Monday, August 13, 2012

မြန်မာ့ဧရာမခရီးသွားပြသာနာ မင်းကြီးညို


by Khin Maung Nyo on Monday, August 13, 2012 at 7:01pm 

ကျွန်တော့်အနေဖြင့် တလောက စာတစ်စောင်ရောက်မလာမီအထိ ဟို တယ်ခတွေတက်နေသည့် ပြဿနာကို မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက ထိန်းသိမ်းနိုင်ပါ့မလားဟု သံသယရှိခဲ့ သည်။ စင်ကာပူပိုင် ရန်ကုန်ရှိဟိုတယ် တစ်ခုသို့ ဝန်ကြီးဌာနက ပေးပို့သော စာတွင် ဟိုတယ်သည် စာချုပ်ချုပ်ဆို ထားသော ငှားရမ်းခနှုန်းထားများ အတိုင်းမဟုတ်ဘဲ ဈေးနှုန်းများ မကြာ ခဏပြောင်းလဲခြင်း၊ သာမန်အခန်းများ ကို အဆင့်မြင့်အခန်း၏ဈေးနှုန်းအတိုင်း ရောင်းချနေခြင်းတို့ကြောင့် ဇူလိုင် ၂၃ ရက်မှစ၍ ခြောက်လအတွင်း ဟိုတယ် အကြီးတန်းအထွေထွေမန်နေဂျာ၏ ပြည်ဝင်ခွင့်ကို ကန့်သတ်မည်ဖြစ် ကြောင်းပါရှိသည်။သို့ဖြစ်၍ဟိုတယ်ကို ပိုင်ဆိုင်သောကုမ္ပဏီက ခြောက်လအတွင်း အကြီးတန်းအထွေထွေ မန်နေဂျာ  နေရာတွင် သင့်တော်သူအခြား တစ် ယောက်နှင့် အစားထိုးရန် လက်ရှိ အထွေထွေမန်နေဂျာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ကို အခြေအနေ တိုးတက်မှုပေါ်မူတည်၍ စဉ်းစားမည်ဖြစ်ကြောင်း ပါဝင်သည်။

ဟိုတယ်များအနေဖြင့် အချိန်ကြာ မြင့်စွာ အခြေအမလှဖြစ်ခဲ့ရာမှ မိုးရွာ တုန်းရေခံဆိုသလို ဝင်ငွေကောင်း အောင်ကြိုးစားကြသည်ကို နားလည် နိုင်ပါသည်။ နှစ်ပေါင်းများစွာ ဗလာ ကျင်းနေသော ဟိုတယ်အခန်းတွေ ကြောင့် ကြီးကြီးမားမားဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ အခွင့်သာခိုက် အရှုံးကို ကာမိရန် အာရုံရောက်ကြပြီး ရေရှည်နာမည်ကောင်းရမှုကို အလေး မထားကြခြင်းဖြစ်သည်။ ဟိုတယ်တွေ ဘက်က စာချုပ်တွေကို မကြာခဏ ပယ်ဖျက်ခြင်း၊ ပြောင်းလဲလွန်းခြင်းတို့ ကြောင့် မြန်မာနိုင်ငံနှင့် အလုပ်လုပ်ရန် ခက်သွားခြင်းသည် တကယ့်ပြဿနာ ဖြစ်သည်။
တစ်ခါတရံတွင် ရမည့်ဟိုတယ် အခန်းထက် တည်းခိုမည့်သူက ပိုများ သောအခါ ထိုအချိန်ထိုကာလအတွင်း မြင့်မားသော ဟိုတယ်ခနှုန်းများကို ခံ စားနိုင်ပြီးထိုသို့ခံစားခွင့်ပြုသင့်ကြောင်း ဟိုတယ်တွေအနေဖြင့် သိထားသင့် သည်။ ဈေးကွက်၏ ဝယ်လိုအား ရောင်းလိုအားတွေအပေါ် အခြေခံ၍ ဈေးနှုန်းသတ်မှတ်သင့်ပြီး ဝန်ကြီးဌာန က ဝင်၍ တစ်ခန်း၊ တစ်ညလျှင်အများ ဆုံးဒေါ်လာ ၁၅ဝနှုန်းထက်ပို၍ သတ် မှတ်ခြင်းမပြုရဟု ကန့်သတ်ခြင်း မပြု သင့်ပါ။ တကယ်တော့ မြင့်မားသော ဟိုတယ်ခနှုန်းများကို လိုလိုချင်ချင်ပေး