင်အခွင့်အလမ်းတွေကို ခွဲခြားတုန်းပဲ ။ ပြည်နယ်တစ်ချို့မှာ ဆိုရင် အမျိုးသမီးတွေ ကိုယ်ဝန်တားမြစ်မှုကန့်သတ် ထားတာတွေရှိသေးတယ် ။ မုဒိန်းကျင့်ခံရတာ ၊ အိမ်တွင်းအကြမ်းဖက်ခံရ တာတွေလည်းအမြောက်အမြားပဲ ။  ၁၉၆၀နောက်ပိုင်းမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုနဲ့ ပတ်သတ်တဲ့ အသိဟာ  နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေနဲ့ တစ်ချိန်တည်းနေရာယူ အမြစ်တွယ်လာတယ် ။ ဒီလှုပ်ရှားမှုတွေကို တော့ ဒုတိယလှိုင်း က္ကတ္ထိယ၀ါဒလို့ ခေါ်တယ် ။ အသက်အရွယ်အမျိုးမျိုးနဲ့ အမျိုးသမီးပေါင်းများစွာအတွက် ဒီလှုပ်ရှားမှုရဲ့ အတွေးအခေါ်မှာ ခြုံငုံမိထားတာကိုတွေ့ ရမယ် ။ လူမှုလိင် ၊ ခွဲခြားဆက်ဆံမှုနဲ့ ညီမျှမှုသဘောသဘာဝတွေကို အဓိကထားဆွေးနွေးကြတယ် ။
                 အမျိုးသမီးများအတွက် နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်း(NOW) ကနေ ဥပဒေအရညီမျှမှုအတွက် ကန်ဖိန်းတစ်ခုလုပ် နှိုးဆော်လိုက်တယ် ။ အမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်မယ့် အုပ်စုတွေက ထိုင်ဆန္ဒပြတာ ၊ ချီတက်တာတွေလုပ်ကြတယ်။ သူတို့အဓိက တောင်းတာက  ကောလိပ်သင်ရိုးညွန်းတမ်းတွေမှာ မိန်းမစာရေးဆရာမတွေမရှိတာကနေ အမျိုးသမီးတွေကို ခေါ်ဝေါသုံးနှုန်းရင် Ms ရယ်လို့သာခေါ်ဝေါ်သုံးစွဲဖို့အထိပါဝင်တယ် ။ ဆိုလိုတာက အမျိုးသမီးတွေ အိမ်ထောင်သည် ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ မိခင်နဲ့ အိမ်တွင်းမှုလုပ်ကိုင်နေရတယ်ဆိုတဲ့ အနေအထားတစ်ရပ်မပါဝင်အောင်လို့ပဲ ။ ကျန်းမာ ရေး ဌာနနဲ့ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရရင် စိတ်ပိုင်းနဲ့လူမှုရေးပိုင်း စောင့်ရှောက်ပေးတဲ့ စင်တာတွေကို ထောင်ခဲ့တယ် ။ ကလေးတွေအတွက်ထုတ်တဲ့ စာအုပ်မှာပါနေတဲ့ လိင်အရခွဲခြားမှုအတွေးအခေါ်တွေကို ပြန်လည်ရေးဆွဲကြတယ် ။ အမျိုးသမီးအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေလည်း ဖြစ်ထွန်းလာတယ် ။ ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ  အမျိုးသမီးလေ့လာရေး အုပ်စုတွေကိုတည်ထောင်တယ် ။ အမျိုးသမီးအလုပ်သမားတွေကို ခွဲခြားဆက်ဆံတဲ့ အလုပ်ရှင်တွေကို လျော်ကြေးပြန်ပေးစေတယ် ။ အလုပ်အကိုင်တွေမှာ ယောက်ျားတွေ လွှမ်းမိုးကြီးစိုးနေတာကို ရှောင်ရှား ဖို့ အမျိုးသမီးတွေက လေယဉ်ပိုက်လော့ အလုပ် ၊ ဆောက်လုပ်ရေးအလုပ်သမား ၊ စစ်သား ၊ ဘဏ် နဲ့ ကားဒရိုင်ဘာ အလုပ်တွေကို  စတင်ရှာဖွေလုပ်ကိုင်ကြတယ် ။ ပထမလှိုင်းနဲ့ မတူတာက ဒုတိယလှိုင်း က္ကတ္ထိယ၀ါဒဟာ  ခိုင်မာတဲ့ သီအိုရီဆိုင်ရာ ဆွေးနွေးငြင်းခုန်းမှုတွေနဲ့ အလုပ်လုပ်တာပဲ ။ အမျိုးသမီးတွေရဲ့ ဖိနှိပ်မှုနဲ့ မိသားစုအခန်းဂဏ္ဍမှာ သာမကဘူး။ လူမှုလိင်ရဲ့သဘာဝကိုပါ သီအိုရီနည်းဆွေးနွေးရှာဖွေကြတယ် ။                                                                     ၂၀ရာစုအကုန်မှာမှ ဥရောပနဲ့ အမေရိကန် က္ကတ္ထယ၀ါဒီတွေက အာရှ ၊ အာဖ၇ိက ၊ လက်တင်အမေရိကက က္ကတ္ထိယ၀ါဒလှုပ်ရှားမှုတွေနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံလာတာ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက အမျိုးသမီးတွေဟာ တစ်ချို့နိုင်ငံ တွေမှာ မိန်းမတွေဟာ လူထုရှေ့မှောက်မှာ မျက်နှာကို ဖုန်းအုပ်ထားတာ၊ အဓမ္မအိမ်ထောင်ပြုခံရတာ၊ မိန်းခလေးမွေးရင် သတ်ဖြတ်ပစ်တာ ၊ မုဆိုးမတွေကို မီးရှို့သတ်ပြစ်တာ ဒါမှမဟုတ် မိန်းမလိင်အ၈င်္ါကို ဖြတ်တောက်ပစ်တာတွေကိုတွေ့တဲ့ အခါ အတော်ကလေးတုန်လှုပ်သွား ကြတယ် ။အနောက်တိုင်း က္ကတ္ထိယ၀ါဒီတွေကို ဒါကို ကြည့်ပြီး သူတို့ကိုယ်သူတို့ တတိယ နိုင်ငံတွေရဲ့ ကယ်တင်ရှင်အဖြစ်မြင်လာကြတယ် ။ ဒီလူမှုရေးပြဿနာကို ဖြေရှင်ဖို့က  အဲဒီဒေသ က အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုနဲ့ တကယ်ဘ၀တွေမှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အရာမျိုးတွေလို မြင်ထားတယ်ဆိုတာကို နားလည်မှုမရှိကြဘူး ။ အာဖရိကမှာတော့ ဥရောပကိုလိုနီဝါဒကြောင့်အမျိုးသမီးတွေရဲ့ အဆင့်အတန်းဟာ တဖြည်းဖြည် တိုက်စားခံရတယ် ။ အဲဒီဒေသတွေမှာ သိထားတာက ဥရောပနယ်ချဲ့ဝါဒထက် ယောက်ျားကြီးဆိုမှုဟာ အဓိက ပြဿနာ ကြီးပဲ ဆိုတာဟာ ကြောင်ကြောင်တောင်တောင်နိုင်တယ် ။                                                                                          ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံက အမျိုးသမီးတွေကြားထဲက ပဠိပက္ခတွေဟာ နိုင်ငံတကာညီလာခံတွေမှာ သိသိသာ သာထင်ထင်ရှားရှား ဖြစ်နေတာကိုတွေ့ရမယ် ။ ၁၉၈၀ ကုလသမဂ္ဂရဲ့ အမျိုးသမီးများအတွက် ဆယ်စုနှစ်ကမ္ဘာ့ညီလာ ခံ ပြီးတဲ့နောက်မှာ  ဖွံ့ဖြိုမှုအနည်းငယ်သာရှိသေးတဲ့ တိုင်းပြည်တွေက အမျိုးသမီးတွေက အမျိုးသမီးအများစုနဲ့ မတိုင်ပင်ဘဲ မျက်နှာကို ဖုံးအုပ်ထားတာနဲ့ အမျိုး သမီးလိင်အင်္ဂါကိုဖြတ်တောက်ခြင်းကို