Tuesday, August 14, 2012

ဒီတောနက်ကြီးထဲ


by Myo Myint Thwe on Tuesday, August 14, 2012 at 9:01am 

ဒီတောနက်ကြီးထဲ မိုးကသည်းကြီးမည်းကြီးရွာယုံတင်မကဘူး လေကပါထန်နေသေးတယ်။ ရှေ.  ကိုက် ၂၀ လောက် အကွာကိုတောင် လှမ်းကြည့်လို. ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ လူတစ်ကိုယ်လုံးရွဲရွဲစိုနေပြီး အေးစက်လာတာတောင်မှ နေရာကရွေ.လို.မရသေးဘူး။ အေးလွန်းလို. ခေါင်းတွေလဲကျင်နေသလိုပဲ၊ ဗိုက်ထဲကလဲဆာလှပြီ၊ လက်ရှိအနေအထားကနေ လှုပ်လိုက်ရင်တောင် လဲကျသွားမလိုဖြစ်နေပြီ။ ဒီနေရာကို မလာရခင်က စားခဲ့တဲ့ ထမင်းပူပူကိုသတိယလိုက်မိတယ်။ ပိုဆာလာသလိုပဲ။ မိုးရေတွေအေးသလောက် ခန္ဒာကိုယ်က ပူလာတယ်၊ ငှက်ဖျားပြန်ထလာပြန်ပြီ။
အားကိုးရာတစ်ခုလိုမှတ်ယူယုံကြည်ပြီးမလွတ်တန်းကိုင်ထားတဲ့ စီးပိုးလေးလံလှတဲ့  လက်ထဲက ပစ္စည်းကို အခုမှတွေ.ဘူးသလိုယောင်ပြီးကြည့်နေမိတယ်။ ဒီပစ္စည်းကိုဘာလို.ကိုင်ခဲ့တာလဲ ဘာလို.ကိုင်ထားမိတာလဲ ၊ ဘယ်အချိန်ထိ ကိုင်ထားရဦးမှာလဲ ယုံကြည်ရာတွေကရော ဒီပစ္စည်းနဲ.ဘယ်လိုပတ်သက်ခဲ့တာလဲ၊ လျှောက်နေတဲ့လမ်းကရော ဒီပစ္စည်းနဲ.မှဖြစ်မှာတဲ့လား။
စဉ်းစားလိုက်တိုင်း ခေါင်းထဲမှာချာချာလည်နေမြဲ၊ ကိုယ်အပူချိန်ကပိုတက်လာတယ် ခေါင်းပေါ်က စီးကျလာတဲ့မိုးရေတွေက မအေးတော့ပဲ ပူလာတယ်၊ မျက်လုံးကဖွင့်မရတော့အောင်လေးနေပြီ ဗိုက်ထဲကဆာလောင်မှုကလဲပိုတိုးလာတယ်။ အမေချက်တဲ့ မုန်လာဥချဉ်ဟင်းနံ.လေး ရလိုက်သလိုပဲ၊
အမကြီးလုပ်ပေးတဲ့ ငပိသုပ်လေးနဲ.စားလိုက်ရရင် အခုခံစားနေရတာတွေပျောက်ကုန်မှာ။ မိုးရေတွေနဲ.ရောပြီးကျလာတာ မျက်ရည်တွေလား  ယောက်ရမ်းပြီးဘေးကိုငဲ့ကြည့်မိတယ် မျက်ရည်တွေကို ဘယ်သူတွေတွေ.သွားမလဲ။ ခါးကိုပြန်မတ်ထားမိတယ်။ ကိုယ်တိုင်ရွေးခဲ့တဲ့ဒီလမ်းကို ရောက်အောင်လျှောက်ဖို.ပဲရှိတယ်၊ နောက်ပြန်လှည့်လို.မရတော့ဘူး။ စိတ်ကိုတင်းလိုက်မိတယ်။ ရင်ထဲကခံစားချက်တွေ ဘယ်သူမှမမြင်စေရဘူး။  ဒီတောနက်ကြီးထဲမှာပဲနေရတော့မှာလား ၊ အမေ.စီကိုမပြန်ရတော့ဘူးလား သူ.ကိုသတိယပြီး အမေ ငိုနေမှာလား၊ အမေ-- အမေ --  အိပ်နေရင်းနဲ. ယောင်ပြီးတမိမှာစိုးတယ်၊ သူ.လိုပဲ အမေနဲ.ခွဲနေရတဲ့လူတွေအချင်းချင်း သူတစ်ယောက်ထဲ အမေကိုပိုလွမ်းတတ်တယ်ထင်မှာစိုးတယ်၊ သူတို.ကိုအမေ.ရင်ခွင်ကနေခွဲထုတ်လိုက်တဲ့လူတွေကိုလဲ နားကျည်းမိတယ်၊ ဒီတောနက်ကြီးထဲက ရုန်းထွက်ဖို.ဘယ်လိုလုပ်ရမလဲ၊ သူတို.ထဲကတချို.ကတော့ လွတ်မြောက်သွားကြပြီ၊ သူကရော အသက်ရှိရက်နဲ.လွတ်မြောက်မှာလား ဘယ်သူမှမသိလိုက်ပဲ-- အမေတောင်မသိလိုက်ပဲ သေသွားနိုင်မလား အာခေါင်တွေခြောက်လာတယ် ပါးစပ်ဟပြီး ၀င်လာတဲ့မိုးရေကိုမျိုချလိုက်ပေမဲ. အာသာမပြေနိုင်ဘူး တွေးရင်းစဉ်းစားရင်းခေါင်းတွေပိုမူးလာတယ် အလန်.တကြားအော်လိုက်တဲ့အသံတွေကိုနောက်ဆုံးကြားလိုက်ရပြီးတဲ့နောက်မှာ ဒီတောနက်ကြီးထက် ပိုနက်ရှိုင်းတဲ. အမှောင်ကမ္ဘာကြီးထဲကို ထိုးစိုက်ကျသွားတယ်။

