Tuesday, August 14, 2012

ဆရာတော်ကြီးများရဲ့ ဆုံးမစာ။


ဆုံးမစာ



သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။ လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ ………………………………..
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ ……………………………….
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်။ မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်။
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် …………..
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ ……. သူ့ကြောင့် ခံစားခဲ့ဖူးပြီ ……….. ၀မ်းသာရတာခံစားရတာပင်ပန်းလှပါပြီ……………………..
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။ ၀မ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။ ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့…………………………………..
ဓမ္မဒူတ ဆရာတော် (မှော်ဘီ )

စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ- သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ….
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

မပြိုကွဲနိုင်တဲ့ အရာကို ဆောင့်မတိုးလိုက်နဲ့ သူမကွဲရင် ကိုယ်ကွဲမယ်……………

ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

အမှိုက်လှဲ ပြီးမှ ရှင်းတာထက် မရှုပ်ဘဲ ရှင်းနေတာက ပိုကောင်းမယ်………………….
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်…………… နေရာချင်း မတူရင်…………… အဖြစ်ချင်း မတူရင်………….. အသိချင်း မတူနိုင်ပါဘူး………
ဒါလေးတော့…. နားလည်သင့်တာပေါ့………………
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ငယ်တုန်းက ထမင်းကို ၀ါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့် ကြီးလာတဲ့ အခါ အန်ဖတ်တွေ ထင်တတ်တယ်…………
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကျေနပ်စရာကြောင့်ဖြစ်စေ မကျေနပ်စရာကြောင့်ဖြစ်စေ လောကဓံကြောင့်တုန်လှုပ်နေသူ မှန်သမျှ
လောကကို အရှုံးပေးနေရသူချည်းပါပဲ………………
ဆရာတော် တစ်ပါး

အယောင်ဆောင် ပညာရှိက အပြစ်ကိုသာရှာပြီးထောက်ပြတတ်တယ်။ ပညာရှိအစစ်က အမှန်ကို ချီးကျူးပြီး အမှားကို ပြုပြင်ပေးတယ်။
အဋ္ဌကထာဆရာတော် ( သီဟိုဠ် )

ကိုယ်က မှန်အောင်နေပြီး သူများမှားနေရင်လည်း နားလည်နိုင်ရမယ်……………
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သဘာဝတရားကြီးဟာ ချစ်စရာလို့ပဲ ထင်ထင်… မုန်းစရာလို့ပဲ ထင်ထင်…

သူ့သဘော သူဆောင်တာ မှန်ပေမယ့်

သတ္တ၀ါတွေက ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး…မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ ..
လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်… …. …
(တရားဦး- ဓမ္မဘေရီ အရှင်ဝီရိယ)

မသင့်တော်တဲ့ နေရာကိုရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့ အကျင့်တွေမဖျောက်ပစ်ပါနဲ့…………………
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပညာဆိုတာ ကောင်းပါတယ်။ ပညာရှိချင်တာလား? ပညာပြချင်တာလား? နည်းနည်းတော့ သတိထားပါအုံး………….
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အသိပေးဆုံးမပေးမည့်သူကို .. ရှာသင့်ပေမယ့် ကိုယ်စကားနားထောင်မည့် သူကိုပဲ ရှာနေကြတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကျေးဇူးဆိုတာ သိတတ်သူအတွက် အကျိုးကန့်သတ်မရှိ ခံစားနိုင်သလို..
ကျေးဇူးကန်းသူအတွက် ကန့်သတ်မရှိ ပေးဆပ်ရတတ်တာမျိုး….
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

အမြဲတမ်း သူ့ကိစ္စနဲ့သူ ရှုပ်နေတာပါလို့ နားလည်ရင် ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?

ဓမ္မဘေရီဆရာတော် (တောင်စွန်း)

အဆင်ပြေတာ မပြေတာထက် နေသာဖို့က အရေးကြီးပါတယ်။ နေတတ်ရင် နေသာပါတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ။ ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ။
ရတနာသုံးပါးကို ယုံကြည်လို့ ပုံအပ်ပြီးပြီလား…………?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ လေရှိမှန်း မသိကြသလို-
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ ရေရှိမှန်း မသိကြသလို-

ဓမ္မ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း ဓမ္မ အဓမ္မကို ရှိမှန်း မသိကြပါဘူး……………။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊ လက်ခံမယ့် သူကို ပေး၊ ဒါမှ အဆင်ပြေမယ်……………။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

စေတနာ သည် လူတိုင်းနဲ့ မတန်သည် မဟုတ်။
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ်…………။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘေးကိုကြည့်လွန်း အားကြီးရင် ဘေးတွေ့တတ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က ကြိုက်လို့ကောင်းတာထက် ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့……………….။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အမြင့်ရောက်မှ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့

မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။

မုန်းလောက်အောင် ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက မုန်းချင်သလောက် မုန်းစမ်းပါစေ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ရက်ရက်စက်စက် ရိုးသားလိုက်စမ်းပါ၊ ဒီရက်စက်မှုမျိုးကို သူတော်ကောင်းတွေက မြတ်နိုးပါတယ်။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မင်းမရှိလည်း ဖြစ်တယ် သူမရှိလည်း ဖြစ်တယ် ငါမရှိလည်း ဖြစ်တယ် ဘာမျှ မရှိလည်းဖြစ်တယ်………….။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မိုက်မဲတယ် ဆိုတာ မိုက်လွန်လွန်း အားကြီးလို့ ကြုံတာလေး တစ်ခုတည်းကို မဲ နေတာ…………။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ့်စကားကို သူ နားထောင်စေချင်ရင် သူ့စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါဦး
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

အထွတ်အထိပ်ကို ရောက်သွားသူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

https://www.facebook.com/permalink.php?story_fbid=141665982632238&id=110938529038317

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...