ညီလာခံရဲ့ဦးစားပေးဆွေးနွေးရေးအဖြစ် ရွေးချယ်တာကို ကန့်ကွက်ကြတယ် ။ ၁၉၉၄ ကိုင်ရိုမှာလုပ်တဲ့ လူဦးရေနဲ့ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာညီလာခံမှာ  တတိယ နိုင်ငံကအမျိုးသမီးတွေဟာ ဥရောပနဲ့ အမေရိကန်တွေဟာ ဆွေးနွေးမယ့်အကြောင်းအရာကို သူတို့စိတ်ကြိုက်လုပ်ထားတဲ့ အတွက် ကန့်ကွက်ကြပြန်တယ် ။ ကန့်ကွက်သူတွေက မဖွံ့ဖြိုးမတိုးတက်ခြင်းဟာ အမျိုးသမီးတွေကို နောက်ပြန်ဆုတ် သွား စေလိမ့်မယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်လို့ဆွေးနွေးချင်ကြတာ ။ ဒီအစားလက်တွေ့မှာ ဆွေးနွေးတာက ပဠိသန္ဓေ တားခြင်းနဲ့ ကိုယ်ဝန်ဖျက်ချခြင်းသာဖြစ်နေတဲ့ အတွက်ပဲ ။ ၁၉၉၅ ပေကျင်း အမျိုးသမီးများ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ ညီလာခံမှာ  တတိယနိုင်ငံက အမျိုးသမီးတွေက   အမေရိကန်နဲ့ဥရောပအမျိုးသမီးတွေဟာ လိင်အရခွဲခြားဆက်ဆံခြင်း ကို သာဦးစားပေးဆွေးပြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ အရေးကြီးတဲ့ အဆိုပြုချက်တွေကို ထည့်သွင်းဆွေနွေး တာမလုပ်တဲ့ အတွက် ဝေဖန်ကြတယ် ။                                                                                                               နှစ်ဆယ်ရာစုအဆုံးသတ်မှာ ကမ္ဘာအနှံ့အပြားက အမျိုးသမီးတွေဟာ သူတို့ရဲ့ အကျိုးအမြတ်တွေအတွက် လုပ်ကိုင်လာကြပြီးဆိုတာကို မြင်လာရပါပီ ။ အာဖဂ္ဂနစ်စတန်လိုနိုင်ငံတွေမှာတော့ က္ကတ္ထိယ၀ါဒဆိုတာ အလုပ်ကောင်း ကောင်းမလုပ်နိုင်ဘူး ။ အာဖရိကနိုင်ငံတော်တော်များများမှာတော့ က္ကတ္ထိယ၀ါဒီတွေက အမျိုးသမီးအင်္ဂါဖြတ်တောက်ခြင်း ကို ဖြတ်သိမ်းပေးဖို့ လုပ်ဆောင်နိုင်ခဲ့တယ် ။ အနောက်ကမ္ဘာမှာတော့ က္ကတ္ထယ၀ါဒဟာခေတ်ပြိုင်လူနေမှုဘ၀ရဲ့ ရှုထောင့် တိုင်းကို လွှမ်းမိုးထားနိုင်တယ်  ။ လိင်အရခွဲခြားထားတဲ့ ဘာသာစကားတွေကို ဖျက်သိမ်းနိုင်ခဲ့သလို ၊ အကယ်ဒမစ်နယ် ပယ်မှာ  အမျိုးသမီးလေ့လာမှုပညာ လိုပညာရပ်မျိုးကိုတောင်ထွက်ပေါ်လာစေတယ်  က္ကတ္ထယ၀ါဒကြောင့် အားကစား ၊ ကွာရှင်ပြတ်စဲမှုဥပဒေ၊ လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်နဲ့ ဘာသာရေးတွေမှာ ကြီးကြီးမားမားအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တာပါပဲ ။

ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားမှု
            ၁၇၈၃နဲ့ ၁၈၈၈ အနောက်ဥရောပနဲ့ အမေရိကတို့ရဲ့ ကျွန်စနစ်ဖျက်သိမ်းမှုဟာ အတ္တလန်တိတ် သမုဒ္ဒရာတစ် လျောက် ကျွန်အရောင်းအ၀ယ်နဲ့ ကျွန်ပြုခြင်းတွေ အားလုံးနီးပါးလောက်အဆုံးသတ်သွားဖို့ရာ အရေးပါခဲ့တယ် ။ ပေါ်တူဂီတွေဟာ အာဖရိက အနောက်ကမ်းရိုးတန်းကို ၁၄၂၀မှာ စတင်ရှာတွေ့ပြီး  ကျွန်အရောင်းအ၀ယ်လုပ်ပြီး အကျိုး အမြတ်ကိုရှာဖွေခဲ့တယ်။ နောက်ပိုင်းမှာ ရှာဖွေ့တွေ့ရှိလာတဲ့ မြောက်အမေရိကတိုက် ၊ တောင်အမေရိကတိုက်နဲ့ အနောက် အင်ဒီးနယ်တွေဟာ သူတို့အတွက်စိုက်ခင်တွေလုပ်ဖို့ရာ လုပ်အားလို့လာတဲ့အတွက် ကျွန်ရောင်းဝယ်ရေးဟာ ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်လာခဲ့တာ ။ ၁၆နဲ့ ၁၉ရာစုကြားမှာ  အာဖရိကန်ပေါင်း ၁၂သန်းလောက်ဟာ အတင်းအဓမ္မ အမေရိကတိုက်ကို ပို့ပြီးရောင်းစားခံခဲ့ရတာပါ ။                                                                                                              လူအချင်းချင်းရောင်းဝယ်မှုရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူသားမဆန်မှုဟာသိသားထင်ရှားပေမယ့် ကျွန်စနစ်ကို နည်းနည်းပါးပါးလောက်ကန့်ကွက်မှုဟာ ၁၈ရာစုလောက်မှ စတင်ဖြစ်ပေါ်ခဲ့တာ ။ ကြောင်းကျိုးဆင်ခြင်မှု အခြေခံတဲ့ ဥာဏ်အလင်းပွင့် ဒဿနပညာရှင်တွေက ကျွန်စနစ်ဟာ လူသားတစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာပဲလို့ စတင်ဝေဖန် ထောက်ပြခဲ့ကြတယ် ။ ကွေကွာနဲ့ တခြားဧ၀ံဂလိဘာသာရေးအုပ်စုကလည်း ခရစ်ယန်အရည်အသွေး မရှိတဲ့ လုပ်ရပ်လို့ ထောက်ပြတယ်။ ၁၈ရားနှောင်းပိုင်းမှာ ကျွန်စနစ်ကို ကိုယ်ကျင့်တရားအမြင်ကနေ သဘောမတူမှုဟာ ပိုပြီး ကြီးမားကျယ်ပြန့်လာတယ် ။ အဲဒီကလာမှာ ကျွန်စနစ်ဖျက်သိမ်းချင်တဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ နည်းနည်းပါးပါး အောင်ပွဲခံလာတယ်  ။ ဗြိတိန်မှာ ၁၇၇၂ခုနှစ်မှာ အနောက်အိန္ဒိယန်းစိုက်ခင်ပိုင်ရှင် တွေဟာ ဗြိတိန်မှာ ကျွန်ပိုင်ခွင့်မရှိလို့ ဥပဒေချမှတ်တယ် ။ အမေရိကန်ပြည်ထောင်စုမှာတော့ ၁၇၇၇နဲ့ ၁၈၀၄ကြားထဲမှာ မြောက်မေရီလန်းမှာရှိတဲ့ ပြည်နယ်တွေ အားလုံး ကျွန်စနစ်ကို ဖျက်သိမ်းလိုက်တယ် ။                                                                                                               ဒါပေမယ့် ကျွန်စနစ်ဆန့်ကျင်တဲ့အသိဟာ ကျွန်တော်ကိုယ်တိုင်ပေါ်ကိုတော့ အကျိုးသက်ရောက်မှု အနည်းငယ် သာရှိနေခဲ့တာ ။ အထူးဖြင့် အမေရိကန်တောင်ပိုင် ၊ အနောက်အင်ဒီးစ်နဲ့ တောင်အမေရိကစိုက်ခင်တွေထဲက ကျွန်တွေ ပေါ် အကျိုးသက်ရောက်မှု သိပ်မရှိလှဘူး ။ ဒါပေမယ့် ဒီလို ဆက်လက်ဖြစ်ထွန်းနေတာကို မကြိုက်တဲ့ ဗြိတိန်နဲ့ အမေရိက ရဲ့ ကျွန်စနစ်ဖျက်သိမ်းရေးသမားတွေဟာ ၁၈ရာစုမှာ ဗြိတိန်ကိုလိုနီနယ်တွေနဲ့ အမေရိကန်ပြည်ထောင်စုကို အာဖရိကန် ကျွန်တွေတင်ပို့ခြင်းကနေ တားမြစ်ပိတ်ပင်လိုက်တယ် ။ ၀ီလျံ ၀ီဘာဖို့စ်နဲ့ သောမတ် ကလပ်ဆင်တို့ရဲ့ ခေါင်းဆောင်မှု အောက်မှာ ဗြိတိန်ကိုလိုနီတွေကို ကျွန်တွေတင်ပို့ခြင်းဟာ ၁၈၀၇မှာ လုံးဝရပ်စဲသွားတ်ယ ။ အဲဒီနှစ်မှာပဲ အမေရိကန် ပြည်ထောင်စုက ကျွန်တင်ပို့ခြင်းကို တားမြစ်တယ် ။ ဒါပေမယ့် ၁၈၆၂ခုနှစ် ကျွန်တွေကို ခိုးယူပို့ဆောင်နေတာတွေ ရှိနေသေးတယ် ။ 
                                                                                                                                                 ကျွန်စနစ်ဖျက်သိမ်းရေးအင်အားစုတွေဟာ  ကျွန်တွေအားလုံးလွန်မြောက်ဖို့ရာ အထူအာရုံစိုက်တယ် ။ ၁၈၃၈မှာ ဗြိတိသျှပိုင်အနောက်အင်ဒီးစ်မှာ ကျွန်စနစ်ဖျက်သိမ်းလိုက်နိုင်တယ် ။ နောက်တစ်နှစ် ပြင်သစ်မှာ ဖျက်သိမ်းတယ် ။ အမေရိကန်ပြည်ထောင်စုရဲ့အခြေအနေက ပိုပြီး ရှုပ်ထွေတယ် ။ အကြောင်းက တောင်ပိုင်းပြည်နယ်၁၁ခုရဲ့ ဆိုက်ခင်းတွေမှာ လူမှုရေးရော ၊ စီးပွားရေးပါ ကျွန်တွေအပေါ်အခြေခံထားလို့ပဲ ။ ဒါအပြင် တောင်ပိုင်းရဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးမှု အတွက် ကျွန်တွေဟာ အသက်သွေးကြောကို ဖြစ်နေခဲ့တာ။ ကျွန်စနစ်ဖျက်သိမ်းရေးသမားတွေက ကျွန်တွေရှိနေခြင်းဟာ ဒီလူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ကျင့်ပိုင်ဆိုင်ရာ ပျက်ယွင်းမှုကို ဖော်ပြနေတယ်လို့ ထောက်ပြကြ တယ် ။ ၁၈၃၁ တော်လှန်ရေးအပြီးမှာတောင်ပိုင်းကတော့ သူ့ကျွန်တွေကို အတော်ကလေး တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား၇တယ် ။ ဒီအချိန်မှာ ကျွန်စနစ်ဖျက်သိမ်းရေးသမားတွေက သူတို့ရဲ့ ပထမနည်းဗျူးဟာ ဖြစ်တဲ့ တဖြည်း ဖြည်းပြောင်းလဲရေးနဲ့ ဆွဲဆောင်စည်းရုံးဟာ မအောင်မြင်ဘူးဆိုတာသိလာပြီး ။စစ်ဗျူဟာမြောက် ကျွန်စနစ်တိုက်ဖျက်ဖို့ ကြိုးစားလာတယ် ။ စစ်ရေးပေါ်လစီတစ်ရပ်ရေးဆွဲပြီး ဥပေဒနဲ့ ကျွန်စနစ်ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆိုလိုက်တယ် ။
