Thursday, August 2, 2012

ကြည်အေးနှင့် ယောက်ျားလေ့လာမှု ပညာ


by မင်းခက်ရဲ (Min Khet Ye) on Thursday, August 2, 2012 at 1:42am ·

            အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားက္ကနြေ္ဒ ယောက်ျားအမူအရာ စသည်တို့၌ နှလုံးသွင်း၏။ ထိုယောက်ျားက္ကနြေ္ဒ စသည်တို့၌ တပ်မက်မွေ့လျော်၏ ။ မိန်းမ၏ မိန်းမက္ကနြေ္ဒ၊ မိန်းမအမူအရာ စသည်တို့ကို လည်း နှလုံးသွင်း၏ ။ ထိုမိန်းမက္ကနြေ္ဒစသည်တို့၌ လည်း တပ်မက်မွေ့လျော်၏ ။မိန်းမနှင့်ပေါင်းဖော်ရန်အလိုရှိ၏ ။ ထိုယောက်ျားသည် ယောက်ျားအဖြစ်ကို မလွန်မြောက်ချေ။                                                                                     အကြင်ယောက်ျားသည်ကား မိမိ၏ ယောက်ျားက္ကနြေ္ဒ စသည်တို့ကို နှလုံးမသွင်း ၊ ထိုယောက်ျား က္ကနြေ္ဒ စသည် တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ ၊ မိန်းမ၏ မိန်းမက္ကနြေ္ဒ စသည်တို့ကိုလည်း နှလုံးမသွင်း ၊ ထိုမိန်းမက္ကနြေ္ဒ စသည် တို့၌လည်း တပ်မက်မွေ့လျော်ခြင်းမရှိ ၊မိန်းမနှင့်ပေါင်းဖော်ရန် အလိုမရှိ ၊ ထိုယောက်ျားသည်ကား ယောက်ျားအဖြစ်ကို  လွန်မြောက်၏-
                                                                        သံယောဂသုတ်   
                                                                                                                                      အဂုင်္တ္တရနိကာယ်
ယောက်ျားသဘာဝကို ယဉ်ကျေးမှုဆိုင်ရာပညာမှာ လေ့လာဖို့ အားထုတ်လာတာ မကြာသေးဘူး ။ယခင်က ယောက်ျားသဘာဝကို လွှမ်းမိုးကြီးစိုးဆဲအရာ အဖြစ်ကျေကျေနပ်နပ်လက်ခံထားကြပြီး ၊ က္ကတ္ထိယ၀ါဒအချို့တောင်မှ ယောက်ျားသဘာဝကို ကြည့်ပြီး မိန်းမသဘာဝဟာ ယောက်ျားသဘာဝနှင့်ယှဉ်ရင်လက်အောက်ခံလောက်အဖြစ် သတ်မှတ်ခံထားရကြောင်းဆိုလာတာ ။လွှမ်းမိုးကြီးစိုးတဲ့သဘာဝကို ဘယ်တော့မှမပြောင်းလဲတော့မယ့် စံပုံစံ သီခြားအမှတ်လက္ခဏာအဖြစ်သတ်မှတ်လက်ခံပေးထားသလို ဖြစ်နေတယ်။  နောက်ပိုင်း ပိုမိုကျယ်ပြန့်လာတဲ့ က္ကတ္ထိယ၀ါဒ၊ လူမှုလိင်လေ့လာမှုပညာတွေကသာ ယောက်ျားသဘာဝဟာ သမိုင်းဆိုင်ရာအရ အမျိုးမျိုးပြောင်းလဲနေ တဲ့ အရာ ၊ ယဉ်ကျေးမှုသီးခြားပုံသဏ္ဌာန်အတွင်း သီးခြားဖြစ်တည်နေတဲ့ အရာ ဆိုတာကိုဖော်ပြလာတာပါ။ ကြည်အေးရဲ့ လက်ရာအတွင်းက