Wednesday, August 22, 2012

ကိုယ်ပိုင် မျက်နှာ


by Zay Ya on Wednesday, August 22, 2012 at 10:33pm 


ဇင်မှာ ဆာတိုရီ ဟာ အမေးအခံရဆုံး တစ်ခုနဲ့ ခဏခဏ အပြောရဆုံး တစ်ခုလို့ ဆိုတယ်။ ဆာတိုရီ ဟာ ဘာလဲ၊ ဆာတိုရီ ဘယ်လို ရပါ့မလဲ ဆိုတာတွေလည်း မကြာခဏ မေးတယ်။ ဆာတိုရီ ဟာ ဘာလဲ ဆို- မိမိရဲ့ ပုံမှန်၊ သာမာန် သဘာဝ လို့ပဲ ရိုးရိုး ပြောရမှာပဲ။ အဲ့အတိုင်းထက် ဘာမှ မပိုဘူး ပဲ။
တစ်ခြား ထူးခြား နေတဲ့ အရာ။ ကြီးကျယ် နေတဲ့၊ မရှိလာသေးတဲ့ အရာ တစ်ခု မဟုတ်ဘူး။ ရှိပြီးသား။ ဒါ့ကြောင့် သူ့ကို ဘယ်လို ရအောင် လုပ်ရမလဲ မေးရင်၊ မေးခွန်းက အဓိပ္ပာယ် ရှိမှာ မဟုတ် ဘူး။ ရှိပြီးသား အရာ ကို ကြည့်လိုက်ရုံလေး။ မိမိဘာသာ မမြင်ဘဲ နေနေတာ လေးပဲ။

ကိုယ့်မှာ ကိုယ်ပိုင် ဥစ္စာရှိတယ်။ ကိုယ်ပိုင် တိုင်းပြည်နိုင်ငံ ရှိတယ်။ ကိုယ်ပိုင် ရတနာ ရှိတယ်။ ဒါကို ဒီလူ က - ကျုပ် ဘုရင် ဖြစ်ချင်တယ်။ ဘုရင် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ ကျုပ် သူဌေး ဖြစ်ချင် တယ်။ သူဌေး ဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ ဒီလို မေးလာရင် ဒီမေးခွန်း က အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး။ ရူးနေသလား ကိုယ့်ဟာကိုယ်လည်း ပြန်ကြည့်ပါဦး လို့ပဲ ပြောရ မယ်မလား။ မျက်လုံး ဟာ ကိုယ့်ကိုယ် ကိုယ် ပြန် မမြင်ဘူး။ သူတစ်ပါး ကို ပဲ မြင်တယ်။ ကိုယ့်မှာ ဥစ္စာရှိနေတာကို မမြင် ဘူး။ အခြားသူ အိပ်ကပ် ကိုပဲ မြင်တယ်။ သန္တိသုခ ကို မိမိမှာ မရှာဘူး - တစ်ပါးသူ ဆီက လက်ဝါး ဖြန့်ချင်တဲ့ စိတ် - အများအားဖြင့် ရှိတယ်။ အဲ့ဒါကြောင့်ပဲ ဆာတိုရီ ရဲ့ အဖြစ်ကို မမြင် မသိ၊ နားလည် လွဲတာ ဖြစ်ပါတယ်။


မိမိရဲ့ ဗဟိုချက် ဟာ မိမိ ဆီမှာပဲ ရှိသင့်တယ်။ (ရှိသင့်တယ် ဆိုတာကလည်း မမှန်သေးဘူး။ မိမိ မှာပဲ ရှိတယ်) ဒါပေမယ့် လူအများက အဲ့ အတိုင်း မနေဘူး။ မိမိရဲ့ ဗဟိုချက်ကို သူတစ်ပါး ဆီ တင်ထား ၊ စိုက်ထား တယ်။ မိမိကိုယ် မိမိ ဘယ်လို ထင်မလဲ - ဆိုတာထက်၊ သူတစ်ပါးတွေ ငါ့ကို ဘယ်လို ထင်မလဲ လို့ မျက်လုံး ဝှေ့ရမ်း၊ အမြဲ ပူပန်တယ်။ မိမိရဲ့ အဖြစ်ကို အသိ သတိ ရှိမရှိ စစ်ဆေး ဖို့ထက်၊ တစ်ပါးသူတွေ ငါ့ကို ဘယ်လို ဂရုပြုနေ ပါ့မလဲပဲ မေးခွန်း ထုတ်တယ်။

