ဥပေက္ခာဟူသည်....
ဥပေက္ခာဟူသည်
မေး။ ။ (2007 ခုနှစ်၊ အောက်တိုဘာလထုတ် မြတ်ပန်းရဂုံတွင် ပါဝင်ခဲ့ သော ခင်မောင်ငြိမ်း ခေတ္တ- စင်ကာပူ)၏ ဥပေက္ခာအကြောင်းနှင့် လူတို့သည် မည်သည့်ဥပေက္ခာမျိုးဖြင့် နေသင့်ကြောင်း မေးခွန်းကို ဖြေကြားခြင်းဖြစ်ပါသည်။)
ဖြေ။ ။ ဥပေက္ခာကို အသင့်အားဖြင့်ရှုခြင်း၊ လျစ်လျူရှုခြင်းဟု ဆရာတို့` ဘာသာပြန်ဆိုကြ၏။
(ဦးဟုတ်စိန်အဘိဓာန်၊ ဓာတွတ္ထပန်းကုံး)
ဤသို့ ၀ိဂြိဟ်ဆိုပြကြ၏။ `ဥပပတ္တိတော ဣက္ခတီတိ ဥပေက္ခာ။´ ဥပပတ္တိတော-အသင့်အားဖြင့်၊ ဣက္ခတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဥပေက္ခာ- ဥပေက္ခာမည်၏။ (အဘိ၊ ဋ္ဌ၊ 1၊ 216)
ဥပေတီတိ ဥပေက္ခာ။ ဥပေတိ-ချစ်မုန်းမပြု သင့်တော်ရုံရှုတတ်၏။ ဣတိ-ထို့ကြောင့်၊ ဥပေက္ခာမည်၏။ (သင်္ဂြီုဟ်ဘာသာဋိကာ)
ဗုဒ္ဓစာပေတွင် ဥပေက္ခာကို အောက်ပါအတိုင်း ဆယ်မျိုးခွဲပြထား ၏။
1။ ဆဠဂုင်္ပေက္ခာ = ရဟန္တာပုဂ္ဂိုလ်၏ ရူပါရုံ သဒ္ဒါရုံ စသော အာရုံ ခြောက်ပါးတို့နှင့် တွေ့ကြုံလာသောအခါ ကောင်းသောအာရုံ၌ သာယာ ခြင်းတဏှာ၊ မကောင်းသောအာရုံ၌ နှလုံးမသာယာခြင်း ဒေါမနဿ မဖြစ်ဘဲ သတိသမ္ပဇဉ် အမြဲယှဉ်၍ ရှုခြင်းမျိုး။
2။ ဗြဟ္မ၀ိဟာရုပေက္ခာ = သဗ္ဗေ သတ္တာ ကမ္မသကာ ` သတ္တ၀ါ တို့၏ ချမ်းသာ ဆင်းရဲ ဟူသည် သူတို့၏ ကံတရားအတိုင်းသာဖြစ်၏- ဟု လျစ်လျူရှုပွားများ၍ နေခြင်း။
3။ဗောဇ္ဈဂုင်္ပေက္ခာ = မဂ်ဖိုလ်ရခါနီးအချိန်တွင် တကွဖြစ်ဘက် တရားများ လျော့ရဲခြင်း၊ လွန်ကဲခြင်း မဖြစ်စေဘဲ ညီမျှအောင် ထိန်းသိမ်းမှု။
4။ ၀ီရိယုပေက္ခာ = မဂ်ဖိုလ်ရရေး အားထုတ်ရာ၌ ပျင်းရိတွန့် ဆုတ်ခြင်းဟူသော လီနပက္ခ၊ ပျံ့လွင့်ခြင်းဟူသော ဥဒ္ဓစ္စပက္ခသို့ မကျရောက်စေဘဲ ( ၀ီရိယနည်းလျှင် ပျင်း၏၊ လွန်လျှင် ပျံ့၏ ။) မလျော့မတင်း စောင်းကြိုးညှင်းကဲ့သို့ အသင့်အနေအားဖြင့် ရှုခြင်း။
