Thursday, August 9, 2012

နိုင်ငံခြားရောဂါထမိတဲ့ ကျွန်မနဲ့ စင်ကာပူနိုင်ငံ



မီးရောင်စုံတွေနဲ့ လှပနေတဲ့ မြို့လည်ကောင်မှာ အ၀တ်သေတ္တာ ခပ်ကြီးကြီးတစ်လုံး ကျောပိုးအိတ်တစ် လုံးကို လွယ်ထားတဲ့ မိန်းကလေးတစ်ယောက် ။ အချိန်ကား ည ၁၀ နာရီတိတိ ။ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းကာ အားငယ်ဝမ်းနည်းမှုတွေကို မာန်တင်းဟန်ဖို့နေတဲ့ မိန်းကလေးတစ်ယောက်။
ခြေစုံရပ် နေသော ခြေထောက်တွေ ဦးတည်ရာ တစ်ခုခုကို တွေ့ရှိလိုက်သလို စတင် ရွေ့လျားပါပြီး အ၀တ်သေတ္တာကို ဆွဲကာ ခြေလှမ်းလှမ်းမှန်မှန်ဖြင့်နေရာ တစ်ခုဆီကို ဦးတည်လို့ ထွက်ခွာ
လာပါသည် ။ လမ်းမှာ လူတစ်ယောက်ကို တစ်စုံတစ်ခုမေးလိုက်ပါသေးသည် ။ လေးလွန်းတဲ့ သေတ္တာကို ဆွဲကိုင်လာသော လက်တွေ မခံနိုင်အောင် နာကျင်လှသော်လည်း အံကျိတ်ခံကာ လိုရာရောက်အောင် လျှောက်လာခဲ့သည် ။ ဟော ! တွေ့ပါပြီ။
ဆိုင်းဘုတ်လေး တစ်ခု ။ သူမ သွားနေတာကတော့ မြန်မာတည်းခိုးခန်းတစ်ခုကိုပါ ။ ကောင်တာမှာ အခန်းယူကာ အခန်းရှိရာကို ကိုယ်အိတ်ကိုယ်ဆွဲ တတ်လာခဲ့ပါသည် ။ အခန်းထဲရောက်တယ်ဆိုရင်ဘဲ ခြေပစ်လက်ပစ် ကုတင်ပေါ်လဲလျောင်းလိုက်ရင်း အားရပါးရ ငိုချလိုက်မိပါတော့သည် ။

ကျွန်မဘ၀မှာ မိဘ အရိပ်အောက်မှာ အေးချမ်းစွာ နေလာခဲ့သူပါ ။ သိပ်ကို သွားချင်လှတဲ့ နိုင်ငံခြားဆို တာကြီးကို ကိုယ်ဘာကို ငမ်းငမ်းတက်ရောက်ရှိလာခဲ့သူဆိုလည်း မမှားပါဘူး ။ သူများတွေလို အိမ်အခြေနေကြောင့် ၊ စီးပွားရေးတွေ ကြောင့်လဲ မဟုတ်ဘဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင် တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရောက်လာသူပါ ။ ဘ၀ဆိုတဲ့ လောကဇာတ်ခုံကြီးက ဘယ်လောက်ထိ ကျယ်ပြောတယ် ၊ လူတွေက ဘယ်လိုဆိုတာကို ခုမှ ကျွန်မ စတင် သိရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ကျွန်မ မြန်မာပြည်ကနေ စင်ကာပူနိုင်ငံကို တစ်ယောက်ထဲ လာခဲ့ပါသည် ။ လေဆိပ်မှာထဲက ကြိုသူမယ့် တစ်ယောက်ထဲ တည်းမယ့်လိပ်စာကို တက္ကဆီငှားရောက်လာခဲ့ပါသည် ။ တည်းမယ့်အိမ်က ကွန်ဒိုတစ်ခု ပါ ။ ကွန်ဒို အဆောင်အဦးရှေ့မှာဘဲ တက္ကဆီက ချပေးခဲ့တာမို့ အခန်းနံပတ်ကိုဂိတ်မှာ ပြောပြကာ ၀င်ဖို့ပြောရပါသည်။ ကံဆိုးစွာ အခန်းမှာ ပြန်ဖြေမယ့်သူမရှိဘူးဆိုတဲ့  secury ရဲ့စကားသံကို ကြားလိုက် ရချိန်မှာကျွန်မဘ၀အတွက် တစ်ယောက်ထဲ ရပ်တည်မှုတွေကို စတင်စေခဲ့ပါတော့သည် ။ ကြီးမားလှတဲ့ ကျွန်မအ၀တ်အိတ်ကို ကြည့်ကာ မျက်လုံးအိမ်မှာ မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာခဲ့ပါသည် ။ ဒီအချိန်မှာ ကျွန်မ တောင်းတမိလိုက်တာကတော့ ကျွန်မ ဖေဖေကိုပါ ။
ဖေဖေ ကို ဆက်သွယ်ဖို့ မြန်မာပြည်ကို ဖုန်းခေါ်မှ ရမှာမို့ အရင်ဆုံး ကျွန်မ အိတ်တွေနဲ့ ဖုန်းကတ်ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
လက်ကနာ၇ီကို ငုံ့ကြည့်လိုက်တော့ အချိန်က ည ၁၁ နာရီ ထိုးပါတော့မယ် ။ ဘာလုပ်ရမည်ဆိုတာကို ဦးနှောက်ကို ချက်ချင်းအလုပ်ပေးရပါတော့သည် ။ ကျွန်မတည်းခိုဖို့ အတွက် ဟောတည်တစ်ခုကို အရင်ဆုံးရှာရမယ်တိုတဲ့ အသိနဲ့ ဂိတ်ကိုမေးတော့ နည်းလေးလျှောက်လိုက်ရင် ဟောတည် တစ်ခုရှိတယ်ဆိုတာကို လမ်းညွှန်ပေးတာကြောင့် အိတ်ကိုဆွဲကာ ဟော်တည်ကို ရောက်လာခဲ့ပါတော့
သည်။ အားရအောင် ငိုပြီးချိန်မှာတော့ ရေချိုးလိုက်ပါသည်။ အားလုံးပြီးစီးချိန် နာရီကြည့်လိုက်တော့ ည ၁၂ နာရီခွဲနေပါပြီ ။ ဟော်တည်အပြင်သို့ထွက်ကာ ဖုန်းကတ်တစ်ခုဝယ်ကာ အဖေဆီ ဖုန်းခေါ်ကာ အကျိုးကြောင်းကို ပြောပြလိုက်ပါသည် ။

ကျွန်မတော်တော်ကြာအောင် တွေးခဲ့ရတာတွေကို ဖေဖေက မိနစ်ပိုင်းလေးနဲ့ မြန်မာပြည်ကနေ စီစဉ်ပေးနိုင်ခဲ့ပါတယ် ။ ဖုန်းဆက်ပြီး နာရီဝက်လောက်ဘဲကြာပါတယ် ကျွန်မဆီကို ဖေဖေ မိတ်ဆွေ ဇနီးမောင်နှံ လာတွေ့ပါသည်။ မနက်ကို လာခေါ်မယ် တည်းမယ့်နေရာကို သေချာလိုက်ပို့မယ် ၊ ဘာမှ ကြောက်စရာမရှိဘူးဆိုတာတွေ သေချာပြောပြ မှာကြားပြီး ပြန်သွားကြပါသည်။ မိဘဆိုတာ အဝေး
တစ်နေရာထိ အရိပ်တွေ လိုက်မိုးပေးတယ်ဆိုတာကို ကိုယ်တွေ့ ထပ်မံသိလိုက်ရပြန်ပါသည်။ ဒါကလည်း မကုန်နိုင်တဲ့ မိဘမေတ္တာတစ်ခုပါပဲလေ ။ ဒီလိုနဲ့ ကျွန်မ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ညကို အိပ်စက်လိုက်ပါ တော့သည် ။

နောက်နေ့ မနက်မှ တည်းခိုရမယ့် အိမ်ကို ကျွန်မ ရောက်ရှိခဲ့ပါသည် ။ စင်ကာပူနိုင်ငံ ဆိုတာ အားလုံးက အလုပ်ကိုယ်ဆီနဲ့ စက်ရုပ်လူသားတွေလို ရှင်သန်နေကြတယ်လို့ ကျွန်မတင်စားချင်ပါသည် ။ လူတိုင်းကြည့်လိုက်ရင် အလုအယက် လမ်းသွားနေသူတွေ ။ မျက်လုံးပွင့်တယ်ဆိုတာနဲ့ အလုပ်ကို ပြေးကြရသည် ။ ဒါကြောင့်လည်း ခဏလေးအတွင်း အရမ်းကို တိုးတက်လာခဲ့ခြင်း ဖြစ်နိုင်ပါ
သည် ။ ဒီက လူတွေကို ကြည့်ပြီး စင်ကာပူရောက်မိတ်ဆွေကို ကျွန်မရောက်နေတယ်ဆိုတာကို အကြောင်းကြားဖို့ အားနာ ၀န်လေးနေမိပါသည် ။ ကျွန်မ လျှောက်လည်ချင်သည် ။ mrt စီးကာ မြေပုံ ကိုင်ကာ ကိုယ်ကိုကိုယ် သတ္တိမွေးလိုက်ပါသည် ။ ဒီနိုင်ငံမှာ အရမ်းဈေးကြီးတာကြောင့် ရေဘူးကအစ ကျောပိုးအိတ်ထဲ ထည့်ကာ ကျွန်မ တစ်ယောက်ထဲ လျှောက်လည်တဲ့ ခရီးစဉ်ကို စတင်လိုက်ပါသည်။