ယောက်ျားသဘာဝကို ကာလတရားအရပြောင်းလဲနေတဲ့အရာ အဖြစ်ဖော်ထုတ်လေ့လာကြည့်ရလော က်အောင် သူ့ရဲ့ လက်ရာတွေဟာ ရှည်လျားတဲ့ သမိုင်းဆိုင်ရာကို ထုတ်ဖော်ရေးသားတာမျိုးမရှိဘူး ။ဒါပေမယ့် ယဉ်ကျေးမှု ဆိုင်ရာ သီးခြားပုံသဏ္ဌာန်အတွင်းဖြစ်တည်နေတဲ့ ယောက်ျားသဘာဝ ပုံစံအမျိုးမျိုးကိုတွေ့ရမယ် ။ ယဉ်ကျေးမှုဆိုတာ ရေးမွန်ဝီလျံဖွင့်ဆိုသလို ဘ၀နေထိုင်မှု ပုံစံတစ်ခုလုံး အစုအပေါင်းအဖြစ်မှတ်ယူမယ်ဆိုရင် ကြည်းအေးရဲ့ လက်ရာအတွင်း သီးခြားဘ၀နေထိုင်မှု ပုံစံ အတွင်းတွေက ယောက်ျားသဘာဝ၊ယောက်ျားဆန်မှုဆိုတာကို တွေ့ရမယ်။                                              ယောက်ျားလေ့လာမှုပညာ(man studies) မှာ ထင်ရှားတဲ့ လက်ရာတစ်ခုကတော့ ဂျော့ခ်ျမော့စ်ရဲ့ မော်ဒန်ကာလ အတွင်းပုံသဏ္ဌာန်ပြောင်းလဲလာတဲ့ ယောက်ျားသဘာဝကို လေ့လာထားတဲ့ The image of Man (1996) စာအုပ်ပဲ ။  ဂျောခ်ျ က လွမ်းမိုးကြီးစိုးဆဲ ယောက်ျားသဘာဝရဲ့ သမရိုးကျ စံပုံစံတွေ အမျိုးမျိုးပြောင်းလဲနေပြီး တက်လိုက်ကျ ၊ ကျလိုက် ဖြစ်နေပုံကို သမိုင်းဆိုင်ရာ အခြေခံအတွင်းကနေ လေ့လာထားတယ်။ စံပုံစံယောက်ျား သဘာဝ ၀ါ စိတ်ကူးစံပုံစံအတွင်းကနေထုတ်ဖော်ထားတဲ့ယောက်ျားသဘာဝတွေကို ၁၈ရာစုလောက်ကနေစပြီးကနေစပြီး လိုက်ပြ တယ်။  ယောက်ျားသဘာဝဟာ လွှမ်းမိုးကြီးစိုးဆဲအရာတစ်ခုဖြစ်လာဖို့အတွက်  ယောက်ျားခန္ဓာကိုယ်ဟာ ပြီးပြည့်စုံတဲ့ သဘာဝရှိတယ် လို့ထုတ်ဖော်ပြပြီး အဲဒီလို ယောက်ျားသဘာဝရဲ့ ပြီးပြည့်စုံမှုကနေမှ ယောက်ျားရဲ့ သဘာဝဟာ ကိုယ်ကျင့် တရားအားဖြင့် မြင့်မားနေတယ်၊ ယောက်ျားရဲ့ ခွန်အားကလည်းကြီးမားတယ် စသဖြင့် ပြင်ပအရာတွေကို အဓိကထား ကိုင်စွဲလာတယ်။ မိန်းမရဲ့ ခန္ဓာကိုယ် ရှုပ်ထွေးဆန်းပြားမှုနဲ့ မတူဘဲ ၊ယောက်ျားခန္ဓာကိုယ်ရဲ့ ရှင်းလင်းမှုပုံသဏ္ဌာန်အရ မဆီမဆိုင်ပြင်ပအရာတွေမှာ လာထင်ဟပ်အောင် ရေးသားပို့ချမှုပုံစံ အမျိုးမျိုးနဲ့ တည်ဆောက်ခဲ့ကြတာ။ ခန္ဓာကိုယ်မှာ မိန်းမတွေလို ရာသီသွေးမဆင်းတာကို ယောက်ျားရဲ့ ခန္ဓာကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိပြီး ၊ စည်မျဉ်းစည် ကမ်းကြီးမားတယ်လို့ ပို့ချလာခဲ့ကြတယ်လို့ ဂျော့ခ်ျမော့စ်က ယောက်ျားသဘာဝကို လူတွေရဲ့ သိမှုအတွင်းတည် ဆောက်လာခဲ့ ကြပုံသမိုင်းကို