ရိုဟင်ဂျာပြဿနာအပေါ် ဦးဦးမှော်ဆရာ သဘောထား
ရိုဟင်ဂျာပြဿနာဖြစ်နေတဲ့ကာလတစ်ေ လျာက်လုံး ကျနော် ဘယ်ဘက်ကမှ တစ်ခွန်းမှ ၀င်မပြောဖူးပါ။
အကြောင်းရင်းကတော့ မှော်ဆရာဂရုထဲမှာ ရိုဟင်ဂျာအရေးတက်ကြွစွာ ရေးသားနေသူများရဲ့ စာများကို
ဖတ်ကြည့်တော့ ကျနော်ဝင်ပြောစရာကောင်းလောက်အော င် စိတ်ဝင်စားစရာ တစ်ကွက်မှ မရှိလို့ပါ ။
အသက်ငယ်ရွယ်ပြီး ဗဟုသုတနည်းပါးလို့လား ? သို့မဟုတ် နှစ်ပေါင်းများစွာ အတွေးအခေါ်ပိုင်းမှာ
Brain Wash လုပ်ခံထားရတဲ့ အကျိုးဆက်ကြောင့်လား ? သို့မဟုတ် နဂိုထဲက ဘာသာရေးမုန်းတီးမှု
ပြင်းပြင်းထန်ထန် ရှိနေသူများဖြစ်နေလို့လား ?? ကျနော်မသိပါ ။ သို့သော်လည်း တိုက်ကွက်တွေက စထဲကလမ်းလွဲနေပါတယ် ။ ကျနော့်စကားကို ရှင်းအောင်ထပ်ပြောပါရစေ ..
ရိုဟင်ဂျာများကို လက်မခံလိုတာ ဆန့်ကျင်တာဟာ ဘာသာရေးအရမဟုတ်ပါဘူး ..
နိုင်ငံအရေး၊ အချုပ်အခြာပိုင်မှုအတွက်ကြောင့် ပါလို့ တရစပ်ပြောနေပေမဲ့... စထဲက ဒီလူတွေ ရေးသားခဲ့တာတွေက ဘာသာရေးကိုဦးတည်တိုက်ခိုက်တဲ့ စာတွေပဲ ဖြစ်ပါတယ်။ ကျနော်တစ်ကြိမ်ဝင်ပြီး သတိပေးပါသေးတယ် ။
ဒီလိုလက်တွေ့ကျဖြစ်နိုင်ချေကို ထောက်ပြပြောဆိုသူတစ်ချို့ ဂရုထဲမှာတွေ့ဖူးပါတယ် ။ သူတို့ကိုလည်း
ကုလားမို့လို့ ဒီလိုပြောတာလို့ အစွပ်စွဲခံရပါတယ် ။ တကယ်တော့ ဒီလိုအမြင်ရှိသူတိုင်းဟာ မွတ်ဆလင်
ဖြစ်နေလို့ လို့ထင်နေတာကိုက ကိုယ့်မြန်မာလူမျိုး အချင်းချင်း အထင်သေးရာေ၇ာက်နေပါတယ် ။
ခုလက်ရှိ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ မျိုးချစ်စိတ်ဆိုတာ ကျနော်တွေးမိသလောက် ကျနော့်လို
ရှမ်းအမျိုးသားတစ်ဦးအနေနဲ့ ရှမ်းလူမျိးကိုပဲ ချစ်ရတော့မယ်ထင်ပါတယ် ။ သို့မဟုတ် မျိုးချစ်စိတ်ဆိုတာ
ဘာသာတူချင်းသာချစ်ခင်ရမယ်ဆိုရင် ကျနော့်လို ဘာသာမဲ့မိဘကမွေးဖွားသော မိရိုးဖလာ ဘာသာမဲ့
တစ်ယောက်က မြန်မာပြည်မှာနေပြီး ဘာကိုချစ်မြတ်နိုးရမလဲ မသိပါ ။ မြန်မာပြည်မှာနေထိုင်တဲ့ အိန္ဒိယ
လူမျိုးများက အိန္ဒိယနိုင်ငံကို သစ္စာခံ ၊ တရုတ်လူမျိုးများက တရုတ်ပြည်မကို သစ္စာခံ ၊ တိုင်းရင်းသား
မျိုးနွယ်စုတွေက ဆိုင်ရာသူ့မျိုးနွယ်စုတွေအတွက် ပဲ စဉ်းစားကြရမဲ့ပုံပါ ။ ဒီအတိုင်းသာ ဆက်လက်ကိုင်စွဲနေရင်
နိုင်ငံအတွက်အလွန် အန္တရာယ်ကြီးမားပြီး ကြောက်စရာ ကောင်းတဲ့ လူမျိုးကြီးဝါဒ ဘာသာကြီးဝါဒ ဆီကို
ဦးတည်သွားပြီး တချိန်မှာ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံ ၅ နိုင်ငံလောက် ဖြစ်ထွန်းလာပါလိမ့်မယ် ..