ဒီတောနက်ကြီးထဲ မျက်စိတစ်ဆုံးလှမ်းကြည့်လို.မြင်မြင်ရာမှာ ဖြူဖွေးနေတဲ့နှင်းတွေအပြည်.နဲ.တိုက်လာတဲ့လေကလဲ အသည်းထဲထိအောင်အေးစက်နေတယ်၊ ခြေတလှမ်း လှမ်းလိုက်တိုင်း နစ်ဝင်သွားတဲ့ နှင်းတွေကို ဘယ်လိုမုန်းမှန်းမသိဘူး ဒီနှင်းတွေကိုကာကွယ်ဖို.၀တ်ထားရတဲ့ လေးလံနေတဲ့အ၀တ်တွေကိုလဲမုန်းတယ်၊ လနဲ.ချီပြီပျောက်တတ်တဲ့နေမင်းကြီးကိုလဲသတိယမိတယ်
နေရောင်နဲ.မထိတွေ.ရတာကြာတဲ့ အသားအရည်တွေက ဖြူဖတ်ဖြူလျော်ဖြစ်နေသလိုပဲ။ နှင်းရိုက်တဲ့ ဒဏ်ကြောင့် အရေပြားတွေပတ်ကြားအက်မတတ်ဖြစ်ကာ ကြမ်းရှရှနဲ. နှုတ်ခမ်းကလဲ သွေးစို.တဲ့ထိ ကွဲအက်နေပြန်ပြီ၊ နေရာဒေသနဲ.အနေအထားတွေသာပြောင်းသွားတယ် ဒီတောနက်ကြီးတွေရဲ.သဘာဝက အတူတူပဲ၊ တောဥပဒေသဆိုတဲ့ ကြီးနိုင်ငယ်ညှင်းတွေရှိတယ်၊ အချိန်တော်တော်ကြာအောင် ကြိုးစားပြီးမှနားလည်လာတဲ့ဘာသာစကားတွေရဲ.အသံတွေကိုလဲ အခုထိနားမယဉ်နိုင်သေးဘူး၊ တစ်ထွာသာရှိတဲ့ဝမ်းအတွက် တစ်မျိုးပြီးတစ်မျိုးအပြောင်းလဲလုပ်လာရတဲ့ အလုပ်တွေကိုလဲ စိတ်ကုန်လှပြီ၊ အသက်ရှူတာခြင်းတူပေမဲ. အသားအရောင် မျက်လုံးအရောင် ဆံပင်အရောင် တွေနဲ. စကားပြောသံတွေရဲ. ကွာခြားချက်တွေက သူ.အတွက် အခက်အခဲတွေဖြစ်ခဲ့ရတယ်၊ သူ.ရဲ.မလျှော့တဲ့စိတ်ဓါတ်တစ်ခုထဲကိုအားကိုးပြီး ဒီအချိန်ထိ ရပ်တည်နိုင်ခဲ့တာကိုတော့ ကျေနပ်မိပါရဲ.၊
လျှောက်ခဲ့တဲ့လမ်းက ပြန်လှည့်မကြည့်ချင်လောက်အောင် ခလုတ်ကန်သင်းတွေးနဲ.ကြမ်းတမ်းလှပါတယ်၊ ဒီတောနက်ကြီးတွေထဲမှာ ငိုခြင်းရယ်ခြင်း ခံစားချက်တွေ၊ ချစ်ခြင်းကြင်နာခြင်းခံစားချက်တွေကလဲ မှန်မှန်ကန်ကန်မရှိတာတွေကို ကြုံတွေ.ခဲ့ရပေါင်းလဲများလှပြီ၊ တခါတခါ သူ.ကိုယ်သူ ခံစားချက်မဲ့နေတဲ့ အသက်ရှူနေတဲ့ အရုပ်တစ်ရုပ်လို.