လိုက်ပြတယ်။                                                                                                                        ယောက်ျားဆန်မှုစိတ်ကူးစံပုံစံ(musculine ideal)ဟာ အနောက်ဥရောပမှာ ကူသန်းရောင်းဝယ်ရေးနဲ့ ဘူဇွာ စက်မှုအရင်ရှင်ပုံစံ ကြီးထွားလာမှုနဲ့ ဆက်စပ်နေတယ်။ လူမှုလူတန်းစားတစ်ခုခုကနေ ပုံဖော်တာမျိုးမဟုတ်ဘဲ အရင်းအမြစ်ပေါင်းများစွား ကနေ ထွက်လာတဲ့ ယုံကြည်မှုတွေ ၊ အလေ့အကျင့်တွေကနေ စုပေါင်းယှက်နွယ်ပြီး ဖြစ်ပေါ်လာတာ။  မော့စ်က ဒီအထဲကမှ အရေးအကြီးဆုံအရာအဖြစ်  ရှေးဂ၇ိတွေရဲ့ ယောက်ျားအလှတရား( male beauty) အပေါ် ဖော်ထုတ်ခဲ့မှုတွေကို ၁၈ရာစုမှာ ဗိသုကာလက်ရာ ၊အနုပညာသမိုင်းအရေးအသားတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်တစားပြန်လည်ဖော်ထုတ်လာတာဟာ အရေးကြီးတဲ့ ပို့ချမှုတစ်ခုဖြစ်ခဲ့တယ်လို့ဆိုတယ်။ ဂျွန်ဟန်း ၀င်ကယ်မင်းန် (Johann Winckelmann) က ရှေးဂရိ အားကစားသမားတွေရဲ့ ခန္ဓာကိုယ်ကို “မြင့်မြတ်တဲ့ ရိုးစင်းမှုဂုဏ် ၊ ခန်ညားထယ်ဝါမှု တွေ” အစုအပေါင်းအဖြစ်တင်ပြလာခဲ့တယ် ။ ၁၈ရာစုပန်းပုလက်ရာတွေမှာ ယောက်ျားတွေရဲ့ အထက်ပါ ခန္ဓာကိုယ်ပုံစံကိုတွေ့ရမှာ ဖြစ်သလို ပန်းပုလက်ရာပါယောက်ျားတွေရဲ့ ခန္ဓာကိုယ်ရိုးစင်းမှုနဲ့ခန့်ညားထယ်ဝါမှုကဘဲ ကိုယ်ကျင့်တရားအမြင်လလိုလို ရောယှက်ဖြစ်တည်လာခဲ့တာ။ နိုင်ငံရေးစွမ်းအားတွေက ဒီလို ယောက်ျားသင်္ကေတတွေကို သူတို့ရဲ့  အမျိုးသားနိုင်ငံသဘာဝ ၊ နိုင်ငံတော်သီချင်း ၊ နိုင်ငံတော်အလံတွေမှာ သုံးလာခဲ့တာ ။ သူတို့က ယောက်ျားသဘာဝ လို့ယူဆထားတဲ့ တည်ကြည်ခြင်းနဲ့ ရဲရင့်ခြင်းကို ပြပါတယ် ဆိုတဲ့ အရောင်တွေကို နိုင်ငံတော်အလံတွေ မှာ အသုံးချလာတာ ၊ သိန်းငှက်လိုအကောင်မျိုးကို အသုံးချလာတာကို ကြည့်ရင်တွေ့နိုင်တယ်။ ၁၈ရာစုမှာ ဆွဲယူလာတဲ့ ယောက်ျားအလှတရားကနေ ဖြစ်လာတဲ့ ယောက်ျားသဘာဝထဲမှာ အရေးအကြီးဆုံး အယူအဆတွေက“ ဟန်ချက်ညီခြင်း ၊ အချိုးကျခြင်းနဲ့ ထိန်းချုပ်ခြင်း” သုံးခုပဲ ။ ရောယှက်ရှုပ်ထွေးစွာ ဖြစ်တည်လာတဲ့ ယောက်ျားသဘာဝ အမျိုးမျိုးမှာ ဒီအရင်းအမြစ်သုံးခုဟာ ကိန်းအောင်းနေခဲ့တယ်လို့ ဂျော့ခ်က ယူပါတယ်။                                                                            ယောက်ျားလေ့လာမှုပညာရှင်တွေက ယောက်ျားသဘာဝဟာ ဘယ်လိုပြောင်းလဲနေတယ်ဆိုတာတင်မကဘူး ၊ ယောက်ျားတွေရဲ့ ပါဝါဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုလည်ပတ်လှုပ်ရှားနေသလဲ ဆိုတာကိုပါ လေ့လာကြတာဖြစ်တယ်။ က္ကတ္ထိယ၀ါဒနဲ့ အတိုင်းအတာတစ်ခုအထိကွာခြားချက်က ယောက်ျားတွေသဘာဝ၊ ယောက်ျားဆန်မှုတွေဟာ ကာလတရာအမျိုးမျိုးအရပြောင်းလဲနေတာဖြစ်ပြီး အကြွင်းမဲ့တန်ဖိုးစံတစ်ခုလို မိန်းမတွေကို ဖိနှိပ်ထားတာမဟုတ်ဘူးလို့ယူကြတာပါပဲ ။ နောက်ပိုင်းဖွံ့ဖြိုးလာတဲ့ က္ကတ္ထိယ၀ါဒီတွေနဲ့တော့ သဘောခြင်းမျှလာတယ် ။ ယောက်ျားနဲ့ မိန်းမကို အဖြူ-အမည်းဆန့်ကျင်ဘက်နှစ်ခုထဲက အရာအဖြစ်မရှုမြင်တော့ဘူး ၊ ယောက်ျားသဘာဝဟာ လည်း နှစ်ဆယ်ရာစုမှာ မိန်းမတွေကို ဖိနှိပ်မယ့်သဘောသက်သက်မဟုတ်ဘဲ ပုံစံအသစ်တွေနဲ့ အမြဲဖွံ့ဖြိုးနေတာပါပဲ လို့ သက်တောင့်သက်သာဖြစ်စေမယ့် အမြင်တွေထွက်ပေါ်လာတယ်။
ယောက်ျားသဘာဝနှင့်စိတ်ခွဲပညာ
            လူတစ်ယောက်ရဲ့ လူမှုအတ္တသဘာဝ ၀ါ  လူမှုရေးနဲ့ယဉ်ကျေးမှုအရ ဖော်ဆောင်ခံထားရတဲ့ ငါဖြစ်မှု ကို အဓိက လွှမ်းမိုးထားတာက လူလတ်တန်စားတွေရဲ့ လိင်သဘာဝပုံစံတွေသာလျင်ဖြစ်တယ် ။ မေတ္တာမီးအိမ်မှာ အဖြူရဲ့ အဖေနဲ့ နွမ်းလျအိမ်ပြန်မှာတင်မေရဲ့ လူတန်းစားခြင်း ၊ ဖခင်ဖြစ်နေခြင်းဟာ တူတယ် ။ သူတို့ရဲ့ တည်ရှိနေတဲ့ လူမှုလိင် အနေအထား ၊ ၎င်းလူမှုလိင်အနေအထားပေါ်လူ့အဖွဲ့အစည်းရဲ့ပေးအပ်ထားပုံတွေက အဖြူရဲ့အဖေနဲ့ တင်မေရဲ့ အဖေတို့ရဲ့ ငါဖြစ်မှုကို ပိုပြီခိုင်မာအောင်တည်ဆောက်ပေးလိုက်တာ ။ တကယ်လို့ ယောက်ျားတစ်ဦးသာ မဟုတ်ဘူး ဆိုရင် ဇာတ်လမ်းမှာ တင်မေရဲ့အဖေဟာ သူ့ခယ်မနဲ့ ယူပြီး သူ့မိန်းမနဲ့ အတူတူထားနိုင်ဖို့တတ်နိုင်မယ် မထင်ဘူး ။  တင်မေရဲ့ အဖေအနေနဲ့သူဟာ ဘယ်သူလဲ ၊ ဘယ်လိုလူလဲရယ်လို့ သူ့ကိုယ်သူရှာဖွေတွေ့ရှိခြင်းဟာ သူရရှိထားတဲ့ လိင်ရဲ့ လွှမ်းမိုး နိုင်စွမ်းရှိနေတဲ့ အနေအထားနဲ့ အများကြီးသက်ဆိုင်နေတာကို ၀တ္ထုရဲ့ သဘောမှာ တွေ့ရမယ်။ ဖရွိုက်ရဲ့ အမြင်မှာ အော့ဒိပတ်ပြဇာတ်မှာ ပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေနဲ့ သူတို့ကိုယ်သူတို့ အဓိပ္ပာယ်သတ်မှတ် ထားတယ်လို့ ယူတာ။ ဖခင်လုပ်သူက သူရဲ့ ယောက်ျားအင်္ဂါကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖခင်အဖြစ်ကို တွေ့ရမယ် ။ အမေဆိုတာကတော့ သူမရဲ့ကျားလိင်အင်္ဂါချို့တဲ့နေတာကြောင့် အမေအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုခံရပြန်ရော။ ဒီနှစ်ခုကြားထဲ မှာ မှ သားလုပ်သူက ဘယ်လိုအရာမျိုးနဲ့ဆက်ဆံရေးကို တည်ဆောက်မလဲ ရွေးချယ်ရပြန်တယ် ။ ဖရွိုက်ရဲ့ ဒီသီအိုရီဟာယာက်ျားဆန်မှုဆိုတာ သူ့ရဲ့ စံပုံစံလူမှုအတ္တအတွင်းကနေသာ အဓိပ္ပာယ်ဖွင့်ဆိုထားတာပါ။ လူတွေရဲ့ယောက်ျားဖြစ်မှုပုံစံကို အသေထားပြီး  တခြားသူတစ်ယောက်ျားကို ယောက်ျားဖြစ်မှုရဲ့ စံပုံစံအတွင်းကနေသာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်။ မဆန်မှုဆိုတာလည်း ယောက်ျားဆန်မှုပျောက်ဆုံးနေတဲ့ အရာအဖြစ်သာ ဖရွိုက်က ဆွေးနွေးခဲ့တာပါ။
ယောက်ျားလေ့လာမှုပညာရပ်က ဒီသဘောမျိုးကို ရှောင်တယ် ။ ယောက်ျားလိင်သဘာဝဟာ အသေဖြစ်မနေသလို ၊ သူတို့ရဲ့ သီးခြားအမှတ်လက္ခဏား ၊လူမှုအတ္တသဘာဝတွေကလည်း စံပုံစံ ဖွင့်ဆိုချက်တစ်ခုတည်း မှာ အသေဖြစ်မနေဘူးဆိုတာကို ရှာဖွေထုတ်ဖော်ပြလေ့ရှိတယ် ။ ဒီလိုထုတ်ဖော်ခြင်းအားဖြင့် မိန်းမသဘာဝ၊ ယောက်ျားသဘာရယ်လို့ အသေဆုပ်ကိုင်ပြီး တရားမျှတမှု ၊ညီမျှမှုတွေကို ပြောနေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကိုပါပြနေ တယ်။ လူမှုလိင်လေ့လာမှုထဲကို ထည့်ကြလေ့ရှိပြီး ဂေးနဲ့ လတ်စဘီယံလေ့လာမှုပညာရပ်တွေ အတွက် အဓိကကျတဲ့  အစိတ်အပိုင်းကနေ ပါဝင်တယ်။ ကြည်အေးရဲ့ ဇာတ်ကောင်တွေမှာတိကျသေချာတဲ့ ယောက်ျားသဘာဝရှိသလား ။တိကျ သေချာတဲ့ သီးခြားအမှတ်လက္ခဏာရှိပါသလား ။ တိကျသေချာပြီး အကြွင်းမဲ့ ယူနီဗာဆယ်တန်ဖိုးစံရတွေဟာ ရှုပ်ထွေးပြီး ဗဟုသဘောဆန်တဲ့ တန်ဖိုးစံတွေကို လစ်လျူရှုမှာပါပဲ ။ ကျွန်တော်တို့ဟာ ဗဟုသဘောနဲ့ ခြားနာခြင်းကို အခြေခံတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဆီကိုသွားမယ်ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ စာပေအနုပညာနဲ့ရုပ်ရှင်လို ယဉ်ကျေးမှုဆိုင်ရာ တွေမှာ ပြောင်းလဲမှသာလျင် အလုပ်ဖြစ်မှာပါ ။တစ်ဖက်ကလည်း ကျွန်တော်တို့ဟာ စာပေအနုပညာကို  ဖတ်ရှုတဲ့အခါ ဇာတ်ကောင်တွေမှာ ဗဟုသဘောဆန်တဲ့ သီးခြားအမှတ်လက္ခဏာတွေကို ရှာဖွေပြီးနားလည်မှသာလျင်အလုပ်ဖြစ်မှပါ။                  ကြည်အေးရဲ့ ယောက်ျားဇာတ်ကောင်တွေကို ကြည့်လိုက်ရင် ယေဘုယျအားဖြင့်လူအဖွဲ့အစည်းအတွင်း ယောက်ျားဆန်မှုအနေနဲ့လက်ခံထားတဲ့ ဇာတ်ကောင်တွေနဲ့ ယောက်ျားဖြစ်ရက်သားနဲ့ ယောက်ျားသဘာဝပျောက်ဆုံးနေပြီး လူ့အဖွဲ့အစည်းက ယောက်ျားနဲ့ ယှဉ်ပြီး အခြားသောအရာ အဖြစ်သတ်မှတ်ထားတဲ့ မိန်းမသဘာမျိုးကိုတောင်မှ တွေ့ရတဲ့ ဇာတ်ကောင်မျိုးကိုလည်းတွေ့ရတယ် ။ ဒီသဘောကို ကျွန်မပညာသည် တစ်ခုတည်းမှာတင်တွေ့နိုင်တယ်။ ကျွန်မပညာသည်မှာ ကိုခန့်က အပြုခံပဲ ။ နာမည်ကြီးဇာတ်မင်းသမီး စိန်လှအောင်ရဲ့ ကိုယ်ဝန်ကို သူသက်သာသလိုနေနိုင်ဖို့ တာဝန်ယူလိုက်တယ် ။ ကိုခန့်မှာ တင်မေရဲ့အဖေလို့ လူ့အဖွဲ့အစည်းကပေးအပ်ထားတဲ့ လိင်သဘာဝကို မူတည်ပြီး အထက်စီးကနေ အထက်အောက်ဖိစည်းမှု မလုပ်နိုင်ရှာဘူး ။ ဇာတ်တစ်ဖွဲ့လုံးက ယောက်ျားသဘာဝချို့ယွင်းနေတဲ့ အတွက် အထင်ကြီးမခံရ ပြစ်တင်ရှုံ့ချခံရတဲ့ အထိဖြစ်လာတယ်။
“ ကိုခန့်ကမူ မစိန်အောင်နှင့်ညားရခြင်းကြောင့် ဘ၀အသရေကို ဆည်မိသည် ထင်မှတ်ပြီး ကျေနပ်သည်။….. ဘာဘဲဖြစ်ဖြစ် စိန်အောင်ကလေးကို မှီပြီး လူ့အရိုအသေတော့အနည်းငယ်ရလာပါ၏ ။ စိန်အောင်ဆိုသည်မှာလည်း လူကွယ်ရာမှာ လင်ကိုနိုင်ပေမည်။ လူသူလေးပါး ရှေ့တော့ ရိုသေရှာသားပဲ ။ လူပြက်ကို ပန်နကစ်တို့ကများကိုခန့်ကို နည်မလည်နိုင်သော စကာများနှင့်လှောင်လျင် “ဟင်း-ဟင်း” ဟု မျက်နှာထားတင်းတင်းနှင့် မျက်စောင်းထိုးကာ ဟန့်တတ်သည် ။ အဖွဲ့သားတို့သည် နကိုမဟုတ်သော်လည်း မင်းသမီးကို လေးစားအားနာ မင်းသမီးလင်ကိုပါ ရိုသေသမှု ကလေး ပြုရသည်။” ပန်နကစ် ၊ ကိုပွေလီတို့ဆိုတာ  တကယ်တော့ မစိန်အောင်နဲ့ကင်းတဲ့သူတွေမဟုတ်ဘူး ။ကျန်တဲ့သူတွေမှာ သူတို့ရဲ့ပါဝါ ၊ ခွန်းအားကို အသုံးချခြင်းတွေ တွေ့ရပေမယ့် ကိုခန့်မှာမတွေ့ရဘူ ။ ဇီဝလိင်အင်္ဂါအရသာ ကြည့်မယ်ဆိုရင် ကိုခန့်ဟာ ယောက်ျားတစ်ဦးပဲ ။ ကိုခန့်ရဲ့ အပြုခံသဘာဝကိုလည်း ယောက်ျားသဘာဝ တစ်မျိုး အဖြစ်မြင်နိုင်တယ် ။ ဒါပေမယ့် လူအဖွဲ့အစည်းက ယောက်ျားသဘာဝဟာ သန့်ရှင်းခြင်း ၊ထိန်းချုပ်နိုင်စွမ်းရှိခြင်း ၊ ခွန်းအားရှိခြင်း ဆိုတာမျိုးတွေ ကိုသာလျင် တိကျသေချာပြီး အကြွင်းမဲ့ယူနီဗာဆယ်သဘောဆန်တဲ့ ယောက်ျားသဘာဝအ ဖြစ်သတ်မှတ်လာတာပါ။ အဲဒီလို တိကျသေချာတဲ့ လိင်သဘာဝသာလျင်ရှိတယ်လို့မြင်ရင်တော့ ကိုခန့်မှာ ကျားဇီဝလိင်ရှိပါ လျက်နဲ့ ဘာကြောင့် မတူညီတဲ့ ယောက်ျားသဘာဝတွေတွေ့နေရပါသလဲလို့မေးခွန်းထုတ်ရမယ်။                                        ကိုခန့်လို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ယောက်ျားသဘာဝနဲ့ မတူညီကွဲပြားခြားနားတဲ့ ယောက်ျားသဘာဝ မျိုးကို