5။ သင်္ခါရုပေက္ခာ = ဈာန် မဂ် ဖိုလ်တရားတို့ကို ရရှိရန် အား ထုတ်သောအခါတွင် ပဉ္စမဈာန် သမာဓိအားကောင်းလာသောအခါ၊ သို့မဟုတ် ၀ိပဿနာဉာဏ် ရင့်သန်လာသောအခါတွင် `နီဝရဏ စသောသင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်း။
6။ ဝေဒနုပေက္ခာ= ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်း ( ၀မ်းသာခြင်း)နှင့် ဆင်းရဲခြင်း (နှလုံးမသာယာခြင်း) တို့၏ အကြား အလယ်အလတ်အနေအားဖြင့် ခံစားခြင်း။
7။ ၀ိပဿနုပေက္ခာ = ခန္ဓာငါးပါးကို ၀ိပဿနာရှုရာ၌ ထင်မြင် လာသော အနိစ္စ စသောလက္ခဏာတို့ကို စိစစ်မှု့၌ လျစ်လျူရှုခြင်း။
8။တတြမဇ္ဈတ္တုပေက္ခာ = ဖြစ်ဖော်ဖြစ်ဘက်တရားများ အလယ် အလတ် သမာသမတ်ဖြစ်အောင် ထိန်းထားခြင်း။
9။ ဈာနုပေက္ခာ = လောကီတရားတို့တွင် အမြတ်ဆုံးသုခဖြစ် သော တတိယဈာန်ချမ်းသာ၌သော်မှလည်း သုခနောက်သို့ မလိုက် ပါဘဲ လျစ်လျူရှုခြင်း။
10။ ပါရိသုဒ္ဓုပေက္ခာ = စတုတ္ထဈာန်သို့ ရောက်သည့်အခါ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီးဖြစ်၍ ထိုဆန့်ကျင်ဘက်တရားတို့ ငြိမ်းအေးစေရန် ကြောင့်ကြမစိုက်ရဘဲ လျစ်လျူရှုခြင်း။ (အဘိ၊ ဋ္ဌ၊ 1၊ 217။ ၀ိသုဒ္ဓိ၊ 1၊ 155)
ထိုဆယ်မျိုးတို့တွင် `ဆ-ဗြ-ဗော-တ၊ ဈာန်နှင့်ပ၊ အတ္ထတတြာ` ဟူသည့်အတိုင်း ဆဠဂုင်္ပေက္ခာ၊ဗြာဟ္မ၀ိဟာရုပေက္ခာ၊ ဗောဇ္ဈဂုင်္ပေက္ခာ၊ တတြမဇ္ဈတ္တုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ-တို့၏ တရားကိုယ် မှာ တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်၏။
`သံ-၀ိဘေဒ၊ ဒွေဓမ္မ၊ အတ္ထမြတ်ပညာ´ဟူသည်နှင့်အညီ သင်္ခါရု ပေက္ခာ၊ ၀ိပဿနုပေက္ခာတို့၏ တရားကိုယ်မှာ ပညာစေတသိက်ဖြစ်၏။
`ရိ-ဝေ ဘေဒ၊ ဒွေဓမ္မ၊ အတ္ထပုဒ်အလာ`ဟူသည်နှင့်အညီ ၀ီရိယုပေက္ခာ-၏အရကား ၀ိရိယဖြစ်၍၊ ဝေဒနုပေက္ခာ၏ တရားကိုယ် မှာ ဝေဒနာစေတသိက်ဖြစ်၏။