လိုကြသည့် ကမ္ဘာလှည့်ခရီးသည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အပြည့်အဝ ရှိနေသည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ရုံးခွဲတွေကိုလည်း မြန်မာနိုင်ငံ တွင်လာရာက်၍ ဖွင့်လှစ်နေကြသည်။ အဓိပ္ပာယ်မှာ ဟိုတယ်အခန်းရဖို့ ခက်ခဲခြင်း၊ ဟိုတယ်ခမြင့်မားခြင်းများ ရှိနေသော်လည်း ဟိုတယ်လုပ်ငန်း အခြေအနေကောင်းနေသည်။
သို့သော် ဟိုတယ်ခတွေကို ဖြည်း ဖြည်းချင်း၊ ဂုဏ်သိက္ခာရှိရှိ တိုးမြှင့် သင့်ပြီး သို့မှသာ ဟိုတယ်လုပ်ငန်းအ တွက်အကျိုးရှိမည်။
မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ပိုမို ကြီးမားသော ပြဿနာမှာ ဟိုတယ်ခ နှုန်းထားတွေ၊အိမ်နီးချင်းနိုင်ငံတွေထက် မြင့်မားနေခြင်းသည် ပူပန်ရမည့်ကိစ္စ မဟုတ်၊ ဘယ်လိုကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖြစ်လိုသည်ဟု ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။ အင်္ဂလိပ်စကားပြောနိုင် သူတွေများပြား၊ ပုဂံလိုဘုရားတွေ ထောင်ချီရှိသည့် ရှုခင်း၊ လတ်ဆတ် သော ကမ်းခြေများစသည်တို့ရှိနေသော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံလိုဖြစ်လို သလား၊ ဘူတန်နိုင်ငံလိုဖြစ်ချင် သလား၊ ထိုနှစ်မျိုးကြားထဲမှာ နေချင်သလား ဆုံးဖြတ်ရန်လိုသည်။
အသစ်ပေါ်ထွန်းလာသော ခရီး သွားစရာနေရာများအတွက် အကြီးမား ဆုံးသော အကျိုးကျေးဇူးမှာ ကိုယ် သွားမည့်လမ်းကြောင်းကို သေသေချာ ချာ ရွေးချယ်သတ်မှတ်ရန်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကမြန်မြန် ဆန်ဆန်ရလာသောငွေတွေကြောင့်၊ အမှောင်ဖုန်းပြီး၊ ကိုယ့်မှာရွေးချယ်စရာ ရှိသည်ကိုမေ့သွားတတ်ကြသည်။ တိုး တက်မှုအရှိန်လွန်ခြင်း၊ သို့မဟုတ် အဟန့်အတားဖြစ်စေသောအကြောင်း တရားတွေတွေ့ရခြင်းဖြစ်သွားတတ် သည်။ ကမ္ဘာလှည့်ခရီးသွားများ သွား ရောက်ရာနေရာတစ်ခု၏ ဝိညာဉ်ဖြစ် သောပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်၊ နေပုံထိုင်ပုံတို့၏ ပေါင်းလဒ်၊ထိုပေါင်းလဒ်အပေါ်ရရှိသော တန်ဖိုးထားမှုနှင့် ဈေးနှုန်းတို့ ပျောက် ကွယ်သွားတတ်သည်။ နေရာတစ်ခု၏ ရေရှည်နာမည်ကျော်ကြားမှုကို ဖျက် ဆီးသည်မှာ မြင့်မားသောဟိုတယ်ခ နှုန်းထားများမဟုတ်၊ ထိုနေရာဒေသ၏ အသက်ဝိညာဉ်ပျောက်မှုဖြစ်သည်။
