Wednesday, August 22, 2012

“ငိုရခြင်းအကြောင်း”



ငိုသော ငါသည် တမူကား ရှေးဦးစွာ တစ်ခုသော ဆိတ်ကုလားကို သတ်၍ ဘ၀ငါးရာပတ်လုံး ဦးခေါင်းပြတ်ခြင်း ဆင်းရဲသို့ ရောက်ရ၏၊ ယနေ့ ထိုဆင်းရဲမှ လွတ်ရအံ့။ပုဏ္ဏား သင်သည်တမူကား ငါ့ကိုသတ်၍ ငါကဲ့သို့ ဘ၀ငါးရာပတ်လုံး ဦးခါင်းပြတ်ခြင်း ဆင်းရ
ဲကို ရလတ္တံ့ဟု သင်၌ သနားခြင်းကြောင့် ငို၏ဟု ဆိတ်က ဆို၏၊
အချင်းဆိတ် ထိုသို့ ထပြီးကား မကြောက်လင့်၊ သင့်ကို ငါမသတ်တော့အံ့ ဟု ပုဏ္ဏားဆို၏၊ ပုဏ္ဏား သင် အသို့ဆိုသနည်း၊ သင် သတ်သော်လည်းကောင်း၊ မသတ်သော် လည်းကောင်း ယနေ့ ငါသည် သေခြင်း မလွတ်နိုင်ဟု ဆိတ်က တစ်ဖန်ဆိုပြန်၏၊ အချင်းဆိတ် သင်သည် မကြောက်လင့်၊ သင့်ကို အစောင့်အရှောက်ကိုယူ၍ သင်နှင့်တကွ ငါလိုက်အံ့ဟု ပုဏ္ဏားဆို၏။

ပုဏ္ဏား သင့်အစောင့်အရှောက်သည်ကား အနည်းငယ်သာလျှင် ဖြစ်၏၊ ငါပြုသော မကောင်းမူသည်ကား ကြီး၏၊ အားရှိ၏ဟု ဆိတ်ကဆို၏၊ ပုဏ္ဏားသည် ဆိတ်ကိုလွှတ်၍ ဤဆိတ်ကို တစ်စုံတစ်ယောက်သော သူအား သတ်စိမ့်သောငှာ မပေးအံ့ဟု တပည့်တို့ကိုခေါ်၍ ဆိတ်နှင့်တကွသာလျှင် သွား၏၊ ဆိတ်သည် လွတ်လျှင်ပင် တစ်ခုသော ကျောက်ဖျာကြီးကိုမှီ၍ ရောက်သောခြုံ၌ လည်ကိုမော်၍ သစ်ရွက်ကို စားအံ့သောငှာ အားထုတ်၏၊ ထိုခဏ၌လျှင် ထိုကျောက်ဖျာ၌ မိုးကြိုးကျ၏၊ တစ်ခုသော ကျောက်လွှာသည် ပြတ်၍ ဆိတ်၏လည်ပင်း၌ကျ၍ ဦးခေါင်းပြတ်၏။

လူများသည်လည်း စည်းဝေးလာ၏၊ ထိုအခါ ဘုရားလောင်းသည် ထိုအရပ်၌ ရုက္ခစိုးနတ် ဖြစ်၏၊ ထိုဘုရားလောင်းသည် ထိုသူများမြင်စဉ်လျှင် ကောင်းကင်ပြင်ဝယ် ထက်ဝယ်ဖွဲ့လျက်နေ၍ သတ္တ၀ါတို့သည် ဤသို့သော မကောင်းမူ၏ အကျိုးကို အကယ်၍ သိကုန်ငြားအံ့၊ ပါဏာတိပါတကို မပြုလေကုန်ရာဟု သာယာစွာသော အသံဖြင့် တရား ဟောလိုရကား -

ဧ၀ံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ’ ဇာတိ သမ္ဘဝေါ။
န’ပါဏော ပါဏိနံ’ ဟညေ၊ ပါဏ ဃာတီဟိ’ သောစတိ။
ဟူသော ဂါထာကိုဆို၏။

ဘောန္တော၊ အို အချင်းတို့။ ပါဏဃာတီ၊ သတ္တ၀ါကို သတ်သောသူသည်။ စတူသုအပါယေသု၊ အပါယ်လေးဘုံတို့၌။ မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို။ အနုဘ၀မာနော၊ ခံစားရလျက်။ ဒီဃရတ္တံ။ အခါလေးမြင့်။ ဟိယဟ္မာ၊ အကြင်ကြောင့်၊ သောစတိ၊ စိုးရိပ်ရ၏၊ အယံဇာတိ၊ ထိုထိုဘ၀၌ ဤသို့ သဘောရှိသော ပဋိသန္ဓေ နေရခြင်းသည်လည်းကောင်း။ အယံသမ္ဘဝေါစ၊ ဤမသိသည်ဖြစ်၍ အစဉ်သဖြင့် ကြီးရင့်ရခြင်းသည် လည်းကောင်း။ ဒုက္ခော၊ အိုခြင်း နာခြင်း သေခြင်း မုန်းသောသူတို့နှင့် ပေါင်းဖော်ရခြင်း ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း လက်ခြေ ဦးခေါင်းပြတ်ခြင်း အစရှိကုန်သော ဆင်းရဲတို့၏ တည်ရာဖြစ်၏။ ဧ၀ံ၊ ဤသို့။ သတ္တာ၊ သတ္တ၀ါတို့သည်။ စေဇာနေယျံ၊ အကယ်၍ သိကုန်ငြားအံ့။ ပါဏော၊ သတ္တ၀ါတည်း။ ပါဏိနံ၊ သတ္တ၀ါတို့ကို။ နဟညေ၊ မသတ်ရာ။

ဤသို့ ဘုရားလောင်းသည် တရားဟောတော်မူ၏၊ လူတို့သည် ထိုဘုရားကို နာရကုန်၍ ပါဏာတိပါတမှ ကြဉ်ကြကုန်၍ ဒါန သီလ အစရှိသော ကောင်းမူတို့ကို ပြုကြကုန်၍ ကံအားလျော်စွာ နတ်ပြည်သို့ လားရကြကုန်၏၊ သဗ္ဗညုတ မြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဟောတော်မူ၏။

ဤကား ပါဏာတိပါတကံကြောင့် တိရစ္ဆာန်ဖြစ်၍ ဆင်းရဲကိုခံရကြောင်း ၀တ္ထုအမြွက်တည်း။

(အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...