တမ်းတတတ်သည်မှာလည်းတွေ့၇မယ်။                                                                                       “မောင်ကတော့ အထွေးနောက်မှာ ငြိမ်ငြိမ်ထိုင်လျက် နေရသည် ။ ခပ်လှုပ်လှုပ်နေသည့်အတွက် ကိုယ်ကိုယ်ကို ဟန်ထား၏ ။ လိမ့်ကျလျှင် ဆင်နင်းခံပြီးသားဖြစ်မည်ကို ကြောက်သည်။ အထွေးကလေးကို ခါးကနေဖက်ရင်း အမေလို အားကိုးပြန်၏”
“တောထဲမှာ ဘယ်အိမ်က ကြက်တွန်မှာတုန်း ဟု ကိုယ်က မသိသားဆိုးဝါးစွား ပြောမိလေရာ အထွေးက တဟား ဟားရယ်သည်မှာ လက်ခုပ်ကလေးများပင် လှောင်ပြောင်၍ တီးမိသည် ။ “တော်ထဲမတော့ တောကြက်ရှိတာပေါ့မောင်ရဲ့ တောကြက်ဆိုတာသာပြီးအသံကောင်းသေး”
“မောင် မှီလိုက်ရင် အထွေးလိမ့်ကျသွားမှာပေါ့ ” မဟုတ်နိုင်တာမောင် ၊ ကျွန်မက မောင်ထက် သန်တယ် ၊ မောင်က အသားပွကြီး ”ဟု ကိုယ့်လက်မောင်းကို စူးခနဲနေအောင် လက်မကလေးနှင့် ဖိနှိပ်လိုက်တော့ ဟုတ်ပါကလားရယ်လို့ မခံချင်ဖြစ်ရသည်။
“အထွေးက မျှစ်သားကိုစိပ်စိပ်ခုတ်ပြီး မြေပေါ် ဆန်အိတ်ကလေး ခင်း၍ တင်သည် ။ ကိုယ်လည်းပျော်ရွှင် စိတ်ဝင်စား ရသည် ။ အထွေးကို အားကိုးထိုက်သည် ထင်သည်”။
 တမ်းတတတ်သည်မှာလည်းတွေ့၇မယ်။အထွေးနဲ့ မောင်နဲ့ ကြားထဲမှာ ယောက်ျားဆန်မှုတွေဖြစ်တဲ့ ဥာဏ်ပညာရှိခြင်း၊ ခွန်းအားရှိခြင်း ၊ ဦးဆောင်နိုင်စွမ်းရှိခြင်းတွေ မောင့်မှာမရှိ ပြိုကျသွားတယ် ။ မောင်ဟာ ယောက်ျားတစ်ယောက်ပဲ ဒါပေမယ့် လူ့အဖွဲ့အစည်းက တည်ဆောက်ထားတဲ့ တိကျသေချာပြီး အကြွင်းမဲ့ ယူနီဗာဆယ် သဘောဆန်တဲ့ ယောက်ျားသဘာဝ၊ ယောက်ျားဆန်မှုအစား ပုံသဏ္ဌာန်တစ်မျိုးနဲ့ အသစ်ဖွဲ့စည်းတည်ဆောက် နေတဲ့ ယောက်ျားဆန်မှုတစ်မျိုးကိုသာ တွေ့၇မယ်။          နွမ်းလျအိမ်ပြန်ထဲက တင်မေရဲ့အဖေ နဲ့ နှိုင်းယှဉ်ကြည့်ရင် တိကျသေချာတဲ့ အကြွင်းမဲ့ယူနီဗာဆယ်သဘော ယောက်ျားဆန်မှုဆိုတာထက် အမျိုးမျိုးပြောင်းလဲ ဖြစ်ပေးနေတဲ့ ယောက်ျားဆန်မှုကို တွေ့ရမယ်။
“ဖေဖေသည် အရိုအသေကြိုက်သဖြင့် သားသမီးများကို အရောမ၀င်ချေ ။…. တင်မေသည် တစ်ခုသတိထားမိ လာလေသည် ။ ဖေဖေသည် နေ့ခင်းချိန် မေမေအိမ်မှာ မရှိတုန်း အိမ်ပြန်ပြန် လာတတ်လေသည် ။ တင်မေသည် ဖေဖေနှင့်  ဒေါ်ဒေါ်တို့ စကားပြောနေကြလျှင် အလိုလို ရွံ့ သလိုလို ဖြစ်ကာ ဒေါ်ဒေါ့် ရင်ခွင်ထဲက ဆင်းကာ ခြံတွင်းကို ထွက်လာပြီး မြက်ပင်များကို နှုတ်ကစားနေရသည် ”