မေးခွန်းတွင် လူများသည် မည်သည့် ဥပေက္ခာမျိုးနှင့် နေသင့် ကြောင်း ဖြေကြားပေးပါဟူရာ၌ အထက်ပါဥပေက္ခာဆယ်မျိုး၏ အနေ အထား အဆင့်အတန်းကို ပြန်လည်စိစစ်ကြည့်လျှင် ပေါ်လွင်လာပါ လိမ့်မည်။
ရှေးဦးစွာ(1)နံပါတ် ဆဠဂုင်္ပေက္ခာ အမြဲဖြစ်နိုင်သူမှာ ရဟန္တာ ပုဂ္ဂိုလ်သာရှိ၏။ ပုထုဇဉ်တို့မှာ မြင်လျှင် မြင်ကာမျှ၊ ကြားလျှင်ကြားကာ မျှ စသောအားဖြင့် ရှုပွားခိုက်ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်အောင်လည်း ကြိုးစား၍ ရှုမှတ်ပွားများရမည်ပင်ဖြစ်၏ ။
(2) ဗြဟ္မ၀ိဟာရုပေက္ခာကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အစဉ်ပွားများရမည့် ဥပေက္ခာဖြစ်၏။ သို့သော် ဈာန်ရသည်အထိ ပွားများလိုရာ၌ကား မေတ္တာ စသော ဗြဟ္မ၀ိဟာရ တရားတို့ဖြင့် တတိယဈာန်ထိအောင် ပွားများရမည်။ ထို့နောင်မှ စတုတ္ထဈာန်ရ အောင် ဥပေက္ခာဘာဝနာ ပွားများရမည်။ ဥပေက္ခာဘာဝနာသည် စတုတ္ထဈာန်ကိုသာ ဖြစ်စေနိုင်၏။ ပ, ဒု, တ ,ဈာန်တို့ကို မဖြစ်စေနိုင်။
(3) ဗောဇ္ဈဂုင်္ပေက္ခာသည် ၀ိပဿနာအားထုတ်သော ပုဂ္ဂိုလ်၏ မဂ် ဖိုလ်ရခါနီး အခြေအနေနှင့် သက်ဆိုင်၏ ။ ထိုအချိန်တွင် ၀ီရိယ လွန်သဖြင့် ပျံ့နေတာ၊ သမာဓိလွန်သဖြင့် တွန့်နေတာမျိုး မဖြစ်စေရ အောင်၊ ပီတိလွန်ကဲသဖြင့် သမာဓိလျော့နည်းသွားမျိုး မဖြစ်ရအောင် ချိန်ညှိပေးရ၏ ။
(4) ၀ီရိယုပေက္ခာသည် တရားအားထုတ်သူတိုင်း လိုက်နာ ဆောင်ရွက်ရမည့် ဥပေက္ခာဖြစ်၏။ ၀ီရိယလွန်ကဲနေလျှင် စိတ်ပျံ့ လွင့်နေတတ်၏ ။ လျော့နည်းနေလျှင် ပျင်းရိလေးလံနေတတ်၏။ အလယ်အလတ် ရှုမှတ်ရမည်ဖြစ်၏ ။
(5) သင်္ခါရုပေက္ခာသည် သမထအရာ၌ ပဉ္စမဈာန်အခိုက်နှင့်ဆိုင် ၏။ ၀ိပဿနာအရာ၌ ဘယဉာဏ်၊ အာဒီန၀ဉာဏ်အခိုက်နှင့် ဆိုင်၏။ ထိုအခြေအနေတို့၌ သင်္ခါရတရားတို့ကို လျစ်လျူရှုနိုင်၏ ။