စင်ကာပူနိုင်ငံဆိုတာကို ရောက်မှ ကျွန်မအိမ်မှာ အလွယ်တစ်ကူ ရရှိခဲ့သောအရာ အားလုံးသည် ထိုက်တန်သော တန်ဖိုးတွေ ရှိနေပါလားဆိုတာကို ကျွန်မသိရှိနားလည်လာခဲ့ရပါသည် ။ အိမ်မှာ မိုးလင်းတာနဲ့ မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ကော်ဖီနဲ့ မုန့်တခုခု (ဒါမှမဟုတ်) ထမင်းကြော် ဒီအစားသောက်တွေဟာ သူများနိုင်ငံမှာ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အမှန်တစ်ကယ် ၀ယ်စားရတော့မယ့် အချိန်မှာ ကျွန်မလက်တွေ တွန့်ဆုတ်နေမိပါသည် ။ မိဘ ပိုက်ဆံ ကို လွယ်လင့်တကူ သုံးခဲ့တုန်းက အပြုံးမပျက် ခွင့်လွတ်အပြုံးနဲ့ ကျေနပ်ကြည်ဖြူ ပေးခဲ့တဲ့ ဖေဖေ နဲ့ မေမေ ကို အမြဲလို ပြေးမြင်ခံစား မိပါသည် ။ နိုင်ငံရပ်ခြားမှာ အခြေတကျ အလုပ်လုပ်နိုင်ဖို့ဆိုတာ တစ်ကယ်တမ်းကျ အင်မတန်
မှ ခက်ခဲလွန်းပါတယ် ။ ကျွန်မ အလုပ်ရှာတဲ့ရက်တွေမှာ စိတ်အားငယ်ခြင်း ၊ စိတ်ပင်ခြင်း ၊ အေးဂျင့်က စိတ်မှ ချရဲ့လား ၊ ငါပေးလိုက်မိတဲ့စရံလေးများ ပလုံသွားမလားဆိုတဲ့ ယောက်ယက်ခက်တဲ့ အတွေးပေါင်း မြောက်မြားစွာတဲ့ အိပ်မရတဲ့ ညတွေက အများသား ။ အိမ်က vzo ချက်မယ်ပြောရင်တောင် မျက်ကွင်း ဟောက်ပတ် ကိုယ်ပုံကို မမြင်စေချင်တာကြောင့် တွေ့ချင်ရက်နဲ့ မတွေ့ရတဲ့ ဒုက္ခကတမျိုး  ။