ထင်မိတယ်။ သူအကြောက်ဆုံးက ညနက်အိပ်ယာဝင်ချိန်တွေပဲ၊ အပူပေးစက်မဖွင့်ပဲ အိပ်မရတဲ့နေရာမှာ  နွေးထွေးတဲ့အမေ.ရင်ခွင်ကိုသတိယတယ်၊ မွန်းကျပ်နေအောင် စောင်ထူကြီးတွေအောက်မှာ မျက်ရည်တုတ်တုတ်ကျရင်း အသံမထွက်ပဲ ငိုတတ်တာလဲကြာပြီ၊ ကြိုးစားပြီးအိပ်ပေမဲ. ဘယ်လိုမှအိပ်မရတော့ရင် မြန်မြန်အိပ်ပျော်နိုင်မဲ. ပုလင်းတွေကလဲ သူ.ဘေးမှာ ထားတတ်ခဲ့ပြီ၊ အရင်တောထဲတုန်းကလဲ ဒီလိုပါပဲ၊ အမေနဲ. ကမ္ဘာကြီးတစ်ခြမ်းစာလောက်ဝေးနေတဲ့နေရာမှာ နေရတဲ့သူ.ကို မွေးရပ်မြေကလူတွေကတော့ အတော်ကိုအထင်ကြီးကျတယ်၊ သူနေတဲ့ဒီတောနက်ကြီးကို နိဗန်ဘုံလို.ထင်နေကြတာတွေ.တော့ ရယ်လိုက်ရတာ၊ သူ.ရဲ. ဒုက္ခတွေကိုမမြင်ရလို.ဒီလိုထင်ကျတာပါ၊ မွေးရပ်မြေရဲ.မပြောင်းလဲသေးတဲ့ အကြောင်းတရားတွေကိုလဲ မုန်းတယ်၊  သူ.ကိုအမေနဲ.မတွေ.အောင်လုပ်ထားသလိုပဲ၊
အမေ.စီကထွက်လာပြီးကထဲက တောနက်ကြီးတွေထဲမှာပဲ ကျင်လည်နေရတဲ့ဘ၀ကိုလဲ စိတ်ပျက်လှပြီ၊ သူ.ကိုတခါလောက်တော့တွေ.ချင်တယ်လို.ပြောတဲ့လူတစ်ယောက်ရဲ. ကဗျာတွေကိုလဲဖတ်ချင်သေးတယ်၊ အမေကတော့ သူ.မျက်နှာကိုတစ်ခါလောက်ပြန်မတွေ.ရသေးခင် မသေနိုင်သေးဘူးလို.ပြောခဲ့တဲ့စကားက သူ.ရင်ကို အနာဆုံးပါပဲ၊ အမေ.ကိုပြန်တွေ.ချင်ပေမဲ. ဘယ်သူ.ကိုမှ အောက်မကျို.ချင်ဘူး၊ ဘယ်သူ.ကိုမှအကူညီမတောင်းချင်ဘူး၊
ဒီတောနက်ကြီးကိုဆပ်ရမယ့် သံသရာအကြွေးကို နောက်မှပဲဆပ်ပါရစေလို.တောင်းဆိုလို. ရရင်ကောင်းမှာပဲ၊ ဘုရားသခင်ကတော့ ကံကောင်းခြင်းနေ.ရက်တွေကို သူ.အတွက်ချန်ပေးထားဦးမယ်ဆိုတာကို ယုံကြည်ပါတယ်၊ ဒီတောနက်ကြီးထဲက လွတ်မြောက်ဖို.မျှော်လင့်ရင်း အသက်ရှင်နေရဦးမှာပဲ၊ ဒီတောနက်ကြီးထဲ ----- --

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...