တကယ်တော့ ခေတ်အဆက်ဆက် အာဏာရှင်များရဲ့ အင်အားစုစည်းမှုဒေါက်တိုင်တစ်ခု တည်ဆောက်ရာမှာ
အဓိကသုံးခဲ့တဲ့ နားလည်မှုလွဲမှားနေတဲ့ မျိုးချစ်စိတ်ဆိုတဲ့စကားအစား နိုင်ငံချစ်စိတ်သည်သာ မြန်မာပြည်လို
ပြည်ထောင်စုနိုင်ငံတစ်ခုအတွက် အဓိကလိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
--
အကြောင်းရင်းကတော့ မှော်ဆရာဂရုထဲမှာ ရိုဟင်ဂျာအရေးတက်ကြွစွာ ရေးသားနေသူများရဲ့ စာများကို
ဖတ်ကြည့်တော့ ကျနော်ဝင်ပြောစရာကောင်းလောက်အော
အသက်ငယ်ရွယ်ပြီး ဗဟုသုတနည်းပါးလို့လား ? သို့မဟုတ် နှစ်ပေါင်းများစွာ အတွေးအခေါ်ပိုင်းမှာ
Brain Wash လုပ်ခံထားရတဲ့ အကျိုးဆက်ကြောင့်လား ? သို့မဟုတ် နဂိုထဲက ဘာသာရေးမုန်းတီးမှု
ပြင်းပြင်းထန်ထန် ရှိနေသူများဖြစ်နေလို့လား ?? ကျနော်မသိပါ ။ သို့သော်လည်း တိုက်ကွက်တွေက စထဲကလမ်းလွဲနေပါတယ် ။ ကျနော့်စကားကို ရှင်းအောင်ထပ်ပြောပါရစေ ..
ရိုဟင်ဂျာများကို လက်မခံလိုတာ ဆန့်ကျင်တာဟာ ဘာသာရေးအရမဟုတ်ပါဘူး ..
နိုင်ငံအရေး၊ အချုပ်အခြာပိုင်မှုအတွက်ကြောင့်
ဒီလို ဘာသာရေးတိုက်ခိုက်စာတွေကြောင့် ကိုယ်မဖြစ်စေချင်တဲ့အခြေအနေတစ် ခုကို ကိုယ်တိုင်
တွန်းပို့ပေးရာ ရောက်သွားနိုင်ပါတယ်လို့ ကျနော် သတိပေးဖူးပါတယ် ။
ဒါပေမဲ့ ကျနော်ဘာကိုဆိုလိုသလဲ နားမလည်လို့လား ၊ အမျိုးသားရေးစိတ်ပြင်းထန်နေလို့ လားတော့ မသိဘူး..
ကျနော့်ကိုတောင် မွတ်ဆလင်လို့ စွပ်စွဲပြီး ကုလားကျင့်ကုလားဥာဏ်ဆိုလား ခနဲ့တဲ့တဲ့ပြောသူ တစ်ချို့
ရှိခဲ့ပါတယ် ။
ခုချိန်မှာ ရိုဟင်ဂျာများအပြင် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင် များပါ ကိုးကွယ်ရာဘာသာတရားကို အကြောင်းခံပြီး ခွဲခြားနှိမ့်ချဆက်ဆံခံနေရပါတယ် လို့ နိုင်ငံတကာမှာအသံကျယ်ကျယ်လောင်ေ လာင် ထွက်လာပါပြီ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးတစ်မျိုး ၊ လူတစ်စုကိုမှ အသားအရောင် ၊ ကိုးကွယ်ရာဘာသာ
ခွဲခြားပြီးဆက်ဆံလို့ လုံးဝမရပါဘူး။ ဒီပြဿနာက တဖြည်းဖြည်းနဲ့ international Issue ဖြစ်လာလို့
ဒီဘက်ကလည်း ရခိုင်အရေးခင်းဟာ ဘာသာရေးပြဿနာမဟုတ်ပါဘူးလို့ တွင်တွင် ငြင်းချက်ထုတ်နေရပါပြီ ။
နောက်တစ်ချက် စဉ်းစားကြည့်ပါ .. ခုချိန်ကျမှ မြန်မာမွတ်ဆလင်များ တိုင်းပြည်ချစ်စိတ်ရှိရင်
ရိုဟင်ဂျာကိုလက်မခံတဲ့အကြောင်း ကြေငြာချက်ထုတ်ပါ ။ နိုင်ငံတကာကပြောနေတာတွေ မှားယွင်းကြောင်း
ကန့်ကွက်ပါလို့ ပြောနေပေမဲ့ ဒီကိစ္စ စဖြစ်ထဲက မွတ်ဆလင်အားလုံးကို သိမ်းကြုံးပြီးစော်ကားခဲ့တာလဲ
ဒီလူတွေပါပဲ ..ဒီလို လုပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာဆိုတာ ဘာမှန်းမသိတဲ့ မွတ်ဆလင်တွေလဲ မွတ်ဆလင်
အားလုံးကိုတိုက်ခိုက်နေတာဆိုတဲ့ အသိနဲ့ ဘာသာတူချင်း တဘက်ထဲမှာ သွားရပ်နေပါတော့တယ် ..