ဒီလို များပြားထွေလီတဲ့ ခံစားချက်တွေကို အံ့တုရင်ဆိုင်ကာ ကြိုးစားနေသော်ညား အလုပ်က အဆင်မပြေ ။ ကဲဘယ်မလဲ ပျော်စရာဆိုတာ ဘယ်သူကလွတ်ခဲ့တာလဲ ? ကိုယ်သဘောနဲ့ ကိုယ်လာခဲ့တာပါ ။ ဟုတ်ပြီ ဘာလို့ အဆင်မပြေတာလဲ ? ပြင်ဆင်မှု အားနည်းခဲ့လို့ပါ ။ ဒါဆို
ဘာလုပ်မလဲ ? ဟုတ်ကဲ့ တွေးနေပါတယ် ဆိုတဲ့ အဖြေနဲ့ အတူ လူက အားအင် ကုန်ခမ်းနေပါပြီ ။ ကျွန်မလက်တွေ့ တစ်ခုကို နမူနာလေးပြောပြချင်ပါသည် ။ ကျွန်မ အလုပ်သွားတင်တဲ့ အေးဂျင့်မှာ အမတစ်ယောက်ကို တွေ့ခဲ့ပါသည်။ သူက မြန်မာပြည်မှာ accounting ကို ၁၀ နှစ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူလို့ ပြောပါသည်။ အမှန်တစ်ကယ်ကို လည်း သူတကယ်လုပ်ခဲ့တာပါ ။ အေးဂျင့်က သူကို admin ကနေ စ၀င်ပြီး ကျင့်သားရမှ accounting  ကို ပြောင်းဖို့ ပြောပေမယ့်  အဲဒီအမက သူမှာလုပ်ငန်းအတွေ့ကြုံ ရှိနေပြီးတားမို့မလိုကြောင်းပြောကာ accounting ကနေ စအလုပ်ဝင်ပါသည်။
အလုပ်ဝင်ပြီး တစ်ပတ်အကြာမှာ ဘယ်လိုမှ မတူတာကြောင့် အဆင်မပြေတာတွေ များကာ အေးဂျင့်ဆီ ငိုလို့ရောက်လာချိန် ကျွန်မတွေ့မြင်ခဲ့ရခြင်းပါ ။ ဆိုလိုချင်တာကတော့ နေရာတွေ အထာတွေ ပုံဆံတွေ
ကွာခြားတယ်ဆိုတာကို ပြောချင်တာပါ ။ အင်္ဂလိပ်စကား (သို့မဟုတ် ) တရုတ်စကား (သို့မဟုတ်) မလေးစကားကို ကျွမ်းကျင်စွာပြောတတ်နေဖို့က ပထမဆုံးအရေးကြီးပါသည်။ နောက်တစ်ခုက ဆုံးဖြတ်ချက်ခိုင်မာရမယ် ။ ကိုယ်ကို ကိုယ် ယုံကြည်မှု အပြည့်ဝရှိဖို့လည်း အထူးပင်လိုအပ်ပါသည်။ ကိုယ်ကပြောတတ်ပြီး သူများပြောတာကို နားမလည်သူတွေလည်း တော်တော်များများတွေ့ရပါသည်။ အင်္ဂလိပ်စကားကို ပြောတတ်ဖို့လိုသလို ၊ သူများပြောလာတာကိုလည်း သေချာ သဘောပေါက် နားလည်ဖို့လည်း လိုအပ်ပါသည်။ 
လူကဲခတ်တတ်ဖို့လည်း လိုအပ်ပါသေးသည် ။ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ကိုကိုယ် အမှန်တစ်ကယ် ရပ်တည်နိုင်ရဲ့လား သူများနိုင်ငံကို သွားဖို့ငါမှာ အချက်လက် ၊ အရည်ချင်းတွေ ပြည့်စုံပြီလားဆိုတဲ့ အချက်က အဓိက အကျဆုံးအချက်ပါဘဲရှင် ။ ဒီတော့ ကျွန်မလို နိုင်ငံခြားရောဂါထနေသူတွေ ကို ဒီဆောင်းပါးလေးကို ဖတ်ပြီး သေချာ ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းရင်း လူတိုင်း မိမိလိုရာပန်းတိုင်ကို လျှောက်လှမ်းပျော်ရွင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးလိုက်မိပါတော့သည်။

*ကေ* 29

  1 comment:

  1. အဲ့ လောက်ကြီးလဲ မဟုတ်ပါဘူး .
    မြန်မာနိုင်ငံမှာ account ကို ၁၀ နှစ်လောက် လုပ်တာတောင် ဒီ မှာ မလုပ်နိုင်ဘူး ဆိုတာတော့ သူကိုယ်တိုင် ညံ့လို့ ဒါမှ မဟုတ် . အလုပ်က အနိုင်ကျင့်  / ဆိုးတဲ့ သူဌေး လုပ်ဖော် ကိုင်ဖက်တွေ ကြောင့်ဖြစ်မှာပါ .
    စင်ကပူ ဆိုတာ ဘာမှ မဟုတ်ပါဘူး . မိန်းခလေး တွေ အတွက် ကာကွယ်မှု မြင့်တဲ့ နိုင်ငံတခုပါ .
    စင်ကပူ လာဖို့ ပြင်ဆင်မှုတွေ ၁၀ နှစ်လောက်ကြီး လုပ်နေစရာ မလို ပါဘူး .
    ဘာ အတွေ့ အကြုံ မှ မ၇ှိ လဲ ဘဲ ပတ်ဝန်းကျင် အသစ် မှာ လိုက်ရော ညီထွေ စွာ နေတတ်ရင် စင်ကာပူ ထက် မြင့်တဲ့ နိုင်ငံတွေ မှာလဲ ခ န နဲ့ နေသားကျနိုင်ပါတယ် . ကိုယ်တွေ့ နဲ့ ပြောတာပါ . ကျနော် autocad တခါမှ သင်တန်း မတတ်ခဲ့ ပါဘူး . မင်း စင်ကပူ သွားချင်ရင် အော်တိုကက် တတ်ကို တတ်ရမယ် ဆိုတဲ့ သူများတကာ law တွေ ကို ပါယ်ချခဲ့ တဲ့ သူပါ .ဒီရောက်တော့ autocad ဆွဲတဲ့ အလုပ်ရတယ် . သူ့ ဟာ နဲ့ သူ ဖြစ်သွားတာပါပဲ .

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...