Saturday, August 4, 2012

စားကျက်မြေများ၊ အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ


by Burma VJ Media Network on Saturday, August 4, 2012 at 1:37am ·

 ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် တောစွန်း ကျေးရွာ၊ ဘူးသနွတ် ကျေးရွာ၊ မကိုက်ပုံ ကျေးရွာ၊ ဘိုးနတ်ပေး ကျေးရွာ တို့ရှိ စားကျက်မြေ ၊ သင်္ချိုင်းမြေ၊ နှင့် မိရိုးဖလာ လုပ်ကိုင်ကြသော အင်းများ စုစုပေါင်း ၅၇၅.၉၄ ဧက ကို ၂၀၀၅ ခုနှစ်မှ စ၍ စတီးလ်စတုန်းကုမ္မဏီ(Steel Stone Company) က ကျေးရွာ ရ.ယ.က ၊ ထန်းတပင်မြို့နယ် မ.ယ.က တို့နှင့်ပူးပေါင်း၍ သိမ်းယူခဲ့ပါသည်။


   ယင်းသို့သိမ်းယူခဲ့သည့်အတွက်ကြောင့် ကျေးရွာများမှ စားကျက်မြေများ မရှိတော့သည့်အတွက် နွားကျွေးရန် မြစ်ကိုကူး၍ တစ်ဖက်ကမ်း ညောင်တုန်းမြို့နယ်သို့ သွားရောက်၍ မြက်ရိတ်ရသည့်အတွက် အလွန်ဒုက္ခရောက်ရကြောင်း၊ သွားရောက်၍ မြက်မရိတ်နိုင်လျှင် မြက်ပေါသော မိုးရာသီ ဖြစ်သော်လည်း ကောက်ရိုးများကိုသာ ကျွေးရကြောင်း၊ သိမ်းယူသည့် မြေများအတွင်း သချိုင်းမြေပါသွားသည့်အတွက် နာရေးဖြစ်လျှင် ကုမ္မဏီမှ သိမ်းယူထားသည့် နယ်နိမိတ်အနီးမှ တာရိုးတွင် တိတ်တဆိတ်မြုပ်နှံ သဂြိုဟ်ရကြောင်း၊ သိမ်းယူထားသည့် စားကျက်မြေများ အတွင်းသို့ နွားများ ဝင်ရောက်ပါက နွားများကို ဖမ်းထားသောကြောင့် နွားတစ်ကောင်လျှင် ငွေသုံးထောင်ကျပ်ပေး၍ ပြန်လည်ရွေးယူရကြောင်း တောစွန်းကျေးရွာမှ လယ်သမားတစ်ဦးမှ ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။

     ထို့ပြင် ယခင်ကတည်းကရှိခဲ့သော ရွာချင်းဆက်လှည်းလမ်းကို ကုမ္မဏီမှ မြေဖို့ထားရာ လှည်းလမ်း ပြန်လည်ဖောက်လုပ်သော လယ်သမား ၁၃ ဦးကို ကုမ္မဏီမှ အကျိုးဖျက်ဆီးမှု (ပုဒ်မ ၄၂၇)ဖြင့် ထန်းတပင် မြို့နယ်တရားရုံးတွင် စွဲဆိုခဲ့သည့်အတွက် တရားရင်ဆိုင်နေရသည်။

စားကျက်မြေများ ပြန်လည်ရရှိရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ယခုနှစ် ၄ လပိုင်းတွင် အသနားခံစာတင်သွင်း လျှောက်ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...