စဉ်းစားစရာအချက်တစ်ခုကို ကျနော်ထပ်ပြောပါ့မယ်.. ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံသားမွတ်ဆလင်အားလုံး ကိုကိုယ်စားပြုတဲ့ လူမျိုးစုတစ်ခုဖြစ်ပါသလား ? လုံးဝမဟုတ်ပါ ။ ဒီတော့ ရိုဟင်ဂျာသည် နိုင်ငံသား/တိုင်းရင်းသား
အဖြစ်အသိအမှတ်ပြုခံရရင်တောင်မှ ကျန်သော အစ္စလာမ်ဘာသာကိုးကွယ်သူများအတွက် မသက်ဆိုင်ဘဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းေ ဒသတ၀ိုက်မှ မွတ်ဆလင်များအတွက်သာ ဖြစ်ပါလိမ့်မယ် .. ဒါကိုစဉ်းစားမိရင်
ဦးဆောင်သူများဟာ သိမ်မွေ့စွာကိုင်တွယ်ခဲ့ရင် အမှန်တကယ် နယ်ချဲ့ကျူးကျော်သူများကို
ဆန့်ကျင်သူများထဲမှာ မွတ်ဆလင်တွေကိုယ်တိုင် ပါဝင်လာမှာမလွဲပါဘူး ။ ဘာသာရေးပဋိပက္ခလည်း
ဖြစ်စရာအကြောင်းမရှိပါ ..
ဒီလိုလက်တွေ့ကျဖြစ်နိုင်ချေကို ထောက်ပြပြောဆိုသူတစ်ချို့ ဂရုထဲမှာတွေ့ဖူးပါတယ် ။ သူတို့ကိုလည်း
ကုလားမို့လို့ ဒီလိုပြောတာလို့ အစွပ်စွဲခံရပါတယ် ။ တကယ်တော့ ဒီလိုအမြင်ရှိသူတိုင်းဟာ မွတ်ဆလင်
ဖြစ်နေလို့ လို့ထင်နေတာကိုက ကိုယ့်မြန်မာလူမျိုး အချင်းချင်း အထင်သေးရာေ၇ာက်နေပါတယ် ။
ခုလက်ရှိ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ မျိုးချစ်စိတ်ဆိုတာ ကျနော်တွေးမိသလောက် ကျနော့်လို
ရှမ်းအမျိုးသားတစ်ဦးအနေနဲ့ ရှမ်းလူမျိးကိုပဲ ချစ်ရတော့မယ်ထင်ပါတယ် ။ သို့မဟုတ် မျိုးချစ်စိတ်ဆိုတာ
ဘာသာတူချင်းသာချစ်ခင်ရမယ်ဆိုရင် ကျနော့်လို ဘာသာမဲ့မိဘကမွေးဖွားသော မိရိုးဖလာ ဘာသာမဲ့
တစ်ယောက်က မြန်မာပြည်မှာနေပြီး ဘာကိုချစ်မြတ်နိုးရမလဲ မသိပါ ။ မြန်မာပြည်မှာနေထိုင်တဲ့ အိန္ဒိယ
လူမျိုးများက အိန္ဒိယနိုင်ငံကို သစ္စာခံ ၊ တရုတ်လူမျိုးများက တရုတ်ပြည်မကို သစ္စာခံ ၊ တိုင်းရင်းသား
မျိုးနွယ်စုတွေက ဆိုင်ရာသူ့မျိုးနွယ်စုတွေအတွက်
နိုင်ငံအတွက်အလွန် အန္တရာယ်ကြီးမားပြီး ကြောက်စရာ ကောင်းတဲ့ လူမျိုးကြီးဝါဒ ဘာသာကြီးဝါဒ ဆီကို
ဦးတည်သွားပြီး တချိန်မှာ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံ ၅ နိုင်ငံလောက် ဖြစ်ထွန်းလာပါလိမ့်မယ် ..
တကယ်တော့ ခေတ်အဆက်ဆက် အာဏာရှင်များရဲ့ အင်အားစုစည်းမှုဒေါက်တိုင်တစ်ခု
အဓိကသုံးခဲ့တဲ့ နားလည်မှုလွဲမှားနေတဲ့ မျိုးချစ်စိတ်ဆိုတဲ့စကားအစား နိုင်ငံချစ်စိတ်သည်သာ မြန်မာပြည်လို
ပြည်ထောင်စုနိုင်ငံတစ်ခုအတွက် အဓိကလိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0------------- --------------------
( ) 0ooo
\ ( ( )
\_) ) /
(_/
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0-------------
( ) 0ooo
\ ( ( )
\_) ) /
(_/
0 comments:
Post a Comment