(6) ဝေဒနုပေက္ခာသည် လူတိုင်းနှင့်ဆိုင်၏ ။ လူတိုင်းပင် နေ့စဉ် သာယာဖွယ် မသာယာဖွယ်တို့နှင့် တွေ့ကြုံနေကြရ၏၊ သာယာဖွယ် တွေ့တိုင်း နှစ်သက်သဘောကျ လောဘမဖြစ်စေဘဲ၊ မသာယာဖွယ် တွေ့တိုင်း အလိုမကျ ဒေါသမဖြစ်စေဘဲ ဥပေက္ခာပြု လျစ်လျူရှုနိုင် အောင် ကြိုးစားရာ၏ ။
(7) ၀ိပဿနာနုပေက္ခာသည် ၀ိပဿနာရှုသော ယောဂီ၏ မုစ္စိတု ကမျတာဉာဏ်အခိုက်နှင့်ဆိုင်၏ ။
(8) တတြမဇ္ဈတ္တုပေက္ခာသည် ကုသိုလ်တရားများ ဖြစ်ပွားစေရာ ၌ ယှဉ်ဘက်တရားများ မျှမျှတတ ဟန်ချက်ညီနေစေရန် အားထုတ် ခြင်းမျိုးဖြစ်၍ လူတိုင်းနှင့်ပင်ဆိုင်၏ ။
(၉) ဈာနုပေက္ခာသည် တတိယဈာန် ရရှိထားသူနှင့်သာဆိုင်၏ ။
(10) ပါရိသုဒ္ဓုပေက္ခာသည် စတုတ္ထဈာန် (ပဉ္စကနည်းအားဖြင့် ပဉ္စမဈာန်) ရရှိထားသူနှင့်သာဆိုင်၏ ။
မေးခွန်း၌ပါသော အလိုမရှိလျှင် မျက်နှာလွှဲထားလိုက်ခြင့်းမျိုး ကား အထက်ပါ ဥပေက္ခာဆယ်မျိုးနှင့် မဆိုင်၊ `အညာဏုပေက္ခာ`ဟူ သော အသိဉာဏ်မရှိသဖြင့် အလေးမပြု ဂရုမမူ လျစ်လျူပြုခြင်းမျိုး ဖြစ်၏ ။ အရကောက် တရားကိုယ်မှာ `မောဟ`ဟူသော အကုသိုလ် တရားဖြစ်၍ ထိုဥပေက္ခာမျိုး မဖြစ်အောင် ရှောင်ကြဉ်ရပါမည် ။
ဥပေက္ခာအစစ်ဖြစ်အောင် ပွားများရာ၌ အထူးသတိထားရမည့် အနီးကပ်ရန်သူကားအထက်ပါ `အညာဏုပေက္ခာ` ပင်တည်း။ လေလွင့်နေသော သားသမီးကို မဆုံးမတတ်၍ စိတ်ပျက်ကာ လျစ်လျူရှုရာ၌ ဥပေက္ခာဟု ထင်နေတတ်၏ ။ တကယ်ဖြစ်သည်ကား မောဟသာ။
နောက်ထပ် သတိထားရမည့် ရန်သူ နှစ်သူနှစ်ဦးမှာ ချစ်သူအပေါ်၌ စွဲလမ်းတပ်မက်သော ရာဂနှင့် ရန်သူအပေါ်၌ အမျက်ထွက် ဒေါသဖြစ်၏ ။မချစ်မမုန်း မိမိနှင့် လုံးလုံးမသိသော ပုဂ္ဂိုလ်၏ ဆင်းရဲချမ်းသာကို လျစ်လျူရှုကာ နေနိုင်သကဲ့သို အလုံးစုံ သော ပုဂ္ဂိုလ်တို့၏ အပေါ်၌ လျစ်လျူရှုနိုင်လျှင် ဥပေက္ခာအစစ်ဖြစ် သည်။
(အဘိ၊ ဋ္ဌ၊ 239)