                ထင်ရှားကျော်ကြားတဲ့ ကျွန်စနစ်တိုက်ဖျက်သူတွေက အမေရိကန်ကျွန်စနစ်ဆန့်ကျင်ရေး လူမှုအဖွဲ့အစည်း (၁၈၃၃-၇၀)ကို တည်ထောင်သူ ၀ီလျံလွိုဒ် ဂါရစ်ဆင်၊နောကဘုန်းတော်ကြီးတွေထဲက သီအိုဒို ၀ဲလ်ဒ နဲ့ သီအိုဒိုပါကား ၊ ပညာတတ်တွေထဲက ၀စ်တီယာ ၊ ရပ်ဆဲလိုဝဲလ် ၊ မာရီယာ ချိုင်း ၊ ယခင်ကျွန်ဖြစ်ပြီး လွတ်လပ်လာသူလူမည်းထဲက ဖရက်ဒရစ် ဒေါက်ကလပ် ၊ ၀ီလျံဘရောင်းတို့ပဲ ။ အမေရိကန် ကျွန်စနစ်ဖျက်သိမ်းရေးကြောင့် မြောက်နဲ့တောင် ဟာမိုနီ ဖြစ်နေတာကို ထိခိုက်သွားနိုင်တဲ့ အခြေအနေကို မြင်ကြတယ် ။ မြောက်ပိုင်းက လူထုကိုက ကျွန်စနစ်ဖျက်သိမ်းရေးပေါ် လစီကို ခံယူလိုစိတ်မရှိကြဘူး ။ ကျွန်စနစ်ဖျက်သိမ်းရေးဟာ အစွန်းရောက်လွန်းတယ်ဆိုပြီး မယုံကြည်ကြဘူး ။ဒါပေမယ့် လှုပ်ရှားမှုကို အရှိန်အဟုတ်ကြီးမားအောင်လုပ်ပေးလိုက်တဲ့ အခန်းဂဏ္ဍတွေလည်းရှိတယ် ။ အဓိက အချက်ကတော့ ကျွန်စနစ်ကျယ်ပြန့်လာခြင်းကို ဆန့်ကျင်တဲ့ အေဗရာဟင် လင်ကွန်း သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရတဲ့ အချက်ပဲ ။  လက်တွေ့အကောင်အထည်ဖော်ဖို့ရာ လင်ကွန်းရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်အသက်ဝင်လာတယ်။  တောင်ပိုင်းရဲ့ ခွဲထွက်လိုမှုကြောင့် အမေရိကန် ပြည်တွင်းစစ်(၁၈၆၁- ၆၅)ဖြစ်လာတယ် ။ ကျွန်တွေကို လွတ်မြောက်ခွင့်ပေးကြောင်းကို ၁၈၆၃မှာ ကြေညာလိုက်တယ် ။နောက်ပြီးအမေရိကန်ပြည်ထောင်စုအတွင်းက တခြားသော ကျွန်တော်တွေကိုပါ လွတ်မြောက်ခွင့်ပေးချင်တဲ့အတွက် ၁၈၆၅မှာ  ဖွဲ့စည်းပုံအခြေခံဥပဒေထဲကို ပြင်ဆင်ချက်အမှတ် ၁၃အဖြစ်ဖြည့်စွက် လိုက်တယ် ။                                                                                                                                                              ကျွန်စနစ်နောက်ဆုံးကျန်နေသေးတာကတော့ လက်တင်အမေ၇ိကပဲ ။ တစ်ကမ္ဘာလုံးက ကျွန်စနစ်လွတ်မြောက် ခွင့်ပေးဖို့ရာ ဖိအားဝိုင်းပေးကြတယ် ။ ၁၈၈၀နဲ့ ၈၆မှာ ကျူးဘား ၊ ၁၈၈၃နဲ့ ၈၈မှာ ဘရာဇီး မှာ ကျွန်စနစ်ဖျက်သိမ်းလိုက် တယ် ။ အာဖရိကန်တွေကို ကျွန်ပြုမှုဟာ ကမ္ဘာကြီးမှာ ရပ်ဆိုင်းသွားခဲ့တယ် ။

နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု
            ၁၉၅၀ခုနှစ်နှောင်းပိုင်း အမေရိကန်ပြည်ထောင်စမှာ အာဖရိကန်အမေရိကန်တွေရဲ့နိုင်ငံသား အခွင့်အရေးတောင်း ဆိုမှုဆိုင်ရာ လူထုလှုပ်ရှားမှုစလာတယ် ။ တောင်ပိုင်နယ်တွေ လူထုအဆင်ပြေချောမွေ့အောင်လုပ်ပေးထားတဲ့ ဘတ်စကာ လိုအရာမျိုးတွေကို လူမျိုးရေးအရ ခွဲထားတဲ့ အဆင်ပုံစံကို ရိုက်ချိုးဖို့ကြိုးစားကြတာ။ ၁၈၆၅-၇၇ ပြန်လည်တည်ဆောက်ရေး ကာလပြီးနောက်ပိုင်းမှာ လူမည်းတွေအတွက် ညီမျှမှုအခွင့်အရေးတွေကို ရရှိဖို့ရာ လှုပ်ရှားမှုပါပဲ ။ လှုပ်ရှားမှုတွေက အကြမ်းမဖက်ဆန့်ကျင်ရေးတွေအပေါ်အခြေခံတယ် ။                                                                            ၁၇၈၇မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ လူမည်းကျွန်တွေရဲ့ နိုင်ငံသားအခွင့်အရေး အာမခံချက်တွေကို ငြင်းပယ်တယ် ။ ကျွန်တွေကိုလည်း ဘာမှ လွတ်မြောက်ခွင့်မပေးဘူး ။၁၈၆၅-၇၀မှာ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချက်အမှတ် ၁၃ နဲ့ ၁၅ကနေ တစ်ဆင့် အမေရိကန်လူမည်းတွေကို နိုင်ငံသားအခွင့်အရေးတွေအတွက် အာမခံချက်ကို စတင်ပေးအပ်လာတယ် ။၁၈၇၅ နိုင်ငံသားဥပဒေမှာ လူမည်းတွေဟာ ပြည်သူတွေ အဆင်ပြေချောမွေ့အောင် အစိုးရက ဖန်တီးပေးထားတဲ့အရာတွေကို လူဖြူတွေနဲ့တန်းတူရည်တူ ခံစားနိုင်ငံခွင့်ဖော်ပြပေးထားတယ်။ ဒါပေမယ့် ၁၈၈၃မှာ တရားရုံးချုပ်က  ဒီဥပဒေ ပြုမူကို ထိထိရောက်ရောက် ရှောင်းရှားခဲ့တယ် ။ ၁၉၀၀မှာ မြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေက ပြည်နယ်၁၈ခုက လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့လူထုပေါ်လစီတစ်ခုကို ဥပဒေပြုပြဌာန်းခဲ့တယ် ။ ဒါပေမယ့် တောင်ပိုင်း ဥပဒေသစ်တွေက ခွဲခြားဆက်ဆံမှုနဲ့ မဲပေးပိုင်ခွင့်မရှိတာတွေကို အားဖြည့်ပေးတယ် ။ တရားရုံးချုပ်ကလည်း “ညီတူညီမျှရှိတယ် ၊ ဒါပေမယ့် သီးသန့်ဆီရှိရမယ် လို့ ၁၈၉၆ Plessy v. Ferguson အမှုမှာ စီရင်ချက်ချလိုက်တယ် ။ဒါကြောင့်  လူဖြူတွေကနေ လူမည်းတွေကို ခွဲခြားဆက်ဆံဖို့ဟာ တရားဝင်ဖြစ်သွားတယ်။                                                                                          ဒုတိယကမ္ဘာစစ်မှာ လက်နက်စက်ရုံတွေမှာ ခွဲခြားဆက်ဆံမှု လျော့ကျခဲ့တယ် ။ ၁၉၄၀ကနေ ၅၀အတွင်းမှာ လူမည်းများ ဘ၀တိုးတက်ရေးအမျိုးသားအဖွဲ့အစည်းကနေ တရားရုံးချုပ်ရှေ့မှာ အရေးပါတဲ့ အမှုပေါင်းများစွာကိုပြုလုပ် ခဲ့တယ် ။ သူတို့က ခွဲခြားဆက်ဆံမှုဟာ ပညာရေးနဲ့ လူထုရေးရာတွေရဲ့ အတွင်းပိုင်းမှာကိုက မညီမျှမှုဖြစ်နေကြောင်းကို ထုတ်ဖော်ပြောဆိုလာတယ်  ။ တရားရုံးချုပ်က ၁၉၅၄မေလ၁၇ရက်နေ့ Brown v. Board of Education of