ဒါ့ကြောင့် ယုတ်မာတဲ့ - အတ္တ ကို အဓိပ္ပာယ် ဖွင့်ရင်၊ မိမိကိုယ်ကိုယ် မမြင်ဘဲ၊ တစ်ပါးသူ ကိုသာ ကြည့်နေမိတဲ့ အဖြစ် လို့ ပြောရမယ်။ မိမိ ဗဟိုချက် ဟာ မိမိ မှာ မရှိဘဲ၊ တစ်ပါးသူမှာသာ ရှိနေ တယ်။ တိုတို ပြောရင် - ဗဟိုချက် အမှား ရှိနေတဲ့ အဖြစ် ကို အတ္တ လို့ ခေါ်မယ်။ အတ္တ ကြောင့် (ဝါ) ဗဟိုချက် လွဲမှား ထားရှိခြင်းကြောင့် - လူဟာ မိမိ အတွင်းထဲ ငုံ့လျိုး ဝင်နိုင်ဖို့ တွေးလည်း မတွေး မိဘူး။ မမြင်မိဘူး။ အဖန်ဖန် အထပ်ထပ် ကြာလာတဲ့ အခါ၊ အပြည့်အဝ မေ့လျော့ သွားတယ်။ သန္တိ ၊ အေးမြမှု ဟာ အတွင်းမှာ ရှိတယ်လို့ တစ်ခါမှ မမြင်ဘူး။ - အပြင်မှာ၊ တစ်နေရာရာ မှာ ပဲ လို့ အထင်ရောက်တယ်။ ထုထည် ကြီးမား လာတာနဲ့ အမျှ - ချမ်းမြေ့မှု၊ နိုးကြား မှု ဗဟိုချက် ကို ပြင်ပ ဌာန တစ်ခုခုမှာ စိုက်ထူနိုင် ဖို့ပဲ တောင်းခံ တော့ တယ်။ စေတီ ပုထိုး မှာ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းမှာ၊ ဗလီမှာ - စသည်- ဝတ်ပြုဖို့၊ တောင်းခံဖို့ ပဲ စိုင်းပြင်း တယ်။

သိမြင်တယ် နိုးကြားမှု ဖြစ်တယ် ဆိုတဲ့ - ဆာတိုရီ ဟာ အခြားသူ ရဲ့ ပစ္စည်း မဟုတ်ဘူး။ မိမိ ပစ္စည်း။ ဒါကို တစ်ပါးသူ ဆီက တောင်းဖို့ ကြိုးစားရင် အဓိပ္ပာယ် မရှိ ဘူး။ ဆာတိုရီ ဟာ နောင်အချိန် မှာမှ ရှိလာ မယ့် အရာ တစ်ခု မဟုတ်ဘူး။ အခု ရှိနေတဲ့ အရာ။ "အခု" ဆိုတဲ့ အချိန် အတွင်းမှာ နိုးကြားနိုင်ဖို့ - အကြောင်းက ပြည့်ဝ ပြီးသား။ ဒါကို - ကျုပ် ဘယ်လို ရအောင် ယူ မလဲ လို့ မေးမယ်။ တစ်ချိန်ချိန် ကို မျှော်မယ် ဆိုရင်လည်း အဓိပ္ပာယ် မရှိဘူး။

မျက်နှာဖုံးတွေ တစ်ခုပြီး တစ်ခု တပ်လာ ခဲ့ပြီး မိမိ ကိုယ်ပိုင် မူရင်း မျက်နှာကို မေ့နေတဲ့ သူ တစ်ယောက် လို့ ပြောနိုင်တ ယ်။ ဒီလူဟာ - ဆာတိုရီကို အခြား မျက်နှာဖုံး တစ်ခု လို့ ပဲ ထင်တယ်။ မြင့်မြတ်တယ်၊ ရှားပါးတယ် - အဲ့ဒါကို ဘယ်လို ယူရပါ့မလဲ လို့ ဆန္ဒ ရှိနေတယ်။ ဒါဆို အဲ့ဒါဟာ အဓိပ္ပာယ် မရှိဘူး။ ဆာတိုရီ ဟာ မျက်နှာဖုံး မှန်သမျှ ဘယ်မျက်နှာဖုံးမှ မထား တော့တာ၊ မျက်နှာဖုံးတွေ ဘယ်မျက်နှာဖုံးမှ မရှာတော့တာ၊ မျက်နှာဖုံး အားလုံး ခွာချပစ်တာ ကို ဆိုလိုတယ်။ မျက်နှာဖုံးတွေ အားလုံး ကွာကျသွားရင် မိမိ ကိုယ်ပိုင် မျက်နှာက ရှိနေပြီးသားပဲ။

...............
~ OSHO ~
...............
August 23th 2012 at 11:50 AM
...............


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...