လောကတွင် စီးပွားရေး၊ လူမှုရေး စသည်တို့၌ မိမိဉာဏ်စဖြင့် မဖြေရှင်းနိုင်၍ အလေးမထားနိုင်တော့ခြင်းကို လက်လျှော့လိုက်ပါပြီ၊ ဥပေက္ခာပြုလိုက်ပါပြီဟု ဆိုတတ်ကြ၏ ။ အမှန်မှာ ဥပေက္ခာမဟုတ်၊ မောဟက ဥပေက္ခာယောင်ဆောင်ခြင်းသာဖြစ်၏ ။
တစ်ခါတစ်ရံ မဖြေရှင်းလို မကြိုးစားလို၍ လက်လျှော့ခြင်း ဥပေက္ခာပြုလိုက်ခြင်းလည်းရှိ ၏ ။တရားကိုယ်မှာ ဥပေက္ခာမဟုတ်၊ ပျင်းရိခြင်း (ကောသဇ္ဖ)က ဥပေက္ခာယောင်ဆောင်၍ လှည့်ပတ်ခြင်း ဖြစ်၏ ။
(ဥပေက္ခာနှင့်ပတ်သက်၍ အကျယ်သိလိုမူ ဗုဒ္ဓဘာသာလက်စွဲ ကျမ်း-ဒု-၌ ရှုလေ။)
မောဟ၊ ကောသဇ္ဇ-ဟူသော အယောင်ဆောင် ဥပေက္ခာတို့နှင့် လည်း မပေါင်းသင်း၊ ရာဂ, ဒေါသတည်းဟူသော ရန်သူများကိုလည်း ရှောင်ကွင်းကာ ဥပေက္ခာအစစ်များဖြင့် နေထိုင်နိုင်ကြပါစေ ။
ဥပေတီတိ ဥပေက္ခာ။ ဥပေတိ-ချစ်မုန်းမပြု သင့်တော်ရုံရှုတတ်၏။ ဣတိ-ထို့ကြောင့်၊ ဥပေက္ခာမည်၏။ (သင်္ဂြီုဟ်ဘာသာဋိကာ)
ဗုဒ္ဓစာပေတွင် ဥပေက္ခာကို အောက်ပါအတိုင်း ဆယ်မျိုးခွဲပြထား ၏။
1။ ဆဠဂုင်္ပေက္ခာ = ရဟန္တာပုဂ္ဂိုလ်၏ ရူပါရုံ သဒ္ဒါရုံ စသော အာရုံ ခြောက်ပါးတို့နှင့် တွေ့ကြုံလာသောအခါ ကောင်းသောအာရုံ၌ သာယာ ခြင်းတဏှာ၊ မကောင်းသောအာရုံ၌ နှလုံးမသာယာခြင်း ဒေါမနဿ မဖြစ်ဘဲ သတိသမ္ပဇဉ် အမြဲယှဉ်၍ ရှုခြင်းမျိုး။
2။ ဗြဟ္မ၀ိဟာရုပေက္ခာ = သဗ္ဗေ သတ္တာ ကမ္မသကာ ` သတ္တ၀ါ တို့၏ ချမ်းသာ ဆင်းရဲ ဟူသည် သူတို့၏ ကံတရားအတိုင်းသာဖြစ်၏- ဟု လျစ်လျူရှုပွားများ၍ နေခြင်း။
3။ဗောဇ္ဈဂုင်္ပေက္ခာ = မဂ်ဖိုလ်ရခါနီးအချိန်တွင် တကွဖြစ်ဘက် တရားများ လျော့ရဲခြင်း၊ လွန်ကဲခြင်း မဖြစ်စေဘဲ ညီမျှအောင် ထိန်းသိမ်းမှု။
4။ ၀ီရိယုပေက္ခာ = မဂ်ဖိုလ်ရရေး အားထုတ်ရာ၌ ပျင်းရိတွန့် ဆုတ်ခြင်းဟူသော လီနပက္ခ၊ ပျံ့လွင့်ခြင်းဟူသော ဥဒ္ဓစ္စပက္ခသို့ မကျရောက်စေဘဲ ( ၀ီရိယနည်းလျှင် ပျင်း၏၊ လွန်လျှင် ပျံ့၏ ။) မလျော့မတင်း စောင်းကြိုးညှင်းကဲ့သို့ အသင့်အနေအားဖြင့် ရှုခြင်း။