“ဟေ့သွားရင် မြန်မြန်သွား ” ဖေဖေ့ အသံလေ ၊ကျားဟိန်းသလိုပဲ ။ တင်မေသည် ထိုစကားသံကို ကြားသော် လည်း ဘယ်သူ့ကို ဘာအဓိပ္ပာယ်နှင့်ပြောမှန်မသိပေ။ မေမေက “သွားပါ့မယ်တော် … လင်မယား နှစ်ယောက်ပျော်ပျော် နေခဲ့ကြပါ ”ဟု ငိုသံကြီး နှင့်ပြန်ပြောသည်။
နွမ်းလျအိမ်ပြန်မှာ ယောက်ျားဆန်မှုတွေမတူဘူး။ သာမန်အားဖြင့် ဇာတ်ကောင်စရိုက်ရယ်လို့ ပြောကောင်းပြောနိုင်ပေမယ့် ယောက်ျားတွေရဲ့ စရိုက်ဟာ ကောင်းမှု ၊မကောင်းမှုနဲ့ မဆိုင်ဘဲ သိသာခြားနားနေတယ် ။ ဥပမာ မေတ္တာမီးအိမ်ထဲက အဖြူရဲ့ အဖေဟာ တင်မေရဲ့ အဖေလို လူမှုရေးနဲ့ ယဉ်ကျေးမှုအရ တားဖြစ်ထားတဲ့ အရာတွေကို မလုပ်ပေမယ့် သူ့ရဲ့ ယောက်ျားဆန်မှုမှာ ဖခင်ဆိုတဲ့ နေရာအတွင်းကနေ အထက်အောက်ဖိစည်းမှု အများစု ကိုလုပ်နေတယ် ။ ယောက်ျားဆန်မှုမှာ မာကျောခြင်း ၊ ခွန်းအားကို အသုံးပြုခြင်းတွေကို တွေ့၇မယ်။ နွမ်းလျအိမ်ပြန်ရဲ့ ဇာတ်ကောင်သုံးကောင်မှာ သူတို့ရဲ့လူမှုရေး နေရာအတွင်းကနေ သူတို့ရဲ့ ယောက်ျားဆန်မှုပုံသဏ္ဌာန်ကွဲပြာခြားနား နေတာ။ တင်မေရဲ့ မောင်လေးက ကလေးဖြစ်တော့ကာ မာကျောခြင်း နဲ့ ခွန်အားကြီးခြင်းတွေ မရှိဘူး ။ ကိုအောင်မင်းက တော့ ဥာဏ်ကြီးတယ် ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တယ် ဆိုတဲ့  လွှမ်းမိုးကြီးစိုးဆဲ ယောက်ျားသဘာဝကိုတွေ့ရမယ် ။ ကလေးငယ် အပုမှာတော့ မရှိခဲ့ဘူး ။ ယောက်ျားတွေရထားတဲ့ ပါဝါကိုတော့ တင်မေရဲ့ အဖေထံမှာ အကြီးမားဆုံး တွေ့ရမယ်။ သူတို့သုံးယောက်ကို နှိုင်းယှဉ်ကြည့်ရင် ယောက်ျားသဘာဝနဲ့ ယောက်ျားဆန်မှုကနေရထားတဲ့ ပါဝါဟာ အကြွင်းမဲ့ ယူနီဗာဆယ်တန်ဖိုစံအတွင်းက ဖြစ်နေတာ မဟုတ်ဘဲ ၊ သူတို့ရထားတဲ့ လူမှုရေးအခြေအနေ ၊ သူတို့ အချင်းချင်း ကြားက ပါဝါဆက်ဆံရေးအတွင်းမှာ ဖြစ်ပျက်နေတာ ဖြစ်တယ် ။ အထွေးနဲ့ မောင်ရဲ့ ဆက်ဆံရေးအတွင်းက ယောက်ျားသဘာဝ၊ ကိုခန့်နဲ့သူ့ရဲ့ လူမှုအသိုင်းအ၀န်းအတွင်းက ယောက်ျားသဘာဝတွေဟာ သူတို့ လက်တွေ့ယှဉ်ဆိုင် နေရတဲ့ လူမှုဆက်ဆံရေးအတွင်းက ပါဝါဆက်သွယ်ချက်၊ လူအဖွဲ့အစည်းအတွင်းကပေးအပ်ထားတဲ့ လူမှုအဆင့်အတန်း တွေအရ ပြောင်းလဲမှု ပုံစံအမျိုးမျိုးရှိနေတယ် ဆိုတာကို ကြည်အေးရဲ့ လက်ရာတွေမှာ လေ့လာကြည့်နိုင်တယ်။
                                                                                                မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...