အဖေ့နို့ဖိုး (အမေမဟုတ်ပါ)
ရန်ကင်းသား yankintharrr@gmail.com
ကျွန်တော်တို့အိမ်တွင် သားနှစ်ယောက် သမီးတစ်ယောက်ရှိပါသည်။တစ်နေ့မှာတော့ အိမ်မှာ “ အမေ့နို့ဖိုး “ ရုပ်ရှင်ဇာတ်ကား သားသမီးများငှားလာလို့ ထိုင်ကြည့်မိပါသည် ထိုကားထဲတွင် ဖခင်ဖြစ်တဲ့ ကျော်သူက ဗီလိန်ဆန်ဆန် သရုပ်ဆောင်ထားရသည် မေတ္တာရှင်မကြီးကတော့ ထုံးစံအတိုင်း မိခင်တွေပေါ့ ။ မျက်စိသူငယ် နားသူငယ်နဲ့ မိဘနှစ်ယောက်ကြားမှာ မင်းမော်ကွန်းကလည်း တော်တော်သရုပ်ဆောင် ကောင်းပါတယ်။ ဇာတ်လမ်းတစ်ဝက်မှာတင် ကျွန်တော်ဆက်မကြည့်ချင်တော့ပဲ ထသွားလိုက်ပါတော့တယ် အဲ့တာကို ဇနီးသည်က ကလေးတွေကိုပြုံးပြုံးကြီး ကြည့်ပြီ အဓိပ္ပယ်ပါပါ ပြူံးလိုက်ပါတယ်..ဒါကိုမျက်စိကလည်းမြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။
နောက်နေ့အစောကြီးမှာ မိသားစုကော်ဖီသောက်ကြရင်း မခံစားနိုင်တော့လို့ စကားတစ်ခွန်းပြောလိုက်ပါတယ် “ မြန်မာဗီဒီယိုတွေ ၊ ရုပ်ရှင်တွေပာာ သဘာဝမကျဘူး ။ အကယ်ဒမီရဖို့လောက်ပဲ ရည်ရွယ်ပြီး ကြည့်ကောင်းရင်ပြီးရော မပာုတ်တာတွေကိုပဲ ပညာပေးနေကြတယ်။ ပာိုတလောကလည်း “ စကားပြောသော နှလုံးသား “ ဇာတ်လမ်းမှာ ကြည့်လိုက် ၊ တစ်ကယ့်ကို စံထားလောက်တဲ့ မိခင်မေတ္တာကိုပဲ ဖော်ကျူးကြတယ် နောက် “ အမေ့ခြေရာ “ ဇတ်လမ်းကိုလည်း ကြည့်ပါဦး …မိခင်ဆိုတာ ဖခင်တွေထက် မေတ္တာကြီးသူ ၊ အနစ်နာခံသူ ၊ စာနာတက်သူ ၊ တစ်ကယ့်ကြင်နာရှင် ၊ မေတ္တာရှင်ကြီးတွေအဖြစ် နေရာရကြတယ် အဲ့ဒီ ဇာတ်လမ်းတွေကြည့်တိုင်း ငါတို့ဖခင်တွေမှာ တော်တော်ခံစားရတယ် ။ မနေ့ညက မင်းတို့အမေ “ အမေ့နို့ဖိုး “ ဆိုတဲ့ ဇာတ်ကားကိုပျော်ပျော်ကြီး ကြည့်နေတာ ငါ မုဒိတာ ပွားပါတယ် ။ ဒါပေမဲ့ ငါ့မျက်နှာ ဘယ်နားသွားထားရမှန်းမသိလို့ အိပ်ရာထဲဝင်ပြီး အိပ်လိုက်ရတယ်….အဲ့လိုပြောတော့ ဇနီးသည်က ထပြောပါတယ် ကလေးတိုင်းက ရင်ခွင်ထဲမှာ အမေ့နို့စို့ပြီးတော့ “ အမေ့မျက်နှာ ကောင်းကင်လှလှအောက် “ မှာ သီချင်းနဲ့ အိပ်စက်ခဲ့ကြတာကြီးပဲ ရှင်က ဘာမကျေနပ်နေတာလည်းတဲ့
အဲ့လိုပြောတော့လည်း ငါပြောရတော့တာပေါ့ “ ဒီမှာ ငါ့သား ဒီစကားကို အဖေ့ခံစားချက်နဲ့ပြောမှာနော် အဖေပြောတာနားထောင်ပြီး မင်းတို့စဉ်းစားကြည့်ကြ ငါတို့ဖခင်တွေဆိုတာ မိခင်ထက် မေတ္တာမပိုရင်တောင် မေတ္တာမလျော့ပါဘူးကွာ မင်းတို့အမေရဲ့ မေတ္တာပာာ လမင်းနဲ့တူတယ်ဆိုရင် ငါတို့ဖခင်တွေပာာလည်း နေမင်းကြီးပါကွာ …..