ဘူတန်နိုင်ငံသည် ကျွန်တော့် အမြင်တွင်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၏ နှစ်ဖက်ဓားသွားသဖွယ်ရှိသော သဘာဝကို စောစောစီးစီးကတည်းက နားလည်သဘောပေါက်သော စံပြ အာရှနိုင်ငံဖြစ်သည်။ နိုင်ငံအတော်များ များက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း ၏ ဒုက္ခပေးတတ်သော သဘောကို နားလည်ကြသော်လည်းထိုအန္တရာယ်ကို လွှတ်ပေးထားကြရကာ ထိန်းချုပ်နိုင် သည့်နည်းလမ်း၊စည်းကမ်းအနည်းငယ် မျှသာရှိသည်။ကမ္ဘာလှည့်ခရီးသည် တွေလှိမ့်ဝင်လာသည့်ကိစ္စကိုကမ္ဘာလှည့် ခရီးသည်အပေါ် အခွန်ကောက်သည့် နည်းလမ်းမျိုးဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပေ။
ဘူတန်နိုင်ငံသည် ကမ္ဘာလှည့် ခရီးသည်တွေအပေါ်မှ အခွန်ကောက်ခံ သည့်အတွက် ဝင်ရောက်သူလျော့သွား ကာ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှ ဝင်ငွေများများစားစားမရပေ။ သို့သော် ရေရှည်တွင် ပတ်ဝန်းကျင်၊ ယဉ်ကျေး မှု၊ သမိုင်းအမွေအနှစ်၊ နေပုံထိုင်ပုံတို့ကို ထိန်းသိမ်းနိုင်သည်။ လုပ်နည်းလုပ်ဟန် ကောင်းမွန်မှုကြောင့် ရေရှည်တွင် ပို၍ ချမ်းသာမည်မှာသေချာသည်။
ဤသို့သော ခရီးသွားလုပ်ငန်းမျိုး ကို ရေပေါ်ဆီ ခရီးသွားလုပ်ငန်းဟု ခေါ်လျှင်ထိုရေပေါ်ဆီခရီးသွားလုပ်ငန်း မျိုးဖြစ်စေလိုသည်။ ဤနည်းဖြင့် ကိုယ့် နိုင်ငံ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဓလေ့ ထုံးစံကိုယ့်အမွေအနှစ်ကို ထိန်းသိမ်းနိုင် လျှင်လုပ်သင့်သည်မှာ အမှန်ဖြစ်သည်။ မလုပ်သင့်သည့်ကိစ္စမဟုတ်၊ ဝင်ငွေ မြင့်သူတွေသာလာနိုင်သည့် အထက် တန်းခရီးသွားစရာနေရာတစ်ခု၊အဘယ် ကြောင့် မဖြစ်သင့်ရမည်နည်း။ အရှေ့ တောင်အာရှက ရင့်ကျက်နေသော ကမ္ဘာလှည့် ခရီးသည်များ သွားရောက် နေသည့် နေရာများသည် ယခုအခါ နောက်ကြောင်းပြန်ပြီး အရည်အသွေးရှိ အဆင့်မြင့်ခရီးသည်တွေကို ဆွဲဆောင်ရန် ကြိုးစားနေကြပြီ။
ကျွန်တော့်အနေဖြင့်မြန်မာနိုင်ငံကို လူအများအပြားသွားလာနေသည့်နေရာ တစ်ခုထက် အဆင့်မြင့်ခရီးသွားလုပ် ငန်းအဖြစ်မြှင့်စေလိုသည်။ ယခုအချိန် သည် မြန်မာနိုင်ငံကို ချစ်ခင်မြတ်နိုးကြ သည်ဟု ကျွန်တော်ယုံကြည်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှ ပုဂ္ဂိုလ် များက မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြဋ္ဌာန်းရာတွင် ကူညီဆောင်ရွက်သင့် သည်။ ထိုသို့ဆောင်ရွက်ရင်းဖြင့် သူတို့ အနေဖြင့် အချို့အရာတွကိုရောင်း၍မရ၊ ရောင်းချရန်မဟုတ်ကြောင်း သတိရ မည်ဟု မျှော်လင့်ပါသည်။
(Raini Hamiki, The bigger Myanmar Issue)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...