5။ သင်္ခါရုပေက္ခာ = ဈာန် မဂ် ဖိုလ်တရားတို့ကို ရရှိရန် အား ထုတ်သောအခါတွင် ပဉ္စမဈာန် သမာဓိအားကောင်းလာသောအခါ၊ သို့မဟုတ် ၀ိပဿနာဉာဏ် ရင့်သန်လာသောအခါတွင် `နီဝရဏ စသောသင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်း။
6။ ဝေဒနုပေက္ခာ= ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်း ( ၀မ်းသာခြင်း)နှင့် ဆင်းရဲခြင်း (နှလုံးမသာယာခြင်း) တို့၏ အကြား အလယ်အလတ်အနေအားဖြင့် ခံစားခြင်း။
7။ ၀ိပဿနုပေက္ခာ = ခန္ဓာငါးပါးကို ၀ိပဿနာရှုရာ၌ ထင်မြင် လာသော အနိစ္စ စသောလက္ခဏာတို့ကို စိစစ်မှု့၌ လျစ်လျူရှုခြင်း။
8။တတြမဇ္ဈတ္တုပေက္ခာ = ဖြစ်ဖော်ဖြစ်ဘက်တရားများ အလယ် အလတ် သမာသမတ်ဖြစ်အောင် ထိန်းထားခြင်း။
9။ ဈာနုပေက္ခာ = လောကီတရားတို့တွင် အမြတ်ဆုံးသုခဖြစ် သော တတိယဈာန်ချမ်းသာ၌သော်မှလည်
10။ ပါရိသုဒ္ဓုပေက္ခာ = စတုတ္ထဈာန်သို့ ရောက်သည့်အခါ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီးဖြစ်၍ ထိုဆန့်ကျင်ဘက်တရားတို့ ငြိမ်းအေးစေရန် ကြောင့်ကြမစိုက်ရဘဲ လျစ်လျူရှုခြင်း။ (အဘိ၊ ဋ္ဌ၊ 1၊ 217။ ၀ိသုဒ္ဓိ၊ 1၊ 155)
ထိုဆယ်မျိုးတို့တွင် `ဆ-ဗြ-ဗော-တ၊ ဈာန်နှင့်ပ၊ အတ္ထတတြာ` ဟူသည့်အတိုင်း ဆဠဂုင်္ပေက္ခာ၊ဗြာဟ္မ၀ိဟာရုပေက္ခ
`သံ-၀ိဘေဒ၊ ဒွေဓမ္မ၊ အတ္ထမြတ်ပညာ´ဟူသည်နှင့်အညီ သင်္ခါရု ပေက္ခာ၊ ၀ိပဿနုပေက္ခာတို့၏ တရားကိုယ်မှာ ပညာစေတသိက်ဖြစ်၏။
`ရိ-ဝေ ဘေဒ၊ ဒွေဓမ္မ၊ အတ္ထပုဒ်အလာ`ဟူသည်နှင့်အညီ ၀ီရိယုပေက္ခာ-၏အရကား ၀ိရိယဖြစ်၍၊ ဝေဒနုပေက္ခာ၏ တရားကိုယ် မှာ ဝေဒနာစေတသိက်ဖြစ်၏။
မေးခွန်းတွင် လူများသည် မည်သည့် ဥပေက္ခာမျိုးနှင့် နေသင့် ကြောင်း ဖြေကြားပေးပါဟူရာ၌ အထက်ပါဥပေက္ခာဆယ်မျိုး၏ အနေ အထား အဆင့်အတန်းကို ပြန်လည်စိစစ်ကြည့်လျှင် ပေါ်လွင်လာပါ လိမ့်မည်။