လမင်းပာာ အေးမြတယ် နေမင်းပာာ ပူတယ် ။ ဒါပေမဲ့ နေမင်းမရှိပဲ လမင်းပာာမဖြစ်နိုင်ဘူး ။ နေရောင်ခြည်ပျောက်ကွယ်သွားတဲ့အချိန်မှာ လရောင်မှိန်မှိန်ပာာ တန်ဖိုးရှိပါတယ် ။ လမရှိတဲ့ညတွေမှာ ကြယ်တွေနဲ့တူတဲ့ အဖိုး ၊ အဖွား ၊ ဦးလေး ၊ အဒေါ်တွေရဲ့ မေတ္တာကိုလည်း သိသင့်တာပေါ့ ။ အခုတော့ တစ်ခါလာလည်း မိခင်မေတ္တာဖော်ပြတဲ့ဇာတ် ၊ တစ်ခါလာလည်း မိခင်အနစ်နာခံပုံ ၊ ဒို့ဖခင်တွေ ၊ ဦးလေးတွေ ၊ အဒေါ်တွေ ၊ အဖိုး ၊ အဖွားတွေရဲ့ ဇာတ်ကျတော့ အကယ်ဒမီ မရကြမှာဆိုးလို့ မရိုက်ကျဘူးတဲ့ “ ဘယ်လောက် ရင်နာဖို့ကောင်းသလဲဆိုတာ စဉ်းစားကြည့်စမ်းပါ သားသမီးတွေဆိုတာ မိခင်နို့ရည်ကို တစ်နှစ်နဲ့ တစ်နှစ်ခွဲ သာသာလောက်သာ သောက်ခဲ့ရတာလေ တစ်ချို့မိခင်တွေဆို နို့မှုန့်နဲ့သာ တိုက်ခဲ့ကျတာ ငါတို့ဖခင်တွေဆိုတာ မင်းတို့ကို အသက် ( ၃၀ ) လောက်အထိ အိမ်ထောင်မကျမချင်း လုပ်ကျွေးနေတာတွေကိုကျတော့ မစဉ်းစားမိကြဘူး တစ်ကယ်တော့ အမေ့မှာ “ အမေ့နို့ဖိုး “ ဆိုတာမျိုးရှိသလို ၊ အဖေတွေမှာလဲ “ အဖေ့ချွေးဖိုး “ ဆိုတာလည်း ရှိပါတယ်ကွ
နေ့တိုင်း မပူမပင်နေရအောင် ၊ မပူမပင်စားရဖို့ ၊ ပညာတွေသင်ဖို့ ၊ လူတွေထဲမှာတောင် မျက်နှာမငယ်အောင် နဖူးကချွေး သုတ်ချိန်မရပဲ မိသားစုအတွက်ဆိုပြီးလုပ်နေကျတာ မင်းတို့မစဉ်းစားမိကြဘူး….ခုမင်းတို့ဝတ်နေတဲ့အ၀တ် အဲ့တာ အဖေ့ချွေးတွေပဲ ခုမင်းတို့စားနေတဲ့ အစားအစာတွေ အဲ့တာလည်းအဖေ့ချွေးတွေပဲ ခုနေတဲ့အိမ်ကြည့်ဦး အဖေ့ချွေးတွေနဲ့ဆောက်ခဲ့တာ နရံမှာချိတ်ထားတဲ့ မင်းတို့ဘွဲ့ဓာတ်ပုံတွေပာာလည်း အဖေ့ချွေးတွေကို မှတ်ပုံတင်ထားတာတွေပဲလေ။ အဲ့ဒီအဖေ့ချွေးဖိုးဆိုတာတွေကို မင်းတို့မသိသလို မင်းတို့ရဲ့အမေဖြစ်တဲ့ ငါ့ဇနီးတောင် သတိမပြု့မိဘူး တစ်နှစ်ခွဲလောက်သာ စို့ခဲ့ရတဲ့ အမေ့နို့ဖိုးတောင် ဒီလောက်ထိ တန်ဖို့ထားနေရင် အနှစ် ( ၃၀ ) လောက် အဖေ့ချွေးဖိုးဆိုတာကို မင်းတို့ဘယ်လိုတန်ဖိုးဖြတ်ကျမလဲ….ပြောကြစမ်း….. “ ကျွန်တော်ပြောရင်းနဲ့ ငိုသံပါမိရင်း မျက်ရည်ဝဲမိပါသည်…ဇနီးသည်ရဲ့မျက်နှာမှာတော့ ကြေကွဲမှု့တွေနဲ့ အဲ့လိုပဲ ကျွန်တော့်သားသမီးတွေလဲ ဝေဒနာတစ်ခုပူးကပ်နေသလို အားလုံးတိတ်ဆိတ်နေပါတယ် တစ်ကယ်တော့ အဖေတွေဆိုတာ အမေတွေထက်မေတ္တာမလျှော့ကျတဲ့သူတွေပါပဲ တစ်ချို့သားသမီးတွေဆိုရင် အဖေဆိုတာကိုမျက်နှာချင်းတောင် မဆိုင်ကျတဲ့ သားသမီးများစွာလဲ ရှိကျပါတယ်..
လမင်းကြီးအေးမြသလို နေမင်းကြီးလည်း အလင်းတွေပေးတယ်ဆိုတာ ပြောပြသင့်ပါတယ်။ နေမင်းကြီးရဲ့ပူလောင်မှု့တွေကိုပဲ စောင်းပေးပြီးမပြောသင့်ပါဘူး
တစ်ကယ်လို့သင်သည် သားတစ်ယောက်ဖြစ်ခဲ့ရင်………?
တစ်နေ့သင်ဖခင်ဖြစ်လာတဲ့ အခါ…..?
သားသမီးများ ဖခင်တစ်ယောက်ရဲ့ ချွေးဖိုးအကြောင်းသေချာခံစားမိလာပြီဆိုရင် ကိုယ့်မိဘအပေါ် တန်ဖိုးထားသူတွေ ဖြစ်ကြပါစေလို့ဆန္ဒပြု့လိုက်ပါတယ်......။
ရွှေမြို့တော်မှ အဖေမေတ္တာငတ်နေသည် အားပြန်ရှဲပေးတာပါ။
Yanကင်းThar
0 comments:
Post a Comment