Topeka အမှုမှာ ပညာရေးဝန်ဆောင်မှုပစ္စည်းတွေကို အသားအရောင်အရခွဲခြားထာမှုဟာ မညီမျှခြင်းပဲ ဒါကြောင့် ကွန်စတီကျူး ရှင်းနဲ့လည်း မညီညွတ်ဘူးလို့ စီရင်ချက်ချခဲ့တယ် ။ ဒီစီရင်ချက်ဟာ လူထုလှုပ်ရှားမှုတစ်ရပ်ကို ဆက်လက်ဖြစ်ပေါ်လာ စေမယ့် တွန်အားဖြစ်ပြီး လူဖြူတစ်ချို့ကလည်း လူမည်းတွေအပေါ် စာနာထောက်ခံလာစေဖို့ရာ နှိုးဆွပေးလိုက်တာဖြစ် တယ် ။                                                                                                                                                                      မောင့်ဂိုမာရီမှာ လူမည်းအမျိုးသမီး ရိုစာပါ့ခ်ဟာ  ဘတ်စ်ကားပေါ် အာဖရိကန်တွေစီးတဲ့ အပိုင်းပေါ်ကိုရွေ့ ပေးဖို့ရာ ငြင်းဆိုတဲ့အတွက် အဖမ်းခံရတယ် ။ လူမည်းတွေက သူမအဖမ်းခံရတာကို ကန့်ကွတ်တဲ့အနေနဲ့ ဘတ်စကား စနစ်ကို  သူတို့ဒေသတွင်းမှာ တစ်ရက်သပိတ်မှောက်တယ် ။ ဒီဒေသတွင်း ဆန္ဒပြမှုကို မာတင်လူသားကင်း က သမိုင်းဝင် တွန်းအားအဖြစ်ပြောင်းလဲဖြစ်နိုင်တယ် ။ ဒေသတွင်းသပိတ်က အင်အားကြီးမားတဲ့ လူထုဆန္ဒပြမှုဖြစ်လာတယ်  ။ မောင့် ဂိုမာရီသပိတ် ပြီးတဲ့နောက်မှာ  ဘတ်စ်ကားကုမ္မဏီက ခွဲခြားမှုကို ပယ်ဖျက်ပေးလိုက်တယ် ။ အဲဒီနောက်မှာ ဘတ်စကာ သာမကဘူး တခြားသောနယ်ပယ်အသီးသီးက ခွဲခြားဆက်ဆံမှုတွေအပေါ် ဆန့်ကျင်တဲ့ သပိတ်တွေ ပေါ်ပေါက်လာ တော့ တာပါပဲ ။၁၉၅၅နဲ့ ၆၀လောက်မှာ ကျောင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံမှု နဲနဲ တိုးတက်လာတယ် ။ 
                   ၁၉၆၀မှာ  မြောက်ကယ်ရိုလိုင်းနားက နေ့လည်းစာစာတဲ့ ၀န်ဆောင်မှုတစ်ခုက ခွဲခြားဆက်ဆံမှုကို ကျောင်းသား အဖွဲ့အစည်းကနေ သပိတ်မှောက်တဲ့ အနေနဲ့ ထိုင်သပိတ်ဆန္ဒပြတယ် ။ သပိတ်မှောက်တွေဟာ အများအားဖြင့် မဟတ္တမ ဂန္ဒီရဲ့ အကြမ်းမဖက်ဆန့်ကျင်ရေးနည်းနာတွေနဲ့ ဆန္ဒပြတယ် ။ နောက် စတိုးဆိုင်တွေ၊ စူပါမားကတ်တွေ၊ စာကြည့်တိုက်နဲ့ ရုပ်ရှင်ရုံတွေမှာပါ ခွဲခြားဆက်ဆံမှုတွေ လျော့ကျလာဖို့ တွန်းအားပေးကြတယ် ။ ၁၉၆၁မှာ လွှတ်တော်က လွတ်လပ်စွာ စီးနင်းလိုက်ပါခွင့် ကို ပြဌာန်းတယ် ။ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ခွဲခြားဆက်ဆံရေးတွေကို တားမြစ်လိုက်တယ် ။ စက်တင်ဘာလမှာ တခြားသောနယ်ပယ်တွေက ခွဲခြားဆက်ဆံမှုတွေကိုပါ ထပ်ပြီးဆန္ဒပြကြတဲ့ အခါ ကျောင်းသားပေါ�€

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...