ရှေးဦးစွာ(1)နံပါတ် ဆဠဂုင်္ပေက္ခာ အမြဲဖြစ်နိုင်သူမှာ ရဟန္တာ ပုဂ္ဂိုလ်သာရှိ၏။ ပုထုဇဉ်တို့မှာ မြင်လျှင် မြင်ကာမျှ၊ ကြားလျှင်ကြားကာ မျှ စသောအားဖြင့် ရှုပွားခိုက်ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်အောင်လည်း ကြိုးစား၍ ရှုမှတ်ပွားများရမည်ပင်ဖြစ်၏
(2) ဗြဟ္မ၀ိဟာရုပေက္ခာကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အစဉ်ပွားများရမည့် ဥပေက္ခာဖြစ်၏။ သို့သော် ဈာန်ရသည်အထိ ပွားများလိုရာ၌ကား မေတ္တာ စသော ဗြဟ္မ၀ိဟာရ တရားတို့ဖြင့် တတိယဈာန်ထိအောင် ပွားများရမည်။ ထို့နောင်မှ စတုတ္ထဈာန်ရ အောင် ဥပေက္ခာဘာဝနာ ပွားများရမည်။ ဥပေက္ခာဘာဝနာသည် စတုတ္ထဈာန်ကိုသာ ဖြစ်စေနိုင်၏။ ပ, ဒု, တ ,ဈာန်တို့ကို မဖြစ်စေနိုင်။
(3) ဗောဇ္ဈဂုင်္ပေက္ခာသည် ၀ိပဿနာအားထုတ်သော ပုဂ္ဂိုလ်၏ မဂ် ဖိုလ်ရခါနီး အခြေအနေနှင့် သက်ဆိုင်၏ ။ ထိုအချိန်တွင် ၀ီရိယ လွန်သဖြင့် ပျံ့နေတာ၊ သမာဓိလွန်သဖြင့် တွန့်နေတာမျိုး မဖြစ်စေရ အောင်၊ ပီတိလွန်ကဲသဖြင့် သမာဓိလျော့နည်းသွားမျိုး မဖြစ်ရအောင် ချိန်ညှိပေးရ၏ ။
(4) ၀ီရိယုပေက္ခာသည် တရားအားထုတ်သူတိုင်း လိုက်နာ ဆောင်ရွက်ရမည့် ဥပေက္ခာဖြစ်၏။ ၀ီရိယလွန်ကဲနေလျှင် စိတ်ပျံ့ လွင့်နေတတ်၏ ။ လျော့နည်းနေလျှင် ပျင်းရိလေးလံနေတတ်၏။ အလယ်အလတ် ရှုမှတ်ရမည်ဖြစ်၏ ။
(5) သင်္ခါရုပေက္ခာသည် သမထအရာ၌ ပဉ္စမဈာန်အခိုက်နှင့်ဆိုင် ၏။ ၀ိပဿနာအရာ၌ ဘယဉာဏ်၊ အာဒီန၀ဉာဏ်အခိုက်နှင့် ဆိုင်၏။ ထိုအခြေအနေတို့၌ သင်္ခါရတရားတို့ကို လျစ်လျူရှုနိုင်၏ ။
(6) ဝေဒနုပေက္ခာသည် လူတိုင်းနှင့်ဆိုင်၏ ။ လူတိုင်းပင် နေ့စဉ် သာယာဖွယ် မသာယာဖွယ်တို့နှင့် တွေ့ကြုံနေကြရ၏၊ သာယာဖွယ် တွေ့တိုင်း နှစ်သက်သဘောကျ လောဘမဖြစ်စေဘဲ၊ မသာယာဖွယ် တွေ့တိုင်း အလိုမကျ ဒေါသမဖြစ်စေဘဲ ဥပေက္ခာပြု လျစ်လျူရှုနိုင် အောင် ကြိုးစားရာ၏ ။
(7) ၀ိပဿနာနုပေက္ခာသည် ၀ိပဿနာရှုသော ယောဂီ၏ မုစ္စိတု ကမျတာဉာဏ်အခိုက်နှင့်ဆိုင်၏
(8) တတြမဇ္ဈတ္တုပေက္ခာသည် ကုသိုလ်တရားများ ဖြစ်ပွားစေရာ ၌ ယှဉ်ဘက်တရားများ မျှမျှတတ ဟန်ချက်ညီနေစေရန် အားထုတ် ခြင်းမျိုးဖြစ်၍ လူတိုင်းနှင့်ပင်ဆိုင်၏ ။
(၉) ဈာနုပေက္ခာသည် တတိယဈာန် ရရှိထားသူနှင့်သာဆိုင်၏ ။
(10) ပါရိသုဒ္ဓုပေက္ခာသည် စတုတ္ထဈာန် (ပဉ္စကနည်းအားဖြင့် ပဉ္စမဈာန်) ရရှိထားသူနှင့်သာဆိုင်၏ ။
မေးခွန်း၌ပါသော အလိုမရှိလျှင် မျက်နှာလွှဲထားလိုက်ခြင့်းမ
ဥပေက္ခာအစစ်ဖြစ်အောင် ပွားများရာ၌ အထူးသတိထားရမည့် အနီးကပ်ရန်သူကားအထက်ပါ `အညာဏုပေက္ခာ` ပင်တည်း။ လေလွင့်နေသော သားသမီးကို မဆုံးမတတ်၍ စိတ်ပျက်ကာ လျစ်လျူရှုရာ၌ ဥပေက္ခာဟု ထင်နေတတ်၏ ။ တကယ်ဖြစ်သည်ကား မောဟသာ။
နောက်ထပ် သတိထားရမည့် ရန်သူ နှစ်သူနှစ်ဦးမှာ ချစ်သူအပေါ်၌ စွဲလမ်းတပ်မက်သော ရာဂနှင့် ရန်သူအပေါ်၌ အမျက်ထွက် ဒေါသဖြစ်၏ ။မချစ်မမုန်း မိမိနှင့် လုံးလုံးမသိသော ပုဂ္ဂိုလ်၏ ဆင်းရဲချမ်းသာကို လျစ်လျူရှုကာ နေနိုင်သကဲ့သို အလုံးစုံ သော ပုဂ္ဂိုလ်တို့၏ အပေါ်၌ လျစ်လျူရှုနိုင်လျှင် ဥပေက္ခာအစစ်ဖြစ် သည်။
(အဘိ၊ ဋ္ဌ၊ 239)
လောကတွင် စီးပွားရေး၊ လူမှုရေး စသည်တို့၌ မိမိဉာဏ်စဖြင့် မဖြေရှင်းနိုင်၍ အလေးမထားနိုင်တော့ခြင်းကို လက်လျှော့လိုက်ပါပြီ၊ ဥပေက္ခာပြုလိုက်ပါပြီဟု ဆိုတတ်ကြ၏ ။ အမှန်မှာ ဥပေက္ခာမဟုတ်၊ မောဟက ဥပေက္ခာယောင်ဆောင်ခြင်းသာဖြစ
တစ်ခါတစ်ရံ မဖြေရှင်းလို မကြိုးစားလို၍ လက်လျှော့ခြင်း ဥပေက္ခာပြုလိုက်ခြင်းလည်းရှိ
(ဥပေက္ခာနှင့်ပတ်သက်၍ အကျယ်သိလိုမူ ဗုဒ္ဓဘာသာလက်စွဲ ကျမ်း-ဒု-၌ ရှုလေ။)
မောဟ၊ ကောသဇ္ဇ-ဟူသော အယောင်ဆောင် ဥပေက္ခာတို့နှင့် လည်း မပေါင်းသင်း၊ ရာဂ, ဒေါသတည်းဟူသော ရန်သူများကိုလည်း ရှောင်ကွင်းကာ ဥပေက္ခာအစစ်များဖြင့် နေထိုင်နိုင်ကြပါစေ ။
အရှင်ကောဝိဒ (ယော)
—
0 comments:
Post a Comment